အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday 30 March 2017

နောက်ကျောနာတာကိုပေါ့ပေါ့ဆဆမနေပါနှင့်




နောက်ကျောနဲ့ခါး နာနေတာကို လစ်လျူရှုထားခြင်းဟာ အန္တရာယ်များပြားတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ နောက်ကျောနာခြင်းကို ခံစားနေရသူဟာ စောလျှင်စွာသေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်း ပိုများကြောင်း သုတေသနတစ်ခုက ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

အသက်ကြီးသူတွေမှာ ကျောရိုးနာကျင်မှုနဲ့ ဆက်နွှယ်နေသူတွေဟာ လူသက်တမ်းလျော့ကျသွားနိုင်ခြေရှိတဲ့အပေါ် လေ့လာမှုအနည်းငယ်ပြုလုပ်ခဲ့ကြဖူးပါတယ်။ သြစတြေးလျနိုင်ငံ ဆစ်ဒနေတက္ကသိုလ်က သုတေသီတွေကတော့ သေဆုံးနိုင်ခြေမြင့်တက်မှုနဲ့ ကျောရိုးနာကျင်မှုတို့ဆက်နွှယ်မှုအပေါ် လေ့လာခဲ့ကြတာပါ။ ဒီလေ့လာမှုမှာ အသက် ၇၀ ကျော် လူ ၄၃၉၀ ဦး ပါဝင်ခဲ့ပါတယ်။

"ဒါက သိသာထင်ရှားတဲ့တွေ့ရှိမှု တစ်ခုပါပဲ။ လူအတော်အများများဟာ နောက်ကျောနာခြင်းဟာ အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်တယ်လို့ မထင်ကြဘူးလေ" လို့ လေ့လာမှုမှာပါဝင်တဲ့ ဒေါက်တာ ပေါ်လို ဖရာရီရာက ဆိုပါတယ်။ ကျောရိုးနာကျင်ခြင်းဟာ ကျန်းမာရေးချူချူခြင်းရဲ့ ပုံစံတစ်မျိုးဖြစ်ပြီး ပုံမှန်အတိုင်းလုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းနည်းပါးတာကြောင့် အသက်ကြီးလာတဲ့အခါ စောစီးစွာသေဆုံးနိုင်ခြေ ပိုတိုးလာစေတယ်လို့ သုတေသနရလဒ်မှာ ဖော်ပြခဲ့ပါတယ်။

Source : Mail Online
Credit : Duwun


အောင်မြင့်မြတ် (Myanmar Youths)


Saturday 25 March 2017

ဆီးရောဂါအတွက် သခွားသီးအရည်





သခွားသီးအရည် သံပရာရည် တစ်ဇွန်းနှင့် ရေအေးရောစပ်ကာ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့လိမ်းပေးပါက ဆီးနှင့် အသားပူခြင်း ရောဂါများ ပျောက်ကင်းနိုင် အသားအရေ ပူသူများ၊ ဆီးရောဂါနှင့် အမျိုးသမီးများ ဓမ္မတာ သွေးပုပ်ကျန်သည့် အမျိုးသမီး ရောဂါများကို ခံစားနေရပါက မိမိအိမ်တွင်း၌ပင် ကုသပျောက် ကင်းစေနိုင်သည့် သဘာဝ သစ်သီးများနှင့် ဆေးကုသနည်း တစ်ရပ်ကို ရေးသား ဖော်ပြလိုက်ရပါသည်။

သခွားသီးတစ်လုံးကို အစေ့ထုတ်၍ အရည်ရသလောက် ညှစ်ယူထားပြီး သံပရာရည် တစ်ဇွန်းနှင့် ရေအေးအေးတွင် ရောစပ်ကာ သမအောင်မွှေပြီးလျှင် မျက်နှာနှင့်ခြေ၊ လက်၊ ခန္ဓာကိုယ်မကျန် လိမ်းကျံပေးခြင်းအားဖြင့် အသားအရေ ချောမွတ်စိုပြည်လာပြီး ပူနေသည့်အသားကို အေးမြလာစေမည် ဖြစ်သည်။ နေ့စဉ်ညအိမ်ရာဝင်တိုင်း အမြဲပြုလုပ် ပေးပါက မျက်စိကြည်လင်ခြင်းအပြင် ဆီးရောဂါနှင့် ဓမ္မတာ သွေးပုပ်ကျန် အမျိုးသမီးများ အတွက် ရောဂါများကို ပျောက်ကင်းစေနိုင်သည်ဟု ဆေးသုတေသန မှတ်တမ်းများအရ သိရသည်။

”အခုနောက်ပိုင်း ရောဂါတစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ်၊ ဝေဒနာတစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ် ဆေးခန်းကိုသွားပြီး မပြချင်ကြဘူး။ အိမ်ထဲမှာပဲ ဆေးမြီးတိုတွေနဲ့ ကျိတ်ကုကြတယ်။ ဒါကကောင်းတော့ မကောင်းဘူး၊ အနာနဲ့ဆေးမတည့်ရင် ရောဂါတွေ ပိုဆိုးလာမယ်။ ဒါပေမဲ့ သဘာဝသစ်သီးတွေနဲ့ ကုသရင်တော့ ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါဘူး”ဟု တိုင်းရင်း ဆေးသမားတော်ကြီး ဒေါ်သီသီထွန်းက ပြောသည်။

အရေပြားဆိုင်ရာ ချောမွတ်လာစေရန်နှင့် ဝင်းဝါသော အသားအရောင်၊ အေးမြသော ကိုယ်ရေ ကိုယ်သားတို့ကို ရရှိစေရန်အတွက် မက်မွန်သီး တစ်လုံး၊ နှစ်လုံးကို ရေနွေးဖြောပြီး အစေ့ထုတ်ကြိတ်၍ အရည်ညှစ်ယူထားကာ သံပရာရည်၊ ခရမ်းချဉ်သီးရည်နှင့် လက်ဖက်စိုရည် တစ်ဇွန်းစီ ရောမွှေရမည်ဖြစ်သည်။ ယင်းနောက် မိမိခန္ဓာကိုယ်ကို သုတ်လိမ်းပေးမည် ဆိုပါက အဆီပြန်ခြင်း ကင်းဝေးသွားပြီး အေးမြသည့် အသားအရေကို ပိုင်ဆိုင်ရရှိလာမည် ဖြစ်သည်။

ထို့အပြင် ပါးရေတွန့်ခြင်းနှင့် အရေပြားဆိုင်ရာ ပြယုဂ်တစ်ခု ဖြစ်သော နဖူးရေ တွန့်ခြင်းတို့မှာလည်း လိမ်ညာ၍မရသည့် အရေပြားလျော့ရဲသည့် လက္ခာဏာ တစ်ရပ်ဖြစ်ပြီး ထိုအရေးအကြောင်းများနှင့် အသားရေ တွန့်ခြင်းတို့ကို ပြေပျောက်စေမည့် နည်းလမ်းမှာ ဂေါ်ဖီထုပ် အလယ်ရွက်ဖြစ်သော အရည်ရွှမ်းမည့် အရွက်သုံးရွက်ခန့်ကို သန့်စင်အောင် ဆေးကြော၍ ပျားရည်လက်ဖက်ရည် တစ်ဇွန်းနှင့် ရေထည့်ကာ သမအောင်မွှေ၍ အရည်ရအောင် ညှစ်ယူလိုက်ပြီး ရရှိသောအရည်ကို မျက်နှာ၊ လက်မောင်း၊ လည်ပင်းနှင့် ခြေလက်တို့ကို လိမ်းကျံပေးခြင်းဖြင့် အရေပြားတွန့်ခြင်းကို သက်သာစေနိုင်မည် ဖြစ်သည်။

Credit to မြ၀တီ

အောင်မြင့်မြတ်(Myanmar Youths)


တီဘီဆေးအသစ်များဆေးယဉ်ပါးနိုင်သည့်အန္တရာယ်ရှိနေ



မတ် ၂၄ ရက်က ချန်နိုင်းမြို့ရှိ ဘူတာရုံတွင် တီဘီရောဂါ ကာကွယ်ရေး အသိပေးလှုံ့ဆော်မှု၌ ပါဝင်နေသော အိန္ဒိယကျောင်းသူများ (Photo: AFP)

ကုသရခက်ခဲသော တီဘီရောဂါပိုး အမျိုးအစားများအတွက် ဆေးဝါးအသစ်များသည်လည်း မှန်မှန်ကန်ကန် အသုံးပြုခြင်း မရှိပါက ၎င်းတို့ဘာသာ အလျင်အမြန် အာနိသင်မဲ့လာလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့တီဘီနေ့ အကြို မတ် ၂၃ ရက်၌ အစီရင်ခံစာတစ်စောင်က သတိပေးခဲ့သည်။

အမြဲတမ်းကျယ်ပြော၍လာနေသော ကုထုံးများအား တီဘီဗက်တီးရီးယားများက တိုး၍တိုး၍ ယဉ်ပါး၍လာနေသောကြောင့်  ဘီဒါကွီလင်း၊ ဒီလာမာနစ်နှင့် လိုင်းဇိုလစ်ကဲ့သို့သော ပဋိဇီဝဆေးဝါးများကို မကြာသေးမီက တီဘီရောဂါတိုက်ဖျက်ရေး စာရင်းထဲသို့ ထည့်သွင်းခဲ့သည်။

အဆိုပါ ဆေးဝါးအသစ်များ ညွှန်ကြားခြင်းနှင့် အသုံးပြုခြင်းတို့နှင့် ပတ်သက်၍ ပိုမိုကောင်းမွန်သော ထိန်းချုပ်မှု မပြုလုပ်ပါက ၎င်းတို့၏ အာနိသင်သည် အလျင်အမြန် ပျောက်ဆုံးသွားနိုင်သည်ဟု The Lancet Respiratory Medicine ဂျာနယ်တွင် ဖော်ပြခဲ့သည့် အစီရင်ခံစာအရ သိရသည်။

သို့သော် ဆေးယဉ်ပါးနေသော ပိုးအမျိုးအစားများသည် လူတစ်ဦးမှ အခြားတစ်ဦးထံသို့ တိုက်ရိုက်ကူးစက်သွားနိုင်သည်။ ဆေးယဉ်ပါးသော ပိုးများ ကူးစက်ခံရပါက ကုသစရိတ် အကုန်အကျများပြီး ကုသရန်အချိန်လည်း ပို၍ကြာသည်ဟု ဆိုသည်။

နောက်ဆုံး အဓိကပဋိဇီဝဆေးဝါးဖြစ်သော ရိုင်ဖမ်ပစ်စင်ကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း မှတ်ပုံတင်ခဲ့ပြီးနောက် တီဘီဆေးဝါးများ ဖွံ့ဖြိုးမှုသည် ဆယ်စုနှစ်နှင့်ချီလျက် ကြာအောင် ငြိမ်နေခဲ့သည်။

သို့သော် လက်ရှိဆေးဝါးများကို တုံ့ပြန်မှုမရှိသည့် လူနာများကို ကုသရန်အတွက် ဆေးဝါးအသစ်များသည် မကြာသေးမီအချိန်အတွင်း တီဘီကုသရေး နယ်ပယ်ထဲသို့ ၀င်ရောက်လာခဲ့သည်။

လိုင်းဇိုလစ်၊ ဘီဒါကွီလင်းနှင့် ဒီလာမာနစ်တို့အား အကြိုလေ့လာချက်အရ ၎င်းတို့သည် ကုသမှုရလဒ်ကို အဆက်မပြတ်တိုးတက်စေပြီး ယခင်က ကုမရဟု ယူဆထားသော လူနာများအတွက် မျှော်လင့်ချက်ရှိလာသည်ဟု အစီရင်ခံစာက ပြောကြားခဲ့သည်။

“သို့သော် ဘေးထွက်ဆိုးကျိုးပိုနည်းခြင်းနှင့် ဆေးသောက်ရသည့်အချိန် ပို၍တိုခြင်းတို့ကြောင့် ဆေးဝါးအသစ်များကို အသုံးပြုရန် အဆက်မပြတ် စူးစမ်းလေ့လာမှု မပြုလုပ်ဘဲ ပရိုမိုးရှင်းလုပ်မှုက အသစ်လွင်ဆုံး ကုထုံးရွေးချယ်မှုအပေါ် ဆေးယဉ်ပါးမှု ဖွံဖြိုးလာနိုင်သောကြောင့် ထိရောက်သည့် ဆေးဝါးများ ထပ်မံရှားပါးလာစေလိမ့်မည်”  ဟု အစီရင်ခံစာက သတိပေးထားသည်။

တီဘီကြောင့် နှစ်စဉ်သေဆုံးသူအရေအတွက်သည် အခြားကူးစက်ရောဂါများကြောင့် သေဆုံးမှုထက် ပိုမိုများပြားသည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာတစ်လွှား၌ လူပေါင်းခန့်မှန်းခြေ ၁ ဒသမ ၈ သန်း သေဆုံးခဲ့ပြီး ရာခိုင်နှုန်း ၆၀ သည် အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် တောင်အာဖရိကတို့၌ နေထိုင်သူများဖြစ်ကြောင်း သိရသည်။

Writer: 

Ref: AFP

Credit-Eleven Media Group


Thursday 23 March 2017

အမျိုးသမီးတိုင်း နေ့စဉ်အသုံးပြုသင့်တဲ့ skincare (၄) မျိုး

အသားအရေကို ထိန်းသိမ်းတယ်ဆိုတာ မိတ်ကပ်လိမ်းတာထက် ပိုအရေးကြီးပါတယ်။ အသားအရေလေး ကြည်လင်နေမယ်သာဆို မိတ်ကပ်မပါဘဲနဲ့တောင် ဆွဲဆောင်မှုရှိနေမှာပါ။ အမျိုးသမီးတွေအနေနဲ့ ဖော်ပြပါပစ္စည်းတွေကို နေ့စဉ်အသုံးပြုပြီး အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ပေးသင့်ပါတယ်။





၁။ မျက်နှာသစ်ဆေး

မျက်နှာသစ်ဆေး (cleanser) ကို ဒီစာရင်းရဲ့ အရေးအကြီးဆုံးနေရာမှာ ထားလိုက်ပါမယ်။ မနက်နဲ့ည နှစ်ကြိမ် အသုံးပြုကာ မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးပါ။





၂။ အစိုဓာတ်ဖြည့်ခရင်မ်

အစိုဓာတ်ဖြည့်ခရင်မ် (moisturizer) ကိုလည်း လူးပေးဖို့ လိုအပ်ပါတယ်။ အရေပြားခြောက်သွေ့တာမဖြစ်စေဖို့အတွက် နေ့စဉ် လူးပေးပါ။ စိုပြည်တဲ့အသားအရေက တောက်ပဝင်းလက်နေသလိုလေး ဖြစ်စေတယ်လေ။





၃။ Eye Cream

အများစုက eye cream ကို အသက် ၃၀ ကျော်မှ လိမ်းရမယ်လို့ ထင်နေကြတယ်။ တကယ်တမ်းက အသက် ၂၀ ကျော်တွေမှာလည်း eye cream လိမ်းပေးဖို့ လိုအပ်ပါတယ်။ မျက်ကွင်းညိုတာ၊ မျက်အိတ်တွဲတာတွေအတွက် eye cream ကို လူးပေးရမှာဖြစ်ပါတယ်။





၎။ Night Cream

ညအိပ်ရာဝင်တိုင်းမှာ night cream လူးပေးပါ။ မနက် အိပ်ရာကနိုးတော့ အသားအရေလေးက လှပစိုပြေနေမှာ ဖြစ်ပါတယ်။ အိပ်စက်နေစဉ်အတွင်း အရေပြားဆဲလ်လေးတွေက အလိုလို ပြုပြင်သွားပါတယ်။ ဒါကို အားဖြည့်ပေးနိုင်ဖို့ night cream ကို လူးပေးပါ။

Source : She Finds
Credit : Duwun

အောင်မြင့်မြတ်(Myanmar Youths)

ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို   ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။


Saturday 18 March 2017

သုတ်ရည်မှထူးဆန်းသည့်အချက်များ

သုတ်ရည်သည် အမျိုးသားလိင်တံဥမှလာပြီး သုတ်ရည်ထုတ်သည့်အခါ သုတ်ရည်ထွက်လာသည်။ဒါအပြင် အမျိုးသမီး ဥများနှင့် ရောစပ်မိသွားသည့်အခါသူမသည် ကိုယ်ဝန်လွယ်ရနိုင်သည်။ ဒါပေမယ့်အခြေခံအားဖြင့် အမျိုးသား သုတ်ရည်ကို ဝေးဝေးသို့ထုတ်လွှတ်ပြီး ကျွန်ုတော်တို့မှ သင်ကိုယ်တိုင် အကျွမ်းတ၀င် ဖြစ်နေသည့် ကိစ္စများမှလွဲပြီး စိတ်ဝင်စားစရာကောင်းသည့်အအချက်များကို စုစည်းတင်ဆက်ထားသည်။ သုတ်ရည်များ ဘယ်လို လျင်လျင်မြန်မြန်သွားလဲဆိုတကအစ သုတ်ရည်နဲ့ သုတ်ပိုး ကွားခြားချက်အဆုံးပါဝင်သည်။  ဒီမှာကတော့ လူတိုင်း နည်းနည်းစိတ်ဝင်စားမည့် အချက်တွေပါဝင်ပြီး အောက်တွင် ရှာကြည့်လိုက်ပါ။

 

၁။ လူတိုင်းက သုတ်ရည်ကို မကိုင်တွယ်နိုင်ဘူး –အမှန်တကယ် လက်တွေအကြောင်းပြချတ်အတွတ်

အမျိုးသားများနှင့် အမျိုးသမီးများသည် အပြင်ပန်းထိတွေ့မိလျှင် သုတ်ရည်များထွက်လာသည်။



 

၂။ သင်စားသောက်သည့်အစားအသောက်မှတစ်ဆင့် သုတ်ရည်ကို အရသာသည် ပိုမိုကောင်းမွန်စေသည်။

အကယ်လို့ သင်က နံနတ်သီးကိုစားသုံးပါက သုတ်ရည်၏ အရသာသည် အကောင်းဆုံးအရသာမျိုးကိုရရှိစေနိုင်သည်။



 

၃။နောက်တစ်ခေါက်၊ အခြားသော အစားအသောက်များက အရသာ သိပ်ပြီး မကောင်းနိုင်ပါ။

ဥပမာအားဖြင့် ကော်ဖီလိုမျိုး၊ အနီရောင်အသားများကို စားသုံးလျှင် အရသာသည် ခါးသည်။ ဒါကြောင့်ထိုကဲ့သို့ အရာများကို အော်ဒါများ မမှာခင် ဂရုစိုက်ပါ။



 

၎။ အမျိုးသားတစ်ဦး သုတ်ရည်ကို တစ်ချိန်လျှင် ဘယ်လောက်ထုတ်နိုင်လဲဆိုတာကို သင်သိပါသလား။

ထွက်လာရင်တော့ မများပါဘူး။ ယေဘုယျဆိုရင်တော့  တစ်ခါလုပ်ရင် လ္ဘက်ရည်ဇွန်းတစ်ဝက် လောက် ဖြစ်နိုင်သည်။



 

၅။ အလွန်ပူပြင်းသည် အပူချိန်သည် သုတ်ရည်ကိုဖျတ်ဆီးနိုင်သည်။

အလွန်အေးခြင်း၊ အလွန်ပူခြင်းသည် သုတ်ရည်ကိုဖျတ်ဆီးနိုင်သည်။ အမျိုးသားများ၏ ဝှေးဥသည် သုတ်ရည်၏အပူချိန်ကို ထိန်းညှိပေးခြင်းဖြစ်သည်။



 

၆။ ဥ တစ်လုံးတည်းရှိရုံဖြင့် အမျိုးသားများအတွတ်လုံလောက်ပြီဖြစ်သည်။

Lance Armstrong သည် ကင်ဆာရောဂါကြောင့်သူ၏ ဝှေးစေ့တစ်လုံးဆုံးခဲ့ရပေမယ့် ကလေးငါးယောက် ဖခင်ဖြစ်အောင်ပြသခဲ့ခြင်းသည် အမျိုးသားများအတွတ် တစ်လုံးတည်းဖြင့် အသက်ရှင်နိုင်သည်ကို ပြသထားသည်။



 

၇။ သုတ်ရည်မျက်နှာပုံစံမျိုးလည်း ရှိသည်။

သူတို့သည် သင်၏အရေပြားကို တောတ်ပချောမွတ်စနေိုင်ပြီး သုတ်ပိုးသည်မျက်နှာသုသမှုအများအပြားတွင် အသုံးပြုကြသည်။



 

၈။ သုတ်ရည်အားလုံးသည် စကားပြောအမှုအကျင့်ကြောင့် ဦးထုပ်များဆောင်းထားကြသည်။

အာကရိုဆန်းဆိုတာ ဘဲဥပုံစံဖြစ်ပြီး အမျိုးသမီးဥတို့ကို တွယ်ကပ်ဖို့အတွတ် သန်မာသည့် ဓာတုဓာတ် များပါဝင်သည်။ ဥများ အပြင်မျက်နှာပြင်တွင် အရည်ဖျော်စေပြီးအခြေခံအားဖြင့် သုတ်ရည်ကောင်ဝင်နိုင်ဖို့အတွတ် အပေါက်တစ်ပေါက် လိုအပ်သည်။



 

၉။ အချို့သောလူများသည် သုတ်ရည်နှင့် သုတ်ကောင်ကို အတူတူ ခေါ်ဝေါ်ကြသည်။

သို့သော် လက်တွေ့မှာတော့ သုတ်ပိုးသည် သုတ်ရည်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သုတ်ရည်သည်ဆီးကျိတ်မှ ပါဝင်သည့်အရာဝတ္တုဖြစ်သည်။ တကယ်တောာ့အရည်များသည် သုတ်ကောင်ထဲသို့ သူအလုပ်ဖြစ်သည့် အတိုင်း သုတ်ကောင်ထဲသို့ စီးဆင်းသွားသည်။



 

၁၀။ တကယ်တမ်းတော့ သင်က သုတ်ကောင်တွေထဲအမြန်ဆုံး အကောင်တစ်ကောင်ဖြစ်သည်။

ဒီမှာကတော့ ဆရာဝန်ကတော့ ဘာပြောလဲဆိုတာဘဲဖြစ်ပါတယ်။

အရှည်ဆုံးသုတ်ကောင်က အအောင်မြင်ဆုံးအကောင်ဖြစ်ပါသည်။ ဒါပေမဲ့ အနှေးဆုံး သုတ်ကောင်ကလည်း အားသာချတ်ရှိပါတယ်။

မှန်ပါတယ်။ တကယ်တော့ သင်ဟာ အရှည်ဆုံးနှင့်အနှေးဆုံးအကောင်ဘဲဖြစ်ပါတယ်။



 

၁၁။ ပွင့်လင်းစွာ ပြောဆိုခြင်းဟာ သုတ်ကောင်လမ်းကြောင်းကိုပွင့်စေနိုင်သည်။

အမျိုးသမီးများဟာ ဥများအားလုံးဖြင့် ပိုင်ဆိုင်ပြီး မွေးဖွားလာခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမှု အမျိုးသားများသည် သုတ်ကောင်များကို နေ့စဉ်နေ့တိုင်းထုတ်နိုင်သည်။ ဟုတ်တာပေါ့ အသက်အရွယ်ပေါ်လိုက်ပြီး သုတ်ရည်အနည်းအများ ကွာခြားနိုင်သည်၊သို့သော် ပုံမှန် အမျိုးသားဆိုရင်တော့ အမြဲပုံမှန် သုတ်ရည်ထုတ်နိုင်သည်။



 

၁၂။ macabre အသံက သုတ်အသေကောင်လို့ဆိုပေမယ့်လည်းကလေးများကို မွေးဖွားနိုင်သည်။

IVF စက်မှုပညာရှင်များက သုတ်ရည်ထဲမှ ဥများကိုမှန်ပေါ်တွင် တင်ပြီး ရွေ့လျားလိုက်သည့်အခါမှတော့သုတ်ကောင်များ ရွေ့လျားပြီး မှန်ရပ်လိုက်သည့်အခါမှာတော့ သုတ်ကောင်များလည်း သေဆုံးသွားသည်။



 

၁၃။ နောက်ဆုံးအရေးကြီးဆုံးက သုတ်ကောင်တစ်ကောင်က မိန်းမကိုယ်ထဲမှာ ဘယ်လောက်ကြာကြာနေနိုင်မလဲ။

ဒီကိစ္စနှင့်ပတ်သတ်ပြီး ထူးဆန်းထားတွေရှိပါတယ်။အများဆုံးကတော့ နှစ်ရက်ပါဘဲ။ သင်လိင်ဆက်ဆံပြီး နှစ်ရက်အကြာမှာ ကိုယ်ဝန်ရရှိနိုင်မည်မှာ ကျိန်းသေဘဲဖြစ်ပါသည်။



 

Source | Lifebuzz



အောင်မြင့်မြတ်(Myanmar Youths)

ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို   ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။


Thursday 16 March 2017

ပူပြင်းလှတဲ့နွေရာသီမှာ ခန္ဓာကိုယ်ရေဓာတ်မခန်းစေဖို့




၁။ ရေများများ သောက်ပေးပါ။

လူတွေရဲ့ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ ၇၅ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ခုလိုမျိုး တရှိန်းရှိန်းနဲ့ 
ပူပြင်းလှတဲ့အချိန်မှာ ချွေးကလည်း ထွက်သမို့ ရေဓာတ်ကလည်း သာမန်အချိန်ထက်ပိုပြီး
ဆုံးရှုံးသွားပါတယ်။ ဒီတော့ ရေများများ သောက်ပေးပြီး ခန္ဓာကိုယ်က လိုအပ်နေတဲ့ ရေဓာတ်ကို
ဖြည့်တင်းပေးပါ။

၂။ ဒီအချိန်ကတော့ ဖရဲသီးရာသီပါပဲ။

ဖရဲသီးထဲမှာပါဝင်တဲ့ ရေဓာတ်ဟာ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ဖရဲသီးအပြင် 
စပျစ်သီး၊ မက်မွန်သီးနဲ့ ဇီးသီးတို့ကိုလည်း စားပေးသင့်ပါတယ်။ သူတို့က အလွယ်တကူ
အစာချေနိုင်အောင် ကူညီပေးတာမို့ အစာချေစနစ် အလုပ်လုပ်နေမှုကြောင့် တက်လာတဲ့
ခန္ဓာကိုယ်တွင်းအပူချိန်ကို လျှော့ချပေးပါတယ်။

၃။ သခွားသီး စားပါ။

နွေရာသီမှာပေါ်တဲ့ သီးနှံတွေ တော်တော်များများဟာ ရေဓာတ်တွေအများအပြား ပါဝင်ကြပါတယ်။ 
အဲဒီထဲကမှ အထူးစပါယ်ရှယ်ကတော့ သခွားသီးပါပဲ။ နောက်ထပ် ရွေးစားသင့်တာတွေကတော့
ခရမ်းချဉ်သီး၊ ဆလပ်ရွက်နဲ့ အစိမ်းရောင်အရွက်တွေပဲပေါ့။
၎။ ဒီလိုရာသီမျိုးမှာ အစာချေဖို့ခက်ခဲတဲ့ အသားတွေ စားတာမျိုးကို ရှောင်သင့်ပါတယ်။
ဒီတော့ ငါးလိုမျိုး ပေါ့ပေါ့ပါးပါး အစားအစာတွေကို စားပါ။

၅။ ကာဖိန်းနဲ့ အရက်သေစာ ရှောင်ပါ။

ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်တို့ သောက်ရင် ဆီးရွှင်စေပါတယ်။ ဒီတော့ ခန္ဓာကိုယ်က 
အရည်ဓာတ်ကလည်း ဆုံးရှုံးတာမို့ ခန္ဓာကိုယ်ဟာ ပူနွေးလာနိုင်ပါတယ်။ သိပ်သောက်ချင်တယ်
ဆိုရင်တောင်မှ ရေများများ ပြန်သောက်ဖို့ အထူးမမေ့ပါနဲ့။

Credit : Myanmar.mmtimes

အောင်မြင့်မြတ်(Myanmar Youths)

ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို   ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။


Friday 10 March 2017

အသားအရေလှပစေဖို့ဒီအစာတွေပိုစားစို့





ခရမ်းချဉ်သီး
--------------

ခရမ်းချဉ်သီးဟာ နေလောင်တာကြောင့် အသားအရေ ပျက်စီးတာမျိုးကို ကာကွယ်
ပေးနိုင်ပါတယ်။ ၎င်းမှာပါဝင်တဲ့ Lycopene ( လိုက်ကိုပန် ) ဓာတ်က အရေပြား ပျက်စီး မှုကို ဟန့်တားပေးပါတယ်။

ကီဝီသီး
----------

ကီဝီသီးမှာပါတဲ့ ဗီတာမင် C နှင့် ပိုတက်စီယမ် စတာတွေကတော့ အချိန်မတိုင်မီ
အရေပြား အရေးအကြောင်း ဖြစ်တာမျိုးကနေ ကာကွယ်ပေးနိုင်ပါတယ်။

အဆီမပါ ဒိန်ချဉ်
-------------------

ဒိန်ချဉ်မှာပါတဲ့ ဓာတ်တစ်မျိုးကတော့ ကယ်လ်စီယမ်ပါ။ ၎င်းဟာ အရိုးနဲ့သွား
တွေကို သန်မာစေပြီး လက်သည်းရောဂါ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ အဆီမပါ ဒိန်ချဉ် လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးဟာ အဆီမပါ နို့ တစ်ဖန်ခွက်ထက်
ကယ်လ်စီယမ်ဓာတ် ပိုမိုပါရှိနေတယ်။

အာလူး
---------

အရေပြားကို နူးညံ့စေပြီး နေရောင်ခြည်ကြောင့် အရေပြားပျက်စီးမှုကို ကာကွယ်
ပေးနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ Betacarotene ( ဘီတာကာရိုတင်း ) ဓာတ်ကို အာလူးမှ ရရှိနိုင်ပါတယ်။

မြေပဲ
------

Vitamin E နဲ့ Omega- 3 fatty acid တို့ ပါဝင်တဲ့ မြေပဲဟာဆိုရင်
အရေပြား ရောဂါတစ်မျိုးဖြစ်တဲ့ နှင်းခူရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

ချောကလက်
---------------

ကိုကိုး ၆၀ ရာခိုင်နှုန်ူ အနည်းဆုံးပါဝင်တဲ့ ချောကလက်ဟာဆိုရင် အရေပြားသို့
သွေးစီးဆင်းမှုနှုန်းကို တိုးတက်စေခြင်း၊ အရေပြားအား အစိုဓာတ် ရရှိစေခြင်းနဲ့ နူးညံ့
ချောမွေ့ခြင်းတို့ကို ဖြစ်လာစေပါသည်။

ကရုကမာ
------------

အရေပြားပျက်စီးနေတာတွေ ပြန်လည်ကောင်းမွန်ဖို့ဆိုရင် ဇင့်ဓာတ်ဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒီလို ဇင့်ဓာတ်မျိုးကို ကရုကမာတွေဆီကနေ ရရှိနိုင်ပါတယ်။

ဘယ်ရီသီး
-------------

ဘယ်ရီသီးမှာပါဝင်တဲ့ Antioxidant တစ်မျိုးဟာ အရေပြားလောင်ခြင်းနဲ့ ဆဲလ်များ
ပျက်စီးခြင်းတို့ကနေ ကာကွယ်ပေးနိုင်ပါတယ်။

ငါး
---

Omega- 3 fatty acid ပါဝင်တဲ့ ငါးဟာဆိုရင် အရေပြား တင်းမာခြင်း၊
အရွယ်မတိုင်မီ အရေးကြောင်းများ ဖြစ်ရခြင်းနဲ့ အရေပြား နီမြန်းခြင်းတို့ကို ကာကွယ်
ပေးနိုင်ပါတယ်။ ဒါ့အပြင် ငါးတွေမှာ ဗီတာမင်ဘီနဲ့ ဒီတို့လည်း ပါဝင်နေပါသေးတယ်။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဆည်းဆာညို
Health for ALL magazine 



ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို   ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။



မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။  


လိပ်ခေါင်းရောဂါအတွက် ဆောင်ရန်/ရှောင်ရန်





လိပ်ခေါင်းရောဂါ အတွက် ဆောင်ရန် ရှောင်ရန်

လိပ်ခေါင်းရောဂါ အတွက် ဆောင်ရန်ရှောင်ရန်များကို တင်ပေးဖို့ မကြာခဏ တောင်း ဆိုလာကြတဲ့အတွက် လေ့လာ စုဆောင်းထားသမျှလေးကို တင်ပေးလိုက်ပါတယ်။

လိပ်ခေါင်းရောဂါ ဖြစ်ရတဲ့ အကြောင်းများစွာထဲမှာ အထင်ရှားဆုံးကတော့ ဝမ်းချုပ်ခြင်းကြောင့်ပါပဲ။ ဝမ်း မကြာခဏချုပ်၍ ညှစ်ပေးနေရလျှင် ကြာလာတော့ စအိုနေရာမှ သွေးကြောများ နေရာကျွံ၍ လိပ်ခေါင်းကဲ့သို့ ပေါ်လိုက်ပျောက်လိုက်
ဖြစ်လာ တဲ့အတွက် လိပ်ခေါင်းရောဂါလို့ ခေါ်ကြတာပါ။ အင်္ဂလိပ်လိုကတော့ Hemorrhoid/Pile လို့ခေါ်ကြပါတယ်။ အတွင်းလိပ်၊ အပြင်လိပ်ဆိုပြီး ၂ မျိုးရှိပါတယ်။ အူမကြီးကင်ဆာ၊ အသည်းရောဂါ၊ အရက် အလွန်အကျွံသောက်ခြင်းတို့သည်လည်း လိပ်ခေါင်းဖြစ်ရသည့် အကြောင်းများဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သူများလည်း အဖြစ်များတဲ့ ရောဂါ တစ်ခုပါ။

ဆောင်ရန်များ
--------------
(၁) မနက် အိပ်ယာထချိန် ရေများများ သောက်ပါ။

(၂) ကိုယ်လက်လှုပ်ရှားပါ။ လမ်းများများ လျှောက်ပါ။

(၃) လတ်ဆတ်တဲ့ သစ်သီးများကို စားပေးပါ။ ဝမ်းပျော့စေမည့် သင်္ဘောသီး၊ငှက်ပျောသီး
စသည့်အသီးများကို များများစားပေးပါ။

(၄) လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များကို စားပေးပါ။

ရှောင်ရန်များ
--------------
(၁) ဝမ်းမာဝမ်းကျစ်စေမည့် အစားအစာများကို ရှောင်ပါ။

(၂) ငရုတ်သီး၊ အပူအစပ်တို့ကို ရှောင်ပါ။

(၃) အထိုင် မများပါစေနဲ့။ ကြာရှည်စွာ မတ်တပ်ရပ်ခြင်းကို ရှောင်ပါ။

(၄) အလေးအပင် မခြင်းကို ရှောင်ပါ။ မလွဲသာ၍ မရသော် အသက်ကို မှန်မှန်ရှူပြီး မပါ။ မအောင့်ထားပါနဲ့။

(၅) အသည်းခြောက်လျှင် လိပ်ခေါင်းဖြစ်ရန် သေချာသလောက်ရှိသည်။ ထို့ကြောင့် အရက်သေစာ သောက်စားခြင်းကို ရှောင်ပါ။

လူ တော်တော်များများတွင် အဖြစ်များနေသော လိပ်ခေါင်းရောဂါများကို ကြိုတင် ကာကွယ်ထားနိုင်ကြပါစေရန် မျှဝေပေးလိုက်ပါတယ်။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား - ရိုးရာဆေးနည်းများ



အောင်မြင့်မြတ်(Myanmar Youths)

ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို    ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။



မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။