အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday 29 October 2016

ကော်ဖီကပေးတဲ့ အံ့ဖွယ် ကျန်းမာရေး အကျိုးကျေးဇူး (၆) ခု

မနက်ခင်း ကော်ဖီသောက်ခြင်းဟာ ကောင်းကျိုးတွေကို ပိုမိုဖြစ်ထွန်းစေတယ်ဆိုတာ ယေဘုယျအားဖြင့် အားလုံးသိထားပြီးကြပြီ ဖြစ်ပါတယ်။ တစ်နေ့ ကော်ဖီတစ်ခွက် သောက်လိုက်ရုံနဲ့ ရလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

၁။ ဖိအားကင်းစေ

မနက်ခင်းကော်ဖီက သင့်ကိုဖိအားကင်းစေတယ်လို့ လေ့လာမှု တစ်ခုက ဆိုပါတယ်။ အကြောင်းကတော့ အန်တီအောက်ဆီဒန့် ဓာတ်တွေကိုရလာလို့ ဖြစ်ပါတယ်။

၂။ စမတ်ကျစေ

ကော်ဖီသောက်ခြင်းက ဦးနှောက်အလုပ်လုပ်နိုင်ခြင်းစွမ်းရည်ကို ပိုပြီးတိုးတက်လာစေကြောင်း သုတေသီတွေက ဆိုပါတယ်။

၃။ အဆီကျစေ

ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆီတွေကို ၂၉ ရာခိုင်နှုန်းအထိ လျှော့ချပေးပါတယ်။

၎။ ကင်ဆာကာကွယ်စေ 

ပါးစပ်ကင်ဆာ၊ ရင်သားကင်ဆာ တွေကို ကော်ဖီက ကာကွယ် ပေးပါတယ်။ အသည်းသုတေသနလုပ်တဲ့ အမေရိကန်ကျန်းမာရေး အဖွဲ့အစည်းရဲ့ လေ့လာချက်အရ ကော်ဖီဟာ အသည်းရောဂါကိုလည်း ကာကွယ်တယ်လို့ သိရပါတယ်။

၅။ အယ်လ်ဇိုင်းမားကိုလည်း ကာကွယ်

မှတ်ဉာဏ်အလွယ်တကူ မေ့လျော့ခြင်းကို ဖြစ်ပေါ်စေတဲ့ အယ်လ်ဇိုင်းမား ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ တစ်နေ့ကို သုံးခွက်လောက်တော့ သောက်သင့်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

၆။ ဆီးချိုးကို တားဆီး

အန္တရာယ်များတဲ့ ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ တစ်နေ့တစ်ခွက်လောက် သောက်ရုံနဲ့ ၁၁ ရာခိုနှုန်းလောက် လျှော့ချပေးပါတယ်။

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

အကြောဆန့်ရင် ရမယ့် အကျိုးကျေးဇူး (၄) ခု

၁ - သွေးကြော

သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။

၂ - ကိုယ်နေဟန်ထား

အကြောဆန့်အကြောဖြေတဲ့ လေ့ကျင့်ခန်းတွေပြုလုပ်ခြင်းဟာ သင့်ရဲ့ ကိုယ်အနေအထား မှန်စေပါတယ်။ ခန္ဓာကိုယ်ဟာ ဟန်ချက်ညီနေတာကြောင့် အရိုးအဆစ်ပြဿနာတွေ ကင်းဝေးပါတယ်။

၃ - ခါးနာခြင်း

ခါးနာတာကိုလည်း ကြိုတင်ကာကွယ်နိုင်ပါတယ်။

၎ - ပေါ့ပါး

ခန္ဓာကိုယ်ပေါ့ပါးပြီး နေထိုင်ရတာ သက်သောင့်သက်သာရှိပါတယ်။

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ရာသီထိန်ခြင်း

အမျိုးသမီးများတွင် လစဉ်ပုံမှန်ဓမ္မတာလာနေကျတွင် မလာဘဲ ရှိနေခြင်းကိုခေါ်သည်။ ဓမ္မတာသွေးသည် သွေးဆုံးချိန်အသက် (၄၄) မှ (၅၄) နှစ် အတွင်းမှ ရပ်တန့်သွားလေ့ရှိပြီး ထိုအချိန်မှစ၍ ကိုယ်ဝန်မဆောင်နိုင်တော့ပေ။ ဤသွေးဆုံးချိန်မတိုင်မီ အသက်အရွယ်အတွင်း ရာသီထိန်ခြင်း၏ အဓိကအကြောင်းအရင်းမှာ ကိုယ်ဝန်ရှိခြင်းကြောင့် ဖြစ်၏။ 

သို့ရာတွင် သာမန်ကျန်းမာသူ အမျိုးသမီးတစ်ဦးတွင် အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ရာသီထိန်နိုင်သလို ပြင်းထန်စွာနေမကောင်းခြင်း၊ နာတာရှည်ရောဂါဖြစ်ခြင်း တို့ကြောင့်လည်း ရာသီမလာဘဲ ဖြစ်နိုင်သည်။ စိုးရိမ်ပူပန် စိတ်များကြောင့်လည်း ရာသီမလာဘဲ ရှိနိုင်ပြီး ရာသီမလာသောကြောင့် ကိုယ်ဝန်ရှိသည်ဟု စိုးရိမ်ပြန်သောအခါ ပို၍ပင် ရာသီထိန်စေနိုင်ပြန်သည်။

 အကြောင်းတစ်စုံတစ်ရာကြောင့် ပုံမှန်အလုပ်မလုပ်ရခြင်း၊ အိမ်နှင့်ခွဲခွာနေရခြင်း၊ ကျောင်းသူများတွင် စာမေးပွဲအတွက် စိတ်ပူပင်ရခြင်း တို့ကြောင့်လည်း ရာသီမလာဘဲ ဖြစ်နိုင်ပါသေးသည်။ တစ်ခါတစ်ရံတွင် သနွေတားဆေးများကြောင့် ရာသီနည်းခြင်း၊ လကျော်မှ ရာသီလာခြင်းတို့ဖြစ်နိုင်ပါသည်။

အခြားသောရောဂါလက္ခဏာများ မရှိပါလျှင် တစ်လရာသီထိန်ခြင်းကြောင့် စိုးရိမ်စရာမရှိသော်လည်း (၂) လကြာသည်အထိ ရာသီမလာပါက ဆရာဝန်နှင့် ပြသတိုင်ပင်ရပါမည်။ အချို့သော ဂလင်းများ ပုံမှန်မဟုတ်သော လုပ်ဆောင်ချက်များ ဖြစ်စေသည့် ရောဂါများတွင် မမျိုးဥကြွေခြင်းကို အဟန့်အတားဖြစ်စေနိုင်ပြီး ထို့ကြောင့်လည်း ရာသီထိန်ခြင်းကို ဖြစ်စေနိုင်သည်။ 

ထို့ပြင် Anorexia Nerosa အစားအလွန်လျော့ခြင်းရောဂါတွင်လည်း ကိုယ်အလေးချိန်ကျသွားခြင်းကြောင့် ဟော်မုန်းဓာတ်အပြောင်းအလွဲများဖြစ်ပြီး ရာသီမလာဘဲ နေနိုင်ပါသည်။ ကျန်းမာသန်စွမ်းသော အမျိုးသမီးငယ်များတွင် မကြာခဏရာသီထိန်ပါမူ မြုံနိုင်သော အခြေအနေရှိပြီး ထိုသူတို့တွင် မျိုးဥကြွေခြင်းကို တားဆီးနိုင်သော သနွေတားဆေးသောက်သုံးခြင်းကို လုံးဝရှောင်ကြဉ်ရပါမည်။ သို့မဟုတ်ပါက မျိုးဥကြွေခြင်း လုံးဝမရှိတော့ပဲ ကလေးမရနိုင်သော အခြေအနေအထိ ရောက်ရှိသွားနိုင်၍ ဖြစ်သည်။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ဗိုက်ချပ်စေမဲ့အကောင်းဆုံးနည်းလမ်း ၁၄ ခု

၁ - ဘယ်သွားသွား ရေဘူးသယ် (ခန္ဓာကိုယ်မှာ ရေဓာတ်ကောင်းကောင်း ရှိနေဖို့လိုပါတယ်)

၂ - အရောင်ပါတဲ့ အသီးအနှံများများစား

၃ - ထမင်းမစားမီ ရေတစ်ခွက်သောက်

၎ - လေ့ကျင့်ခန်း ပေါင်းစုံလုပ် (ထိုင်ထလောက်နဲ့ အပေါ့စားလေ့ကျင့်ခန်းလောက် မလုပ်နဲ့)

၅ - အငတ်မခံနဲ့ (မစားဘဲနဲ့နေတာဟာ အကူအညီ မဖြစ်ပါဘူး)

၆ - အရာရာ ရှောင်စရာမလို (ဟိုဟာမစားဘူး ဒီဟာမစားဘူး လုပ်စရာမလို)

၇ - ဆိုဒါပါတဲ့ အချိုရည်တွေ မသောက်နဲ့

၈ - ထမင်းကို နည်းနည်းချင်းစီ ၅ ကြိမ်ခွဲစား

၉ - ဖြည်းဖြည်းစား (ထမင်းစားချိန်ဟာ အနည်းဆုံး မိနစ် ၂၀ ခန့်ရှိသင့်)

၁၀ - ဗိုက်ချပ်ဖို့ဟာ သင့်ရဲ့တကယ့်ရည်မှန်းချက် (ဝိတ်ချဦးမယ်ဆိုပြီး အပျော်သဘောဘယ်တော့မှ မလုပ်ပါနဲ့)

၁၁ - ဝိတ်ကျတယ်ဆိုပြီး ရောင်းတဲ့ ဆေးလုံး၊ ဆေးပြား ဘာတစ်ခုမှ မသုံးနဲ့

၁၂ - ရေကူးလို့ရရင် ရေပုံမှန်ကူး

၁၃ - မနက်စာ မလွတ်စေနဲ့

၁၄ - ဆားလျော့စား

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

သွေးအားနည်းခြင်းအတွက်အကောင်းဆုံးဖျော်ရည်

ပါဝင်ပစ္စည်းတွေကတော့

- ပန်းသီး ၂ လုံး(မကြီးလွန်း မသေးလွန်း)
- သစ်တော်သီး ၂ လုံး (မကြီးလွန်း မသေးလွန်း)
- မုန်လာဥနီ ၃ လုံး (မကြီးလွန်း မသေးလွန်း)
- မုန်ညှင်းပင် ၃ စည်း(ကြီးကြီး)
- အခွံခွာပြီးသား ရှောက်သီး ၂လုံး
- နနွင်း ၆ တက်
- ဂျင်းတက် ၁ တက်

ပြုလုပ်ပုံအဆင့်ဆင့်

ပါဝင်ပစ္စည်းများ အားလုံးကို blender ထဲထည့် မွှေပြီး၊ ရေစစ်နဲ့ အဖတ်တွေစစ်ပြီး သောက်သုံးပါ။

အကျိုးကျေးဇူးတွေကတော့ …..

မုန်ညှင်းမှာ သွေးဖိအား မြင့်တက်ခြင်းကို ထိန်းသိမ်းပေးနိုင်တဲ့ calcium ပမာဏများစွာ ပါဝင်တာကြောင့် အာရုံကြော တည်ငြိမ်လန်းဆန်းစေပါတယ်။ သွေးဖိအား ကျစေရန်လည်း မုန်ညှင်းရွက် အစိမ်းလိုက် စားသုံးပေးသင့်ပါတယ်။ ရှောက်ရည်မှာ potassium ပါဝင်တာကြောင့် နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကို သက်သာစေပြီး သွေးဖိအားများခြင်း ၊ မူးဝေအော့အန်ခြင်း များကို သက်သာစေတဲ့အပြင် စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းများကို သက်သာစေ ပါတယ်။ ရှောက်ရည်သောက်ခြင်းက ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။ သစ်တော်သီးမှာ သွေးဖိအားကိုထိန်းပေးတဲ့ anti-oxidants နဲ့ anti-carcinogen glutathione ၊ စွမ်းအင်ပြန်လည်ပြည့်ဝစေတဲ့ fructose နဲ့ glucose ဓာတ်များပါဝင်ပါတယ်။

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Friday 28 October 2016

အချို (သကြား) စားသုံးခြင်းနှင့် ချောင်းဆိုးခြင်း

မိဘများသည် သားသမီးများ ချောင်းဆိုးလျှင် အချို (သကြား) အစားများ၍ ဖြစ်သည်ဟု ထက်ခံထားကြသည်။ ချောင်းဆိုးလျှင် အချိုစာများမစားရန် တားမြစ်လေ့ရှိသည်။ သကြားမှာ Sucrose ဆူးဆရို့စ်ဖြစ်ပြီး ဂလူးကို့စ် မော်လီကျူးတစ်ခုနှင့် ဖရပ်စ်တို့ မော်လီကျူးတစ်ခုတို့ ပါဝင်သည်။ သကြားစားသုံးမှုကြောင့် ချောင်းဆိုးမည် မဟုတ်ပါ။ ချောင်းဆိုးခြင်းမှာ ဆေးပညာသဘောအရကြည့်လျှင် ဇာစ်မြစ်များစွာ တွေ့ရမည်ဖြစ်ပါသည်။ 

လည်ချောင်းရောင်ခြင်း၊ အအေးမိခြင်း၊ တုပ်ကွေးရောဂါစသည်တို့မှ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောဂါများကြောင့် ချောင်းဆိုးနိုင်သည်။ ချောင်းဆိုးရာတွင် ချောင်းခြောက်ဆိုးခြင်း၊ Dry cough နှင့် သလိပ်ထွက်ဆိုးခြင်း productivecough ရှိသည်။ ချောင်းခြောက်ဆိုးခြင်းကို ဖိနှိပ်သင့်သော်လည်း သလိပ်ထွက်ချောင်းဆိုးခြင်းကိုမူ ဖိနှိပ်မှုမပြုသင့်ဟု ဆိုပါသည်။

သုတေသနပညာရှင်များက ကလေးငယ်များ ချောင်းဆိုးခြင်းကို သက်သာစေသော ချောင်းဆိုးပျောက်ဆေးမှာ သကြားရည်ထက်ပို၍ အာနိသင်မရှိဟု ဖော်ထုတ် တင်ပြခဲ့သည်။ ချောင်းဆိုးသော ကလေးငယ် တစ်ဦးအား ချောင်းဆိုးပျောက်ဆေးအစား သကြားရည်တစ်ဇွန်းတိုက်ခြင်းသည်ပင် အကျိုးရှိကြောင်း တင်ပြခဲ့သည်။ သကြားရည်သည် ချောင်းဆိုးခြင်းကိုပင် သက်သာစေနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ချောင်းဆိုးခြင်းသည် အချို (သကြား) နှင့် သက်ဆိုင်မှုမရှိပေ။ 

ဆန်၊ ဂျုံ၊ ပြောင်းစသည်တို့ စားသုံးလျှင်ပင် ကစီဓာတ်များမှာ Maltose ဖြစ်သည်။ ဖော်လ်တို့စ် (Maltose) မှာ ဂလူးကို့စ်မော်လီကျူးနှစ်ခု ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ချောင်းဆိုးခြင်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာကြောင့်သာဖြစ်ပြီး အချို (သကြား) စားသုံးမှုကြောင့် မဟုတ်ကြောင်း သိစေလိုပါသည်။

• သကြားကြောင့် ချောင်းမဆိုးပါ။
• ချောင်းဆိုးပျောက်ဆေးရည်မှာ သကြားရည်တစ်ဇွန်းထက် အာနိသင်မပိုပေ။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့်ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

တတ်ဖျား၊ကျဖျား

ရောဂါပိုးရှိသော နွား၊ ဆိတ်နှင့် သိုးတို့ကို ကိုင်တွယ်မိခြင်းနှင့် ၎င်းတို့၏ နို့ ကို သောက် သုံးခြင်းကြောင့် ဖြစ်ပွားရသော ကူးစက်ရောဂါတစ်ခုပင်ဖြစ်သည်။ တိရစ္ဆာန် တို့၏ နို့ကိုပိုးမသတ်ဘဲ သောက်သုံးကြသော ကမ္ဘာပေါ်ရှိ နေရာဒေသ အတော်များ များတွင် ဖြစ်ပွားလေ့ရှိသည်။ တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ လယ်ယာလုပ်ကိုင် သူများ တွင်လည်း တစ်ခါတစ်ရံ ဖြစ်ပွားကြသည်။

ရောဂါလက္ခဏာများအနေဖြင့် ကြာရှည်စွာ နုံးချိနေခြင်း၊ အဖျားငုပ်လိုက် ပေါ် လိုက်ဖြစ်ခြင်း၊ ကိုက်ခဲခြင်းတို့ ရှိကြ၏။ ထိုလက္ခဏာများမှာ အခြားရောဂါများနှင့် သဲသဲကွဲကွဲ မရှိသဖြင့် ရောဂါရှာမတွေ့နိုင်သော ကြာရှည်အဖျား မကျသော အခြေအနေများတွင်မှ ထည့်သွင်းစဉ်းစားကြသည်။ ထို့ကြောင့် အပန်းဖြေခရီးထွက်သော အခါများ တောရွာများသို့ သွားသောအခါများတွင် ပိုးမသတ်ထားသော နို့ကို မသောက်သုံးသင့်ပါ။ မွေးမြူးထားသော တိရစ္ဆာန်များတွင်လည်း ဤရောဂါပိုးရှိမရှိကို ဆရာဝန်ပြသပြီး စစ်ဆေးသင့်ပါသည်။ သက်ဆိုင်ရာ ပဋိဇီဝဆေးများ (၂) ပတ် (၃) ပတ်မျှ ပေးခြင်းဖြင့် ကုသပေးနိုင်ပါသည်။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ဇီကာဗိုင်းရပ်စ်အကြောင်း သိထားသင့်တဲ့ အချက်များ

ဇီကာဗိုင်းရပ်စ်ဟာ တောင်အမေရိကနဲ့ မြောက်အမေရိကမှာ ပျံ့နှံ့မှုနှုန်း မြင့်တက်နေပြီး လတ်တလော ဘရာဇီးလ်မှာ စိုးရိမ်ဖွယ်ရာ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေပါတယ်။ သိပ္ပံပညာရှင်တွေက ဇီကာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံး အတိုင်းအတာ ပျံ့နှံ့သွားနိုင်ကြောင်း သတိပေးမှုတွေလည်း ရှိနေပါတယ်။

ကုလသမဂ္ဂရဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ဇီကာဗိုင်းရပ်စ် ပျံ့နှံ့မှုကို တုံ့ပြန်ဖို့အတွက် အရေးပေါ် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဇီကာဗိုင်းရပ်စ်ကို လေဆိပ်ငါးခုမှာ စတင် စောင့်ကြည့်နေပြီ ဖြစ်ပါတယ်။

ဇီကာဗိုင်းရပ်စ်အကြောင်း သိထားသင့်တဲ့ အချက်အချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။

ဇီကာဗိုင်းရပ်စ်ဆိုတာ ဘာလဲ?

၁၉၄၇ ခုနှစ်က ယူဂန္ဓာနိုင်ငံရှိ ဇီကာတောတွင်းမှာ နေထိုင်တဲ့ မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဇီကာဗိုင်းရပ်စ်လို့ သတ်မှတ် ခေါ်ဝေါ်ကြပါတယ်။
ဇီကာဗိုင်းရပ်စ်ကို လူသားတွေမှာ ပထမဆုံး အနေနဲ့ ၁၉၅၄ ခုနှစ်က နိုက်ဂျီးရီးယားနိုင်ငံမှာ စတင် တွေ့ရှိခဲ့ပါတယ်။

ဘယ်လို ကူးစက်ပျံ့နှံ့တာလဲ?

ဇီကာဗိုင်းရပ်စ်ဟာ သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်တဲ့ အေဒီးစ်ခြင်တွေမှတစ်ဆင့် ကူးစက်ပျံ့နှံ့ပါတယ်။ ဇီကာဗိုင်းရပ်စ် သယ်ဆောင်ထားတဲ့ အေဒီးစ်ခြင် အကိုက်ခံခြင်းကြောင့် ကူးစက်ခံရတာ ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ?

ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာတွေက ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အဆစ်အမြစ် ကိုက်ခဲခြင်းနဲ့ မျက်စိနီရဲပြီး မျက်ရည်ပူကျခြင်းတို့ ဖြစ်ပါတယ်။
ဒါပေမဲ့ အများစုမှာ ရောဂါလက္ခဏာ ပြသခြင်း မရှိပါဘူး။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅ ဦးမှာ ၁ ဦးသာ ရောဂါလက္ခဏာ ပြသလေ့ရှိပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတွေဟာ ရက်အနည်းငယ်မှ တစ်ပတ်ကြာအထိ ဖျားနာနိုင်ပါတယ်။

ဘယ်လို ကာကွယ် ကုသမလဲ?

ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးပါဘူး။ အေဒီးစ်ခြင်တွေ ပေါက်ဖွား ရှင်သန်နိုင်ခြင်း မရှိအောင် ဆောင်ရွက်ရပါမယ်။ ခြင်ကိုက်မခံရအောင် သွားလာ နေထိုင်ရမှာ ဖြစ်ပါတယ်။
ဇီကာဗိုင်းရပ်စ် တွေ့ရှိရတဲ့ ကမ္ဘာ့နိုင်ငံ ၂၂ နိုင်ငံကို ကိုယ်ဝန်ဆောင်တွေ ခရီးမသွားသင့်ပါဘူး။ ဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ကောင်းစွာအနားယူပြီး အရည်များများ သောက်ရပါမယ်။

ဇီကာဗိုင်းရပ်စ်ကြောင့် ဘာဖြစ်နိုင်လဲ?

ကိုယ်ဝန်ဆောင် မိခင်တွေမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရပါက ဦးခေါင်းသေးတဲ့ ကလေးတွ မွေးဖွားပါတယ်။ ဇီကာဗိုင်းရပ်စ်က Microcephaly ခေါ် ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါဖြစ်စေကြောင်း အထောက်အထားတွေ တွေ့လာရပါတယ်။

သေဆုံးနိုင်သလား?

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးမှု ရှားပါတယ်။

ဇီကာဗိုင်းရပ်စ်ကို လက်ရှိ ဘယ်နိုင်ငံတွေမှာ တွေ့ရလဲ?

ဗဟိုနဲ့ တောင်အမေရိက
ဘိုလီဗီးယား၊ အီကွေဒေါ၊ ဂူယန်နာ၊ ဘရာဇီးလ်၊ ကိုလံဘီယာ၊ အယ်လ်ဆာဗေဒို၊ ပြင်သစ် ဂူအန်နာ၊ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်၊ မက္ကစီကို၊ ပနားမား၊ ပါရာဂွေး၊ ဆူရီနိမ်း၊ ဗင်နီဇွဲလား

ကာရစ်ဘီယန်
ဘာဘီဒိုးစ်၊ စိန့်မာတင်၊ ဟေတီ၊ မာတီနီကေး၊ ပျူတိုရီကို၊ ဂွာဒီလိုပီ

သမုဒ္ဒရာပိုင်း
ဆမ်မာအို

အာဖရိက
ကိပ်ဗာဒီ

Source & Photo: Daily Mail, AFP, Daily Mail, Reuters
Credit : Duwun

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

မြန်မာမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ပထမဆုံးတွေ့ရှိ

ရန်ကုန်မြို့ရှိ နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးထံမှာ ဇီကာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ရကြောင်း နိုင်ငံပိုင် MRTV ရုပ်မြင်သံကြားသတင်းက အောက်တိုဘာ ၂၇ ရက်မှာ ပြောကြားပါတယ်။ ယခု တွေ့ရှိမှုဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူကို အတည်ပြုတွေ့ရှိရမှု ဖြစ်လာပါတယ်။

ရန်ကုန်မှာရှိနေတဲ့ အသက် ၃၂ နှစ်အရွယ် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီးထံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရမှု ရောဂါလက္ခဏာများ တွေ့ရှိခဲ့ရတာကြောင့် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ဇီကာရောဂါ ဖြစ်ပွားနေကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ MRTV သတင်းက ပြောပါတယ်။

ယခု တွေ့ရှိမှုဟာ မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အတည်ပြု တွေ့ရှိမှုဖြစ်ပြီး ဇီကာရောဂါနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ကာကွယ်ထိန်းချုပ် နှိမ်နင်းရေး လုပ်ငန်းများကို တာဝန်ရှိသူတွေက အထူးအလေးထား ဆောင်ရွက်လျက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အာကစားဝန်ကြီးဌာနမှ ကနဦး သတင်းရရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသားများ ဇီကာကူးစက်ခံရမှုအဖြစ် စင်ကာပူနဲ့ ထိုင်းမှာ နေထိုင်သူနှစ်ဦးမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စက်တင်ဘာလအတွင်းက အတည်ပြုနိုင်ခဲ့ပါတယ်။ ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဘရာဇီးနိုင်ငံမှာ ယမန်နှစ်အတွင်းက စတင်တွေ့ရှိခဲ့ပြီးနောက် ယခုအခါ ကမ္ဘာ့နိုင်ငံနဲ့ နေရာဒေသ ၆၀ မှာ ပျံ့နှံ့မှုဖြစ်နေပါတယ်။

ဇီကာဗိုင်းရပ်စ်ဟာ အေဒီးစ်ခြင် အကိုက်ခံရခြင်းမှ အဓိကကူးစက်နိုင်ပြီး အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူ ကိုယ်ဝန်ဆောင်က မွေးဖွားလာတဲ့ ကလေးငယ်ဟာ microcephaly ခေါ် ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်တဲ့ ရောဂါဖြစ်ပွားပြီး ဦးခေါင်းသေးနေပါတယ်။

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ကိုယ်ပူခြင်း၊ မျက်လုံးနီရဲခြင်းနဲ့ ကယောင်ကတမ်းဖြစ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အာရှဒေသမှာ ဇီကာဗိုင်းပ်စ် ကူးစက်ပျံ့နှံ့မယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က သတိပေးထားမှုလည်း ရှိခဲ့ပါတယ်။

Source: MOI, MRTV, Reuters, AFP
Credit : Duwun

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

သင့်နားက သင့်ကိုသတိပေးနေတဲ့ အချက် ၅ ချက်

၁ - ဆီးချို၊ သွေးချို

အကြားအာရုံချို့ယွင်းလာခြင်းဟာ နားနဲ့ပတ်သက်ရုံမကဘဲ အခြားရောဂါတွေနဲ့ပါ သက်ဆိုင်ပါတယ်။ အကြားအာရုံချို့ယွင်းမှုဟာ ဆီးချို၊ သွေးချို ဖြစ်ပွားနိုင်တယ်ဆိုတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ သုတေသနတစ်ခုမှာ အကြားအာရုံချို့ယွင်းသူတွေဟာ ဆီးချို၊သွေးချို ဖြစ်ပွားနိုင်ခြေ နှစ်ဆရှိကြောင်း တွေ့ရှိထားပါတယ်။

၂ - နှလုံးရောဂါ 

မှန်ထဲကို ကြည့်လို့ သင့်နားရွက်ဟာ ပုံမှန်အတိုင်းပဲချောမွေ့နေတယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကန့်လန့်ဖြတ် အစင်းကြောင်းမျိုး ရှိနေတယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားနေတယ်ဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

၃ - သွား

နားထဲက နာတယ်ဆိုပေမဲ့ နားမှာ ပြဿနာဖြစ်နေတာမဟုတ်ဘဲ သွားပြဿနာလည်း ဖြစ်နေနိုင်ပါတယ်။

၎ - မတည့်မှု

တစ်စုံတစ်ခုနဲ့ မတည့်တဲ့အခါ အရေပြားတွေမှာ လက္ခဏာပြရုံတင်မကဘဲ နားမှာလည်း ပြတတ်ပါတယ်။ နားယားတာ၊ ယောင်လာတာ၊ ပိတ်ဆို့ထားသလိုခံစားရတာတွေ ဖြစ်လာပါတယ်။

၅ - ပြဿနာများ

နားထဲမှာ အသံမြည်နေတယ်ဆိုရင်တော့ ခန္ဓာကိုယ်အားနည်းတာကစပြီး ရောဂါများစွာရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ စိုးရိမ်လွန်းနေတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Saturday 22 October 2016

အိပ်တဲ့အခါ ဘယ်ဘက်ကို စောင်းအိပ်သင့်တဲ့ အကြောင်းရင်း

အိပ်စက်နေတုန်းမှာ ခန္ဓာကိုယ်နေဟန်ထား လွဲချော်မှုကြောင့် နိုးထလာတဲ့အခါ ဝေဒနာအချို့ကို ခံစားလေ့ရှိပါတယ်။ ဒီလိုမဖြစ်အောင် အိပ်စက်မှုပုံစံ မှန်ကန်ဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် စတင်အိပ်စက်တဲ့အချိန်မှာ ဘယ်လိုကိုယ်နေဟန်ထားနဲ့ အိပ်စက်သင့်လဲဆိုတာ အရေးကြီးပါတယ်။ ဆေးပညာရှင်တွေအဆိုအရတော့ ဘယ်ဘက်ကို စောင်းအိပ်တဲ့ ကိုယ်နေဟန်ထားဟာ အကောင်းဆုံးပုံစံဖြစ်တယ်လို့ ဆိုပါတယ်။ မှောက်အိပ်တဲ့အခါ လည်ပင်နဲ့ နောက်ကျောအောက်ပိုင်း(ခါးတစ်ဝိုက်)အတွက် အန္တရာယ်ရှိပါတယ်။ ပက်လက်အိပ်တဲ့အခါ တင်ပါးနဲ့ ကျောအပေါ်ပိုင်းအတွက် အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

ဘယ်ဘက်ကို စောင်းအိပ်တဲ့အခါမှာတော့ နှလုံးရဲ့အလုပ်လုပ်ပုံဟာ ပိုမိုကောင်းမွန်လာပြီး လည်ပတ်မှုကို အထောက်အကူပြုစေတဲ့ သွေးဖြူရည်ကြည်တွေ ထွက်လာစေတယ်လို့ ဆိုပါတယ်။ သွေးခဲမှုကိုလည်း တားဆီးပေးပါတယ်။ ဘယ်ဘက်စောင်းအိပ်ခြင်းဟာ အိပ်နေတုန်း အသက်ရှုခြင်းအတွက်လည်း အကောင်းဆုံးပုံစံဖြစ်ပါတယ်။ အိပ်ရင်းဟောက်တတ်သူတွေတောင် ဘယ်ဘက်စောင်းအိပ်ရင် အဆင်ပြေတယ်လို့ ဆိုပါတယ်။ 

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ဓမ္မတာချိန်မဟုတ်ပဲ သွေးဆင်းခြင်းသည် စိတ်ပူပန်ရန် လိုပါသလား

ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်းသည် အကြောင်းအရင်းများစွာကြောင့်ဖြစ်နိုင်ပါသည်။ အများအားဖြင့် စိုးရိမ်စရာလိုဘဲ အပျိုဖော်ဝင်ကာစနှင့် သွေးဆုံးခါနီးအချိန်တွင် ဖြစ်လေ့ရှိသည်။

သို့သော် သားဖွားနှင့် မီးယပ်ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ Joyce Gottesfeld ကမူ ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်းကြောင့် ဆိုးဆိုးရွားရွားဖြစ်နိုင်သည်ဟု မဆိုလိုသော်လည်း စတင်သတိပြုမိသည်နှင့် တစ်ပြိုင်နက် သားဖွားနှင့်မီးယပ်သမားတော်နှင့်ကုသမှုခံယူသင့်သည်ဟု အကြံပြုပြောကြားထားသည်။

သွေးဆင်းရသည့် အကြောင်းရင်းကိုဖော်ထုတ်ရန် ကျန်းမာရေးဝန်ထမ်းများက သင်၏အသက်အရွယ်၊ ကိုယ်ဝန်ရှိ/မရှိ၊ အကာအကွယ်မယူဘဲ အမျိုးသားနှင့် အတူနေဖူးခြင်း ရှိ/မရှိနှင့် ကိုယ်ဝန်တားဆေးများ စတင်သောက်သုံးခြင်း ရှိ/မရှိတို့ကို မေးမြန်းပေလိမ့်မည်။

အကယ်၍ ပဋိသန္ဓေတားဆေးများကို စတင်သောက်သုံးနေပါက (သို့) ပရိုဂျက်စတုန်းဟော်မုန်း ပါဝင်သော တားဆေးပစ္စည်း ထည့်ထားပါက သွေးဆင်းခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသော အရာတစ်ခုပင်ဖြစ်သည်။ သို့သော် သွေးဆင်းခြင်းမှာ အချိန်ကြာသော်လည်း မရပ်တန့်ပါက သန္ဓေတားဆေးအစား အခြားနည်းလမ်းများကို စဉ်းစားသင့်ကြောင်းလည်း အကြံပေးထားပါသည်။။

အစောပိုင်းနှစ်များတွင်သွေးဆင်းခြင်း

ရာသီပန်းပွင့်စ (သို့) သွေးဆုံးခါနီးအချိန်တွင် သွေးဆင်းခြင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိသည့်အပြင် အစောပိုင်းနှစ်များတွင် ဓမ္မတာမှန်လေ့မရှိပေ။ အဘယ်ကြောင့် ဆိုသော် ဦးနှောက်၊ မျိုးဥအိမ်နှင့် သားအိမ်တို့သည် ဟော်မုန်းအတက်အကျ ပုံမှန်ဖြစ်စေရန် ကြိုးစားနေဆဲကြောင့်ဖြစ်ပါသည်။ သွေးဆင်းခြင်းသည် အရမ်းမများပြားပါက (သို့) ခဏတာဖြစ်ခြင်းဆိုပါက ပြဿနာသိပ်မရှိနိုင်ပေ။

အရွယ်ရောက်ပြီးသူများတွင် အမျိုသားနှင့်အတူနေပြီးသည့်အချိန်၌ သွေးဆင်းပါက စိုးရိမ်ဖွယ်ဖြစ်သည်။ အထူးသဖြင့် အကာအကွယ်မယူဘဲ ဆက်ဆံမိခြင်း (သို့) အမျိုးသားတစ်ဦးနှင့် ပထမဆုံးအကြိမ် ဆက်ဆံခြင်းတို့တွင် ပိုမိုသတိထားသင့်ပါသည်။ လိင်မှတဆင့် ကူးစက်တတ်သည့်ရောဂါများ (Chlamydia (သို့) Gonorrhea) တွင် သွေးဆင်းခြင်းသ့ည် အချက်ပေးလက္ခဏာ တစ်ခုဖြစ်လေ့ရှိခြင်းကြောင့် ချက်ချင်းကုသမှု ခံယူသင့်ပါသည်။ တခါတရံ၌ သားအိမ်ခေါင်းအ၀သည် အလွန်ပင် ထိခိုက်လွယ်သော အခြေအနေတွင် ရှိခြင်းကြောင့် (သို့) ရောဂါပိုး ရှိနေခြင်းကြောင့် သွေးဆင်းခြင်းဖြစ်နိုင်သည်။

အမျိုးသားနှင့်ဆက်ဆံပြီးနောက် သွေးဆင်းရခြင်း အခြားအကြောင်းအရင်းတစ်ခုမှာ သားအိမ်ဝလန်နေခြင်းရောဂါ (Cervical ectropion) ကြောင့်ဖြစ်ပါသည်။ ထို့ပြင် သားအိမ်ခေါင်းကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဓမ္မတာလာခြင်းမဟုတ်ဘဲ သွေးအနည်းငယ်ဆင်းခြင်းသည် ကိုယ်ဝန်စတည်ခါစ (Implantation Bleeding) ကြောင့်လည်း ဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။

သက်လတ်ပိုင်း အမျိုသမီးများတွင် သွေးဆင်းခြင်း

အသက် 30 ၀န်းကျင်အမျိုးသမီးများတွင် သွေးဆင်းခြင်းမှာ သားအိမ်ကင်ဆာကြောင့် ဖြစ်နိုင်ချေများသည်။ ငယ်ရွယ်သူများတွင် အ၀လွန်ခြင်းသည် သားအိမ်ကင်ဆာ ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်ပါသည်။ သားဖွားနှင့်မီးယပ်ဆရာဝန် Dr.Dabney ကမူ အသက် 35 နှစ် ပတ်ဝန်းကျင်တွင် သွေးဆင်းခြင်းမှာ စိတ်ပူပန်စရာကောင်းကြောင်း၊ အဘယ်ကြောင့်ဆိုသော် သားအိမ်ကင်ဆာ၏ ကနဦးလက္ခဏာဖြစ်နေနိုင်ကြောင်း၊ ဟော်မုန်းအပြောင်းအလဲ၊ သားအိမ်တွင် အလုံးတည်ခြင်းနှင့် အသားပိုဖြစ်ခြင်းများသည် ကင်ဆာထက်ဖြစ်နိုင်ချေ များသော်ငြားလည်း စစ်ဆေးချက်များဖြင့် အတည်မပြုရသေးမီ ဘာမျှ မပြောနိုင်ကြောင်းကို ပြောကြားပေးခဲ့သည်။

သားအိမ်၌ အလုံးတည်ခြင်းသာမက သားအိမ်(သို့) သားအိမ်ခေါင်းတွင် အသားပိုများဖြစ်ခြင်းသည် ပုံမှန်သွေးဆင်းခြင်းကို ဖြစ်စေနိုင်သော်လည်း ခွဲစိတ်ခြင်းဖြင့် ဖယ်ရှားပစ်နိုင်ပါသည်။ ကင်ဆာ၏ ကနဦးအခြေအနေ တစ်ခုဖြစ်နိုင်သည့် သားအိမ်နံရံ ထူလာခြင်းတွင်လည်း သွေးဆင်းခြင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့်ဆရာဝန်မှ သံသယရှိပါက အသားစယူ၍ စစ်ဆေးခြင်းအပြင် အသားလုံး(သို့) အသားပိုများနှင့်ခွဲခြားရန် တယ်လီဗီးရှင်းဓာတ်မှန် ရိုက်ကူးရန်လည်း အကြံပေးပါလိမ့်မည်။

သွေးဆုံးခြင်းသည် အသက် 45-50 ပတ်လည်တွင်ဖြစ်လေ့ရှိပြီး အမမျိုးဥထုတ်လုပ်မှု ကျဆင်းခြင်းနှင့်အတူ ဓမ္မတာလည်း မမှန်ဖြစ်လာပါလိမ့်မည်။ ဓမ္မတာ မမှန်ခြင်းဆိုသည်မှာ ရာသီလာမည့်ရက်တွင် မလာခြင်း၊ မလာနိုင်ဟု ထင်သောရက်တွင် လာခြင်း၊ ရာသီသွေးများခြင်း စသည်တို့ဖြစ်သည်။

သွေးဆုံးခါနီးတွင်ဖြစ်လေ့ဖြစ်ထရှိသော ရောဂါဝေဒနာများသက်သာစေရန် သောက်သုံးရသော ဟော်မုန်းဆေးများကြောင့်လည်း သွေးဆင်းနိုင်ပါသည်။ သွေးဆုံးပြီးနောက် သွေးဆင်းခြင်းကမူ ပုံမှန်လုံးဝမဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့်ပြသသင့်သည်။