ရာသီတုပ်ကွေးရောဂါ (H1N1)ကူးစက်လူနာဦးရေ တိုး လာနိုင်ပြီး စောင့်ကြည့်မြို့ကြီးများ စာရင်းတွင် ရန်ကုန်၊ ဧရာဝတီ နှင့် မန္တလေးမြို့ပါ ထပ်တိုးပါဝင် မည်ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။ လက်ရှိတွင် ဇူလိုင် ၂၄ ရက် အထိ ရောဂါဖြစ်ပွားသူ ၁၃ ဦး၊ သေဆုံးသူ တစ်ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ကူးစက်လူနာအခြေအနေ ထပ်တိုးလာဖွယ်ရှိသဖြင့် ရော ဂါထိန်းချုပ်ရေးလုပ်ငန်းများကို အနည်းဆုံးတစ်လခန့် လုပ်ကိုင် ရမည်ဖြစ်ကြောင်း ဒေါက်တာ သန်းထွန်းအောင်က ဆိုသည်။
‘‘လက်ရှိ ရာသီတုပ်ကွေး ရောဂါ (H1N1)က ပြင်းထန်တဲ့ပိုး ဖြစ်တယ်။ ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို အကြီးအကျယ် လုပ်ရမယ်။ လူနေထူထပ်တဲ့မြို့ တွေကို အဓိကစောင့်ကြည့်ရမယ်။ ရောဂါဖြစ်ပွားတဲ့ ရန်ကုန်နှင့်ဧရာ ဝတီအပြင် လူနေထူထပ်တဲ့ မန္တ လေးကိုပါ ဦးစားပေးစောင့်ကြည့် ရမယ်။ တစ်လလောက်စောင့် ကြည့်ပြီးမှ ရောဂါကို ထိန်းချုပ်နိုင်၊ မနိုင် ကြေညာမယ်’’ဟု ၎င်းက ပြောသည်။လက်ရှိဖြစ်ပွားသည့် တုပ် ကွေးရောဂါပိုးသည် ၂၀၀၉ က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် တုပ်ကွေးပိုးဖြစ်ပြီး ပြင်း ထန်သဖြင့် တစ်နိုင်ငံလုံးစောင့် ကြည့်ရဦးမည့် အခြေအနေဖြစ် ကြောင်း ၎င်းကဆိုသည်။
‘‘လက်ရှိ လူနာက ထပ်တိုး ဖို့ရှိနေတယ်။ တချို့က ရောဂါပျိုး တဲ့ရက်ထဲ ရောက်နေတော့ ရှိနိုင် တယ်။ သူ့ရဲ့ရောဂါပျိုးချိန်က တစ်ရက်ကနေ ၁၀ ရက်အထိရှိ တယ်။ နေ့စဉ် လူနာစာရင်းတွေ ယူရဦးမယ်။ WHO ညွှန်ကြားချက် နဲ့ အကြီးအကျယ်လုပ်ရမယ်။ အခြေအနေက ထိန်းချုပ်နိုင်သလောက် ကြိုးစားလုပ်ရမယ်’’ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။
ရန်ကုန်တိုင်းအတွင်း ရော ဂါဖြစ်ပွားသူသုံးဦးအနက် နှစ်ဦး သည် စိုးရိမ်ရသည့်အခြေအနေ ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေဆဲဖြစ် ပြီး ယနေ့ (ဇူလိုင် ၂၅ ရက်)အထိ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။ ကျန်တစ်ဦးသည် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၌ ကုသမှုခံယူနေပြီး အခြေအနေကောင်းမွန်ကြောင်း သိရသည်။
‘‘လက်ရှိ ဆေးရုံတက်နေတဲ့ လူနာနှစ်ဦးက အခုအချိန်ထိ အသက်ရှင်လျက်ရှိတုန်းပဲ’’ ဟုရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။
ရာသီတုပ်ကွေး ရောဂါ (Seasonal Influenza A(H1N1) 2009) သည် ၂၀၀၁ ကတည်းက မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့ ပြီးနောက် ၂၀၀၉ တွင် ယင်း ရောဂါဖြစ်ပွားသူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၇၆ ဦးရှိခဲ့ပြီး ၂၀၁၆ ၌ ကိုးဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
Ref : Inmya
Tuesday, 25 July 2017
Home »
» ရာသီတုပ်ကွေး(H1N1)ကူးစက်လူနာဦးရေထပ်တိုးလာနိုင်
ရာသီတုပ်ကွေး(H1N1)ကူးစက်လူနာဦးရေထပ်တိုးလာနိုင်
Related Posts:
သွားအရောင်ပြောင်းလာခြင်း ကဖင်းဓာတ် စားသုံးမှု များပြားခြင်း)… Read More
နှုတ်ခမ်းဆိုးဆေးလေးတာရှညခံအောင် အစာနဲ့ ထိတွေ့ခြင်း၊ ရေသောက်ခြင်း စ… Read More
မိန်းမကိုယ် ရောင်ရမ်းခြင်း လက္ခဏာများ မျိုးပွားနိုင်တဲ့ အသက်အရွယ်တွေဖြစ… Read More
သင့်အိမ်ခန်းအတွင်း နှစ်ခြိုက်စွာ အိပ်ပျော်စေရန် အိပ်ခန်းပြင်ဆင်မှုတွေကို ပြင်ဆင်ပြ… Read More
ဝက်ခြံမြန်မြန်ပျောက်ဖို့ လုပ်ဆောင်ရမယ့်အဆင့် (၄) ဆင့် အမျိုးသမီးများသာမက အမျိုးသားတွေမှ… Read More
es514 freedom moses glow,xn--nanamacsromnia-lhb,san antonio shoes,zapatillas pikolinos cantabria,reef hrvatska,sas handbags,akuschuheberlin,hollister kjole,goodrgreece ra744
ReplyDelete