အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday 25 July 2017

ရန်ကုန်ဆေးရုံကြီးသို့ ထပ်မံရောက်လာသည့် လူနာနှစ်ဦးသေဆုံး သေဆုံးပြီး ဓာတ်ခွဲစစ်ဆေးမှ ရာသီတုပ်ကွေး ကူးစက်ခံထားရကြောင်း တွေ့ရှိ


ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့သူ နှစ်ဦးကို ရာသီတုပ်ကွေးလက္ခဏာ သံသယရှိသဖြင့် စစ်ဆေးရာမှ A(H1 N1) Positive ဖြစ်နေကြောင်း သတင်း ရရှိသည်။






၎င်းတို့နှစ်ဦးသည် မူလကရာသီ တုပ်ကွေးရောဂါဖြင့် ကုသမှုခံနေသူ သုံးဦးထဲမှမဟုတ်ဘဲ ထပ်မံရောက်ရှိ လာသူများဖြစ်သည်။





ပဲခူးတိုင်းမှ အမျိုးသားတစ် ဦးနှင့် အခြားဒေသမှ ကိုယ်ဝန် ဆောင် အမျိုးသမီးတစ်ဦးတို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အခြား ရောဂါအခံဖြင့် ဆေးကုသမှုခံယူ ရန် ရောက်ရှိလာပြီး ဇူလိုင် ၂၄ ရက်တွင် သေဆုံးသဖြင့် စစ်ဆေး ရာ ဇူလိုင် ၂၅ ရက်တွင် (H1N1) ရာသီတုပ်ကွေးရောဂါဟု အဖြေ ထွက်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။





သေဆုံးသူနှစ်ဦး သည် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိပြီး နာရီပိုင်းအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။





သေဆုံးသူများသည် အခြား ရောဂါကုသမှုခံယူရန် ရောက်ရှိလာခြင်းဖြစ်ပြီး သေဆုံးပြီးမှသာ H1N1 ရောဂါကို စစ်ဆေးတွေ့ရှိခဲ့ သည်။





ယင်းသေဆုံးသူများနှင့်ပတ် သက်၍ ဆေးရုံအုပ်ကြီးထံသို့ ဇူလိုင် ၂၅ ရက် ညနေ ၅ နာရီက ဆက်သွယ်မေးမြန်းရာ ဖုန်းလက် ခံဖြေဆိုခြင်းမရှိခဲ့ပေ။ နေပြည် တော်ရှိ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနသို့ အကြိမ်ကြိမ်ဖုန်းခေါ်ဆိုသော်လည်း အဆက် အသွယ်မရခဲ့ပေ။





လက်ရှိတွင် ရန်ကုန်ဆေးရုံ ကြီးနှင့် ရန်ကုန်အထွေထွေရောဂါ ကု ဆေးရုံသစ်ကြီး၌ ရာသီတုပ် ကွေးရောဂါ (H1N1) ဖြင့် လူနာ သုံးဦး ဆေးကုသမှုခံယူနေဆဲဖြစ် သည်။ ရာသီတုပ်ကွေးရောဂါ သည် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဖြစ်ပွားသူ ၁၃ ဦးရှိပြီး သေ ဆုံးသူ တစ်ဦးရှိခဲ့ကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန် ထားသည်။





ရောဂါဖြစ်ပွားသည့် ဒေသ များသည် ရန်ကုန်တိုင်းတွင် နှစ်ဦး၊ဧရာဝတီတိုင်းတွင် တစ်ဦးနှင့် ချင်းပြည်နယ် မတူပီမြို့နယ်တွင် ၁၀ ဦး ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့သည်။




Ref : 7daydaily


ရာသီတုပ်ကွေး(H1N1)ကူးစက်လူနာဦးရေထပ်တိုးလာနိုင်

ရာသီတုပ်ကွေးရောဂါ (H1N1)ကူးစက်လူနာဦးရေ တိုး လာနိုင်ပြီး စောင့်ကြည့်မြို့ကြီးများ စာရင်းတွင် ရန်ကုန်၊ ဧရာဝတီ နှင့် မန္တလေးမြို့ပါ ထပ်တိုးပါဝင် မည်ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။ လက်ရှိတွင် ဇူလိုင် ၂၄ ရက် အထိ ရောဂါဖြစ်ပွားသူ ၁၃ ဦး၊ သေဆုံးသူ တစ်ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ကူးစက်လူနာအခြေအနေ ထပ်တိုးလာဖွယ်ရှိသဖြင့် ရော ဂါထိန်းချုပ်ရေးလုပ်ငန်းများကို အနည်းဆုံးတစ်လခန့် လုပ်ကိုင် ရမည်ဖြစ်ကြောင်း ဒေါက်တာ သန်းထွန်းအောင်က ဆိုသည်။

‘‘လက်ရှိ ရာသီတုပ်ကွေး ရောဂါ (H1N1)က ပြင်းထန်တဲ့ပိုး ဖြစ်တယ်။ ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို အကြီးအကျယ် လုပ်ရမယ်။ လူနေထူထပ်တဲ့မြို့ တွေကို အဓိကစောင့်ကြည့်ရမယ်။ ရောဂါဖြစ်ပွားတဲ့ ရန်ကုန်နှင့်ဧရာ ဝတီအပြင် လူနေထူထပ်တဲ့ မန္တ လေးကိုပါ ဦးစားပေးစောင့်ကြည့် ရမယ်။ တစ်လလောက်စောင့် ကြည့်ပြီးမှ ရောဂါကို ထိန်းချုပ်နိုင်၊ မနိုင် ကြေညာမယ်’’ဟု ၎င်းက ပြောသည်။လက်ရှိဖြစ်ပွားသည့် တုပ် ကွေးရောဂါပိုးသည် ၂၀၀၉ က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် တုပ်ကွေးပိုးဖြစ်ပြီး ပြင်း ထန်သဖြင့် တစ်နိုင်ငံလုံးစောင့် ကြည့်ရဦးမည့် အခြေအနေဖြစ် ကြောင်း ၎င်းကဆိုသည်။

‘‘လက်ရှိ လူနာက ထပ်တိုး ဖို့ရှိနေတယ်။ တချို့က ရောဂါပျိုး တဲ့ရက်ထဲ ရောက်နေတော့ ရှိနိုင် တယ်။ သူ့ရဲ့ရောဂါပျိုးချိန်က တစ်ရက်ကနေ ၁၀ ရက်အထိရှိ တယ်။ နေ့စဉ် လူနာစာရင်းတွေ ယူရဦးမယ်။ WHO ညွှန်ကြားချက် နဲ့ အကြီးအကျယ်လုပ်ရမယ်။ အခြေအနေက ထိန်းချုပ်နိုင်သလောက် ကြိုးစားလုပ်ရမယ်’’ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ရန်ကုန်တိုင်းအတွင်း ရော ဂါဖြစ်ပွားသူသုံးဦးအနက် နှစ်ဦး သည် စိုးရိမ်ရသည့်အခြေအနေ ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေဆဲဖြစ် ပြီး ယနေ့ (ဇူလိုင် ၂၅ ရက်)အထိ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။ ကျန်တစ်ဦးသည် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၌ ကုသမှုခံယူနေပြီး အခြေအနေကောင်းမွန်ကြောင်း သိရသည်။

‘‘လက်ရှိ ဆေးရုံတက်နေတဲ့ လူနာနှစ်ဦးက အခုအချိန်ထိ အသက်ရှင်လျက်ရှိတုန်းပဲ’’ ဟုရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။

ရာသီတုပ်ကွေး ရောဂါ (Seasonal Influenza A(H1N1) 2009) သည် ၂၀၀၁ ကတည်းက မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့ ပြီးနောက် ၂၀၀၉ တွင် ယင်း ရောဂါဖြစ်ပွားသူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၇၆ ဦးရှိခဲ့ပြီး ၂၀၁၆ ၌ ကိုးဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

Ref : Inmya


ဂရင်ဂျီနာအကြောင်းသိကောင်းစရာ





ဂရင်ဂျီနာ အကြောင်းသိကောင်းစရာ

ဂရင်ဂျီနာသည် အတွင်းဘက် အစာဟောင်းအိမ် သို့မဟုတ် စအိုလမ်းကြောင်းနှင့် အပြင်ဘက် စအိုဘေးပတ်လည်ရှိ အရေပြားကို ဆက်ထားသော ပုံမမှန် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသောကြောင့်ဖြစ်သည်။ အချို့သော အမျိုးသမီးများတွင် အဆိုပါလမ်းကြောင်းသည် မွေးလမ်းကြောင်းနှင့်လည်းဆက်သွားတတ်သည်။

ရောဂါလက္ခဏာများ

၁။စအိုဝယားယံခြင်း။
၂။စအိုမှ အဖြူရောင်အရည်များဆင်းခြင်း၊ ရံဖန်ရံခါ သွေးပါခြင်း၊ အနံ့နံသောအရည်များဆင်းခြင်း၊ ဝမ်းသွားလျှင်သွေးပါခြင်း။
၃။ထိုင်သည့်အခါ ၊ချောင်းဆိုးသည့် အခါ နှင့်ဝမ်းသွားသည့် အခါများတွင် စအိုဝ နာကျင်တတ်ခြင်း။
၎။စအိုပြည်တည်နာများနှင့်တွဲ၍ ဖြစ်ပါက စအိုနီရဲခြင်း၊ နာကျင်ခြင်းနှင့် အဖျားတက်ခြင်း
၅။ဝမ်းမထိန်းနိုင်ခြင်းတို့နှင့်ပါတွဲ၍ ဖြစ်နိုင်သည်။
၆။ဂရင်ဂျီနာ၏ အပြင်ဘက်အပေါက်ကို စအိုဝဘေးတွင် တွေ့ရနိုင်ပါသည်။

ဖြစ်ပွားသည့် အကြောင်းရင်းများ

ဂရင်ဂျီနာတော်တော် များများသည် စအိုပြည်တည်နာနှင့်တွဲ၍ ဖြစ်တတ်သည်။
စအိုပြည်တည်နာ ဖြစ်သူ ၄ယောက်တွင် ၁ယောက်ခန့်သည် ဂရင်ဂျီနာဖြစ်တတ်သည်။
ဂရင်ဂျီနာသည် အူလမ်းကြောင်းရောင်ရမ်းသောရောဂါများ၊ အူတီဘီ ၊
အူလမ်းကြောင်းကင်ဆာများ၊လိင်ဆက်ဆံခြင်းမှတစ်ဆင့်ကူးဆက်တတ်သောရောဂါများ နှင့် စအိုလမ်းကြောင်း ပိုးဝင်ခြင်းများနှင့်လည်းတွဲတတ်ပါသည်။

ကုသမှု

ဂရင်ဂျီနာများသည် ခွဲစိတ်ကုသ၍သာ လုံးဝပျောက်ကင်းနိုင်သည်။ ဂရင်ဂျီနာလမ်းကြောင်းတစ်ခုလုံးကို ဖြတ်တောက်ဖယ်ရှားခြင်း၊ ဂရင်ဂျီနာလမ်းကြောင်းကို seton ဟုခေါ်သော ကြိုးစထည့်ပြီးကုသခြင်း၊
စအိုကျုံ့ကြွက်သားများထိပြီး ဝမ်းမလုံခြင်းများပါဖြစ်လျှင် လမ်းကြောင်းတစ်ခုလုံးကို
ဖြတ်တောက်ဖယ်ရှားမည့်နည်းလမ်းအစား အစာဟောင်းအိမ်မှ အသားစယူ၍ အတွင်းဘက်လမ်းကြောင်းကို ပိတ်ဆို့ခြင်းနည်းလမ်းဖြင့်ကုသခြင်းကို စဉ်းစားမည်ဖြစ်သည်။

အမျှင်ဓာတ်များပါဝင်သည့် ကော်တစ်မျိုးကို ဂရင်ဂျီနာလမ်းကြောင်း တစ်လျှောက်သို့
ထိုးသွင်း ကုသခြင်းသည် ခွဲစိတ်ခြင်းမဟုတ်သည့် တစ်မျိုးတည်းသော ကုသနည်းဖြစ်သည်။
သို့သော် အဆိုပါ နည်းလမ်းသည်လည်း မေ့ဆေးပေး၍ ကုသရန်လိုပါသည်။

Credit: Dr Moon (7887 Healthcare call center)
Ref: NHS choices
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး


Tuesday 18 July 2017

စင်္ကာပူကျန်းမာရေးစောင့်ရှောက်မှုစနစ်


ကျွန်တော် အလုပ်လုပ်နေရင်း ရင်ဘတ်အောင့်လာလို့ အနားမှာ ရှိတဲ့ဆေးရုံကို သွားပါတယ်။ သူတို့ ချက်ချင်းလုပ်ကိုင်ပေးပါတယ်။ ကျွန်တော်နိုးလာတော့ ကုန်ကျစရိတ်တောင်းတဲ့ စာရွက်ရောက်လာတယ်။ ဆေးရုံတက်တာတောင် မဟုတ်သေးဘူး။ စစ်ဆေးတဲ့နေရာမှာပါပဲ။ စုစုပေါင်း ဆယ်နာရီ လောက်ကြာပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ်က မြန်မာငွေဆယ်သိန်းလောက်ရှိပါတယ်။

ဆိုလိုချင်တာက သူတို့ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ကောင်းတယ်။ မြန်တယ်။ ဒါပေမဲ့ ကုန်ကျစရိတ်လည်း အရမ်းကြီးတယ်။ ဆေးကုသစရိတ်က အရမ်းမြင့်တဲ့အတွက် အလုပ်လုပ်နေသူ တွေအနေနဲ့ အာမခံယူထားဖို့လိုပါတယ်။ အကယ်၍ အာမခံယူမထားလို့ရှိရင် ရှာထားသမျှပိုက်ဆံ ခဏလေးနဲ့ ကုန်သွားနိုင်ပါတယ်။

ကျန်းမာရေးပြဿနာတွေက အရမ်းရှုပ်ထွေးတယ်။ ဆေးလိပ်သောက်ရင် ကင်ဆာဖြစ်နိုင်တယ် ဆိုပေမယ့် ဆေးလိပ်မသောက်တဲ့ သူတွေမှာလည်း ဖြစ်တာပဲ။ အဲဒီတော့ ကျန်းမာရေးပြဿနာတွေ ရှင်းတဲ့အခါ ဘက်ပေါင်းစုံကနေ ရှင်းရတယ်။ ကျန်းမာရေးပြဿနာတွေက ရှုပ်တဲ့ အခါကျတော့ အဲဒါကိုကိုင်တွယ်တဲ့ ကျန်းမာရေးစနစ်ကလည်း အတော့်ကို ရှုပ်ထွေးပါတယ်။

ဆေးရုံကြီးတွေက အရမ်းကောင်းနေပေမယ့် ဈေးက မတရားကြီးနေလို့ လူတွေ အနားမကပ်နိုင်ရင် လည်း ဒီကျန်းမာရေးစနစ်ကို ကောင်းပါတယ်လို့ ပြောလို့မရဘူး။ နောက်တစ်ခုက နိုင်ငံတစ်နိုင်ငံမှာ ရှိနေတဲ့ ဥပမာ – ဂျပန်ဆိုပါတော့၊ ဂျပန်က ကျန်းမာရေးစောင့်ရှောက်မှုစနစ် အရမ်းကောင်းပါတယ် ဆိုပြီး မြန်မာနိုင်ငံမှာ ကော်ပီကူးချလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်က လူနေမှုစနစ်၊ ရာသီဥတု အခြေအနေနဲ့ မြန်မာပြည်က ရာသီဥတု၊ လူနေမှုစနစ်တို့ တူမှမတူပဲကိုး။

အဲဒါကြောင့် လိမ္မော်သီးနဲ့ ပန်းသီး ဘယ်ဟာပိုကောင်းသလဲလို့ နှိုင်းယှဉ်သလို နှိုင်းယှဉ်လို့မရဘူး။ ကာလံဒေသံပေါ်မူတည်ပြီး သူ့ဒေသအခြေအနေနဲ့ ကိုက်ညီရဲ့လားလို့ ပြန်ဆန်းစစ်ရမယ်။

၂၀၁၇ ခုနှစ် မတ်လ ၁၈ ရက်နေ့က အမေရိကမှာ Obama Care ကိုပြင်ဖို့ အဆိုတွေ တင်သွင်း ကြတယ်။ အဲဒီမှာ New York Time က ဆောင်းပါးတစ်စောင်ရေးတယ်။ ကျန်းမာရေးကဏ္ဍမှာ အမေရိကကို စင်ကာပူလိုဖြစ်အောင် လုပ်ပေးပါတဲ့။ စင်ကာပူဟာ နိုင်ငံသေးသေးလေးဖြစ်ပေမယ့် အမေရိကက သူတို့ကျန်းမာရေးစနစ် ကောင်းလား မကောင်းလား ကြည့်တဲ့အခါ စင်ကာပူကို လှမ်းကြည့်ရတယ်။ ဂျပန်ကလည်း ကူးစက်ရောဂါတွေနဲ့ပတ်သက်ပြီး စင်ကာပူကို လာလေ့လာ သင်ယူမှုတွေ လုပ်ရတယ်။

တစ်နည်းအားဖြင့် စင်ကာပူဟာ ကျန်းမာရေးမှာ နိုင်ငံတကာရဲ့ Benchmark ဖြစ်လာတယ်ပေါ့။ ချမ်းသာတဲ့ နိုင်ငံတွေအတွက် စင်ကာပူဟာ ကျန်းမာရေးစနစ်မှာ အခြားနိုင်ငံတွေက စံထားရတဲ့နိုင်ငံ ဖြစ်လာတယ်။ စင်ကာပူအစိုးရက သူ့နိုင်ငံသားတွေကို ကျန်းမာရေး ကုန်ကျစရိတ်တွေပေးနိုင်အောင် လုပ်ပေးထားတယ်။ နောက် အာမခံ စနစ်တွေ ထားပေးတယ်။ ဥပဒေအရ ဆေးစစ်တာထက် ဆေးရုံ တက်တာက ပိုသက်သာတယ်။ ဒါကြောင့် အာမခံကုမ္ပဏီတွေကလည်း ဆေးစစ်တာထက် ဆေးရုံ တက်တာကို ပိုအားပေးတယ်။

ဆေးရုံကြီးတွေ ဟီးထနေအောင်၊ အရမ်းကောင်းအောင် ဆောက်ထားပေးမယ့် အစိုးရအနေနဲ့က ကုန်ကျစရိတ်ရဲ့ ၅ ရာခိုင်နှုန်းပဲ ပေးရတယ်။ နောက်ပြီး အဲဒီဆေးရုံကြီးတွေရဲ့ ဝန်ဆောင်မှုကို စင်ကာပူနိုင်ငံမှာ လူတော်တော်များများ သုံးနိုင်တယ်။ သုံးနိုင်အောင်လို့ လုပ်ပေးထားတယ်။

စကင်ဒီနေဗီးယားတိုင်းပြည်တွေမှာဆိုရင် ကျန်းမာရေးစရိတ်ကို GDP ရဲ့ ၁၀ ရာခိုင်နှုန်းသုံးတယ်။ အမေရိကမှာဆို GDP ရဲ့ ၁၇ ရာခိုင်နှုန်းကို သုံးရတယ်။ အဲဒါတောင်မှ အစိုးရအနေနဲ့ ပြည်သူအတွက် အကျိုးရှိတဲ့၊ ရလဒ်ကောင်းထွက်တဲ့ ကျန်းမာရေးစနစ်ကို မရဘူး။

ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းတယ်ဆိုတာ ဟုတ်သလားလို့ ကြည့်လိုက်ရင် စင်ကာပူဟာ ကျန်းမာရေးနဲ့ပတ်သက်လို့ နိုင်ငံအတော်များများရဲ့ထိပ်ဆုံးမှာ ရှိနေတယ်။ WHO ရဲ့ သက္ကရာဇ် ၂၀၀၀ အစီရင်ခံစာမှာ စင်ကာပူဟာ နံပါတ် (၆) နေရာမှာရှိပါတယ်။ ၂၀၁၆ ရဲ့ Bloomberg ရဲ့ ကမ္ဘာ့ အကောင်းဆုံးကျန်းမာရေးစနစ်မှာ စင်ကာပူက နံပါတ် (၂) ရှိတယ်။

မြန်မာပြည်က ဘာဆိုးသလဲဆိုတော့ ကျွန်တော်တို့ဆီမှာ အချက်အလက်တွေ တိတိကျကျမရှိဘူး။ ဘာအချက်အလက်မှမရှိတဲ့အခါကျတော့ ကိုယ့်ဟာကိုယ် ဘယ်ရောက်လို့ရောက်နေမှန်းမသိ။ ဘယ်အဆင့်ရောက်အောင်လုပ်မယ်လို့ ရည်မှန်းလို့လည်းမရ။

သူတို့လုပ်တဲ့အခါ စည်းတွေစနစ်တွေက တော်တော်ကောင်းတယ်။ အစိုးရနဲ့ လူထုတိုက်ရိုက် ထိတွေ့နေရင် လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်နိုင်တယ်။ အဲဒီအတွက် ကိစ္စတော်တော်များများကို အွန်လိုင်းစနစ်နဲ့ လုပ်လို့ရမယ့် Smart Nation ထူထောင်ဖို့ လုပ်ရမယ်။ စနစ်ကောင်းတဲ့ အခါ လုပ်ရ လွယ်တယ်။ မြန်တယ်။ တော်တော်အကျိုးရှိတယ်။

နောက် တရားဥပဒေစိုးမိုးမှု။ ဒီမှာ သူငယ်ချင်းတို့၊ အသိတို့ရယ်လို့ မရှိဘူး။ မှားတယ်ဆို ဘယ်သူဖြစ်ဖြစ် အရေးယူတယ်။ နောက်ပြီး တာဝန်ခံမှု။ ဥပမာ – ဆေးရုံတစ်ခုမှာ ကူးစက်ရောဂါ ရှိလာပြီဆို အဲဒီ ဆေးရုံအုပ်၊ ဆရာဝန်၊ ဆေးရုံကိုအုပ်ချုပ်နေတဲ့ အဖွဲ့ စသဖြင့် နုတ်ထွက်ပေးရတယ်။ နားလည်မှုတို့ဘာတို့ မရှိဘူး။ အဲဒါလေး တော်တော်ကောင်းတယ်။

အစိုးရက သတ်မှတ်ပေးထားတဲ့ ဘတ်ဂျက်အတိုင်းပဲ ဆေးရုံကို ပေးတယ်။ ကျန်တာကို ဆေးရုံက သူ့ဘဏ္ဍာငွေ သူ့ဘာသာသူရှာ၊ သူ့ဘာသာ စီမံခန့်ခွဲရတယ်။ ဆိုတော့ စင်ကာပူအစိုးရမှာ ပိုက်ဆံ တွေ အများကြီးပိုတယ်။ ပိုတဲ့ပိုက်ဆံတွေကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်တယ်။

ဆေးရုံကြီးတစ်ခုဆောက်ပြီးသွားပြီဆိုပေမယ့် သူတို့က ရပ်မနေဘူး။ How can we do better? ဘယ်လို ပိုကောင်းအောင်လုပ်မလဲ။ စရိတ်စကတွေ လျှော့ချလို့ရမလား။ ဒီဆေးရုံမှာ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ အထူးကုမရှိဘူး။ ဒါဆို နှလုံးရောဂါအထူးကုဌာနတစ်ခု ထပ်ဖွင့်မလား။ ဆိုတော့ သူတို့ က သူတို့စနစ်ကို အမြဲပြန်လည်ဆန်းစစ်နေပြီး အမြဲတိုးတက်အောင် လုပ်နေတယ်။

သူတို့က ရပ်မနေဘူး။ အစိုးရအဖွဲ့တစ်ခုလုံးကို Learning Organization အဖြစ် အမြဲ ကြိုးစားနေ တယ်။ အစိုးရဝန်ထမ်းတွေ အမြဲထက်မြက်နေစေဖို့ တစ်နှစ်ကို နာရီတစ်ခုသတ်မှတ်ပြီး အစိုးရက ပိုက်ဆံပေးပြီး သူတို့ကို သင်တန်းတွေတက်ခိုင်းတယ်။ ဥပမာ – တစ်နှစ်ကို နာရီ ၆၀ သင်တန်းချိန် ပေးထားတယ်ဆိုပါစို့။ အဲဒီအထဲက နာရီ ၂၀ ကို ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့သင်တန်းတက်။ အခြား နာရီ ၄၀ ကို ကြိုက်တဲ့သင်တန်းတက်။

ကျွန်တော့်ကို စင်ကာပူနိုင်ငံရဲ့ ကျန်းမာရေးစနစ်အကြောင်း အတိုချုံ့ပြောပါဆိုရင်လည်း သူတို့စနစ်က နည်းနည်းနဲ့ ကျဲကျဲဝိုင်းနိုင်တဲ့ စနစ်ပဲ။ စင်ကာပူကျန်းမာရေးစနစ်အကြောင်း အကျယ်တဝင့် စိတ်ဝင် စားတယ်ဆိုရင် Carry for All People ဆိုတဲ့စာအုပ် Online မှာ download လုပ်လို့ရပါတယ်။ Policy အကြောင်းသိချင်ရင်တော့ Affordable Health Care ဆိုတဲ့စာအုပ်ကို Download လုပ် ဖတ်နိုင် ပါတယ်။ လက်ရှိစင်ကာပူအစိုးရကျင့်သုံးနေတဲ့ စနစ်တွေ အဲဒီအထဲမှာပါတယ်။

စင်ကာပူကျန်းမာရေးစနစ်ရဲ့ အခြေခံအဆောက်အဦတွေကိုပြောရင် အဓိကသုံးမျိုးရှိတယ်။ အစိုးရ ရယ်၊ ပုဂ္ဂလိကရယ်၊ လူမှုရေးအဖွဲ့ အစည်းရယ်။ ဒီသုံးခုဟာ သေသေချာချာ ချိတ်ဆက်မိမိနဲ့ ဆောင်ရွက်နေတယ်။ သူတို့ ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကို ကျွန်တော် Story လေးတစ်ခုနဲ့ ပြောပြပါမယ်။ နာမည်က အသားကင်တုတ်ချောင်း တစ်ချောင်းရဲ့ ရာဇဝင်တဲ့။

၂၀၁၄ မှာ အမျိုးသမီးတစ်ယောက်ဟာ MRT (ရထား) အောက်က လမ်းတစ်ခုမှာသွားနေရင်း အသားကင်တုတ်ချောင်း တစ်ချောင်းတွေ့တယ်။ သူလမ်းလျှောက်တာ နှစ်ရက်ရှိပြီ။ တုတ်ချောင်းက ရှိနေတုန်းပဲ။ ဒီတော့ နောက်တစ်ပတ် အမတ်တွေနဲ့ တွေ့ရတဲ့စည်းဝေးပွဲမှာ သူကပြောတယ်။ ကျွန်မ ဒီလမ်းကိုလျှောက်တာ နှစ်ရက်ရှိပြီ။ ဒီအသားကင် တုတ်ချောင်းကို ဘယ်သူမှ လာမသိမ်းဘူး။ ရှင်တို့တွေ အလုပ်မလုပ် ကြဘူးလား မေးတယ်။

ဒီတော့ အမတ်က NEA (National Environment Agency) ကို ချက်ချင်းဖုန်းဆက်တယ်။ ဒီလမ်းမှာ ဒီတုတ်ချောင်း ဘာလို့ ရှိနေရသလဲ။ ဒီတော့ NEA က ပြန်ဖြေတယ်။ ဟာ ဒါ ငါတို့ အပိုင်မဟုတ်ဘူး။ ငါတို့နဲ့ဆိုင်တာက မြက်ခင်းကနေ လမ်းနယ်စပ်အထိပဲ။ ဆိုတော့ ရထားလမ်းနဲ့ဆိုင်တဲ့ LTA (Land Transport Authority) ကိုလှမ်းဆက်ပြန်တယ်။ LTA ကလည်း ငါတို့နဲ့ ဆိုင်တာက ကွန်ကရစ်၊ ကတ္တရာခင်းထားတဲ့လမ်းပဲ။ အခြား လူသွားလမ်းတွေ ငါတို့နဲ့မဆိုင်ဘူး။ ဖြစ်ပြန်ရော။

နောက်ဆုံးကတော့ Park Connector ကို ရောက်သွားတယ်။ ဖြစ်ပုံက Park Connector က အဲဒီနေရာတွေကို သုံးရက်တစ်ခါ အမှိုက်ရှင်းတယ်။ ဖြစ်ချင်တော့ အမျိုးသမီးလျှောက်တာက ပထမ နှစ်ရက်ဖြစ်နေတယ်။ အမှိုက်က တတိယနေ့မှ ရှင်းမှာ။

NEA တို့ LTA တို့ကလည်း သူတို့ကိုယ်တိုင် လုပ်တာမဟုတ်ဘူး။ အပြင်ကန်ထရိုက်တာကို ပိုက်ဆံပေးခိုင်းတာ။ ဆိုတော့ သန့်ရှင်းရေးလုပ်တဲ့အချိန်တွေ မတူကြဘူး။ နောက်ဆုံး ဘယ်အဆင့်ထိ ရောက်သွားလဲဆိုတော့ စင်ကာပူဝန်ကြီးချုပ်ရဲ့ အမျိုးသားနေ့မိန့်ခွန်းထဲ ထည့်ပြောရတဲ့ထိ ဖြစ်သွား တယ်။

၂၀၀၄ ခုနှစ်မှာ စင်ကာပူက No round door policy ကို ကျင့်သုံးတယ်။ No round door policy ဆိုတာက စင်ကာပူနိုင်ငံရဲ့ ဘယ်အစိုးရဌာနကိုပဲ မေးခွန်းမေးလိုက်မေးလိုက်၊ အဲဒီအစိုးရဌာနက ဒါ ငါတို့နဲ့မဆိုင်ပါဘူးလို့ ပြန်ပြောလို့မရဘူး။ သူတို့ဟာ သူတို့ သက်ဆိုင်တဲ့ ဌာနကို ဆက်သွယ်ပြီး ဖြေရှင်းပေးရတယ်။ အဲဒါ No round door policy .

အခု အဲဒီ No round door policy ကိုကျင့်သုံးတာ ဆယ်နှစ် ရှိပြီ။ ဒါပေမဲ့ ခုထိ အစိုးရဌာနတွေက လက်ရှောင်နေတာတွေ ရှိနေသေး တယ်။ အချင်းချင်းလက်တွဲလုပ်ဆောင်ကြပါဆိုပြီး ဝန်ကြီးချုပ်က မိန့်ခွန်းထဲ ထည့်ပြောသွားတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် လက်တွဲလုပ်တဲ့အခါကျတော့ ကမ္ဘာပေါ်မှာလည်း အလုံးစုံ ကျန်းမာရေးဆို လုပ်ရတယ်။ ဒီအခါ လူတွေ တင် ကျန်းမာရေးစောင့်ရှောက်ဖို့လုပ်နေလို့ မရတော့ဘူး။ ကူးစက်ရောဂါ တွေရဲ့ ၈၀ ရာခိုင်နှုန်းက တိရစ္ဆာန်တွေဆီက ရလာတာ။ (ဥပမာ – ကြက်ငှက် တုပ်ကွေး၊ SARS, ခွေးရူးပြန် စသည်။)

ဆိုတော့ စင်ကာပူက One Health ကို ၂၀၁၂ မှာ အကောင်အထည်ဖော်တယ်။ ကျန်းမာရေး ဝန်ကြီးဌာနက လူတွေရဲ့ ကျန်းမာရေးအတွက် လုပ်ပေးတယ်။ NEA က ပတ်ဝန်းကျင် Environmental Health ကိုလုပ်တယ်။ AVA က စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာတွေလုပ်တယ်။ သူတို့က စင်ကာပူကိုသွင်းလာတဲ့ အစားအသောက်တွေမှာ အဆိပ်အတောက်။ ရောဂါ ကင်း မကင်း စစ်တယ်။ ဈေးတွေ သွားပြီး ဈေးမှာရောင်းနေတဲ့ငါးတွေ လတ် မလတ် စစ်တယ်။

အားလုံး ဌာနအလိုက်စစ်ဆေးပြီးတဲ့အခါ One Health အနေနဲ့ ပူးပေါင်းဆောင်ရွက်ကြတယ်။ ဥပမာ – အောင်မြေသာဇံမြို့နယ်မှာ လူ ၅၀ လောက်ဆေးရုံတက်ရတယ်။ အထက်လှန်အောက်လျှော ဖြစ်တယ်။ မေးကြည့်လိုက်တော့ သူတို့တွေဟာ ဆိုင်တစ်ဆိုင်ကနေ နန်းကြီးသုပ် စားခဲ့မိတယ်။

စင်ကာပူလိုလုပ်မယ်ဆိုရင် ဆေးရုံတွေက လူနာတွေကို ကျန်းမာလာအောင် ပြုစုစောင့်ရှောက်တယ်။ NEA က စားသောက်ဆိုင်တွေကို လိုက်စစ်တယ်။ စင်ကာပူမှာ ပိုက်ဆံနဲ့ရောင်းတဲ့ အစားအသောက် ဆိုင်မှန်သမျှ NEA မှာ မှတ်ပုံတင်ရတယ်။ NEA သည် အဲဒီဆိုင်တွေကို အချိန်မရွေး ဝင်စစ်လို့ရတယ်။ စစ်လည်းစစ်တယ်။ ဆိုင်တွေမှာ A,B,C,D ဆို ရေးထားတာ တွေ့ရပါလိမ့်မယ်။ သူတို့က တစ်လကို နှစ်ကြိမ်ဆိုင်တွေကိုလိုက်စစ်ပြီး သတ်မှတ်ထားတဲ့အမှတ်တွေအလိုက် A,B,C,D ပေးတာ။ A က အကောင်းဆုံး။ D က အဆိုးဆုံးပေါ့။

ဘာတွေစစ်သလဲဆိုတော့ ခြင်၊ ယင်၊ ကြွက်၊ ငှက်တွေစစ်တယ်။ အသားငါးတွေ လတ် မလတ် စစ်တယ်။ ရေခဲသေတ္တာ စတာတွေ စစ်တယ်။ AVA က ကျတော့ ကြက်ဥတို့၊ ခေါက်ဆွဲတို့၊ ကြက်သား တို့စတာတွေကို နမူနာယူပြီး ဓာတ်ခွဲခန်းမှာစစ်တယ်။ တကယ်လို့ ကြက်ဥတွေမှာ ရောဂါပိုးပါလာခဲ့ရင် အဲဒီကြက်ဥတင်သွင်းတဲ့သူကို ချက်ချင်းပိတ်ပြီး အရေးယူတယ်။ အဲဒီလိုလုပ်ခွင့်အာဏာလည်း သူတို့ကို ပေးထားတယ်။

မန်းစည်ပင်ကို အဲဒီလိုအဖွဲ့မျိုး ဖွဲ့ပါ၊ လုပ်ပါလို့ အကြံပြုချင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ခြင်၊ ယင်၊ ကြွက်တွေ ထိန်းဖို့လိုပါတယ်။ မြန်မာပြည်မှာ အဲဒီအကောင်ပလောင်တွေ ထိန်းချုပ်တာ၊ နှိမ်နှင်းတာ မရှိသေးပါဘူး။

နောက်တစ်ခုက အများပိုင်နေရာတွေ ဆေးလိပ်သောက်တာ ကန့်သတ်တယ်။ အိမ်တွေမှာ ခြင်လောက်လန်းတွေတွေ့ရင် ဒေါ်လာ ၂၀၀ ဒဏ်ရိုက်တယ်။ လမ်းမှာ အမှိုက်ပစ်ရင် ဖမ်းတယ်။ ဒဏ်ရိုက်တယ် စတာတွေ လုပ်ပါတယ်။

ဒါတွေကို အစိုးရက အကောင်အထည်ဖော်နိုင်ဖို့ ဥပဒေတွေ လိုပါတယ်။ လုပ်တာအားလုံးသည် နိုင်ငံအတွက်လုပ်တာ။ တရားဥပဒေ အတွင်းကနေပဲ ဆောင်ရွက်လို့ရပါတယ်။ အစိုးရအဖွဲ့အစည်းကို ဥပဒေက Mandate ပေးတယ်။ အစိုးရအဖွဲ့တွေက ကိုယ်လုပ်ချင်တာတွေကို ဥပဒေဘောင်အတွင်း ကနေ ဆောင်ရွက်ရတယ်။

စင်ကာပူမှာ အဲဒါတွေဆောင်ရွက်ဖို့ National Environment Agency Act, Infectious Diseases Act ဆိုတာတွေ ရှိပါတယ်။ အဲဒီဥပဒေအတိုင်း လိုက်နာဆောင်ရွက်တယ်ပေါ့။

ဒါနဲ့ပတ်သက်ပြီး အသေးစိတ်ပိုသိချင်တယ်ဆိုရင် ကျွန်တော် အတတ်နိုင်ဆုံး အချိန်မရွေး အကူအညီ ပေးပါမယ်။

(ဆောင်းပါးရှင်သည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းအများအပြားတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး စင်ကာပူအစိုးရပညာတော်သင်အဖြစ် Master of Public Administration ကို စင်ကာပူနိုင်ငံတွင် ၂ နှစ်ကြာသင်ကြားခဲ့သူဖြစ်သည်။ ယခုဆောင်းပါးမှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဝင်များ၏ ၂၀၁၇ခုနှစ် ဧပြီလ စင်ကာပူလေ့လာရေးခရီးစဉ်တွင် ဆွေးနွေးတင်ပြခဲ့သည်များကို ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)



ကိုမင်းသူ






Sunday 9 July 2017

အာဖရိကတိုက်တွင်ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းမြင့်တတ်








၂၀၁၁ ခုနှစ် နိုဝင်ဘာ ၈ ရက်က ဆေးဘက်ဆိုင်ရာ အကူတစ်ဦးက နယူးဒေလီမြို့တွင် ဆီးချိုလူနာတစ်ဦးကိုထိုးရန် အင်ဆူလင် ထည့်ထားသည့် ဆေးထိုးပြွန်ကို ကိုင်ထားစဉ် (Photo: AFP)





အ၀လွန်ခြင်းကြောင့် ဆီးချိုရောဂါ တစ်ဟုန်ထိုး ဖြစ်ပွားနေစဉ် ဆာဟာရအောက်ပိုင်းရှိ အာဖရိကတိုက်တွင် ဆီးချိုရောဂါကြောင့် ကုန်ကျမှုများသည် ယခုနှစ်မှစပြီး ၁၃ နှစ်အတွင်း နှစ်စဉ် နှစ်ဆနီးပါး ဒေါ်လာ ဘီလျံ ၆၀ အထိ မြင့်တက် လာနိုင်သည်ဟု ဇူလိုင် ၆ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။



၂၀၁၅ ခုနှစ်တွင် အာဖရိကတိုက်အတွင်း ဆီးချိုရောဂါကြောင့် စုစုပေါင်း ကုန်ကျစရိတ်သည် ဒေါ်လာ ဘီလျံ ၂၀ (ယူရို ၁၈ ဘီလျံ)  သို့မဟုတ် စုစုပေါင်း စီးပွားရေးထုတ်လုပ်မှု၏ ၁ ဒသမ၂ ရာခိုင်နှုန်း ရှိခဲ့သည်ဟု The Lancet ဂျာနယ်  Diabetes & Endocrinology တွင် ဖော်ပြသည့် သုတေသနတစ်ခုအရ သိရသည်။

Advertisement

00:00

ယင်းကုန်ကျစရိတ်များထဲတွင် ဆေးဝါးနှင့် ဆေးရုံနေထိုင်စရိတ်များ၊ နာမကျန်းဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်းကြောင့် လုပ်သား ကုန်ထုတ်မှုစွမ်းအား ဆုံးရှုံးမှုလည်း ပါဝင်သည်။ ကုသမှုကုန်ကျစရိတ်အားလုံး၏ ထက်ဝက်ခန့်ကို လူနာ ရှင်များကိုယ်တိုင် ပေးချေခဲ့ရသည်။

“၂၀၃၀ မတိုင်မီ စုစုပေါင်း ကုန်ကျစရိတ်ဟာ ဒေါ်လာ ၃၅ ဒသမ ၃၃ ဘီလျံ (ဂျီဒီပီ၏ ၁ ဒသမ ၁ ရာခိုင်နှုန်း) နဲ့ ဒေါ်လာ ၅၉ ဒသမ ၃၂ ဘီလျံ (ဂျီဒီပီ၏ ၁ ဒသမ ၈ ရာ ခိုင်နှုန်း) အကြား မြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်”ဟု ကမ္ဘာတစ်ဝန်းမှ ကျွမ်းကျင်ပညာရှင် ၇၀ ကျော်က ပြုစုသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အသင့်စား အစားအစာများ စားသုံးမှုမြင့်တက်လာခြင်း၊ အထိုင်များသည့် မြို့ပြလူနေမှုပုံစံသို့ ပြောင်းလာခြင်း၊ လူဦးရေတိုးပွားလာခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်လာသောကြောင့် သက်ကြီး ရွယ်အိုဦးရေ များပြားလာခြင်းများ ကြောင့် ဆာဟာရ အောက်ပိုင်းရှိ အာဖရိကတွင် ဆီးချို အမျိုးအစား-  ၂ သို့မဟုတ် အရွယ်ရောက်သူများ အစပျိုးဖြစ်ပွားသည့် ဆီးချိုရောဂါ မြင့်တက်လာခြင်းဖြစ်သည်။

အာဖရိက၌ အရွယ်ရောက်ပြီး သည့်အ၀လွန်သူဦးရေသည် ၁၉၈၀ ပြည့်နှစ်တွင် ၂၈ သန်းရှိရာမှ ၂၀၁၅ ခုနှစ်တွင် ၁၂၇ သန်းအထိ မြင့် တက်လာခဲ့သည်။ ဆီးချိုရောဂါခံ စားနေရသူ ထက်ဝက်ခန့်သာလျှင် ရောဂါဖြစ်ပွားနေသည်ကို သိရှိပြီး ၁၀ ပုံတစ်ပုံခန့်သာ လိုအပ်သည့်ဆေး ၀ါးကုသမှုခံယူခဲ့သည်ဟု သိရသည်။

၁၉၉၀ ပြည့်နှစ်တွင် အိတ်ခ်ျအိုင်ဗွီ (အေအိုင်ဒီအက်စ်)၊ ၀မ်းလျှောခြင်း၊ ငှက်ဖျားနှင့် ကလေး ရောဂါများသည် အာဖရိကဒေသတွင် သေဆုံးမှုဖြစ်စေသည့် အဓိက ရောဂါများထဲတွင် ပါဝင်ခဲ့သော်လည်း  မျက်မှောက်ခေတ်တွင် နှလုံးရောဂါက ယင်းတို့နေရာတွင် အစားထိုး ၀င်ရောက်ခဲ့သည်။

ဆီးချိုရောဂါသည် သွေးထဲတွင် သကြားပါဝင်မှု ပမာဏအလွန် မြင့်မားခြင်းကြောင့် ဖြစ်ပွားသည့်နာ တာရှည်ရောဂါဖြစ်သည်။ ကုသမှု မခံယူပါက မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးဖောက်ပြန်ခြင်းနှင့် လေသင်တုန်းဖြတ်ခြင်းများ ဖြစ်ပွားနိုင်သည်။

Writer: 



Ref: AFP