အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday 30 December 2015

ငုံးဥရဲ့ကျန်းမာရေးအစွမ်း

ငုံးဥကိုတော့ မသိတဲ့ လူဆိုတာ ရှားပါတယ်။ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လို အာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်မယ်။

ငုံးဥထဲမှာပါတဲ့ အာဟာရ တန်ဖိုးဟာဆိုရင် ကြက်ဥ နှစ်လုံးစာနဲ့ ညီမျှတယ် ဆိုတာကော သိကြပါသလား။ ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကို အားကောင်းစေပါတယ်။

ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေးတွေ၊ သက်ကြီး ရွယ်အိုတွေ၊ သွေးအားနည်းတဲ့ သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွားပြီးခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။ ဦးနှောက်သွေးကြောရောဂါ ရှိတဲ့ သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။

ငုံးဥမှာ ပရိုတင်း၊ အဆီ၊ သံဓာတ်၊ လက်စီသင် (Lecithin)၊ vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန်းဓာတ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ခယ်လီယမ်၊ ကန့်ညို (ဆီလီနီယမ်)၊ သတ္တုဓာတ်နဲ့ ကိုလက်စထရောတွေ လုံလောက်စွာ ပါဝင်ပါတယ်။

ငုံးဥ ၀ယ်ရာမှ လတ်ဆတ်ဖို့က အရေးကြီးပါတယ်။ အက်နေတဲ့၊ အချိန်ကြာနေတဲ့ ငုံးဥကို မ၀ယ်ဖို့ သတိထားရပါမယ်။ ငုံးဥကို ၀ယ်ပြီးနောက် ရေခဲသေတ္တာထဲ သိမ်းထားပါ။ ၀ယ်တဲ့နေ့က စပြီး လ၀က်စာ အချိန်ထက် ကျော်ရင် အဲဒီငုံးဥကို လွင့်ပစ်လိုက်ပါ။ ငုံးဥကို စားမယ်ဆိုရင် တစ်နေ့မှာ ၃ လုံးကနေ ၅ လုံးထိ စားသုံးဖို့ သင့်လျော်ပါတယ်။

ငုံးဥမှာပါတဲ့ vitamin-B ဟာ ဆီးချိုရောဂါကို ကူညီ ကုသပေးပါတယ်။ အဲဒါအပြင် ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်း နာခြင်းကိုပါ ကုသပေးနိုင်တယ်။ ငုံးဥမှာ အဆီနဲ့ ကိုလက်စထရောတွေ ပါဝင်တာကြောင့် ၀နေတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။ ပါဝင်တဲ့ဓာတ်တွေကြောင့် သွေးကျစေပြီး သွေးကြော ကောင်းမွန်အောင် ကာကွယ်ထိန်းပေးတယ်။ သွေးကြောမှာ သွေးခဲခြင်း၊ သွေးခဲတာကြောင့် သွေးဖတ်ပိတ်ခြင်းတွေကို ကာကွယ်ပေးပါတယ်။

နှလုံးသွေးကြော ရောဂါသည်တွေရဲ့ အားဖြည့်အစာလည်း ဖြစ်ပါတယ်။ ပါဝင်တဲ့ လက်စီသင်ဟာ ကြက်ဥထဲမှာ ပါဝင်တာထက် ၃၊၄ ဆ ပိုပါတယ်။ ငုံးဥဟာ သန္ဓေသားနဲ့ ကလေးငယ်တွေအတွက် အားကောင်းစေတာ မို့လို့ ကိုယ်ဝန်ဆောင် မိခင်တွေ ငုံးဥကို များများ စားပေးသင့်ပါတယ်။

၁။ ငုံးဥနဲ့ နွားနို့ကို တွဲစားမယ်ဆိုရင် သွေးအားနည်းသူ၊ ကိုယ်ခန္ဓာ အင်အား ချည့်နဲ့နေသူ၊ အစာအိမ် အားနည်းနေသူအတွက် အကျိုးရှိပါတယ်။

၂။ ငုံးဥဆန်ပြုတ်စားမယ်ဆိုရင် သွေးတိုးသမားကို သွေးကျစေပါမယ်။ ပြီးရင် အသည်းနဲ့ကျောက်ကပ်ကို အားဖြည့်ပေးပါတယ်။

၃။ ငုံးဥနဲ့ တရုတ် ကြက်သွန်မြိတ်ကြော် တွဲစားရင် ကျောက်ကပ် အားနည်းခြင်း၊ ခါးနာခြင်း၊ ပန်းသေပန်းညိုးခြင်းကို ပြန်လှည် ကောင်းမွန်စေဖို့ ပြုပြင်ပေး ပါတယ်။

တီဘီရောဂါ၊ အဆုတ် အားနည်းပြီး ချောင်းအကြာကြီး ဆိုးနေသူတွေကို ကောင်းမွန်အောင် တဖြည်းဖြည်း ရှင်းပေးနိုင်ပါတယ်။

ဒါပေမယ့် ငုံးဥကို လိမ္မော်င်္သီးနဲ့ တွဲမစား သင့်ပါဘူး။ တွဲစားမိရင်တော့ ၀မ်းပျက်ခြင်း၊ ၀မ်းဖောရောင်ခြင်းနဲ့ အစာမကြေခြင်းကို ဖြစ်ပေါ်စေပါတယ်။

ပြီးတော့ ငုံးဥကို ၀က်အသည်းနဲ့ တွဲမစားမိဖို့ လိုအပ်ပါတယ်။ စားမိရင်တော့ လိပ်ခေါင်းရောဂါ ဖြစ်ပွားတတ်ပြီး အမည်းစက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

Credit : ကျန်းမာရေးစာတိုများစု

Tuesday 29 December 2015

ရက်အနည်းငယ်အတွင်း မျက်နှာကိုဖြူဖွေးစေမည့်နည်းလမ်း

တကယ်လွယ်ပြီးတော့ တကယ်လည်း ကောင်းပါတယ်။ အသုံးပြုပြီးချိန်မှာ မျက်နှာတွင် သိသိသာသာ ဖြူဝင်းသွားစေမှာ ဖြစ်ပါတယ်။ငွေကြေး အကုန်အကျ သက်သာပြီး အသုံးပြုရ တာလည်း လွယ်ကူပါတယ်။

အသုံးပြုပုံကတော့

(၁) သန့်စင်သော ခွက်တစ်ခုကို ယူလိုက်ပါ။

(၂) ထိုခွက်ထဲသို့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းထည့်လိုက်ပါ။

(၃) သကြားလက်ဖက်စားဇွန်း တစ်ဇွန်းကိုလည်း ထည့်လိုက်ပါ။

(၃) သံပုရာရည် အနည်းငယ် ညစ်ထည့်ပြီး မွှေလိုက်ပါ။ သာကူကြို ပုံစံမျိုးဖြစ်သွား တာကို တွေ့ရပါလိမ့်မယ်။

ထို့နောက် လက်ပေါ်ကို အရင်ဦးဆုံး သုတ်လိမ်းကာ စမ်းသပ်နိုင် ပါတယ်။ တကယ် အသားဖြူပြီး ထိရောက်တယ် ဆိုမှာသာ သင်၏ မျက်နှာပေါ်သို့ လိမ်းလိုက်ပါ။ ရက်အနည်းငယ် လိမ်းရုံမျှဖြင့် မျက်နှာပေါ်မှာ ရှိတဲ့ ဝက်ခြံ အဖုများ အမာရွက်များနှင့် တစ်ခြား အရာများကို သိသာထင်ရှားစွာ ပျောက်ကွယ်သွား ပါလိမ့်မယ်နော်။
creditto~kyawlinning

Friday 25 December 2015

ရောဂါစုံကုနိုင်တဲ့နနွင်း


ရောဂါစုံကုသနိုင်တဲ့ နနွင်း


နနွင်းကို  ရိုးရာဆေးဝါးအဖြစ် နှစ်ပေါင်းများစွာကတည်းကပင် အသုံးပြုခဲ့ကြပြီး အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာ မင်အီး၊ ဗီတာမင်ကေ၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်၊ ကော့ပါး၊ သံဓာတ်၊ မဂ္ဂနီဆီယမ် နဲ့ ဇင့်ဓာတ်တို့ပါဝင်တာကြောင့် ကျန်းမာရေးပြဿနာမျိုးစုံကုသ ရာမှာ အသုံးပြုလေ့ရှိပါတယ်။

နနွင်းဟာ ကင်ဆာရောဂါ တွေမဖြစ်ပွားအောင် ကာကွယ် ပေးနိုင်ပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်စွမ်း   ရှိပါတယ်။ သုတေသနပြုချက် အတော်များ များရဲ့ အဆိုအရ နနွင်းဟာ သွေး ကင်ဆာ၊ အူကင်ဆာနဲ့ ရင်သား ကင်ဆာတွေကို ကာကွယ်နိုင်စွမ်း ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင်  အဆစ်အမြစ် နာတာ၊ ရောင်တာ တွေလျော့ ပါးသက်သာစေနိုင် သလို သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းပေးနိုင် တာ ကြောင့် ဆီးချိုရောဂါကုသဖို့ အတွက်လည်း အသုံးပြုနိုင်ပါ တယ်။

ကိုလက်စထရောပမာဏ များနေရင်လည်း နနွင်းကိုချက် ပြုတ်တဲ့အစားအသောက်ထဲ ထည့်ချက်ပြီး စားသုံးပေး ရင် ကိုလက်စထရောလျော့ကျနိုင်ပါ တယ်။ နနွင်းမှာပါတဲ့ ဓာတ် တစ်မျိုးဟာ ကိုယ်ခံအား ကောင်း အောင်မြှင့် တင်ပေးနိုင်ပြီး  အအေးမိ၊ ချောင်းဆိုး၊ တုပ် ကွေး ဖြစ်တာတွေကို ကာကွယ်ပေး တယ်လို့ဆိုပါတယ်။ အအေးမိ၊ ချောင်းဆိုး၊ တုပ်ကွေးဖြစ်ပြီဆိုရင် လည်း နနွင်းမှုန့်လက်ဖက်ရည် ဇွန်းတစ်ဇွန်း နဲ့ နွားနို့ နွေးနွေး သောက်ပေးရင်သက်သာပျောက် ကင်းပါတယ်။

ထိခိုက်ဒဏ်ရာဖြစ်လို့ အရေ ပြားပွန်းပဲ့ပေါက်ပြဲခဲ့ရင်  သဘာဝပိုးသတ်ဆေး၊  အနာ ကျက်ဆေး ဖြစ်တဲ့ နနွင်းမှုန့်သိပ်ပေးရင် သက်သာနိုင်သလို  အပူလောင်နာဖြစ် ရင်လည်း နနွင်းမှုန့် အုပ်ပေးထား ရင်   ပျောက်ကင်း တယ်လို့ဆိုပါ တယ်။ အရေပြားပျက်စီးနေတာ တွေနဲ့ အသားအရောင်မမှန်တာ တွေအတွက်   နနွင်း က  ဆေးကောင်းဝါးကောင်းတစ်ခုပါပဲ။

ကိုယ်အလေးချိန်နဲ့ပတ် သက်ပြီးတော့လည်း နနွင်းက အကောင်းဆုံးကူညီပေးနိုင်ပြီး အဝလွန်သူတွေနဲ့ ကိုယ်အလေး ချိန်များနေသူတွေ အစာစားပြီး တိုင်း နနွင်းမှုန့်စားပွဲတင်ဇွန်းတစ် ဇွန်းသောက်ပေးနိုင်ပါတယ်။ ဒါ့ အပြင် အသက်အရွယ်အပြောင်း အလဲမှာဖြစ်တဲ့ မှတ်ဉာဏ်ချို့ ယွင်းမှုအယ်လ်ဇိုင်းမားရောဂါ အတွက်လည်း နနွင်းကကာကွယ် ပေးနိုင်ပါသေးတယ်။

ပြီးတော့ အစာမကျေဖြစ် တာတွေနဲ့ အစာအိမ်ရောဂါ၊ ဆီး အိမ်၊ ဆီးလမ်းကြောင်းရောဂါ တွေနဲ့ အသည်းရောဂါတွေမဖြစ် ပွားစေဖို့အတွက် ဆေးဖက်ဝင် နနွင်းက ကူညီပေးနိုင်တဲ့ အကြောင်း ဖော်ပြ လိုက်ပါတယ်။

—Ref:homeremedies.com

Sunday 20 December 2015

လေတတ်တာသက်သာစေဖို့

အစာမကြေလို့ပဲဖြစ်ဖြစ်၊ လေပွတဲ့အခါပဲဖြစ်ဖြစ် လေတက်တာမျိုးကို မကြာခဏ ကြုံဖူးလေ့ရှိကြပြီး လေတက်တာကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရလေ့ ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးတွေကို ကျော်လွှားနိုင်မယ့် အိမ်တွင်း နည်းလမ်းလေးတွေ ရှိတာကြောင့် အသုံးဝင်မယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်။

ချင်းကတော့ လေပြဿနာအတွက်ဆိုရင် အထိရောက်ဆုံး သဘာဝဆေးပါ။ ချင်းနှစ်ပြားလောက် ပါးပါးလှီး၊ ရေနွေးဆူဆူထဲထည့်၊ ၁၀ မိနစ်လောက်ထားပြီး ပျားရည်၊ သံပရာရည် နည်းနည်းစီ ထည့်ဖျော်ကာ တစ်နေ့သုံးကြိမ်လောက် သောက်ပေးနိုင်ပါတယ်။

နောက်တစ်နည်းကတော့ ပူဒီနာရွက်ခြောက် လက်ဖက်ရည် တစ်ဇွန်းကို ရေနွေးဆူဆူထဲ ခတ်၊ ၁၀ မိနစ်လောက် ထားပြီး ရေနွေးကြမ်းလို မကြာခဏ သောက်ပေးနိုင်ပါတယ်။

အိမ်မှာ ဖာလာစေ့ အဆင်သင့်ရှိတယ် ဆိုရင်လည်း အစာကြေစေဖို့အတွက် ၀ါးစားပေးနိုင်သလို ဖာလာစေ့လက်ဖက်ရည် တစ်ဇွန်းစာလောက်ကို ထုထောင်းပြီး ရေနွေးဆူဆူထဲ ထည့်ကာ ထမင်းစားပြီးတိုင်း သောက်ပေးနိုင်ပါတယ်။

တိုင်းရင်းဆေး အနေနဲ့ဆိုရင် စမုန်နက်၊ စမုန်စပါးကလည်း အစာမကြေတာတွေ၊ လေပွတာတွေ၊ ရင်ပူရင်ဆာ ဖြစ်တာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ လှော်ထားတဲ့ စမုန်နက် လက်ဖက်ရည်တစ်ဇွန်းကို တစ်နေ့နှစ်ကြိမ်၊ သုံးကြိမ် ၀ါးစားပေးနိုင်သလို ရေနွေးစိမ်ပြီး တစ်နေ့ နှစ်ကြိမ်လောက် ပုံမှန်သောက်ရင်လည်း အစာကြေစေပါတယ်။

ပင်စိမ်းရွက် လေး၊ ငါးရွက်လောက်ကို နံနက်တိုင်း ၀ါးစားပေးရင် လေတက်ခြင်းက ကာကွယ်နိုင်သလို ပင်စိမ်းရေနွေးကြမ်း သောက်ရင်လည်း ကာကွယ်ပြီးသား ဖြစ်စေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ လေပွစေတဲ့အစာတွေ ခဏခဏစားတာ ရှောင်ရှားဖို့ပဲ ဖြစ်ပါတယ်။

Credit : 7Day Daily

Thursday 17 December 2015

အမာရွတ်ပျောက်စေသောနည်းလမ်းများ

အရေပြားမှာ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ တစ်ခုခုရခဲ့ရင်ပဲဖြစ်ဖြစ် အင်းဆက်ကိုက်၊ အပူလောင်၊ ပြတ်ရှ၊ ဝက်ခြံဒဏ်ရာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အမာရွတ်တွေ ကျန်ခဲ့ရင် သဘာဝနည်းလမ်းနဲ့ ပျောက်ကင်းအောင်လုပ်နိုင်ဖို့ မျှဝေပေးချင်ပါတယ်။

ရှားစောင်းလက်ပတ် အပေါ်လွှာကိုခွာ၊ ဂျယ်လီဖတ်လေးတွေနဲ့ အမာရွတ်ရှိတဲ့ နေရာကို သုတ်လိမ်းပေး၊ နာရီဝက်လောက်ထားပြီး ရေဆေးချတာမျိုး တစ်နေ့ နှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးရင် အမာရွတ်တွေ ပျောက်ကင်းစေပါတယ်။

အုန်းဆီအနည်းငယ်ကို အပူပေး၊ အမာရွတ်ရှိတဲ့ နေရာကို သုတ်လိမ်းပြီး ၁၀ မိနစ်လောက် နှိပ်နယ်ပေးတာမျိုး တစ်နေ့နှစ်ကြိမ်ကနေ လေးကြိမ်လောက် လုပ်ပေးရင် သက်သာပျောက်ကင်းစေ ပါတယ်။

ဗီတာမင်အီး အဆီ၊ သံလွင်ဆီ၊ စန္ဒကူးနံ့သာဆီ ရှိရင်လည်း အမာရွတ်ပေါ် ပုံမှန်လိမ်းပေးတယ်ဆိုရင် တဖြည်းဖြည်းပါးပြီး ပျောက်ကင်းစေသလို သံပရာသီး နဲ့ အမာရွတ်ရှိတဲ့နေရာကို ပွတ်၊ ၁၀ မိနစ်လောက် ထားပြီး ရေဆေးပစ်တာမျိုး တစ်နေ့တစ်ကြိမ် လုပ်ပေးရင်း ပျောက်ကင်းအောင် လုပ်နိုင်ပါတယ်။

နောက်တစ်နည်းက ပျားရည်ကို အမာရွတ်ပေါ်သုတ်၊ ပတ်တီး စည်းထားပြီး နောက်တစ်နေ့ မနက်ကျမှ ပတ်တီးဖြေ ဆေးကြောတာမျိုး အိပ်ရာ မဝင်ခင်တိုင်း လုပ်ပေးနိုင်ပါတယ်။ ပန်းသီးဗီနီဂါနဲ့လည်း အမာရွတ်ရှိတဲ့ နေရာကို ပွတ်ဆေးနိုင်သလို ကိုကိုးထောပတ် ရှိရင်လည်း ဘယ်အမာရွတ်မျိုးမဆို သုတ်လိမ်းပေးရင် သက်သာ ပျောက်ကင်းစေပါတယ်။

Credit : 7Day Daily