ဂရင်ဂျီနာ အကြောင်းသိကောင်းစရာ
ဂရင်ဂျီနာသည် အတွင်းဘက် အစာဟောင်းအိမ် သို့မဟုတ် စအိုလမ်းကြောင်းနှင့် အပြင်ဘက် စအိုဘေးပတ်လည်ရှိ အရေပြားကို ဆက်ထားသော ပုံမမှန် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသောကြောင့်ဖြစ်သည်။ အချို့သော အမျိုးသမီးများတွင် အဆိုပါလမ်းကြောင်းသည် မွေးလမ်းကြောင်းနှင့်လည်းဆက်သွားတတ်သည်။
ရောဂါလက္ခဏာများ
၁။စအိုဝယားယံခြင်း။
၂။စအိုမှ အဖြူရောင်အရည်များဆင်းခြင်း၊ ရံဖန်ရံခါ သွေးပါခြင်း၊ အနံ့နံသောအရည်များဆင်းခြင်း၊ ဝမ်းသွားလျှင်သွေးပါခြင်း။
၃။ထိုင်သည့်အခါ ၊ချောင်းဆိုးသည့် အခါ နှင့်ဝမ်းသွားသည့် အခါများတွင် စအိုဝ နာကျင်တတ်ခြင်း။
၎။စအိုပြည်တည်နာများနှင့်တွဲ၍ ဖြစ်ပါက စအိုနီရဲခြင်း၊ နာကျင်ခြင်းနှင့် အဖျားတက်ခြင်း
၅။ဝမ်းမထိန်းနိုင်ခြင်းတို့နှင့်ပါတွဲ၍ ဖြစ်နိုင်သည်။
၆။ဂရင်ဂျီနာ၏ အပြင်ဘက်အပေါက်ကို စအိုဝဘေးတွင် တွေ့ရနိုင်ပါသည်။
ဖြစ်ပွားသည့် အကြောင်းရင်းများ
ဂရင်ဂျီနာတော်တော် များများသည် စအိုပြည်တည်နာနှင့်တွဲ၍ ဖြစ်တတ်သည်။
စအိုပြည်တည်နာ ဖြစ်သူ ၄ယောက်တွင် ၁ယောက်ခန့်သည် ဂရင်ဂျီနာဖြစ်တတ်သည်။
ဂရင်ဂျီနာသည် အူလမ်းကြောင်းရောင်ရမ်းသောရောဂါများ၊ အူတီဘီ ၊
အူလမ်းကြောင်းကင်ဆာများ၊လိင်ဆက်ဆံခြင်းမှတစ်ဆင့်ကူးဆက်တတ်သောရောဂါများ နှင့် စအိုလမ်းကြောင်း ပိုးဝင်ခြင်းများနှင့်လည်းတွဲတတ်ပါသည်။
ကုသမှု
ဂရင်ဂျီနာများသည် ခွဲစိတ်ကုသ၍သာ လုံးဝပျောက်ကင်းနိုင်သည်။ ဂရင်ဂျီနာလမ်းကြောင်းတစ်ခုလုံးကို ဖြတ်တောက်ဖယ်ရှားခြင်း၊ ဂရင်ဂျီနာလမ်းကြောင်းကို seton ဟုခေါ်သော ကြိုးစထည့်ပြီးကုသခြင်း၊
စအိုကျုံ့ကြွက်သားများထိပြီး ဝမ်းမလုံခြင်းများပါဖြစ်လျှင် လမ်းကြောင်းတစ်ခုလုံးကို
ဖြတ်တောက်ဖယ်ရှားမည့်နည်းလမ်းအစား အစာဟောင်းအိမ်မှ အသားစယူ၍ အတွင်းဘက်လမ်းကြောင်းကို ပိတ်ဆို့ခြင်းနည်းလမ်းဖြင့်ကုသခြင်းကို စဉ်းစားမည်ဖြစ်သည်။
အမျှင်ဓာတ်များပါဝင်သည့် ကော်တစ်မျိုးကို ဂရင်ဂျီနာလမ်းကြောင်း တစ်လျှောက်သို့
ထိုးသွင်း ကုသခြင်းသည် ခွဲစိတ်ခြင်းမဟုတ်သည့် တစ်မျိုးတည်းသော ကုသနည်းဖြစ်သည်။
သို့သော် အဆိုပါ နည်းလမ်းသည်လည်း မေ့ဆေးပေး၍ ကုသရန်လိုပါသည်။
Credit: Dr Moon (7887 Healthcare call center)
Ref: NHS choices
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Tuesday, 25 July 2017
Home »
» ဂရင်ဂျီနာအကြောင်းသိကောင်းစရာ
ဂရင်ဂျီနာအကြောင်းသိကောင်းစရာ
Related Posts:
ခံတွင်းနံ့နံခြင်းဖြစ်နေရင် ပါးစပ်နံတာဟာ လူအများနဲ့ ထိတွေ့ဆက်ƚ… Read More
စိတ်ဖိစီးမှုဖြေရှင်းနည်း စိတ်ဖိစီးမှုဟာ အသက်ကြီးလာတာနဲ့အမျှ… Read More
ဆေးသင့်ပေမဲ့ဘယ်တော့မှမဆေးတဲ့ပစ္စည်း(၉)ခု ၁ - ဘီး ၂ - သွားတိုက်တံထည့်တဲ့ ဗူး ၃ - အမိ&#… Read More
ရိုးရိုးမွေးခြင်းနှင့်ခွဲမွေးခြင်း၏အားသာချက်၊အားနည်းချက် ကလေးတွေအတွက် လူ့ လောကကိုဝင်လာဖို့  … Read More
ရင်သားတွဲကျခြင်းကိုကာကွယ်နိုင်သောနည်းလမ်းများ ပြည့်ဖြိုးတင်းရင်းတဲ့ ရင်သားအလှကိ… Read More
0 comments:
Post a Comment