အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label တီဘီရောဂါဆိုင်ရာ. Show all posts
Showing posts with label တီဘီရောဂါဆိုင်ရာ. Show all posts

Saturday, 25 March 2017

တီဘီဆေးအသစ်များဆေးယဉ်ပါးနိုင်သည့်အန္တရာယ်ရှိနေ



မတ် ၂၄ ရက်က ချန်နိုင်းမြို့ရှိ ဘူတာရုံတွင် တီဘီရောဂါ ကာကွယ်ရေး အသိပေးလှုံ့ဆော်မှု၌ ပါဝင်နေသော အိန္ဒိယကျောင်းသူများ (Photo: AFP)

ကုသရခက်ခဲသော တီဘီရောဂါပိုး အမျိုးအစားများအတွက် ဆေးဝါးအသစ်များသည်လည်း မှန်မှန်ကန်ကန် အသုံးပြုခြင်း မရှိပါက ၎င်းတို့ဘာသာ အလျင်အမြန် အာနိသင်မဲ့လာလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့တီဘီနေ့ အကြို မတ် ၂၃ ရက်၌ အစီရင်ခံစာတစ်စောင်က သတိပေးခဲ့သည်။

အမြဲတမ်းကျယ်ပြော၍လာနေသော ကုထုံးများအား တီဘီဗက်တီးရီးယားများက တိုး၍တိုး၍ ယဉ်ပါး၍လာနေသောကြောင့်  ဘီဒါကွီလင်း၊ ဒီလာမာနစ်နှင့် လိုင်းဇိုလစ်ကဲ့သို့သော ပဋိဇီဝဆေးဝါးများကို မကြာသေးမီက တီဘီရောဂါတိုက်ဖျက်ရေး စာရင်းထဲသို့ ထည့်သွင်းခဲ့သည်။

အဆိုပါ ဆေးဝါးအသစ်များ ညွှန်ကြားခြင်းနှင့် အသုံးပြုခြင်းတို့နှင့် ပတ်သက်၍ ပိုမိုကောင်းမွန်သော ထိန်းချုပ်မှု မပြုလုပ်ပါက ၎င်းတို့၏ အာနိသင်သည် အလျင်အမြန် ပျောက်ဆုံးသွားနိုင်သည်ဟု The Lancet Respiratory Medicine ဂျာနယ်တွင် ဖော်ပြခဲ့သည့် အစီရင်ခံစာအရ သိရသည်။

သို့သော် ဆေးယဉ်ပါးနေသော ပိုးအမျိုးအစားများသည် လူတစ်ဦးမှ အခြားတစ်ဦးထံသို့ တိုက်ရိုက်ကူးစက်သွားနိုင်သည်။ ဆေးယဉ်ပါးသော ပိုးများ ကူးစက်ခံရပါက ကုသစရိတ် အကုန်အကျများပြီး ကုသရန်အချိန်လည်း ပို၍ကြာသည်ဟု ဆိုသည်။

နောက်ဆုံး အဓိကပဋိဇီဝဆေးဝါးဖြစ်သော ရိုင်ဖမ်ပစ်စင်ကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း မှတ်ပုံတင်ခဲ့ပြီးနောက် တီဘီဆေးဝါးများ ဖွံ့ဖြိုးမှုသည် ဆယ်စုနှစ်နှင့်ချီလျက် ကြာအောင် ငြိမ်နေခဲ့သည်။

သို့သော် လက်ရှိဆေးဝါးများကို တုံ့ပြန်မှုမရှိသည့် လူနာများကို ကုသရန်အတွက် ဆေးဝါးအသစ်များသည် မကြာသေးမီအချိန်အတွင်း တီဘီကုသရေး နယ်ပယ်ထဲသို့ ၀င်ရောက်လာခဲ့သည်။

လိုင်းဇိုလစ်၊ ဘီဒါကွီလင်းနှင့် ဒီလာမာနစ်တို့အား အကြိုလေ့လာချက်အရ ၎င်းတို့သည် ကုသမှုရလဒ်ကို အဆက်မပြတ်တိုးတက်စေပြီး ယခင်က ကုမရဟု ယူဆထားသော လူနာများအတွက် မျှော်လင့်ချက်ရှိလာသည်ဟု အစီရင်ခံစာက ပြောကြားခဲ့သည်။

“သို့သော် ဘေးထွက်ဆိုးကျိုးပိုနည်းခြင်းနှင့် ဆေးသောက်ရသည့်အချိန် ပို၍တိုခြင်းတို့ကြောင့် ဆေးဝါးအသစ်များကို အသုံးပြုရန် အဆက်မပြတ် စူးစမ်းလေ့လာမှု မပြုလုပ်ဘဲ ပရိုမိုးရှင်းလုပ်မှုက အသစ်လွင်ဆုံး ကုထုံးရွေးချယ်မှုအပေါ် ဆေးယဉ်ပါးမှု ဖွံဖြိုးလာနိုင်သောကြောင့် ထိရောက်သည့် ဆေးဝါးများ ထပ်မံရှားပါးလာစေလိမ့်မည်”  ဟု အစီရင်ခံစာက သတိပေးထားသည်။

တီဘီကြောင့် နှစ်စဉ်သေဆုံးသူအရေအတွက်သည် အခြားကူးစက်ရောဂါများကြောင့် သေဆုံးမှုထက် ပိုမိုများပြားသည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာတစ်လွှား၌ လူပေါင်းခန့်မှန်းခြေ ၁ ဒသမ ၈ သန်း သေဆုံးခဲ့ပြီး ရာခိုင်နှုန်း ၆၀ သည် အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် တောင်အာဖရိကတို့၌ နေထိုင်သူများဖြစ်ကြောင်း သိရသည်။

Writer: 

Ref: AFP

Credit-Eleven Media Group