ခြေဖဝါးဘေးဖက်တွေဟာ ကျောကုန်းနဲ့ဆက်စပ်မှု ရှိပါတယ်။ အဆိုပါနေရာကို နှိပ်ပေးမယ်ဆိုရင် ကျောရိုးမှာ ခံစားနေရတဲ့ တင်းကြပ်တာတွေ၊ နာကျင်တာတွေကို ပျောက်ကင်းစေပါတယ်။ နှိပ်နည်းကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။
(၁) ခြေနှစ်ချောင်းကို ကြက်ခြေခတ်ပုံစံထားပြီး ထိုင်ပါ။ ခြေဖဝါးတစ်ဖက်ကို သင့်လက်ထဲမှာ ထားပါ။
(၂) ပုံမှာ ပြထားတဲ့ မျဉ်းကြောင်းဟာ သင့်ကြောရိုးနဲ့ သက်ဆိုင်ပါတယ်။ ဒီမျဉ်းအတိုင်း နှိပ်ပေးပါ။ နှိပ်တဲ့အခါမှာ ခြေမနားကနေ အနောက်ဖက်ကို ဖြည်းဖြည်းချင်း နှိပ်ရမှာ ဖြစ်ပါတယ်။
(၃) တစ်ခါနှိပ်ရင် ၁၀မိနစ်၊ မိနစ်၂၀ လောက် နှိပ်ပေးသင့်ပြီး တစ်ပတ်ကို ၃၊ ၄ ရက် ပုံမှန်နှိပ်ပေးပါ။ တစ်ပတ်ကို ၃၊ ၄ ရက် ပုံမှန်နှိပ်ပေးရင် တင်းကျပ်နာကျင်တာတွေကို ပျောက်ကင်းစေပါတယ်။
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment