အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Friday, 12 February 2016

ဟောက်သံမထွက်အောင်လေ့ကျင့်ရအောင်

ဟောက်သံထွက်တာ လည်ပင်း၊ နှာခေါင်းနဲ့ ပါးစပ်က ကြွက်သားတွေ လှုပ်ရှားမှု၊ တုန်ခါမှုကြောင့် ဖြစ်ရတယ်။ သိစိတ်မဲ့ လှုံ့ဆော်မှုဖြစ်လို့ ထိန်းလို့မရဘူး။ ဒါပေမယ့် မဖြစ်အောင် ခေါင်း အနေအထား၊ လေ့ကျင့်ခန်း လုပ်ပြီး ကာကွယ်နိုင်တယ်။

၁။ သရသံဖြစ်တဲ့ a,e,i,o,uကို ခပ်ကျယ်ကျယ် ရွတ်ဆိုပါ။ တစ်ခါကျင့် (၃)မိနစ် တစ်နေ့သုံးကြိမ် ရွတ်ပါ။

၂။ လျှာလေ့ကျင့်ခန်း လုပ်ပါ။ လျှာကို အပေါ်သွားရဲ့ နောက်ဖက်ကို ထိထားပါ။ ပြီးရင် အာခေါင်နောက်ဖက်ကို ပွတ်ဆွဲပါ။ (၃) မိနစ်ကြာ လုပ်ပါ။

၃။ ပါးဖောင်း၊ ပါးစပ်ပိတ် ဖောင်းလိုက်ပိန်လိုက် လေကျင့်ခန်း စက္ကန့်(၃၀)ကြာ လုပ်ပါ။

၎။ ပါးစပ်ဟ၍ မေးစေ့ကို ညာဖက်ရွဲ့ပြီး မိနစ်ဝက်ထားပါ။ တခြားဖက်ကိုလည်း အလားတူ လေ့ကျင့်ခန်း လုပ်ပါ။

၅။ ပါးစပ်ပိတ်၍ လည်မြိုနောက်က ကြွက်သားတွေကို ရှုံ့ပါ။ အထက်ပါ လေ့ကျင့်ခန်း အတိုင်း နေ့စဉ် (၂) ပတ်လုပ်ပါ။ ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။ ဒါမှ မထူးခြားသေးရင် နောက်ဆုံးပိတ် somnoplasty နည်းနဲ့ ခွဲစိတ်ပြုပြင်ရပါတယ်။

Credit : ဒေါက်တာ အေးမင်းထူး (drayeminhtoo.blogspot.com)



အောင်မြင့်မြတ်(Myanmar Youths)

0 comments:

Post a Comment