
အမျိုးအစား-၂ ဆီးချိုရောဂါသည် ကမ္ဘာတစ်ဝန်း ကြုံတွေ့နေ ရသည့် ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ပဲတီစိမ်းပမာဏမြင့်မား စွာ စားသုံးခြင်းကြောင့် ဆီးချိုရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်များ ကို သိသိသာသာလျော့ကျစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။
ပဲတီစိမ်းအုပ်စုဝင် ပဲစေ့အမျိုးမျိုးသည် အာဟာရဓာတ်များနှင့် ပြည့်စုံပြီး ကျန်းမာရေးအကျိုးကျေးဇူးများ ပေးစွမ်းနိုင်သည်။ ပဲတီ စိမ်း၏ ကျန်းမာရေးအကျိုးကျေးဇူးများအနက် တစ်ခုသည် ဗီတာမင် ဘီ ပမာဏမြင့်မားစွာပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်အတွက် စွမ်းအင်ဖြစ်စေပြီး ဇီဝဖြစ်ပျက်မှုကို ထိန်းညှိပေးသည်။
အမျှင်ဓာတ်မြင့်မားစွာပါဝင်ပြီး ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်တို့ကဲ့သို့ သတ္တုဓာတ်များလည်း ပါဝင်သဖြင့် ခန္ဓာ ကိုယ်၏ ဇီဝဖြစ်စဉ်ကို အားကောင်းစေကာ နှလုံးရောဂါနှင့် ဆီးချို ရောဂါတို့ကို ကာကွယ်ရန် စားသုံးသင့်သည်။
ထို့အပြင် ပဲတီစိမ်းစားပြီးပါက သွေးထဲတွင် ပါဝင်သည့် သကြားဓာတ် ပမာဏမြင့်တက်မှုကို နှေးကွေးစေသည်။
ယင်းကဲ့သို့ ပဲတီစိမ်းတွင် ကျန်းမာရေးအကျိုးကျေးဇူး အများအပြားပါဝင်သောကြောင့် အမျိုးအစား-၂ ဆီးချိုရောဂါကို ကာကွယ်ရေး စားသုံးရန် မကြာခဏ လမ်းညွှန်ခံရသော အစားအစာ ဖြစ်သည်။
အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်ပွားနေသူ အရေအတွက် သည် အမေရိကန်တွင် ၂၉ သန်းခန့်ရှိပြီး ကမ္ဘာတစ်ဝန်း အရွယ်ရောက်ပြီးသူ သန်း ၄၀၀ ကျော်ရှိသည်။
ဆီးချိုရောဂါကာကွယ်ရန် ပဲတီစိမ်းများ၊ ပရိုတိန်းနှင့် ကာဗို ဟိုက်ဒရိတ် ကြွယ်ဝစွာပါဝင်သော အခြားအစားအစာများကို စား ပေးသင့်ကြောင်း သုတေသီများကပြောသည်။
ယခုလေ့လာမှုအရ ပဲတီစိမ်းပမာဏမြင့်မားစွာ စားသုံးသူများ သည် အနည်းငယ်သာ စားသုံးသူများထက် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုနည်းပါးကြောင်း သိရသည်။
ယင်းကဲ့သို့သော ပဲအမျိုးမျိုးကို ပမာဏမြင့်မားစွာ ပုံမှန်စား သောက်ပေးခြင်းကြောင့် အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေနည်းပါးသည်။
ယင်းပဲများကို စားသောက်ခြင်းသည် ပေါင်မုန့်၊ ကြက်ဥထမင်း နှင့် အာလူးတို့ စားသုံးခြင်းမှရသော အာဟာရဓာတ်များနှင့် တူညီ သော အာဟာရဓာတ်ကို ရရှိစေနိုင်သည်။
—Ref: MNT
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Monday, 3 April 2017
ပဲတီစိမ်းစားသူများ ဆီးချိုရောဂါအန္တရာယ် လျော့ကျနိုင်
Saturday, 25 March 2017
ဆီးရောဂါအတွက် သခွားသီးအရည်

သခွားသီးအရည် သံပရာရည် တစ်ဇွန်းနှင့် ရေအေးရောစပ်ကာ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့လိမ်းပေးပါက ဆီးနှင့် အသားပူခြင်း ရောဂါများ ပျောက်ကင်းနိုင် အသားအရေ ပူသူများ၊ ဆီးရောဂါနှင့် အမျိုးသမီးများ ဓမ္မတာ သွေးပုပ်ကျန်သည့် အမျိုးသမီး ရောဂါများကို ခံစားနေရပါက မိမိအိမ်တွင်း၌ပင် ကုသပျောက် ကင်းစေနိုင်သည့် သဘာဝ သစ်သီးများနှင့် ဆေးကုသနည်း တစ်ရပ်ကို ရေးသား ဖော်ပြလိုက်ရပါသည်။
သခွားသီးတစ်လုံးကို အစေ့ထုတ်၍ အရည်ရသလောက် ညှစ်ယူထားပြီး သံပရာရည် တစ်ဇွန်းနှင့် ရေအေးအေးတွင် ရောစပ်ကာ သမအောင်မွှေပြီးလျှင် မျက်နှာနှင့်ခြေ၊ လက်၊ ခန္ဓာကိုယ်မကျန် လိမ်းကျံပေးခြင်းအားဖြင့် အသားအရေ ချောမွတ်စိုပြည်လာပြီး ပူနေသည့်အသားကို အေးမြလာစေမည် ဖြစ်သည်။ နေ့စဉ်ညအိမ်ရာဝင်တိုင်း အမြဲပြုလုပ် ပေးပါက မျက်စိကြည်လင်ခြင်းအပြင် ဆီးရောဂါနှင့် ဓမ္မတာ သွေးပုပ်ကျန် အမျိုးသမီးများ အတွက် ရောဂါများကို ပျောက်ကင်းစေနိုင်သည်ဟု ဆေးသုတေသန မှတ်တမ်းများအရ သိရသည်။
”အခုနောက်ပိုင်း ရောဂါတစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ်၊ ဝေဒနာတစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ် ဆေးခန်းကိုသွားပြီး မပြချင်ကြဘူး။ အိမ်ထဲမှာပဲ ဆေးမြီးတိုတွေနဲ့ ကျိတ်ကုကြတယ်။ ဒါကကောင်းတော့ မကောင်းဘူး၊ အနာနဲ့ဆေးမတည့်ရင် ရောဂါတွေ ပိုဆိုးလာမယ်။ ဒါပေမဲ့ သဘာဝသစ်သီးတွေနဲ့ ကုသရင်တော့ ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါဘူး”ဟု တိုင်းရင်း ဆေးသမားတော်ကြီး ဒေါ်သီသီထွန်းက ပြောသည်။
အရေပြားဆိုင်ရာ ချောမွတ်လာစေရန်နှင့် ဝင်းဝါသော အသားအရောင်၊ အေးမြသော ကိုယ်ရေ ကိုယ်သားတို့ကို ရရှိစေရန်အတွက် မက်မွန်သီး တစ်လုံး၊ နှစ်လုံးကို ရေနွေးဖြောပြီး အစေ့ထုတ်ကြိတ်၍ အရည်ညှစ်ယူထားကာ သံပရာရည်၊ ခရမ်းချဉ်သီးရည်နှင့် လက်ဖက်စိုရည် တစ်ဇွန်းစီ ရောမွှေရမည်ဖြစ်သည်။ ယင်းနောက် မိမိခန္ဓာကိုယ်ကို သုတ်လိမ်းပေးမည် ဆိုပါက အဆီပြန်ခြင်း ကင်းဝေးသွားပြီး အေးမြသည့် အသားအရေကို ပိုင်ဆိုင်ရရှိလာမည် ဖြစ်သည်။
ထို့အပြင် ပါးရေတွန့်ခြင်းနှင့် အရေပြားဆိုင်ရာ ပြယုဂ်တစ်ခု ဖြစ်သော နဖူးရေ တွန့်ခြင်းတို့မှာလည်း လိမ်ညာ၍မရသည့် အရေပြားလျော့ရဲသည့် လက္ခာဏာ တစ်ရပ်ဖြစ်ပြီး ထိုအရေးအကြောင်းများနှင့် အသားရေ တွန့်ခြင်းတို့ကို ပြေပျောက်စေမည့် နည်းလမ်းမှာ ဂေါ်ဖီထုပ် အလယ်ရွက်ဖြစ်သော အရည်ရွှမ်းမည့် အရွက်သုံးရွက်ခန့်ကို သန့်စင်အောင် ဆေးကြော၍ ပျားရည်လက်ဖက်ရည် တစ်ဇွန်းနှင့် ရေထည့်ကာ သမအောင်မွှေ၍ အရည်ရအောင် ညှစ်ယူလိုက်ပြီး ရရှိသောအရည်ကို မျက်နှာ၊ လက်မောင်း၊ လည်ပင်းနှင့် ခြေလက်တို့ကို လိမ်းကျံပေးခြင်းဖြင့် အရေပြားတွန့်ခြင်းကို သက်သာစေနိုင်မည် ဖြစ်သည်။
Credit to မြ၀တီ
အောင်မြင့်မြတ်(Myanmar Youths)










