အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday 29 August 2016

ဦးရေပြားယားယံနေပြီဆိုလျှင်ဘယ်လိုနည်းလမ်းတွေကသက်သာစေမလဲ

 

ဦးရေပြားခြောက်သွေ့ခြင်း၊ ချွေးထွက်လွန်ခြင်း၊ ဗောက်များခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဦးရေပြား ယားယံတတ်ပါတယ်။ ဦးရေပြားယားယံတာတွေအတွက် အိမ်မှာတင်လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

အုန်းဆီ

           

ဦးရေပြားခြောက်သွေ့ခြင်းကြောင့်ဖြစ်ပေါ်တဲ့ ယားယံခြင်းတွေအတွက်တော့ အုန်းဆီက အကောင်းဆုံးနဲ့ အလွယ်ကူဆုံးပါပဲ။ အုန်းဆီကို ဦးရေပြားထိရောက်အောင် သေချာလိမ်းပေးပါ။ အုန်းဆီအနံ့ကို မနှစ်သက်ဘူးဆိုရင်တော့ မိနစ်(၃၀) ကြာတဲ့အခါမှာ ခေါင်းလျှော်ပေးပါ။

သံပရာသီး

           

ဒီနည်းလမ်းလေးကတော့ ဦးရေပြားယားယံသူတွေ အများဆုံးပြုလုပ်တဲ့ နည်းလမ်းကောင်းလေးပါ။ ခေါင်းမလျှော်ခင် သံပရာသီးကို ထက်ခြမ်းခြမ်းပြီး ယားယံတဲ့ ဦးရေပြားပေါ်မှာ လိမ်းပါ။ (၁၅) မိနစ်လောက်ထားပြီးမှ ခေါင်းလျှော်ပါ။ ယားယံခြင်းတွေကို အမြန်ဆုံးပျောက်ကင်းစေပါတယ်။

ရှားစောင်းလက်ပပ်

  

         ရှားစောင်းလက်ပပ်ကလည်း ဦးရေပြားယားယံခြင်းအတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်ကို အပြားလေးတွေလှီးပြီး ရှားစောင်းလက်ပပ်အနှစ်လေးတွေကို ဦးရေပြားအနှံ့ လိမ်းပေးပါ။ ဦးရေပြားယားယံခြင်းတွေ သက်သာပျောက်ကင်းစေမှာ အသေအချာပဲ ဖြစ်ပါတယ်။

Ref:Mother nature network

ဖြိုးပြည့်သူ(မိုမိုလေး)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

အရိုးကျိုးရင်ပထမဦးဆုံးဘာလုပ်သင့်သလဲ

 



၁။ အရိုးကျိုးတဲ့နေရာကို ( ဥပမာ - ခြေထောက်၊ လက်၊ ခါးရိုး စတဲ့နေရာတွေ )မလိုအပ်ပဲ လှုပ်ရှားမှု မဖြစ်ရအောင် အဝတ်စ၊ ကူရှင်နဲ့ လူနာရဲ့လက် စတာတွေကို အသုံးပြုပြီး ငြိမ်အောင် ထိန်းထားပေးပါ။

           

၂။ အရိုးကျိုးတဲ့အခါ ပုံပန်းပျက်တဲ့အထိ ထိခိုက်ဒဏ်ရာ ရရှိမယ်ဆိုရင် ပြင်းပြင်းထန်ထန် နာကျင်မှု ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် နီးစပ်ရာ ကျန်းမာရေးဌာနတွေနဲ့ ဆေးရုံ၊ ဆေးခန်းတွေဆီ အမြန်ဆုံးပို့ဆောင်ပေးဖို့ လိုပါတယ်။

           

၃။ တတ်ကျွမ်းနားလည်တဲ့ သူတွေရဲ့ အကူအညီရတဲ့ အချိန်ထိ ထိခိုက်ဒဏ်ရာ ရရှိတဲ့ နေရာကို ငြိမ်အောင် ထိန်းထားပေးပါ။

Source: MRCS First Aid


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Saturday 27 August 2016

အမျိုးသမီးလစဉ်သုံးပစ္စည်းများကြောင့်ကလေးမရသည်အထိဖြစ်နိုင်






အိမ်ထောင်သည် အမျိုးသမီးများအနေဖြင့် ရာသီလာသည့်အချိန်၌ လစဉ်သုံးပစ္စည်းကို အတွင်းခံဘောင်းဘီတွင် အချိန်ကြာမြင့်စွာထားခြင်းက သားအိမ်ကြောများပိတ်ကာ ကလေးမရနိုင်ခြင်းများ ဖြစ်ပွားနိုင်သောကြောင့် အထူး သတိထားဆောင်ရွက်ကြရန် အထူးကုဆရာဝန်များက တိုက်တွန်း ပြောကြားလိုက်သည်။

ရာသီသွေးဆင်းသည့် အချိန်တွင် ခံသည့် လစဉ်သုံးပစ္စည်းသည် အပြင် အဝတ်အထည်များ မစွန်းထင်းစေရန် အချိန်ကာလကြာစွာ စုပ်ယူ ထိန်းထားသော်လည်း အချိန်အတော်ကြာ ထားခြင်းကြောင့် အမျိုးသမီးများ အနေဖြင့် မလိုလားအပ်သော ရောဂါများမဖြစ်ရန် သတိထားသင့်ကြောင်း ၄င်းတို့က ဆိုသည်။

"Pad တွေကို ဓာတုပစ္စည်းတွေ နဲ့ ဖန်တီး ပြုလုပ်ထားတဲ့အတွက် အခုလို ရာသီသွေးရည်များနဲ့ အစိုဓာတ်ကို အချိန်ကြာကြာ စုပ်ယူထိန်းထားနိုင်တာပါ။ ဒါပေမဲ့ အချိန်တော်တော်ကြာ စုပ်ယူပြီး နောက်မှာတော့ Pad မှာပါတဲ့ ဓာတုပစ္စည်းက ပျက်ပြယ်ပြီး အထဲမှာ စုပ်ယူထိန်းပေးထားတဲ့ သွေးပုပ်တွေကို ဓာတ်ပြောင်းလဲစေပြီး၊
အနီရောင်မှ အစိမ်းရောင်မှိုဖြစ်သွားပြီး အဲ့ဒီမှိုတွေက သားအိမ်လမ်းကြောင်းကို ပိတ်စေတယ်။ နောက်ပြီး ကလေးယူတဲ့ အချိန်မှာလည်း သားအိမ်ထဲမှာ သန္ဓေမတည်ဘဲ ဖြစ်တတ်တယ်။ ကလေး မရတာတွေလည်း ဖြစ်တတ်တယ်” ဟု ဆေးတက္ကသိုလ် (၁) သားဖွား နှင့် မီးယပ်အထူးကု ဆရာဝန် ဒေါက်တာမြင့်သက်မိုးက ပြောသည်။

ပိုးဝင်၍ ဖြစ်တတ်သော ရောဂါများသည် မိန်းမကိုယ်ယားခြင်း၊ အဖြူဆင်းခြင်း၊ ဆီးစပ် တင်ပါးဆုံဝန်းကျင်တွင် နာကျင်ကိုက်ခဲခြင်းတို့ ဖြစ်ပေါ်စေကာ အဖြစ်အများဆုံးလက္ခဏာမှာ အဖြူဆင်းခြင်းဖြစ်ကြောင်း၊ အဖြူဆင်းသည့်အခါ တွင် အဖြူရောင်စစ်စစ် မဟုတ်ဘဲ အဝါရောင် အစိမ်းရောင် ခပ်ပြစ်ပြစ် အရည်များ ဆင်းခြင်းဖြစ်ပြီး ထိုသို့ အဖြူဆင်းပါက ဆိုးရွားစွာ အနံ့ထွက်ခြင်းများ ဖြစ်တတ်ကြောင်း ဆရာဝန်များက ဆိုသည်။

"ဒီလိုအနံ့ဆိုးတဲ့ လက္ခဏာတွေ ဖြစ်လာရင်ဆို နီးစပ်ရာ ဆရာဝန်နဲ့ ပြသသင့်တယ်၊၊ ဆရာဝန်တစ်ယောက် အနေနဲ့ စိုးရိမ်တာကတော့ Toxic Shock Syndrome ဖြစ်မှာကိုပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဘက်တီးရီးယား ပိုးဝင်တာက နောက်ကျရင် သွေးအဆိပ်သင့်ပြီး သေတဲ့အထိ ဖြစ်နိုင်တယ်။ လက္ခဏာတွေက တော့ အဖျားကြီးမယ်၊ ခေါင်းကိုက်မယ်၊ အန်မယ်၊ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေမယ်ဆိုရင် ဆေးရုံကို အချိန်မီတင်ဖို့ လိုပါတယ်” ဟု ဒေါက်တာ မြင့်သက်မိုးက ဆက်၍ ရှင်းပြသည်။

Toxic Shock Syndrome သည် ကလေးမွေးပြီးစ မိခင်များ၊ Diaphragm ဟုခေါ်သော အမျိုးသမီးကွန်ဒုံး အသုံးပြုသူများနှင့် မိန်းမကိုယ်တွင် ပွန်းပဲ့ဒဏ်ရာရှိနေသူများတွင် အဖြစ်များပြီး အိမ်ထောင်ရှင် အမျိုးသမီးများပါ အပါအဝင် ဆယ်ကျော်သက် အမျိုးသမီးများလည်း လစဉ်သုံးပစ္စည်း Pad ကို အတွင်းခံတွင် ကြာရှည်စွာ မထားသင့်ဘဲ အနည်းဆုံး ငါးနာရီလျှင်တစ်ကြိမ် လဲလှယ်ပေးသင့်ကြောင်း ဆရာဝန်များက အကြံပြုသည်။

ဆုလာဘ်
Credit : Popular


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ဝိတ်ချသော်လည်း ဝိတ်မကျပဲ စိတ်ဓာတ်ကျနေသူများအတွက်



ဝိတ်ချနည်းတွေနဲ့ ပတ်သတ်ပြီးမေးသမျှတွေထဲမှာ အမေးအများဆုံးက ဝိတ်ချနေရင်း ဝိတ်မကျလာတာ ဘာကြောင့်လဲတဲ့။

ညစာလည်းရှောင်ပါတယ်။
အားကစားလည်းလုပ့်တယ်။
ညီမတင်ထားသလို ရေလည်း အများကြီးသောက်ပါတယ်။
တခါတလေ တနေကုန်တောင် မစားဖြစ်ပါဖူးတဲ့။
အစားလည်းအတော်လျော့ပါတယ်။
အိပ့်ရေးဝအောင်လည်းအိပ့်ပါတယ်။
အပြင်ဆိုင်တွေ ထိုင်ဖြစ်ရင်တောင် အသားနည်းနည်းနဲ့ အသီးအရွက်လည်း ပိုစားတယ်။ တခါတလေ ထမင်းနဲ့ အသား ငါးတွေတောင် ရှောင်ပါတယ်တဲ့။

အဲ့လောက်ထိ အပင်ပန်းခံ ဝိတ်ချနေရက်သားနဲ့ ဝိတ်ကမကျလာတော့ တဖြည်းဖြည်း စိတ်ဓာတ် ကျလာပါပြီဆိုပြီး အမေးများကြပါတယ်။ တိုက်ဆိုင်တဲ့သူတွေလည်း ရှိကြမှာပါ။ အဲ့လောက်ထိ အပင်ပန်းခံနေရက်သားနဲ့ ဘာလို့ ဝိတ်မကျတာလဲဆိုတဲ့ အမေးကို ကျွန်မဝိတ်ချနည်းတွေ လေ့လာထားသလောက် ဖြေပေးသွားမှာပါ။

ကျွန်မပြန်မေးပါပီး ???

တစ်အချက် >> ညစာရှောင်တော့ဗိုက်မဆာဖူးလား ဆိုတော့ ဆာတယ်တဲ့ အဲ့တော့ ဆာတော့
ဘာစားလဲဆိုတော့ အသီးအနှံနဲ့ တခါတလေကြာဇံကို သုပ်စားတယ်တဲ့

ညစာရှောင်တာက ကောင်းပေမယ့် တခါတလေ ဆာလောင်မှုဒဏ်ကို ခံရတဲ့အခါ အစာအိမ်ယောင်ယမ်းစေပြီး ကျမ်းမာရေး ထိခိုက်နိုင်ပါတယ်။ နေ့စဉ်ဆိုရင် အဲ့တော့ ဝိတ်လည်းကျမယ် ဗိုက်လည်းပြည့်စေမယ့် အစားတခုခု စားရပါမယ်။ ညပိုင်းဆိုရင် အစာကြေညက်မှု အလွန်လိုအပ်ပါတယ်။ အစာကြေညက်မှု့မြန်ဆန်စေတဲ့ ငါး
အရေခွံမပါ အပြုတ် ကြက်အရေခွံမပါပြုတ် ပန်းဂေါ်ဖီစိမ်း နာနတ်သီး ဖရဲးသီး စတာတွေ စားပေးလို့ရပါတယ် ညပိုင်းမှာ မစားသင့်တာကတော့ ဂေါ်ဖီထုတ် နဲ့ ပန်းသီးပါ အဲ့နှစ်မျိုးက အစာချေညက်မှုနှေးစေပြီး အစာအိမ်လေပွစေလို့ပါ။

နှစ်အချက် >> အားကစားလုပ်တာ ဘယ်အချိန်တွေလုပ်လဲဆိုတော့ အဖြေများဆုံးက မနက်ပိုင်း လုပ်တယ် ဖြေကြပါတယ်။ နောက်တခုက အားကစားမလုပ်ခင်ကို အစားမရှိပဲလုပ်ကြတယ်လို့ ဖြေကြပါတယ်။ အားကစားမလုပ်ခင် မိနစ် 20 လောက်အလိုမှာ အာဟာရပြည့်စေမယ့် အစားတခုခု အနည်းငယ် စားထားပေးရမှာပါ။ ခန္ဓာကိုယ်က အားကစားလုပ်လို့ ပင်ပန်းလာတဲ့အခါ စွမ်းအင်တွေစုပ်ယူလို့ပါ။ စွမ်းအင်ရှိမှ ဝိတ်ကျမှာပါ။ ညနေပိုင်း ရေမချိုးခင်လုပ်တာ အကောင်းဆုံးပါ။

သုံးအချက် >> ရေအများကြီးသောက်ပေမယ့်ေ သောက်နည်း မှားနေတာပါ။ လူအတော်များများ ပြုလုပ်လေ့ ရှိတာကတော့ ထမင်းစားနေစဉ်နဲ့ အစာတခုခု စားနေချိန် ရေသောက်တဲ့အကျင့် ရှိတာပါ။ ရေကို အိပ်ယာနိုးနိုးချင်းနှစ်ခွက် ထမင်းမစားခင် တစ်ခွက် ရေမချိုးခင်နှစ်ခွက် ညနေစာမစားခင်
တစ်ခွက်နဲ့ ကျန်အစားနဲ့ ဝေးနေချိန်ရေဆာတိုင်း နည်းနည်းစီ မသောက်ပဲ တခွက်အပြည့်သာ သောက်သောက်ချပေးရမှာပါ။ အဓိကက အစားနဲ့မနီးစေဖို့ပါ။ ရေသောက်တာက တနေ့နှစ်လီတာကျော်အောင် သောက်နိုင်ရင် တကယ်ဝိတ်ကျစေပါတယ်။

လေးအချက် >> တနေကုန် အစားမစားပဲ ဝိတ်ချနေတာက အလွန်မှားယွင်းနေတဲ့ အချက်ပါ။ ပုံမှန် အစား တနေ့သုံးကြိမ်ပြည့်အောင် စားပေးရမှာပါ။ အစားသုံးနပ်ဆိုပေမယ့် ကိုယ်စားနေတဲ့ အစားတွေက ဘာတွေလဲသိဖို့လည်း လိုအပ်ပါတယ်။ တနေ့တာအတွက် စွမ်းအင်ရအောင် မနက်စာကို
ပရိုတင်းဓာတ်ပြည့်ဝတဲ့ အစားတွေ တဝရွေးချယ်စားသုံးပေးရမှာပါ။ နေ့လည်စာကို ပုံမှန် အစားအနေနဲ့ အနည်းငယ်လျော့ပြီး စားပေးနိုင်ပါတယ်။ အဆီအစိမ့်ကို ပါရုံလေးသာ စားပေးရမှာပါ။ ညစာကတော့ အဆီအစိမ့်တွေ လုံးဝရှောင်ပြီးကြေညက်လွယ်တဲ့ အစားတွေ စားပေးရမှာပါ ဒါမှဝိတ်ကျမှု မြန်ဆန်စေမှာပါ။

ငါးအချက် >> အစားလျော့နေပေမယ့် ကိုယ်နည်းနည်းသာစားတဲ့ အစားက ကစီဓာတ်များတာတွေ ဖြစ်နေမယ် ဆိုရင်လည်း ဝိတ်ကျဖို့မလွယ်ကူနိုင်ပါဘူး။

ခြောက်အချက် >> အိပ့်ရေးဝအောင် အိပ်တာကကောင်းပေမယ့် မိမိအိပ်ချိန်က မှားယွင်းနေမယ် ဆိုရင်လည်း ဝိတ်မကျနိုင်ပါဘူး ပုံမှန်အိပ်ချိန်က ည 10 နာရီနဲ့ မနက် 6 နာရီက အကောင်းဆုံးအိပ်ချိန်ပါ။ တနေ့ 8 နာရီပြည့် လုံလောက်အောင် အိပ်စက်ပေးရမှာပါ။ အိပ်ရေးမဝ အိပ်ချိန်မှန်ကန်မှု မရှိရင်လည်း ဝိတ်ကျဖို့ မလွယ်ကူနိုင်ပါဘူးနော်။

ကဲဒီလောက်ဆို မိမိဘယ်အချက်ထဲ ပါနေပြီလဲဆိုတာ အနည်းငယ် ဆင်ခြင်လို့ရနိုင်မှာပါ။ အသည်းအသန် အစားမစားပဲ ဝိတ်ချနေခြင်းကို ကျွန်မ လုံးဝအားမပေးပါဘူးနော်။ ပုံမှန်အစားလေး ရွေးခြယ်စားပြီး ဝိတ်ချစေချင်ပါတယ်။ ကျမ်းမာရေးနဲ့ညီညွတ်တဲ့ ဝိတ်ချနည်းနဲ့ ဝိတ်ကျစေချင်ပါတယ်။ အားလုံးကို မဖြစ်နိုင်ဖူးဆိုတာ မရှိပါဘူး။ မဖြစ်သေးတာပဲ ရှိပါတယ်။

‪ကျမ်းမာလှပ ဝိတ်ကျကြပါစေရှင်

Credit : လှပခြင်း၏လျှို့ဝှက်ချက်


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

အမျိုးသမီးတစ်ဦးကိုယ်ဝန်ရရှိနိုင်သောအချိန်



ပျိုဖော်ဝင်ချိန်တွင် မိန်းကလေးများသည် သားဥကြွေပြီး ရာသီသွေးစတင်ဖြစ်ပေါ် လာသည်။ ယောက်ျားလေးများမှာ သုက်ကောင်ကို စတင်ထုတ်လွှတ်သည်။ အမျိုးသမီးများသည် အသက် (၅၀) ပတ်ဝန်းကျင်တွင် သားဥကြွေခြင်း ရပ်တန့်သွားသည်။ ၎င်းကို သွေးဆုံးသည်ဟုခေါ်သည်။ အမျိုးသားတွင်မူ ဘဝတစ်လျှောက်လုံး သုက်ကောင်ကို ထုတ်လွှတ်နိုင်သည်။

အမျိုးသမီးတစ်ဦးကိုယ်ဝန်ရှိလာရန်အတွက် သက်ရှိသုက်ကောင်နှင့် သားဥပြွန် တစ်လျှောက် ရွေ့လျားနေသော သားဥဆဲလ်တို့ တွေ့ရန်လိုအပ်သည်။ အမျိုးသမီးများတွင် တစ်လလျှင်တစ်ကြိမ် သားဥကြွေသည်။ ယေဘုယျအားဖြင့် ရာသီသွေး မပေါ်မီ နှစ်ပတ်အလိုတွင် သားဥကြွေလေ့ရှိသည်။ သားဥသည် ကြွေပြီး (၃) ရက်ထိ အသက်ရှင်နိုင်သည်။

သုက်ကောင်သည် သားအိမ်ထဲတွင် (၇) ရက်ခန့် အသက်ရှင်နိုင်သည်။ ထို့ကြောင့် တစ်လလျှင် (၁၀) ရက်ခန့် (သားဥမကြွေမီ (၇) ရက်နှင့် ကြွေပြီး (၃) ရက် ) မျိုးအောင်နိုင်သည်။ ထိုအချိန်အတွင်း အမျိုးသမီးတစ်ဦးသည် သန္ဓေတားနည်း တစ်မျိုးမျိုးကို အသုံးမပြုဘဲ လိင်ဆက်ဆံပါက ကိုယ်ဝန်ရှိလာနိုင်သည်။

ကိုယ်ဝန်မရရှိစေရန် ရက်ရှောင်သော နည်းကို အသုံးပြုခြင်းသည် သေချာသော နည်းလမ်းမဟုတ်ပါ။ သားဥကြွေချိန်ကို အတိအကျသိရန် ခက်ခဲသောကြောင့်ဖြစ်သည်။ ရာသီသွေးစက်ဝိုင်း (၂၈) ရက်ပုံမှန်ဖြစ်သော အမျိုးသမီးများပင်လျှင် သားဥကြွေချိန်ကို အတိအကျမှန်းဆ၍ မရနိုင်ပါ။
 
Credit : ဘဝတွက်တာကျွမ်းကျင်စရာ စာအုပ်
Healthcare.com.mm


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Thursday 25 August 2016

အမျိုးသမီးများလင်စိတ် သားစိတ်ကုန်ရခြင်းအကြောင်း



လင်စိတ်သားစိတ်ကုန်တာဟာ အပျိုတွေမှာလည်း ဖြစ်နိုင်သလို အိမ်ထောင်ကျပြီးသား အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ လင်စိတ်သားစိတ်ကုန်တယ်လို့ ဘယ်လိုသိနိုင်မလဲဆိုရင် လင်ယူသားမွေးမှုကို ကြောက်ရွံ့၍ အမျိုးသားနှင့် အိပ်ယာထက်က ဆက်ဆံရေးကို မပျော်ခြင်း ၊ အမျိုးသားနှင့် အတူနေဆက်ဆံရမှာကို ကြောက်ရွံ့နေခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် လင်စိတ်သားစိတ်ကုန်ခြင်းဟာ အိမ်ထောင်ရှင် အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်လို့ သိရပါတယ်။

ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုရင် ခင်ပွန်းနှင့် အိပ်ယာထက်မှာ အပေးအယူမမျှလို့ ပျော်ရွှင်မှုမခံစားရဘဲ အိမ်ထောင်ရေးမှာ ကိုယ်ကလိင်ပေးဆပ်နေရတဲ့ အဖြည့်ခံလို့ ခံစားလာရတာဟာ အကြောင်းတစ်ချက် ဖြစ်နိုင်ပါတယ်။

အိမ်ထောင်ပြုသက် နှစ် ၊ လကြာလာပေမယ့် လိင်ပျော်ရွှင်မှုဆိုတာကို မခံစားရဘဲ အခြားအိမ်ထောင်ရေး အဆင်မပြေမှုတွေဝင်လာတဲ့အခါ ဒီဘက်မှာ ပိုစိတ်ပျက်လက်ပျက် ဖြစ်သွားတာလဲ အကြောင်းတစ်ချက် ဖြစ်ပါတယ်။

အမျိုးသမီးအင်္ဂါမှာ ချို့ယွင်းချက်တွေ ရှိနေတဲ့အတွက် ဒီဘက်မှာ စိတ်ပျော်ရွှင်မှုမရဘဲ လင်စိတ်သားစိတ် ကုန်လာတာ ဖြစ်ပါတယ်။

အပေးအယူမမျှခြင်း

ခင်ပွန်းဖြစ်သူတဲ့ စလက်ထပ်လိုက်တဲ့ အိမ်ထောင်ဦးညမှာ အမျိုးသမီးက အပျိုစင်ဖြစ်ပြီး နှစ်ဦးစလုံးက ရှက်ကြောက်နေကြတဲ့အခါ အစပျိုး နိဒါန်းမချီဘဲ ဒီအမှုကိစ္စပြီးသွားခဲ့ပေမယ့် အမျိုးသမီးဟာ အပျိုမြှေးစုတ်ပြဲနာကျင်မှုကြောင့် ဒီဘက်မှာ ကြောက်ရွံ့သွားတတ်ပါတယ်။ ဒီကနေစပြီး အိမ်ထောင်သားမွေးပြုခြင်းဟာ အမျိုးသားတွေ သာယာဖို့အတွက်ပါလားလို့ အယူလွဲသွားပါတော့တယ်။ အိမ်ထောင်သားမွေးမှုမှာ ကိုယ်ကအဖြည့်ခံလို့ ခံစားနေပြီး ကြာလာတာနဲ့အမျှ လင်စိတ်သားစိတ်ကုန်လာပါတယ်။

အိမ်ထောင်မှုသာယာဖို့ဆိုတာ အမျိုးသမီးတွေအတွက် အိမ်မှုကိစ္စထိန်းသိမ်းမှုနိုင်ရုံ ၊ သားသမီးထိန်းကျောင်းမှုကောင်းရုံ ၊ ခင်ပွန်းဝေယျာဝစ္စနိုင်ရုံ ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းရုံနဲ့မပြီးသလို အမျိုးသားတွေကလည်း လုံလောက်ပြည့်စုံအောင် ရှာဖွေပေးရုံ ၊ ဖြည့်ဆည်းပေးရုံ စတာတွေနဲ့လည်း မပြည့်စုံပါဘူး။ ကိုယ်လိုတဲ့အရာကို သူပေးချင်လာအောင် ၊ သူလိုတဲ့အရာကို ကိုယ်ပေးနိုင်အောင် နားလည်မှုတည်ဆောက်ပြီး လိင်မှုကိစ္စအပါအဝင် အမှုကိစ္စတွေမှာ ကိုယ်တွေလင်မယား စိတ်တူကိုယ်တူ ရှိသွားနိုင်မှ ၊ ညှိသွားနိုင်မှ တကယ်သာယာတဲ့ အိမ်ထောင်ရေး ၊ အိမ်ထောင့်အရသာကို ခံစားရမှာဖြစ်ပါတယ်။

တကယ်ဆို ဇနီးမောင်နှံနှစ်ဦးဆိုတာ ဘယ်သူက ဘယ်သူ့ကိုမှ ဖြည့်ဆည်းပေးနေတာမဟုတ်ဘဲ နှစ်ဦးသဘောတူညီစွာ ဘဝခရီးကို ရိုးမြေကျ လက်တွဲသွားဖို့ ဆုံးဖြတ်ထားသူတွေပါ။ ဒီတော့ တစ်ဦးနဲ့တစ်ဦး အပေးအယူမျှတမှုဟာ အိပ်ယာထက်မှာ ရှိနေဖို့လည်း အရေးကြီးလှပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ ကိုယ့်ဆန္ဒပြီးရုံ ဆက်ဆံရေးကို ရှောင်ကြဉ်ပြီး ဇနီးဖြစ်သူကို သာယာမှုပေးသင့်ပါတယ်။ (ဘယ်လိုသာယာမှုလဲ Comment တွေမှာမမေးနဲ့နော်။ ကိုယ့်ဘာသာအဖြေရှာကြပါ။)

အိမ်ထောင့်အစကတည်းက အပေးအယူမမျှရင် အိမ်ထောင်သက်ကြာလာတဲ့အခါ ပိုဆိုးလာတာပေါ့။ အိမ်ထောင်သက်ကြာလာတဲ့အခါ အဖြည့်ခံလို့ ခံစားနေရတဲ့ ဇနီးဖြစ်သူမှ လင်စိတ်သားစိတ်မကုန်ရင် ဘယ်သူကုန်မှာလဲ။ အိမ်ထောင်ရေးလိုအပ်ချက်တွေ ၊ သားသမီးလိုအပ်ချက်တွေ ၊ စီးပွားရေးလိုအပ်ချက်တွေဆိုတဲ့ အိမ်ထောင်ရေးအခက်အခဲတွေ ဝင်လာတဲ့အခါ “မှားပါတယ်” လို့ အိမ်ထောင်ပြုမိတာကို နောင်တရလာတော့တယ်။ အိမ်ထောင်တခုမှာ ဇနီး သို့မဟုတ် ခင်ပွန်း တစ်ဦးဦးက အိမ်ထောင်ထဲမပျော်ပိုက်ရင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဆိုတာကို အပြည့်အဝ ခံစားရပါတော့မလား။

ဒါ့အပြင် မိန်းမအင်္ဂါတွေ မဖွံ့ဖြိုးခဲ့တဲ့အမျိုးသမီးတွေမှာ (အထူးသဖြင့်) သားအိမ်နဲ့ ယောနိအင်္ဂါဟာ ကလေးဘဝကလိုပဲ သေးနေခဲ့ရင်လည်း ဆက်ဆံတိုင်း နာကျင်နေနိုင်တာမို့ သာယာမှုမရှိနိုင်သလို ကလေးလည်း မရနိုင်တော့ပါ။ လိင်ရောဂါခံစားနေရတဲ့အမျိုးသမီးတွေဟာလည်း ယောနိယောင်နေတာ ၊ ရောဂါဖြစ်နေတာတွေကြောင့် သာယာမှုမခံစားရဘဲ နာကျင်မှုခံစားရလို့ လင်စိတ်သားစိတ် ကုန်လာနိုင်ပါတယ်။

သားအိမ်နဲ့ ယောနိအင်္ဂါလျှောကျနေရင်လည်း ဆက်ဆံတိုင်းနာကျင်နိုင်သလို ကလေးမွေးလို့ပဲဖြစ်ဖြစ် အကြောင်းကြောင်းကြောင့်ဖြစ်ဖြစ် ယောနိအင်္ဂါတွေ စုတ်ပြဲသွားခဲ့လို့ ပြန်ပြုပြင်ကုသမှုတွေ မလုပ်ရင် ဇနီးမောင်နှံနှစ်ဦးစလုံး ကျေနပ်မှုမရတော့ဘဲ လင်စိတ်သားစိတ် ကုန်လာပါတော့တယ်။ ဒါကြောင့် မွေးလမ်းကြောင်းအတိုင်း ရိုးရိုးမွေးသူတွေဟာ မကျွမ်းကျင်တဲ့ အရပ်လက်သည်တွေကို မသုံးဘဲ တတ်ကျွမ်းသူတွေနဲ့ မွေးဖွားပြီး ယောနိစုတ်ပြဲသွားခဲ့ရင် ပြန်ချုပ်ဖို့လိုပါတယ်။ နောက်ပိုင်းမှာ ကလေးထပ်ရနိုင်ပေမယ့် ယောနိဟာ နဂိုထက်ပိုကျယ်သွားခဲ့မယ်ဆိုရင် ဇနီးမောင်နှံနှစ်ဦးစလုံး သာယာမှုကို အပြည့်အဝမခံစားနိုင်တော့ပါ။

(ယခုပို့စ်ဟာ ဒေါက်တာမောင်မောင်ညို M.B.B.S (Ygn) Ph.D(Lond) M.A(Mich) FOMERAD(USA) ရေးသားပြုစုခဲ့တဲ့ သိပ္ပံနည်းကျ အိမ်ထောင်သည်ဘဝ စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ခြင်းဖြစ်၍ ပို့စ်အောက်တွင် ရေးသားလာမည့် ညစ်ညမ်းသည့် Comment တွေကို ဖျက်ပစ်သွားမယ့်အပြင် လိုအပ်ရင် Block လုပ်မှာဖြစ်ပြီး Comment အပြန်အလှန်ပေးခြင်းကိုလည်း ပြုလုပ်သွားမှာ မဟုတ်ပါ။ အိမ်ထောင်တစ်ခု ပျော်ရွှင်စွာ တည်မြဲသာယာမှုကို ခံစားနိုင်ကြဖို့ ဗဟုသုတအနေဖြင့် ပြန်လည်မျှဝေလိုက်ခြင်းသာ ဖြစ်ပါတယ်။ နားလည်မှုပေးခြင်းဖြင့် အားပေးပါ။)

ရတု (Burmesehearts.com)
- See more at: http://www.burmesehearts.com


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ဓာတ်ဆားကိုဘယ်လိုအန္တရာယ်ကင်းအောင်သောက်မလဲ

ဓာတ်ဆားမှုန့်ဆိုတာ ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက် ရေနဲ့ ဖျော်သောက်တာပါ။ အခုလို အလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ ရေနဲ့ဆားဓာတ်တွေ ပြန်လည်ဖြည့်တင်းဖို့ အကောင်းဆုံးပါပဲ။

မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံက ထုတ်လုပ်တဲ့ ဓာတ်ဆား၊ နိုင်ငံတကာမှ တင်သွင်းရောင်းချတဲ့ ဓာတ်ဆားမျိုးစုံအပြင် ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားနဲ့ သစ်သီးစုံဓာတ်ဆားများ
အများအပြား ရောင်းချနေပြီး တမျိုးနဲ့တမျိုး အာနိသင် သိသာစွာ ကွာခြားခြင်း မရှိပါဘူး။ အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့ မြန်မာနိုင်ငံဆေးဝါးစက်ရုံကထုတ်တဲ့ ဓာတ်ဆားပါပဲ။ ဓာတ်ဆားထုတ် ဝယ်တဲ့အခါ ပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက်ပါ။ လတ်ဆတ်မှုရှိမရှိ လှုပ်ကြည့်ရပါမယ်။  ကပ်နေရင် (သို့) အထဲက ဓာတ်ဆားမှုန့် အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး။

           ဓာတ်ဆားတစ်ထုပ်ကို ရေကျက်အေး (သို့) တစ်လီတာ ရေသန့်တစ်ဘူးနဲ့ဖျော်ရမှာပါ။ ရေနွေးနဲ့မဖျော်ရသလို ရေခဲသေတ္တာထဲက ရေအေးနဲ့လဲမဖျော်သင့်ပါဘူး။ ဓာတ်ပျယ်သွားတတ်ပါတယ်။
ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ မထားသင့်ပါဘူး။ ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်း ကုန်အောင် သောက်သင့်ပါတယ်။

ပုံမှန်အားဖြင့် ဓာတ်ဆားကို တစ်ရက်အများဆုံး နှစ်ထုတ်ပဲ သောက်သင့်ပါတယ်။ နှစ်ထုတ်ထက် ပိုသောက်မိရင် ခန္ဓာကိုယ်က ပိုနေမဲ့ ဆားဓာတ်ကို မစွန့်ထုတ်နိုင်ပဲ သွေးတိုးရောဂါ ဖြစ်တတ်လို့ပါ။
ဓာတ်ဆားထုတ်ကို ဆီးချို၊ သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်သင့်ပါတယ်။

Credit-မိုမိုလေး


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Monday 22 August 2016

ခန္ဓာကိုယ်အင်္ဂါလှူတယ်ဆိုတာ




ခန္ဓာကိုယ်အင်္ဂါ လှူတယ်ဆိုတာ

ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့ဟာ ကမ္ဘာ့ကိုယ်အင်္ဂါလှူဒါန်းမှုနေ့ ဖြစ်ပါတယ်။ ကိုယ်အင်္ဂါလှူဒါန်းမှုဟာ မွန်မြတ်တဲ့အလှူဖြစ်ပြီး အလှူခံပုဂ္ဂိုလ်ရဲ့ အသက်ကိုတောင် ရှင်သန်နိုင်စေပါတယ်။ ကိုယ်အင်္ဂါလှူဒါန်းမှုဆိုတာ ကျန်းမာတဲ့ လူရဲ့ ကိုယ်အင်္ဂါနဲ့ တစ်ရှုးကို နောက်တစ်ယောက်ဆီ လွှဲပြောင်းပေးတာ ဖြစ်ပါတယ်။ အလှူရှင် တစ်ယောက်ဆီက ကိုယ်အင်္ဂါတွေဟာ လူပေါင်း ၅၀ လောက်ထိ ကယ်ဆယ်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ အသည်း၊ နှလုံး၊ ကျောက်ကပ်၊ အဆုပ်နဲ့ စတဲ့ အဓိကကိုယ်အင်္ဂါတွေ အားလုံး လှူလို့ရပါတယ်။ မွေးကင်းစကစပြီး အသက် ၇၅ နှစ်ထိ လှူလို့ရပြီး ဆရာဝန်တွေရဲ့ စစ်ဆေးမှုလိုပါတယ်။

ကိုယ်အင်္ဂါလှူဒါန်းမှု (၃) မျိုး

၁ - သက်ရှိ လှူဒါန်းမှု

အသက်ရှင်နေစဉ်မှာပဲ အသက်တစ်ချောင်းကို ကယ်တင်နိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။ အသက်ရှင်စဉ်မှာပဲ တိုက်ရိုက် လှူဒါန်းတာဖြစ်ပါတယ်။

၂ - သေဆုံးပြီး လှူဒါန်းမှု

အလှူရှင်သေဆုံးပြီးမှ လွှဲပြောင်းတဲ့ လှူဒါန်းမှုဖြစ်ပါတယ်။ ဦးနှောက်ဆဲလ်တွေ သေဆုံးပြီလို့ အတည်ပြုနိုင်ပြီး အသက်ကယ်နိုင်တဲ့ နည်းလမ်းတွေအားလုံး ကုန်ဆုံးသွားတဲ့အခါမှာ အလှူရှင်ကို သေပြီလို့ သတ်မှတ်ကာ လွှဲပြောင်းမှုတွေ လုပ်ပါတယ်။

၃ - VCA

 အရေပြားအစားထိုးတာ၊ မျက်နှာနဲ့လက်တွေ အစားထိုးတာမျိုး ဖြစ်ပါတယ်။ အစားထိုးမှုမှာ အရေပြား၊ အရိုး၊ ကြွက်သား၊ တစ်ရှုး စတဲ့အရာတွေ ပါဝင်ပါတယ်။


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246