အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Sunday 7 February 2016

ခေါင်းမှာသန်းတွယ်ရင်ဘယ်လိုဖြေရှင်းမလဲ

ကလေးတွေကြားမှာ အဖြစ်များဆုံးပြဿနာတစ်ခုဖြစ်တဲ့ ခေါင်းမှာ သန်းတွယ်တာဟာ ကျောင်းမှာ ကစားရင်း၊ အားကစားလုပ်ရင်း၊ အတူတူအိပ်ရင်း၊ သူများအင်္ကျီယူဝတ်ရင်း စသဖြင့် အကြောင်းရင်း မျိုးစုံကြောင့် ဖြစ်တတ်ပါတယ်။

သန်းတွယ်ပြီဆိုတာနဲ့ ခေါင်းက တစ်ချိန်လုံး ဟိုနားယားလိုက်၊ ဒီနားယားလိုက်နဲ့အပြင် ဆံသား အစပ်နားလေးတွေ ရဲပြီး အနာတရတွေ အထိ ဖြစ်စေတာမို့ သန်းပြဿနာဖြေရှင်းနိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေး လိုက်ပါတယ်။

ကြက်သွန်ဖြူရဲ့ အနံ့ပြင်းပြင်းက သန်းတွေကို သေစေနိုင်စွမ်းရှိတာကြောင့် ကြက်သွန်ဖြူ  ၁၀ မြွှာလောက်ကို ကြိတ်ခြေပြီး ထွက်လာတဲ့အရည်ကို ဦးရေပြားပေါ်သုတ်လိမ်း၊ နာရီဝက်လောက်ထားပြီး ရေနွေးနွေးနဲ့ လျှော်ပေးတာမျိုး လုပ်နိုင်တဲ့အပြင် ကြက်သွန်ဖြူကြိတ်ထားတဲ့ အရည်ထဲကို သံပရာရည်နည်းနည်း၊ ဟင်းချက်ဆီ နည်းနည်း၊ လက်ဖက်စိမ်းနဲ့ ခေါင်းလျှော်ရည် အနည်းငယ်စီ ထည့်ပြီးတော့ တစ်ပတ် တစ်ကြိမ်လောက်ဖြစ်ဖြစ် လျှော်ပေးနိုင်ပါတယ်။

ကလေးတွေအတွက် အထူးထုတ်ထားတဲ့ဆီ (Baby Oil) ကို ဆပ်ပြာမှုန့် နည်းနည်း၊ ရှာလကာရည် နည်းနည်းနဲ့ရောပြီး ဆံသားတွေမှာ သုတ်လိမ်းပြီး ရေနွေးနွေးနဲ့ လျှော်ပေးရင် သန်းတွေရှင်းပြီးသား ဖြစ်စေပါတယ်။

နှမ်းဆီ၊ လက်ဖက်ဆီ၊ သံလွင်ဆီကို ညအိပ်ခါနီးမှာ ဆံပင်ကို ရွှဲအောင် လိမ်းပြီး နောက်နေ့မနက်မှာ ဘီးစိပ်လေးနဲ့ ဖြီးချတဲ့အခါ သန်းရှိရင် တစ်ခါတည်း ကျလာတာတွေ့ရမှာပါ။

နောက်ပြီး အိမ်တိုင်းလိုလိုမှာရှိတဲ့ ဆားနဲ့လည်း သန်းပျောက်အောင် လုပ်နိုင်ပါသေးတယ်။ ရှလကာရည်နဲ့ ဆားနဲ့ရောပြီး တစ်ခေါင်းလုံး အနှံ့သုတ်ပြီး ၂ နာရီ လောက်ထားပြီး ခေါင်းလျှော်ရင် သန်းတွေ ပျောက်သွားမှာပါ။

နောက်ပြီး အုန်းဆီကိုလည်း ရှာလကာရည်နဲ့ ရောပြီး ဆံပင်ကိုလိမ်း၊ တစ်ည အိပ်ပြီး ခေါင်းလျှော်ချလိုက်ရင်လည်း သန်းတွေပျောက်ကင်းစေမှာပါ။

အဆီဓာတ်တွေ အများကြီးပါတဲ့ မရိုးနိစ်ကိုလည်း ညအိပ်ခါနီးမှာ တစ်ခေါင်းလုံး အနှံ့သုတ်လိမ်းပြီး ရေချိုးဦးထုပ်နဲ့ ပေါင်းထုပ်ထားပြီး မနက်ရောက်လို့ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်တဲ့အခါ သန်းတွေ ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်

0 comments:

Post a Comment