အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Monday, 10 October 2016

သုံးနှစ်အထက်တားဆေးမှီဝဲသူများ မျက်စိကွယ်နိုင်ခြေ နှစ်ဆခန့်မြင့်




သန္ဓေတားဆေးကို သုံးနှစ်ကျော် ကြာတဲ့အထိ မှီဝဲတဲ့ အမျိုးသမီးတွေအနေနဲ့ အမြင်အာရုံဆုံးရှုံးနိုင်တဲ့ မျက်စိပြဿနာဖြစ်နိုင်ခြေ နှစ်ဆခန့် မြင့်မားတယ် လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ သန္ဓေတားဆေးမှီဝဲတဲ့ အမျိုးသမီးတွေအနေနဲ့ မျက်စိရေတိမ်ရောဂါ ဖြစ်နိုင်ခြေပိုများတယ်လို့ သုတေသသီတွေက တွေ့ရှိခဲ့ပါတယ်။

ရေတိမ်ရောဂါဟာ မျက်စိအတွင်း ရေဆင်းတဲ့ပိုက် ပိတ်ဆို့မှုဖြစ်ခဲ့ရင် ရေစီးဆင်းမှု မရှိတော့တဲ့အတွက် မျက်လုံးအတွင်း ဖိအားများလာကာ မြင်လွှာမှ အာရုံကြောနဲ့ မျက်စိအာရုံကြော ပျက်စီးတာကြောင့် ဖြစ်တာပါ။

ဒီလေ့လာမှုအသစ်ဟာ ပါးစပ်မှမှီဝဲရတဲ့ သန္ဓေတားဆေးကို အသုံးပြုတဲ့ အမျိုးသမီးတွေအနေနဲ့ ရေတိမ်ရောဂါဖြစ်နိုင်ခြေ များတာကို ပထမဆုံး တွေ့ရှိတာဖြစ်ပါတယ်။

ပါးစပ်မှ မှီဝဲရတဲ့ သန္ဓေတားဆေးဟာ ရေတိမ်ရောဂါဖြစ်ဖို့ တိုက်ရိုက်ဆက်သွယ်မှုမရှိပေမယ့် ဒီသန္ဓေတားဆေးကို ရေရှည်အသုံးပြုပါက ရေတိမ်ရောဂါ ဖြစ်နိုင်ခြေကို မြင့်မားတာကို ညွှန်ပြနေတယ်လို့ သိရပါတယ်။ ရေတိမ်ရောဂါကို မျက်စဉ်းဆေးခတ်တာ၊ လေဆာကုထုံးအသုံးပြုတာ ဒါမှမဟုတ် ခွဲစိတ်နည်းလမ်း အသုံးပြုနိုင်ပါတယ်။ 

ရောဂါရှိမှန်း စောစောစီးစီးသိဖို့ အရေးကြီးပါတယ်။ မျက်လုံးတွင်း ပျက်စီးမှု ဖြစ်လာရင် ပြန်လည်ပြုပြင်လို့ မရနိုင်တာကြောင့်ပါ။ ရေတိမ်ရောဂါကို မကုသဘဲ ထားခဲ့ရင် အမြင်အာရုံဆုံးရှုံးနိုင်ပါတယ်။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Arogyam magazine


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Related Posts:

  • တစ်ပတ်အတွင်းဝိတ်ကျချင်လား?ဝိတ်ချနည်းအမျိုးမျိုးအနက် တစ်ပတ်အတွင်း အစားအသောက်နဲ့ ဝိတ်ချနည်းကို ဖော်ပြပါမယ်။ ဒီနည်းက အစားအသောက်တွေကို အဓိကထား ပြုပြင်ရတာ ဖြစ်ပါတယ်။ တစ်ပတ်အတွင်း စားသောက်ပုံတွေကို လုံးဝပြောင်းလဲလိုက် ရမှာလည်း ဖြစ်တယ်။ အလားတူ တစ်ရက်ချင်းစီ… Read More
  • ဆီးချို၊သွေးချိုရောဂါဆီးချိုနဲ့ သွေးချိုရောဂါဆိုတာ ရောဂါ ၂ခု မဟုတ်ဘဲ ရောဂါ တစ်ခုတည်းသာ ဖြစ်ပါတယ်။ တချို့လူနာတွေက ရောဂါ မတူဘူး ထင်တတ်ကြလို့ပါ။ ဆီးချိုရောဂါ (Diabetesmellitus) ဆိုတာ ပြောရရင် ကိုယ်ခန္ဓာထဲက သကြားအချိုဓါတ် (Glucose) ထိန်းညှိမှုဆိုင်ရာ … Read More
  • အအိပ်လွန်ရောဂါအအိပ်လွန်ရောဂါဆိုတာ ပုံမှန်အိပ်ချိန်မှာ မဟုတ်ဘဲ ရုတ်တရက် အိပ်ပျော်တတ်တဲ့ နာတာရှည် ဦးနှောက်ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်နေတဲ့သူမှာ ဦးနှောက်ဟာ ပုံမှန် အိပ်ချိန်ထချိန်တို့ကို မှန်အောင် မထိန်းချုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ညဘက်မှ… Read More
  • အင်္ဂလိပ်ဆေးနှင့်အချဉ်မတည့်ပထမဦးဆုံး တင်ပြချင်သည့် အယူအဆတစ်ခုမှာ “အင်္ဂလိပ်ဆေးနှင့် အချဉ်မတည့်” ဟူသော အကြောင်းပင် ဖြစ်ပါသည်။ ဤအယူအဆမှာ ယခုမှသာမဟုတ် နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ လူတစ်ယောက် နှစ်ယောက်သာ မဟုတ်၊ လူအများအပြား ယုံကြည်နေကြခြင်း ဖြစ်၏။ တခ… Read More
  • မိန်းကလေးတိုင်းသိထားသင့်တဲ့ တင်းတိပ်တင်းတိပ်ဆိုတာ မျက်နှာမှာ အမဲကွက်တွေ မညီမညာ ဖြစ်လာတာကို ခေါ်ပါတယ်။ တင်းတိပ်ကို melasma လို့ခေါ်ပါတယ်။ melas ဆိုတာ ဂရိစကားက လာတယ်။ အမဲရောင်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တယ်။ တချို့က chloasma တဲ့။ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များလို့ ကိုယ်… Read More

0 comments:

Post a Comment