အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday 26 June 2017

ဝမ်းချုပ်ခြင်းကိုသက်သာစေမဲ့သဘာဝနည်းလမ်းကောင်းများ




ဝမ်းချုပ်ခြင်းက လူအများစုမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာ တစ်ရပ် ဖြစ်ပါတယ်။ အကြောင်းရင်းတွေ ကတော့ ဖိုက်ဘာဓာတ်မရှိခြင်း၊ ရေသောက်သုံးမှု နည်းခြင်း၊ တချို့သော ဆေးဝါးများကို သုံးစွဲခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။ ထိုခံရခက်တဲ့ ဝေဒနာကို သက်သာစေနိုင်ဖို့ ဘေးကင်း လွယ်ကူတဲ့ သဘာဝ ဆေးနည်းများစွာက ကုသ ပေးနိုင်ပါလိမ့်မယ်။

၁။ သံလွင်ဆီစစ်က အရသာရှိတဲ့ အဆီတစ်မျိုး ဖြစ်ရုံသာမက ၀မ်းချုပ်ခြင်းကိုပါ သက်သာစေပါတယ်။ ၎င်းက အစာချေဖျက်မှု စနစ်ကု မြှင့်တင်ပေးပါတယ်။

နည်းလမ်းကတော့- မနက်ပိုင်းမှာ သံလွင်ဆီ တစ်ဇွန်း သောက်ပေးပါ။ အစာ မစားရသေးခင် သောက်သုံးရင် ပိုထိရောက်မှု ရှိစေပါတယ်။ အရသာ ပိုကောင်းစေချင်ရင် ရှောက်သီးညှစ်ပြီး သောက်သုံးနိုင်ပါတယ်။(ရှောက်သီးကလည်း ၀မ်းချုပ်ခြင်းကို သက်သာစေပါတယ်။)

၂။ လတ်ဆတ်တဲ့ ရှောက်သီး တစ်လုံးက အစာအိမ်ကိုပါ အကျိုးပြုစေနိုင်တယ် ဆိုတာ သိပါသလား။ ရှောက်သီးမှာပါတဲ့ citric acid က အစာချေဖျက်မှုစနစ်ကို လှုံ့ဆော် ပေးနိုင်ပါတယ်။ ဒါ့အပြင် ၀မ်းတွင်း အပူအပုပ်များ၊ မချေဖျက်နိုင်သော အစာများကိုပါ ကူညီရှင်းထုတ် နိုင်ပါတယ်။

နည်းလမ်းကတော့- ရေနွေးတစ်ခွက်ထဲသို့ ရှောက်သီးတစ်လုံးကို ညှစ်ထည့်ပြီး သောက်သုံးပါ။

၃။ တစ်ခါ တစ်ရံမှာတော့ ကော်ဖီက မိတ်ဆွေကောင်း တစ်ယောက် ဖြစ်နေပါတယ်။ ဆိုလိုတာ ကတော့ ကော်ဖီက မွှေးပျံ့လန်းဆန်းစေတဲ့ ရနံ့ကို ပေးစွမ်းနိုင်ရုံ သာမက ၎င်းမှာပါဝင်တဲ့ ကဖင်းဓာတ်က အစာချေဖျက်ခြင်းကို ကူညီပေးပါတယ်။ တစ်ခွက် နှစ်ခွက် သောက်ပေးတာက ပြဿနာ မရှိပေမယ့် အလွန်အကျွံ မသောက်မိဖို့တော့ သတိထားသင့်ပါတယ်။

၎။ သင့်ဝမ်းတွင်းက အစာချေဖျက်မှုကို ပုံမှန်လည်ပတ်စေချင်ရင် သင်ကိုယ်တိုင် ကလည်း ပုံမှန်ကိုယ်လက် လှုပ်ရှားပေးဖို့ လိုအပ်ပါတယ်။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ခြင်းက ၀မ်းချုပ်ခြင်းနဲ့ စပ်ဆက်မှု ရှိမရှိ ဆိုတာကို သိပ္ပံနည်းကျ အတည်မပြု ရသေးသော်လည်း အူမကြီးရဲ့ ကြွက်သားတွေကို ပြေလျော့ပေးတယ်လို့ ယူဆနိုင်ပါတယ်။ တစ်ခု သတိထားရမှာကတော့ ကိုယ်လက် လေ့ကျင့်ခန်းကို အစာစားပြီး တစ်နာရီလောက်ကြာမှသာ လုပ်သင့်တယ် ဆိုတာပါပဲ။

၅။ ဖိုက်ဘာဓာတ်ပါတဲ့ အစားအစာတွေကို များများစားပေးပါ။ ဒီသဘာဝ နည်းလမ်းကတော့ အကောင်းဆုံးပါပဲ။ ဖိုက်ဘာဓာတ်က ချေဖျက်လို့ မရတဲ့ ပစ္စည်းဖြစ်ပြီး၊ ၎င်းက ရေမြုပ်ကဲ့သို့ လုပ်ဆောင်ပါတယ်။ ၎င်းကရေကို အပြည့်အ၀ စုပ်ယူကာ ၀မ်းတွင်းမှာရှိတဲ့ စွန့်ထုတ်ပစ္စည်းတွေကို ပျော့သွားစေပြီး လွယ်ကူစွာ ထွက်စေပါတယ်။ ဖိုက်ဘာဓာတ် ကြွယ်ဝတဲ့ အစား အစာတွေကတော့ ပဲ၊ တရုတ်ဆီးသီး၊ ဂျုံကြမ်းပေါင်မုန့် ၊ ဘယ်ရီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဆီးသီး၊ သစ်တော်သီး၊ ပန်းသီး၊ သစ်စေ့၊ အာလူး စတာတွေ ဖြစ်ပါတယ်။

၆။ ရှားစောင်း လက်ပတ်က အသားအရေလှဖို့ တစ်ခုတည်း အတွက် မဟုတ်ပါဘူး၊ ၀မ်းတွင်း အစာလှည့်ပတ်မှုကိုပါ ကောင်းမွန်စေပါတယ်။ ရှားစောင်းလက်ပတ်ကနေ ချက်ချင်း ရယူထားတဲ့ အနှစ်က အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုအနှစ်က ပြုပြင်ထားတဲ့ ရှားစောင်းလက်ပတ် ဖျော်ရည်ထက် ပါဝင်မှုဓာတ် ပိုများတာကြောင့် နှစ်ဇွန်းထက်ပိုပြီး မသုံးသင့်ပါဘူး။

နည်းလမ်းကတော့- သစ်သီးဖျော်ရည်ထဲမှာ သန့်ရှင်းတဲ့ ရှားစောင်း လက်ပတ်အနှစ် နှစ်ဇွန်းရောစပ်ပြီး မနက်တိုင်း သောက်သုံးပေးပါ။ (သို့) ပြုပြင်ပြီးသား ရှားစောင်း လက်ပတ်ဖျော်ရည် တစ်ခွက်သောက်ပါ။


Ref ; မြန်မာပြည်သား


Monday 12 June 2017

သွေးလွန်တုပ်ကွေးအန္တရာယ်နှင့်ပြည်သူ့အသံ

မိုးရာသီနှင့်အတူရောက်ရှိလာသည်မှာ သွေးလွန်တုပ်ကွေး အန္တရာယ်ပင်ဖြစ်သည်။ ယခုနှစ်တွင် သွေးလွန်တုပ်ကွေးအန္တရာယ် ကပ်ရောဂါအသွင်ဖြစ်ပွားလာနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။ ရန်ကုန်တိုင်းတွင်လည်း နှစ်စမှဇွန်လဆန်းအထိ သေဆုံးသူကိုးဦးရှိခဲ့ပြီး အသက်(၁)နှစ်မှ (၄)နှစ်အရွယ်ကလေးများပါဝင် ကြောင်း ပြည်သူ

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

မိုးရာသီနှင့်အတူရောက်ရှိလာသည်မှာ သွေးလွန်တုပ်ကွေး အန္တရာယ်ပင်ဖြစ်သည်။ ယခုနှစ်တွင် သွေးလွန်တုပ်ကွေးအန္တရာယ် ကပ်ရောဂါအသွင်ဖြစ်ပွားလာနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။ ရန်ကုန်တိုင်းတွင်လည်း နှစ်စမှဇွန်လဆန်းအထိ သေဆုံးသူကိုးဦးရှိခဲ့ပြီး အသက်(၁)နှစ်မှ (၄)နှစ်အရွယ်ကလေးများပါဝင် ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ သို့ဖြစ်ရာ သွေး လွန်တုပ်ကွေးအန္တရာယ်ကို မည်သို့ကာကွယ်မလဲ၊ ဖြစ်ပွားလျှင် အမြန် ဆုံးပျောက်ကင်းအောင် မည်သို့လုပ်ဆောင်မလဲဆိုခြင်းကို ပြည်သူများ ၏အသံစုစည်းကာ ဖော်ပြလိုက်ပါသည်။

ဒေါက်တာကေသီထွန်း (ကလေးအထူးကုဆရာဝန်ကြီး)

ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ခြင်ခိုအောင်းနိုင်တဲ့နေရာတွေရှိမလား ဆိုတာကို သတိထားမိဖို့လိုတယ်။ နောက်ပြီး မိုးက ကွက်တိကွက်ကျား ရွာတဲ့အခါ တင်ကျန်ခဲ့တဲ့ရေတွေမှာ ခြင်ကျားတွေပေါက်ဖွားနိုင်တယ်။ များသောအားဖြင့် ကျောင်းက ကူးတာများတဲ့အတွက် ကျောင်းတက်မယ် ဆိုရင် ကလေးတွေကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေကို ၀တ်ဆင် ပေးဖို့လိုတယ်။ ဒါ့အပြင် ကိုယ့်ပတ်ဝန်းကျင်မှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးတွေရှိနေလားဆိုတာကို သတိထားဖို့လိုတယ်။ ဒါကတော့ ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့ ရှေ့ဆယ်အိမ်၊ နောက်ဆယ်အိမ်မှာ ခြင်ဆေးမှုတ် တာတွေ လာပြီဆိုရင်တော့ သတိထားရမယ်။ အဲဒီလိုလာမှုတ်တာက သွေးလွန်တုပ်ကွေးရှိလို့လာတာ။ ခြင်က အသားပူတဲ့သူတွေနဲ့ ချွေးနံ့ နံ တဲ့သူတွေကို အများဆုံးကိုက်တတ်တယ်။ ဒါကြောင့် ခြင်မကိုက်အောင် အထူးသတိထားဖို့လိုအပ်တယ်။

မဧပရယ်ချို (တာမွေမြို့နယ်)

ကိုယ်က ကလေးရှိတော့ သွေးလွန်တုပ်ကွေးကတော့ အထူးဂရု စိုက်ရတဲ့ရောဂါပဲ။ ကလေးတွေက ဒီအချိန်ဆို သွေးလွန်တုပ်ကွေးဖြစ်နေ ကျဆိုတော့ မိုးနည်းနည်းရွာပြီဆိုတာနဲ့ သားကို ခြင်ကိုက်မခံရအောင် ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်ဝတ်ထားပေးတယ်။ မနှစ်ကဆို သားက သွေးလွန်တုပ်ကွေးအဆင့်မရောက်ပေမယ့် မိုးတွင်းကြီးဖျားလို့ ဆေးရုံ တစ်ခါရောက်သွားတယ်ဆိုတော့ သေချာဂရုစိုက်ရတယ်။ အခုလည်း မိုးတွင်းတောင်မစသေးဘူး။ သွေးလွန်တုပ်ကွေးဖြစ်လို့ ကလေးတွေ ဆုံး တယ်ကြားတော့ ပိုစိတ်ပူနေရတယ်။ ကျောင်းကတော့ ပုဂ္ဂလိကကိုယ် ပိုင်ကျောင်းဆိုတော့ ကလေးတစ်ဦးချင်းကို သေချာဂရုစိုက်ပေးပါတယ်။ ရေမြောင်းတွေကို ရေစီးရေလာ ကောင်းအောင်၊ အမှိုက်ပုံတွေကို လူနေ၀န်းကျင်မှာ မရှိအောင်တော့ အစိုးရအနေနဲ့ ဆောင်ရွက်ပေးစေလိုပါ တယ်။ မိဘတွေအနေနဲ့လည်း သားသမီးတွေကို မိုးတွင်းဘက်ဖျားတာမျိုးကို မပေါ့သင့်ပါဘူး။ ဆေးရုံ၊ ဆေးခန်းတန်းသွားပါ။ ဆေးမြီးတိုတွေ မသုံးပါနဲ့လို့ အကြံပြုချင်ပါတယ်။

မစန္ဒီဆုမွန် (သူနာပြုဆရာမ)

သွေးလွန်တုပ်ကွေး မဖြစ်အောင် ကြိုတင်ကာကွယ်တာတွေ လုပ် လို့ရပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ခြင်က အိမ်မှာရှိတဲ့ ဘုရား ပန်းအိုးထဲကရေတို့၊ ရေချိုးရေတွေတို့၊ အိုးခြမ်းပဲ့မှာတင်နေတဲ့ရေတွေ တို့ အဲဒါတွေအကုန်လုံးကို ရေတွေသွန်ထားရပါမယ်။ အိမ်ကိုလည်း ပြ တင်းတံခါးများဖွင့်ထားပြီးတော့ လေ၀င်လေထွက်ကောင်းအောင်လုပ် ပေးထားရမယ်။ ခြင်ကျားက ရေကြည်ရေသန့်မှာပေါက်ဖွားတာကြောင့်ကလေးတွေကိုလည်း အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်တွေဝတ်ထား ပေးရမယ်။ တာဝန်ရှိသူတွေအနေနဲ့ကတော့ ခြင်ဆေးမှုတ်တာတို့၊ ရေကန်ထဲကို အဘိတ်လို့ခေါ်တဲ့ ဆေးမှုန့်ခတ်တာတို့ ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒီရောဂါလက္ခဏာလို့ သံသယရှိရင်တော့ နီးစပ်ရာ ဆေးရုံကို သွားသင့်တယ်။

ဒေါ်ချိုချိုဝေ (အထက်တန်းပြ အလက(၂) မိတ္ထီလာမြို့)

မိုးရာသီစလာပြီဆိုတော့ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ရှိပါ တယ်။ ကျွန်မတို့ကျောင်းတွေမှာတော့ မြို့နယ်ကျန်းမာရေးအဖွဲ့နဲ့ပူး ပေါင်းပြီး ကလေးတွေနဲ့ဆရာ၊ ဆရာမတွေကို သွေးလွန်တုပ်ကွေးရောဂါ နဲ့ ခြင်ကြောင့်ဖြစ်ပွားတတ်တဲ့ ရောဂါများ ကြိုတင်ကာကွယ်ရေး အသိ ပညာပေးဟောပြောပွဲတွေလုပ်ပေးတယ်။ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေနဲ့ ပူးပေါင်းပြီး ကျောင်းဝင်း၊ ကျောင်းပြင်ခြင်ဆေးဖျန်းတယ်။ နှစ်စဉ်ဆောင်ရွက်နေကျပါ။ ဒါက ကျောင်းက လုပ်ပေးနိုင်တဲ့အပိုင်းပေါ့။ မိဘတွေအနေနဲ့လည်း သွေးလွန်တုပ်ကွေးရာသီမှာကလေးတွေကို ကျောင်းလွှတ်တဲ့အခါ အင်္ကျီရှည်၊ ဘောင်းဘီရှည်စသဖြင့် ခြင်ကိုက်မခံရဖို့ လုံလုံခြုံခြုံဝတ်ပေးသင့်တယ်။ ဖြစ်မှ ဆေးရုံ၊ ဆေးခန်းသွားရရင် ကလေးလည်း ကျောင်းပျက်၊ ဝေဒနာခံစားရတယ်။ မိဘတွေလည်း စိတ်ပူ၊ အလုပ်ပျက်ရတယ်။ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ အစိုးရဘက်ကလည်း လက်ရှိမှာ နှိုးဆော် အသိပေးချက်တွေကို တီဗီ၊ ရေဒီယိုတွေက လွှင့်ပေးနေတော့၊ ကာကွယ်ရေးနည်းလမ်းကတော့ လူတော် တော်များများ လက်လှမ်းမီကြမယ်ထင်ပါတယ်။

မခိုင်ရည်တင့် (Rapheal International (INGO) မန်နေဂျာ)

အဓိကကတော့ ကိုယ့်ကလေးကို ခြင်မကိုက်အောင်ဂရုစိုက်ရပါ မယ်။ သွေးလွန်တုပ်ကွေးရောဂါက ခြင်ကြောင့်အဓိကကူးစက်တာပါ။ ဒါကြောင့် မိမိအိမ်၊ မိမိပတ်ဝန်းကျင်က ခြင်အောင်းနိုင်မယ့်နေရာတွေ ကို ရှင်းလင်းသင့်ပါတယ်။ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ခြင်နှိမ်နင်းရေး ကို အလေးထားဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်ရှင်။ ပတ်ဝန်းကျင် မှာရေဆိုးရေမြောင်းတွေ တူးဖော်သန့်ရှင်းပြီး ကလေးတွေကိုအိပ်ရင် ခြင်ထောင် ထောင်ပေးဖို့လိုအပ်ပါတယ်။ ကျွန်မဆို ကျွန်မတူ၊ တူမလေး တွေကို ချည်ထည်ပါးပါးလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပေးဖို့ အိမ်က အစ်မကို ခဏခဏ မှာဖြစ်တယ်။ ရောဂါလက္ခဏာအနေနဲ့က အနီစက် လေးတွေ အများကြီးပေါ်လာနိုင်ပါတယ်။ မိဘတွေအနေနဲ့ ဆေးရုံ၊ ဆေးခန်းသွားပြသင့်တယ်ထင်ပါတယ်။ အစိုးရအနေနဲ့လည်း အသိပညာပေး အလုပ်တွေ အများကြီးလုပ်နေပေမယ့် ဒီထက် ကျယ်ကျယ်ပြန့်ပြန့် လုပ်စေချင်ပါတယ်။

မသဇင်ဖူးအောင် (မော်လမြိုင်မြို့)

ကလေးတွေကို ပေးအိပ်တဲ့အချိန်၊ ကစားတဲ့အချိန်တွေမှာ ဂရုစိုက် စွာနဲ့ကြည့်တယ်။ ခြင်မကိုက်အောင်သတိထားတယ်။ နေ့ခင်းဘက် ကိုက်တဲ့ခြင်က ပိုအန္တရာယ်ရှိတော့ မကိုက်အောင်သတိထားတယ်။ ခြင် မခိုနိုင်တဲ့နေရာတွေကို ရှင်းလင်းတယ်။ ကလေးနေမကောင်းဖြစ်တဲ့အ ချိန် ကွေးနေတာမျိုး၊ အနီစက်တွေ ထွက်နေပြီဆိုရင် နီးစပ်ရာဆေးခန်း အမြန်သွားပါ။ ဒါမှမဟုတ် ဆေးရုံတက်လိုက်ပါ။ ဒါက ရောဂါလက္ခဏာ ပါ။ ရပ်ကွက်ထဲမှာရှိတဲ့ရေမြောင်းတွေကို ခြင်တွေမျိုးမပွားအောင် ရှင်း လင်းသင့်တယ်။ ချုံတွေရှိရင် ရှင်းလင်းသင့်တယ်။ ဒီရောဂါက လူကြီး လည်းဖြစ်နိုင်တော့ လူကြီးတွေပါ သတိထားနေထိုင်သင့်ပါတယ်။ ပြည် နယ်တွေနဲ့ နှိုင်းယှဉ်ရင် မွန်ပြည် နယ်က အခုနှစ်မှာ သွေးလွန်တုပ်ကွေး ဖြစ်နေတာ ပထမနေရာလို့ ပြောသံကြားတယ်။ ခြင်မကိုက်အောင် သတိထားနေထိုင်ပါ။ သွေးလွန်တုပ်ကွေးက ခြင်ကြောင့် အဓိကဖြစ်စေတယ်ဆိုတော့ သက်ဆိုင်ရာတာဝန်ရှိ သူတွေအနေနဲ့ ပြည်သူတွေကို ပညာပေးလုပ်ငန်းတွေလုပ်ပေးပါ။ ပြည်သူတွေကလည်း ခြင်မပေါက်ဖွား အောင် ဂရုစိုက်နေထိုင်ပါ။

ဒေါက်တာခင်ညို (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေးဒရဲ)

သွေးလွန်တုပ်ကွေးက အရင်တုန်းကတော့ ကလေးတွေမှာသာဖြစ် ပေမယ့် အခုကြီးတဲ့သူတွေမှာလည်း ဖြစ်နေတာရှိတယ်။ ဆိုတော့ ကြီး ကြီးငယ်ငယ်ဖျားလို့ ရက်ကြာလာပြီဆိုရင်တော့ သွေးလွန်တုပ်ကွေးကို ခေါင်းထဲမှာသံသယရှိပြီး ထားပြီးတော့ ကုတာအကောင်းဆုံးပဲပေါ့။သွေး လွန်တုပ်ကွေးလို့ ခေါင်းထဲမှာထားပြီးတော့ ကုရင်မမှားဘူး။ နောက်တာ ၀န်ရှိတဲ့သူတွေနဲ့ ပတ်သက်တဲ့အပိုင်းပေါ့။ မြို့နယ်မှာဆိုရင် သက်ဆိုင် ရာတာဝန်ရှိတဲ့ သူတွေထဲမှာ ကျန်းမာရေးဌာနရှိတယ်။ အာဏာပိုင်အဖွဲ့ ရှိတယ်။ ကျန်းမာရေးဌာနအဖွဲ့ကတော့ သတိထားနေရမယ်။ တွေ့ပြီ ဆိုတာနဲ့ သွေးလန့်တဲ့ အခြေအနေမရောက်အောင် သတိထားပြီးတော့ စောင့်ရှောက်ပေးနေရမယ်။ နောက်အဓိကသက်ဆိုင်ရာ အုပ်ချုပ်သူအဖွဲ့အနေနဲ့ကလည်း ကိုယ့်မြို့နယ်ထဲမှာ ကြည့်နေရမယ်။ ကျန်းမာရေး အဖွဲ့နဲ့အာဏာပိုင်ချိတ်ဆက်ဆောင်ရွက်မှုတွေရှိရမယ်။ ကိုယ့်သက်ဆိုင်ရာ မြို့နယ်မှာသတိပေးရမယ်။ ခြင်ကိုက်မခံရဖို့၊ ခြင်မပွားဖို့ ဒါလေး တွေအကြောင်းကြားမယ်။ အသိပေးရမယ်။ သန့်ရှင်းရေးအတွက် ဆော် ဩရမယ်။ ထုတ်ပြန်ချက်တွေထုတ်ပေးရမယ်။ ကျွန်မတို့ဒေသမှာတော့ ဒီလိုလက္ခဏာမျိုးသိပ်မတွေ့ရ ပေမယ့် မြို့ကြီးတွေနေရာတွေက အထူးသတိထားသင့်ပါတယ်။ နောက်ဆုံးပြည်သူတွေကို အသိပေးလိုတာ က အကယ်၍ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်လို့ လက္ခဏာရပ်တွေ ပေါ် လာပြီဆိုရင်တောင်မှ အားကိုးပါ။ ပြည်သူ့ကျန်းမာရေးအဖွဲ့တွေရှိတယ်။ လွှတ်တော်အမတ်တွေရှိတယ်။ ကလေးရောဂါအခြေအနေမလွန် ခင်မှာပဲ ကူညီပေးနိုင်မယ့်သူတွေရှိတယ်ဆိုတာကို သိစေချင်ပါတယ်။

ဦးဇော်ဇော် (စိုက်ပျိုးရေးလုပ်ငန်းရှင်)

သွေးလွန်တုပ်ကွေးမဖြစ်အောင် ကာကွယ်ဖို့ဆိုရင် ရေစီးရေလာ ကောင်းအောင်လုပ်ရမယ်။ ရေမြောင်းတွေမှာ အမှိုက်တွေ မပိတ်အောင် စည်ပင်ရော၊ ပြည်သူတွေရော တာဝန်ရှိပါတယ်။ ပြည်သူတွေအနေနဲ့ အမှိုက်ပစ်ရမယ့်နေရာမှာပဲပစ်ရမယ်။ မြောင်းတွေ၊ ချောင်းတွေမှာ အမှိုက်မပစ်ဖို့ လိုမယ်။ စည်ပင်ဘက်ကလည်း မြောင်းတွေမှာ အမှိုက် တွေရှိရင် ဆယ်ပေးရမယ်။ ရေစီးရေလာကောင်းမှ ခြင်တွေ မပေါက်ဖွား နိုင်မှာပါ။ နောက်တစ်ခုက စည်ပင်က တာဝန်ရှိသူတွေကလည်း မိုးရွာ တဲ့အချိန် လမ်းတွေပေါ်ရေမတင်အောင်၊ နိမ့်တဲ့ရပ်ကွက်တွေထဲ ရေ မ၀င်အောင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ အစီအစဉ်တွေချသင့်ပါတယ်။ ပြည်သူတွေအနေနဲ့ကလည်း ကိုယ့်အိမ်ဝန်းကျင်မှာ ရေမ၀ပ်အောင် ကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်သင့်ပါတယ်။ ချုံတွေမရှိအောင်လည်း သန့်ရှင်းရေးလုပ်ရမယ်။ ချုံတွေ၊ ရေ၀ပ်နေတာတွေရှိရင် ခြင်တွေပေါက်ဖွား နိုင်ပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်စေနိုင်တယ်။

ဒေါက်တာစောဝင်း (ကလေးအထူးကု ဆရာဝန်ကြီး)

သွေးလွန်တုပ်ကွေးက ခြင်ကျားကြောင့်ပေါက်တယ်။ ခြင်ကျား အကောင်ကို နှိမ်နင်းဖို့အရေးကြီးတယ်။ ခြင်ဆေးမှုတ်တာထက် ပိုး လောက်လမ်းနှိမ်နင်းဖို့အတွက် အရေးကြီးတယ်။ ဖုံးသွန်လဲစစ်ထည့် တာတွေလည်း လုပ်သင့်တယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အပြင်ကဆေး ဆိုင်တွေမှာ ပိုးလောက်လမ်းသေတဲ့ဆေးကို ၀ယ်ယူလို့ရနိုင်တယ်။ ဒါ တွေထည့်ထားမယ်ဆိုရင် ပိုးလောက်လမ်းမပေါက်ဖွားတော့ဘူး။ သောက်ရေမှာတော့ အခုထိ ကျန်းမာရေးဝန်ကြီးဌာနက သုတေသန လုပ်တုန်းရှိသေးတယ်။ သုံးရေတွေမှာတော့ ထည့်လို့ရတယ်။ အရေး ကြီးတာကတော့ လူထုကိုယ်တိုင်က သွေးလွန်တုပ်ကွေးကို သတိထားမိ ဖို့လိုတယ်။ ဖျားတဲ့ကလေးတိုင်းသည် သွေးလွန်တုပ်ကွေးဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူထုက သတိထားမိဖို့ လိုတယ်။ သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံတင်ရတော့မယ်ဆိုရင် ဗိုက်အောင့်၊ မှိန်းတာတို့ဆိုရင် ဆေးရုံတင် ထားရတော့မယ်။ ဒီလိုကြိုပြီးတင်ထားရင် ဆရာတို့ကိုယ်တိုင်က အကြောဆေးသွင်းတာတို့လုပ်ပြီး ကုသ ရင် အသေအပျောက်က နည်းနိုင်တယ်။ ခြင်နှိမ်နင်းရေးက တော်တော် ခက်ခဲတယ်။ ပြည်သူလူထုကိုယ်တိုင်က ပါဝင်လှုပ်ရှားဖို့လိုတယ်။ ကျန်းမာရေးဝန်ကြီးဌာန ၀န်ထမ်းတွေ၊ ဆရာတွေလည်း အရေးကြီးတယ်။ အဓိကကတော့ ကျောင်းမှာ ကူးကြတာများတယ်။ ကလေးတစ် ယောက်သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုရင် သတိထားမိဖို့လိုတယ်။ အန္တရာယ်ရှိတဲ့ကလေးတွေဆိုရင် အန်တာတို့၊ မှိန်းတာတို့ဖြစ်မယ်။ ဒါတွေ တွေ့ပြီ ဆိုရင် ဆေးရုံတင်ထားဖို့လိုတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လည်း ဆေးကုသမှုတွေအဆင့်ဆင့်လုပ် ဖို့လိုတယ်။ ဆေးရုံတွေအနေနဲ့လည်း ကိုယ်မကုနိုင်ရင် ကုနိုင်တဲ့ဆေးရုံကိုလွှဲရမယ်။ သွေးတို့၊ သွေးရည် ကြည်တို့လည်း လိုအပ်တယ်။ ဒါမျိုးလုပ်ရင်တော့ ပြဿနာမရှိဘူး။ ရာသီတိုင်းမှာ ဖျားနာရင်သွေးလွန် တုပ်ကွေးလို့ မှတ်ထားရမယ်။ မြန်မာ နိုင်ငံမှာက ပြည်သူရော၊ကျန်းမာရေးဝန်ထမ်းရော ပူးပေါင်းလုပ်ဆောင် ပြီး လုပ်မှရမှာ။

ဒေါက်တာကျော်သက်စိုး (အထွေထွေရောဂါကု ဆရာဝန်)

အဓိကကတော့ သွေးလွန်တုပ်ကွေးဟာ ခြင်ကိုက်ခံရလို့ ဖြစ်တာမို့ လို့ ခြင်မကိုက်ဖို့က အရေးကြီးဆုံးပါ။ မိမိတစ်အိမ်တည်း ကာကွယ်လို့ မရတာကြောင့် မိမိလမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ မိမိကလေးတက် နေသောကျောင်းစတာတွေမှာပါ ခြင်မရှိရေးဆောင်ရွက်ပေးနိုင်မှအ ဆင်ပြေမှာပါ။ ကျန်းမာရေးဌာနတွေက လုပ်ဆောင်ပေးနေပေမယ့် ၀န် နဲ့အားမမျှပါ။ ဒါကြောင့် ပြည်သူတွေက အသိစိတ်ဓာတ်ပြည့်ဝစွာနဲ့ပူး ပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ခြင်မရှိအောင် ဂရုစိုက်သန့်ရှင်းပေး ပါ။ ခြင်ကိုက်မခံရအောင်နေပေးပါ။ သွေးလွန်တုပ်ကွေးရောဂါကို ဖြစ် စေတဲ့ ခြင်ကိုက်မိပြီဆိုတာနဲ့ ရောဂါကူးစက်ခံရပြီဖြစ်ပါတယ်။ ရောဂါအပြင်းအပျော့ကတော့ လူနာတစ်ဦး ချင်းပေါ် မူတည်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အဖျားကြီးတာအဓိကပါ။ ဒါကြောင့် မိဘအများစု က ဖျားရုံပဲဆိုပြီး ပေါ့ဆမိတာက ကလေးတွေ မသေသင့်ဘဲ သေဆုံးရခြင်းဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး လက္ခဏာဟာ အဖျားကြီးမယ်၊ ခန္ဓာကိုယ်မှာ အနီစက်တွေပေါ်မယ်၊ ကလေးဟာ အဖျားကျသွားရင် နုံးခွေ သွားမယ်၊ အန်မယ်၊ ကော်ဖီရောင်တွေ အန်ရင်တော့စိုးရိမ်ရတဲ့ အဆင့်ဖြစ်နေပါပြီ။ သွေးလွန်တုပ်ကွေး ရောဂါကို ကုသတဲ့ဆေးမရှိပါဘူး။ လူရဲ့ကိုယ်ခံအားကသာ ရောဂါကို တိုက်ထုတ်ရတာပါ။ အဲဒါ ကြောင့် လူနာရဲ့ကိုယ်ခံအား ကောင်းလာပြီး ရောဂါကိုပြန်တိုက်နိုင်အောင်ဆေးရုံတင်ပြီး ဆေးသွင်း၊ သွေးရည်ကြည် သွင်းတာတွေနဲ့ အထူး ကြပ်မတ်ကုသရပါမယ်။ ဆေးတွေသွင်းနေပါလျက်နဲ့ လူနာကိုယ်ခံအား တက်မလာဘဲ ရောဂါကနိုင်သွားလို့ လက်လွှတ်လိုက်ရတဲ့ကလေးငယ်တွေလည်း အများကြီးရှိတယ်။ ခြင်ဟာ အကောင်သေး ပေမယ့် လူကို သေစေနိုင်အောင်ဆိုးပါတယ်။ ဖုံးသွန်လဲစစ်ခပ်မြှုပ်ပစ်ရှင်းထောင်ဆိုတဲ့အတိုင်း ရေသိုလှောင် ထားတဲ့နေရာတွေကို ခြင်မပေါက်အောင်ဖုံးအုပ်ပါ။ ရေကျန်တွေနေ့စဉ်မှန်မှန်သွန်ပစ်ပါ။ ဘုရားပန်းတွေ၊ ပန်းအိုး တွေ နေ့စဉ်မှန်မှန်ရေလဲပါ။ ရေတွင်း၊ ရေကန်၊ ရေပုံးများမှာ ပိုးလောက်လမ်းမရှိစေဖို့ရေစစ်နဲ့စစ်ပါ။ ခြင်မပေါက်စေဖို့ ဆေးခတ်ပါ။ အမှိုက်တွေ၊ ရေ၀ပ်နိုင်တဲ့နေရာတွေကို မြေမြှုပ်ပါ။ အမှိုက်တွေကို ရေမြောင်း တွေ မပိတ်စေဖို့ စနစ်တကျစွန့်ပစ်ပါ။ မိမိပတ်ဝန်းကျင်မှာ ခြင်ခိုအောင်းနိုင်တဲ့ ချုံများစသည်ကို ရှင်းလင်းပါ။ ခြင်ထောင်ထောင်၍ အိပ်ပါ။ စတာတွေကို သတိရှိရှိပြုလုပ်ပေးဖို့မှာကြားလိုပါတယ်။

ဒေါ်အေးအေးသင်း (ပြည်မြို့နေ မိခင်တစ်ဦး)

သွေးလွန်တုပ်ကွေးမဖြစ်အောင် အဓိကကတော့ ခြင်မကိုက်အောင် သတိပြုလုပ်ဆောင်ရတာပဲ။ အိမ်ကကလေးတွေကို ခြင်ထောင် ထောင် ပေးတာတို့၊ ခြင်ဆေးခွေထွန်းပေးတာတို့လုပ်တယ်။ ကျောင်းသွားရင် လည်း ခြင်ကိုက်မခံရအောင်သတိထားနေဖို့ မှာရတယ်။ အခုလို မိုးဦး ကာလမှာ ကလေးကိုယ်ပူလိုက်၊ ပူတာပျောက်လိုက်ဖြစ်ရင်၊ နေမ ကောင်းဖြစ်လာရင် ဆရာဝန်နဲ့ပဲ သွားပြပါတယ်။ အိမ်အနီးဝန်းကျင်မှာ သွေးလွန်တုပ်ကွေးဖြစ်စေမယ့် ခြင်ခိုအောင်းစေတဲ့အနေအထားတွေ တော့ မရှိဘူး။ အနီးအနားကို ခြင်ဆေးဖျန်းပေးတာတို့ သွေးလွန်တုပ် ကွေးနဲ့ပတ်သက်လို့ အသိပညာပေးလာရောက်လုပ်ဆောင်ပေးတာမျိုးလည်း မရှိပါဘူး။ တာဝန်ရှိသူတွေ အနေနဲ့ကတော့ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာရှိတဲ့ အနီးအနားတွေမှာသာ ခြင်ဆေးဖျန်းတာတို့၊အသိပညာပေးတာတို့လုပ်တာတွေ့ရတယ်။ ရောဂါလက္ခဏာမတွေ့တဲ့ နေရာတွေကိုလည်း ခြင်နဲ့ပတ်သက်လို့ နှိမ်နင်းရမှာတွေကို ထဲထဲဝင်ဝင် အိမ်တိုင်ရာရောက်အသိပညာပေးလုပ်ပေးရင် ပိုကောင်းမှာပါ။


Ref - 7daydaily


Friday 2 June 2017

ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်းကြောင့် သန္ဓေသား၏ အသည်းကို ထိခိုက်နိုင်

အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆေးလိပ်သောက် ခြင်းကြောင့် သန္ဓေသား၏ ဖွံ့ဖြိုးဆဲအသည်းဆဲလ်များကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။



ဧဒင်ဘာ့ဂ်တက္ကသိုလ်က ဦးဆောင်သော ယင်းလေ့လာမှုအ တွင်း စီးကရက်တွင်ပါဝင်သည့် ဓာတုပစ္စည်းများသည် သန္ဓေသား ကျားနှင့်မတို့အပေါ်ထိခိုက်နိုင်မှုမတူညီကြောင်း သိရသည်။

အသည်းသည် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ရှင်း ထုတ်ရာတွင် အရေးပါသော အင်္ဂါအစိတ်အပိုင်းဖြစ်၍ ဇီဝဖြစ်စဉ်ကို ထိန်းချုပ်ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ပေးသည်။

ဓာတုပစ္စည်း ၇,၀၀၀ ခန့် ပါဝင်သော စီးကရက်သောက်ခြင်းကြောင့် သန္ဓေသား၏ ကိုယ်တွင်းအင်္ဂါများကို ထိခိုက်ပျက်စီးစေနိုင်၍ ကာလကြာရှည်ထိခိုက်မှုဖြစ်နိုင်သည်။

သို့သော် မိခင်ဆေးလိပ်သောက်ခြင်းကြောင့် သန္ဓေသား ကျား များ၏ အသည်းတစ်ရှူးများ ထိခိုက်ပျက်စီး၍ သန္ဓေသားတို့၏ အ သည်းတစ်ရှူးများသည် ဇီဝဖြစ်ပျက်မှုဆိုင်ရာ ဆဲလ်များကို ပိုမိုထိ ခိုက်နိုင်စေကြောင်း လေ့လာတွေ့ရှိခဲ့သည်။

သို့သော် ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်းကြောင့် သန္ဓေသားကို ထိခိုက်စေနိုင်ကြောင်း သိပြီးဖြစ်သော်လည်း အလွန် အသေးစိတ်ကျသော နည်းလမ်းဖြင့် လေ့လာရန် မိမိတို့တွင် သင့် လျော်သော ကိရိယာများမရှိသေးကြောင်း ဧဒင်ဘာ့ဂ်တက္ကသိုလ်မှ ဒေါက်တာဒေးဗစ်ဟေးက ပြောကြားသည်။

ထို့ကြောင့် ရင်သွေးယူရန် မျှော်လင့်ထားသော အမျိုးသမီးများ ဆေးလိပ်ဖြတ်သင့်ပြီး ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေး ပြဿနာအမျိုးမျိုး ကြုံတွေ့နိုင်သည်ဟု သုတေသီများကပြောသည်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း မိခင်ဆေးလိပ်သောက်ခြင်း ကြောင့် ကလေးအသေမွေးဖွားခြင်း (သို့မဟုတ်) ကိုယ်ဝန်ပျက်ကျ ခြင်းတို့ဖြစ်နိုင်သည့် အန္တရာယ် မြင့်မားသည်။ ထို့အပြင် မိခင်ဆေး လိပ်သောက်ခြင်းကြောင့် လမစေ့ဘဲမွေးခြင်း၊ ကိုယ်အလေးချိန် မ ပြည့်ခြင်းနှင့် အခြားသော ကျန်းမာရေးဆိုးကျိုးများဖြစ်နိုင်သည်။

-Ref:Dailymail