အတုမရှိဗုဒ္ဓမြတ်စွာဘုရား
အတုမရှိဗုဒ္ဓမြတ်စွာဘုရား
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Friday 29 January 2016
အအေးမိဖျားနာခြင်း
ရောဂါလက္ခဏာများ
• နှာချေခြင်း၊
• နှာစေးခြင်း၊
• ပရုပ်ပါတဲ့ ရှူဆေးလေးကို အင်္ကျီ အဝတ်အစားမှာဖြစ်စေ၊ အိပ်ရာခင်းမှာဖြစ်စေ ညအိပ်တဲ့အခါ ဆွတ်ပေးပါ။
Unicode Version
အအေးမိဖျားနာခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတဲ့ရောဂါဖြစ်ပြီး နှာခေါင်းနဲ့ ပါးစပ်မှတစ်ဆင့် ခန္ဓာကိုယ်ထဲကို ပိုးဝင်ရောက်ခြင်း ဖြစ်ပါတယ်။ နှာခေါင်း အတွင်းပိုင်းနဲ့ အာခေါင်အပေါ်ယံ အမြှေးများ ရောင်ရမ်းလာပါတယ်။
ခန္ဓာကိုယ်ခုခံအားရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် ၁ဝ ရက်လောက် ကြာတဲ့အခါ ဗိုင်းရပ်စ်ပိုး အန္တရာယ်မှ ကင်းစင်သွားပါတယ်။
စိုးရိမ်ရပါသလားအအေးမိဖျား ရိုးရိုးကတော့ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်ခုခံအား နည်းတဲ့အခါမှာတော့ လေပြွန်ရောင်ခြင်းအထိ ခံစားရတတ်ပါတယ်။ ကလေးငယ်လွန်းရင် အအေးမိကာ နှာခေါင်းပိတ်တဲ့ သာမန်လက္ခဏာလေးကြောင့် အစားမစားနိုင်တဲ့ ပြဿနာရှိတတ်ပါတယ်။
ရောဂါလက္ခဏာများ
• နှာချေခြင်း၊
• နှာယိုခြင်း (သို့) နှာခေါင်းပိတ်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊
• ကြွက်သားများ ကိုက်ခဲနာကျင်ခြင်း၊
• ကလေး စိတ်မကြည်လင်ခြင်း၊
• နှာစေးခြင်း၊
သင်ပထမဆုံး ဘာလုပ်သင့်သလဲ
၁။ ကလေး ကိုယ်အပူချိန် တိုင်းကြည့်ပါ။ အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ် (၁ဝ၄ ဒီဂရီဖာရင်ဟိုက်) ထက်များနေပြီး လေးနာရီ ငါးနာရီ ကြာတဲ့အထိ အဖျားမကျဘူးဆိုရင် ကလေးကို အိပ်ရာထဲမှာနေခိုင်းပါ။ အဖျား ကျအောင် ပြုစုပေးပါ။
၂။ နှာခေါင်းမှ ယိုကျလာတဲ့အရည်
အရောင်ဝါဖြစ်နေမယ်ဆိုရင် ရောဂါပိုး ဝင်ရောက်နေကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။ နှာရည်ဟာ ကြည်ကြည် ချွဲပျစ်ပျစ်ဖြစ်နေရင် တစ်စုံတစ်ခုနဲ့ မတည့်ခြင်းဖြစ်ကြောင်း ဖော်ပြတဲ့ လက္ခဏာပဲ။
၃။ ဆရာဝန်အကြံပြုချက်မရှိဘဲ ဆေးဝါးတိုက်ကျွေးခြင်း မလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။
ဆရာဝန်နဲ့ ပြသဖို့လိုပါသလား
အခြားရောဂါပိုး ဝင်ရောက်နေတယ် ထင်ရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုပါတယ်။ နှာခေါင်းပိတ်သော် လည်းကောင်း၊ အကြောင်း တစ်ခုခုကြောင့်သော် လည်းကောင်း ကလေး မအိပ်နိုင်၊ အစားမစားနိုင် ခံစားနေရတယ် ဆိုရင်လည်း ဆရာဝန်နဲ့ဖြစ်စေ၊ ကျန်းမာရေး ကျွမ်းကျင်ဝန်ထမ်း တစ်ဦးဦးနဲ့ဖြစ်စေ တိုင်ပင်ပြသသင့်ပါတယ်။
ဆရာဝန်က ဘာလုပ်ပေးမှာလဲ
• ဝင်ရောက်တဲ့ ရောဂါပိုးအတွက် ဆေးကုသပေးပါမယ်။
• အစားမစားနိုင်အောင် ဖြစ်နေခြင်းကို သက်သာစေဖို့ နှာခေါင်းအတွင်းသို့ အစက်ချထည့် ဆေးညွှန်ကြားပေးပါလိမ့်မယ်။ ညွှန်ကြားသည်ထက် လွန်အောင် အဲဒီဆေးကို ထည့်မိရင် နှာခေါင်းအတွင်းရှိ အပေါ်ယံအမြှေးလွှာ ပျက်စီးသွားနိုင်တဲ့အတွက် ဂရုပြုလိုက်နာဖို့ လိုပါတယ်။
• ချောင်းအဆက်မပြတ် ဆိုးနေရင်တော့ ချောင်းဆိုးပျောက်ဆေး တစ်မျိုးမျိုး သောက်စေမှာဖြစ်ပါတယ်။
သင်ဘာလုပ်ပေးနိုင်မလဲ
• အသက်ရှူရလွယ်ကူအောင် ခေါင်းအုံးမြင့်မြင့်ကို ကျောအောက်မှာ ခံပေးပြီး ခေါင်းပိုင်းမြင့်ထားပေးပါ။
• ကလေးကို အရည်များများ သောက်ခိုင်းပါ။ နှာခေါင်းတစ်ဖက်ချင်း ဖွင့်ပြီး လေမှုတ်ထုတ်စေပါ။
• ကလေးရဲ့ အခန်းထဲမှာ လေထုကို စိုထိုင်းဆများအောင် စီစဉ်ပေးပါ။
• နှာခေါင်းတစ်ဝိုက်၊ အပေါ်နှုတ်ခမ်းတစ်ဝိုက် နာကျင်နေရင် အဆီတစ်မျိုးမျိုး လိမ်းပေးပါ။
• ပရုပ်ပါတဲ့ ရှူဆေးလေးကို အကျႌ အဝတ်အစားမှာဖြစ်စေ၊ အိပ်ရာခင်းမှာဖြစ်စေ ညအိပ်တဲ့အခါ ဆွတ်ပေးပါ။
• လတ်လတ်ဆတ်ဆတ် သံပရာသီးရည်ကို ရေနွေးပူပူနဲ့ ဖျော်ထားတဲ့ ဖျော်ရည်ကို အိပ်ရာဝင်ခါနီး တိုက်ပေးခြင်းဖြင့် လည်ချောင်းနာခြင်း၊ နှာခေါင်းပိတ်ခြင်းတို့ကို သက်သာစေပါတယ်။
ဒေါက်တာမာမာဆွေ
Credit : Healthcare.com.mm
Thursday 28 January 2016
ဘီပိုးရှိရင်ကုလို့မရဘူးဆိုတဲ့အယူအဆအမှားများ
ဘီပိုးရှိရင် တချို့က ကုစရာမရှိဘူး၊ ကုလို့မရတော့ဘူးဆိုပြီး ပြောကြပါတယ်။
“ဘီပိုးရှိရင် တသက်လုံး ကုမရတော့ဘူးလို့ အရပ်ထဲမှ ပြောကြတယ်ဆရာ၊ ကျွန်တော်ဘယ်တော့ သေမှာလဲပြောပါ ” ဒီလို လာမေးကြတယ်။
တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ အခုခေတ်မှာ ဘီပိုးကို လုံးဝပျောက်အောင် ကုသလို့ ရပါတယ်။ ဘီပိုးကို လုံးဝပျောက်အောင်သေစေတဲ့ ကုတဲ့ဆေးတွေ အများကြီးပေါ်နေပြီ ဆိုတာကို ထပ်တလဲလဲ ပြောလိုက်ချင်ပါတယ်။
ဘီပိုးရှိတဲ့လူတိုင်းလည်း ဒီလိုဘီပိုးပျောက်တဲ့ဆေးတွေကို တခါထဲစားလို့၊ ထိုးလို့မရပါဘူး။ ထပ်ပြောရဦးမယ်၊ ဘီပိုးရှိပြီဆိုတာနဲ့ အဲဒီလို ဘီပိုးသေဆေးတွေကို စားဖို့ဆိုတဲ့ အခုခေတ်ပေါ်နည်း စနစ်သစ် စမ်းသပ်မှု qHBsAg ဆိုတာကို စစ်ရပါမယ်။
qHBsAg ဘီပိုးပျောက်နှုန်းဟာ ၁၅၀၀ အောက်ဆိုရင် ဘီပိုးပျောက်ဖို့ လွယ်မှာပါ။ ဘီပိုးသေဆေး ထိုးဆေး စနစ်တကျ စားဆေးနဲ့ ကုသလိုက်မယ် ဆိုရင် ဘီပိုးလုံးဝပျောက်သွားမှာပါ။
ဒါကြောင့် ဘီပိုးပျောက်အောင် ကုမယ်ဆိုရင် ဘီပိုးရှိတယ်ဆိုတာနဲ့ ဘီပိုးပျောက်နိုင် မပျောက်နိုင် ဆိုတာကို ပထမဆုံးခွဲခြားရပါမယ်။ အဲဒီ ဘီပိုးပျောက်နှုန်းနှင့် ဘီပိုးအကောင် အရေအတွက်ဆိုတာကို စစ်ဆေးပြီး အဲဒီအဖြေတစ်ခုကို တွဲကြည့်ရမှာပါ။
ဘီပိုးကောင်ရေက သိပ်များနေတယ်ဆိုရင် ပထမဆုံး ဘီပိုးသေဆေး TENOFOVIR တီနိုဖိုဗီယာနဲ့ ကုရပါမယ်။ အဲဒီဘီပိုးသေဆေးကို (၃) လသောက်လိုက်ရင် ဘီပိုးတွေဟာ တကောင်မှမရှိဘဲ ပျောက်သွားနိုင်မှာပါ။ အဲဒီအချိန်မှာ qHBsAg ပျောက်နှုန်းကို စစ်လိုက်ပြီး ၁၅၀၀ အောက်ဆိုရင် ဘီပိုးသေဆေး ပီဂေးဆစ် ၁ ပတ်ကို ၁လုံး(၄၈)လုံး ထိုးလိုက်ရင် ဘီပိုးဆိုတာ လုံးဝပျောက်သွားမှာ။
အခုအချိန်မှာ လူနာအတွက် အထူးကောင်းတဲ့အချက်တစ်ခုကတော့ Roche ကုမ္ပဏီကနေပြီး မြန်မာနိုင်ငံက ဘီပိုးရောဂါသည်ကို ဘီပိုးသေဆေး ပီဂေးဆစ် တစ်နှစ်စာ(၄၈)လုံးထိုး ကုသမယ်ဆိုရင် ကုမ္ပဏီက (၂၄) လုံး (တဝက်) အခမဲ့
ထောက်ပံ့နေပါတယ်။ တကယ့်ကို ကောင်းတဲ့အခွင့်အရေး တစ်ခုပါ။
အခုပြောခဲ့တဲ့ ဘီပိုးပျောက်အောင်ကုတဲ့ နည်းစနစ်နှင့်ကုပြီး ဘီပိုးလုံးဝ ပျောက်သွားတဲ့ သူတွေ ရှိနေပါပြီ၊ သေချာကို စနစ်တကျ မှတ်တမ်းတင်ထားတယ် ဆိုတာကို ပြောပြလိုက်ချင်ပါတယ်။
ဘီပိုးဘယ်တော့ ပျောက်မှာလဲဆိုရင် qHBsAg ကို စစ်တဲ့ ခေတ်မီစက်သစ်ကြီး လမ်း (၃၀) ဆေးခန်းမှာရှိနေပါပြီ။ ဘီပိုးရှိတဲ့လူရဲ့သွေးကို ဒီစက်နဲ့စစ်ပြီး ပိုးအကောင် အရေအတွက်ကိုလည်း စစ်ကြည့်လိုက်ပါ။
ဘီပိုးသေဆေး ထိုးပေးလို့ရဆိုရင် ထိုးပေးလိုက်ပါ။ ဒါကြောင့် ဘီပိုးရှိရင် ကုစရာမလိုဘူးဆိုတာ လွဲမှားနေတဲ့ အယူအဆတွေ ဖြစ်ပါတယ်လို့ ပြောလိုက်ချင်ပါတယ်
ကလေးများတွင်ဘာကာကွယ်ဆေးထိုးရန်လိုအပ်ပါသလဲ
တီဘီ ကာကွယ်ဆေးနှင့် အသည်းရောင် ဘီရောဂါ ကာကွယ်ဆေး မွေးမွေးချင်း ထိုးရန်လိုပါသည်။
ကျန်းမာရေး ဦးစီးဌာနကတော့ အသက်တစ်လခွဲ၊ နှစ်လခွဲနှင့် သုံးလခွဲတို့တွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် သုံးမျိုးပေါင်း အသားဆေးတစ်လုံးကို ပေါင်တွင် တစ်ကြိမ်စီ ထိုးပြီး ပါးစပ်ကတော့ ပိုလီယို ကာကွယ်ဆေး အစက်သုံးစက် သုံးကြိမ် ချရပါလိမ့်မည်။
အကြောင်းကြောင်းကြောင့် (ဥပမာ၊ ခရီးသွားနေခြင်း) နောက်ကျခဲ့ပါကလည်း စထိုး၊ စတိုက်နိုင်သည့် အချိန်မှစ၍ တစ်လခြားသုံးကြိမ် ပြန်စနိုင်ပါတယ်။
တစ်ကြိမ်နှင့် တစ်ကြိမ်ကြားတွင် နောက်ကျသွားပါကလည်း နှစ်လထက် ပို၍ မခြားသင့်ပါ။ အချို့ကလေးများ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ထိုးပြီးလျှင် အနည်းငယ် ဖျားတတ်ပါသည်။
ပါရစီတမော အစရှိသည့် ဆေးများကို ဆရာမများက တစ်ခါတည်း ပေးသွားလေ့ ရှိပါသည်။ ဆေးများကို မကြောက်ပါနဲ့။
နောက်တစ်ကြိမ်တွင်လည်း ဆေးဆက်ထိုးပြီး ပါရာစီတမော သောက်ထားနိုင် ပါသည်။ ရှားရှားပါးပါး ဆေးထိုးပြီးလျှင် တက်တတ်သော ကလေးအချို့ ရှိပါသည်။
ထိုကလေးများအတွက်တော့ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ဆက်ထိုးသင့်၊ မထိုးသင့် ဆရာဝန်နှင့် တိုင်ပင်ပါ။ အဖျားကြီး၍ တက်ခြင်းဖြစ်ပါက
နောက်တစ်ကြိမ်ဆေးကို ဆရာဝန်က မထိုးရန် ညွှန်ကြားတတ်ပါသည်။
ပတ်ဝန်းကျင်မှာ အကြံမတောင်းပါနှင့်။ ဆရာဝန်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ
Wednesday 27 January 2016
ကြက်ဥကိုအကျိုးရှိရှိသုံးနိုင်စေဖို့
အာဟာရဓာတ်ပြည့်စုံတဲ့ ကြက်ဥဟာ လွယ်လွယ်ကူကူ ၀ယ်ယူ စားသောက်နိုင်တာကြောင့် အဓိက စားစရာတစ်မျိုးအဖြစ် အိမ်တိုင်းလိုလို စားသုံးကြပါတယ်။ သို့သော်လည်း ကြက်ဥနဲ့ ပတ်သက်တဲ့ အံ့ဖွယ် အသုံးဝင်ပုံတွေကို လူတိုင်း မသိနိုင်တာကြောင့် ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။
စေးစေးပျစ်ပျစ် ကြက်ဥအကာတွေက သားရေ (လယ်သာ) ပစ္စည်းတွေ ညစ်ပေတာတွေ သန့်စင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ကြက်ဥအကာနဲ့ ညင်သာစွာ ပွတ်တိုက်ပေးမယ်ဆိုရင် သန့်ရှင်းတောက်ပြောင်ပြီး အသစ်လို ဖြစ်စေပါတယ်။
ကြက်ဥအကာကို ထုခြေကာ မြေဆွေးနဲ့ရောပြီး သစ်ပင်လေးတွေထဲ ထည့်ပေးရင် အပင် ကျန်းမာသန်စွမ်းစေပါတယ်။ ဒါ့အပြင် ကြက်ဥခွံအကွဲအကြေတွေကို စိုက်ခင်းထဲပစ်ထားရင် ပိုးကောင် မွှားကောင်တွေ၊ ခရု၊ ပက်ကျိ ကောင်တွေ မလာဘူးလို့ ဆိုပါတယ်။ ပြတ်ရှဒဏ်ရာဖြစ်လို့ ပတ်တီး အလွယ်တကူမရှိရင် ကြက်ဥ အမြှေးပါးလေးနဲ့ ကပ်ပေးတာဟာ သွေးအမြန်တိတ်စေပြီး အနာကျက်မြန်စေပါတယ်။
အနုပညာ ဓာတ်ခံရှိသူဆိုရင်တော့ ကြက်ဥအခွံလေးတွေပေါ်မှာ ရုပ်ပုံလေးတွေဆွဲပြီး အိမ်တွင်း အလှဆင်နိုင်တာကြောင့် ဒီလိုလုပ်ဖို့ စိတ်ကူးရင်တော့ ကြက်ဥခွဲတဲ့အခါ ပညာသားပါပါ ခွဲဖို့တော့ လိုအပ်ပါတယ်။
ကြက်ဥပြုတ်ပြီးတဲ့အခါမှာလည်း ကြက်ဥပြုတ်ထားတဲ့ရေကို ဒီအတိုင်းသွန်မပစ်ဘဲ အအေးခံထားပြီး သစ်ပင်ရေလောင်းလို့ရပါတယ်။ အဲဒီရေထဲမှာ အာဟာရဓာတ်တွေရှိနေလို့ အလကား ဆုံးရှုံးမခံသင့်ပါဘူး။
Credit: 7 Day Daily
ဆီးလမ်းကြောင်းကျောက်တည်ခြင်း
ဆီးကျောက် (Renal Calculi) ဆိုတာ မာကျောတဲ့ အရာဝတ္ထုတစ်မျိုးဖြစ်ပြီး ဆီးလမ်းကြောင်း တစ်လျှောက် ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်ကာ နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးလမ်းကြောင်း ပိတ်ခြင်းနှင့် ရောဂါပိုးဝင်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်...
Stones in the Urinary Tract
- သေးငယ်လှတဲ့ ကျောက်တွေဟာ ရောဂါလက္ခဏာ မပြဘဲ ရှိနေတတ်ပါတယ်... ကြီးမားတဲ့ အရွယ်အစားရှိတဲ့ ဆီးကျောက်တွေကတော့ ကျောပြင်နံရိုးနဲ့ တင်ပဆုံရိုးတို့ နှစ်ခုကြားမှာ နာကျင်တဲ့ဝေဒနာကို ဖြစ်ပေါ်စေတတ်ပါတယ်...
- ပုံမှန်အားဖြင့် ရောဂါကို အတိအကျ နာမည်တပ်နိုင်ဖို့ ဓါတ်မှန်ရိုက်ခြင်း၊ Ultra Sound ရိုက်ခြင်း၊ ဆီးစစ်ကြည့်ခြင်းစတဲ့ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်..
- အစားအစာကို ဆင်ခြင်ခြင်းဟာ ဆီးကျောက်တည်ခြင်းကို တစိတ်တဒေသအထိ ကာကွယ်နိုင်ပါတယ်..
- ဆီးကျောက် အရွယ်အစားကြီးလို့ သူ့ဘာသာသူ ပြင်ပကိုမရောက်ရှိနိုင်တဲ့ ကျောက်တွေကို ပြင်ပကနေ ဓါတ်ရောင်ခြည်နဲ့ ချေဖျက်ခြင်း၊ မှန်ပြောင်းဖြင့် ကြည့်၍ သေးငယ်သော ခွဲစိတ်မှု ဖြင့် ထုတ်ယူခြင်း၊ ပုံမှန် ခွဲစိတ်မှုဖြင့် ထုတ်ယူခြင်း စတဲ့ ကုသမှုတွေ လိုအပ်ပါတယ်...
ဆီးကျောက်ဟာ ကျောက်ကပ်၊ ဆီးပြွန်နဲ့ ဆီးအိမ်စတဲ့ နေရာတွေမှာ ဖြစ်ပေါ် တတ်ပါတယ်.. ဒီလိုဖြစ်ပွားတဲ့ နေရာပေါ်မှာ မူတည်ပြီး Kidney stone, Ureteral stone နဲ့ Bladder stone စသဖြင့် သတ်မှတ်ခေါ်ဝေါ်ကြပါတယ်...
အမေရိကားနိုင်ငံမှာ ဆိုရင် တစ်နှစ်မှာ အရွယ်ရောက်ပြီး အမျိုးသားအမျိုးသမီး ၁၀၀၀ မှာ ၁ ယောက်နှုန်းဟာ ဆီးလမ်းကြောင်း ကျောက်တည်မှုကြောင့် ဆေးရုံ တက်ပြီး ကုသမှုခံယူရတယ်လို့ စစ်တမ်းများအရ သိရပါတယ်...
အဓိကအားဖြင့် ဆီးကျောက်တည်ခြင်း ရောဂါဟာ လူလတ်ပိုင်း အသက်အရွယ်တွေမှာ ပိုအဖြစ်များပြီး အသက်ကြီးပိုင်းမှာတော့ အမျိုးသားများက ပိုမိုဖြစ်တတ်ပါတယ်...
ဒီလိုဆီးကျောက်တည်တဲ့ လူနာတွေမှာ တကယ်လို့ ဆီးလမ်းကြောင်းကို အနည်းငယ်ပိတ်စေပြီး ဆီးကျန်မှု ဖြစ်စေခဲ့ရင် ရောဂါပိုးမွှားများ ပေါက်ဖွားပြီး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်..
ဒါ့အပြင် ဒီလိုဆီးလမ်းကြောင်း တစ်ဘက်ဘက်ကို ပိတ်ထားမှု ကာလရှည်ကြာခဲ့ရင် ဆီးတွေများလာပြီး Hydronephrosis လို့ခေါ်တဲ့ ကျောက်ကပ်ဝေဒနာကိုပါ ခံစားရနိုင်ပြီး ကျောက်ကပ် ပျက်ဆီးတတ်ပါတယ်...
ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းများ
ကျောက်တည်ရခြင်းရဲ့ အကြောင်းရင်းများကတော့ ခန္ဒာကိုယ်တွင်း ကျောက်ဖြစ်ပွားမှုကို ဟန့်တားပေးတတ်သော ဓါတ်များချို့ယွင်းခြင်း (ဥပမာ- Citrate သည် ခန္ဒာကိုယ်တွင်းသို့ ရောက်ရှိလာသော calcium (ကယ်လဆီယမ်) ဖြင့် ပေါင်းခြင်းဖြင့် ကျောက်ဖြစ်တည်မှုကို တားဆီးပေးသည်။)၊ ဆီးအတွင်း ဓါတ်ဆားဓါတ် များပြားစွာ ပါဝင်နေတတ်ခြင်း စသည်တို့ ဖြစ်ပါတယ်။ ဆီးကျောက်တွေရဲ့ ၈၀% ခန့်ဟာ ကယ်လဆီယမ်နဲ့သာ ဖြစ်တည်လာကြတာ ဖြစ်ပါတယ်။
နေ့စဉ်စားသုံးတဲ့ အစာအာဟာရထဲမှာ ဗီတာမင်စီဓါတ်၊ ပရိုတင်းဓါတ်၊ ကယ်လဆီယမ်ဓါတ် များပြားစွာ ပါဝင်နေသူများနဲ့ ရေကို လုံလောက်အောင် မသောက်သုံးတတ်သူများ၊ မိမိရဲ့ မိသားစုထဲမှာ ရောဂါဖြစ်ပွားတဲ့သူရှိတဲ့ သူများမှာ ဒီလို ကျောက်တည်တဲ့ ရောဂါ ပိုမိုဖြစ်ပွားတတ်ပါတယ်။
Struvite stones လို့ခေါ်တဲ့ ကျောက်အမျိုးအစားကတော့ ရောဂါပိုးဝင်ထားတဲ့ အခြေအနေမျိုးမှာသာ ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် ဒီကျောက်အမျိုးအစားကို Infection stones လို့လည်း ခေါ်ဝေါ်ကြပါတယ်...
ရောဂါ လက္ခဏာများ
သေးငယ်တဲ့ အရွယ်အစားရှိတဲ့ ကျောက်ဆိုရင် ရောဂါလက္ခဏာ လုံးဝ မပြသတာမျိုး ဖြစ်နိုင်ပါတယ်...
ဆီးအိမ်ထဲမှာတည်တဲ့ ကျောက်အမျိုးအစားကတော့ ဝမ်းဗိုက်ရဲ့ အောက်ပိုင်း (ဆီးခုံနားမှာ) နာကျင်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်....
ဒါမှမဟုတ် ဒီထက်ဆိုးတဲ့ ဆီးလမ်းကြောင်း ပိတ်စေတဲ့အထိ ဖြစ်လာပြီ ဆိုရင်တော့ ခါးနာခြင်းနဲ့ ကျောပြင် တစ်လျှောက်(နံရိုးနှင့် တင်ပဆုံရိုး တို့ကြား) ပြင်းထန်စွာ နာကျင်ခြင်းတို့ ခံစားရတတ်ပါတယ်...
အခြားသော ရောဂါလက္ခဏာများ အနေနဲ့ မူးဝေအော့အန်ခြင်း၊ ချွေးစေးပြန်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်းနှင့် ဆီးထဲတွင် သွေးပါခြင်းစသည့် လက္ခဏာများအပြင် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဆီးလမ်းကြောင်းပိုးဝင်လာရင်တော့ ဆီးမကြာခဏ သွားရခြင်း၊ ချမ်းတုန်၍ ဖျားခြင်း၊ ဆီးသွားစဉ် အနည်ပါခြင်း စသည်တို့ကိုလည်း တွေ့ရနိုင်ပါတယ်..
ကာကွယ်ခြင်း
ဆီးကျောက်တည်ခြင်းကို တစိတ်တဒေသ ထိ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်...
- ရေများများသောက်ခြင်း- လေ့လာမှုများအရ တစ်နေ့ကို အနည်းဆုံး ရေ ၃၀၀ မီလီလီတာပါဝင်တဲ့ ရေခွက်ပေါင်း ၈ခွက်ကနေ ၁၀ ခွက် (၂၄၀၀ ကနေ ၃၀၀၀ မီလီလီတာ/ ၁ လီတာပါဝင်သော ရေသန့်ဘူးကြီး ၃ ဘူးခန့်) သောက်သုံးရင် ဆီးကျောက်ဖြစ်ပွားမှုကို(မည်သည့် ကျောက်အမျိုးအစားမဆို) အထိုက်အလျှောက် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်...
- ကယ်လ်ဆီယမ် ဓါတ်ကြောင့်ဖြစ်တဲ့ ကျောက်တည်တဲ့ ဝေဒနာရှင်တွေ အတွက်တော့ အစားအစာထဲမှာ ကယ်လ်ဆီယမ်ဓါတ် များစွာပါဝင်တဲ့ အစားအစာများ (ဥပမာ- နွားနို့၊ ကွေကာ စသဖြင့်) ကို လိုအပ်သည်ထက် ပိုမိုစားသုံးခြင်းကို ရှောင်ရှားရပါမယ်... ( လိုအပ်သော ပမာဏ တစ်နေ့လျှင် ၁၀၀၀- ၁၅၀၀ မီလီဂရမ်)...
- Uric acid ဓါတ် ပါဝင်တဲ့ကျောက် အမျိုးအစားကြောင့် ဖြစ်တဲ့ ဝေဒနာရှင်တွေ အတွက် အနီရောင်ရင့်တဲ့ အသားများကို လျော့ချစားသုံးဖို့ လိုပါတယ်... ဘာလို့လဲဆိုတော့ ဒီလို အနီရင့်ရောင် အသားတွေဟာ ဆီးထဲမှာ uric acid ဓါတ်ပါဝင်မှုနှုန်းကို များစေလို့ဖြစ်ပါတယ်..
ကုသခြင်း
သေးငယ်တဲ့ အရွယ်အစားသာရှိတဲ့ ဆီးကျောက် အမျိုးအစားဖြစ်ပြီး ရောဂါလက္ခဏာလည်း မပြခဲ့ဘူး၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်း ပိတ်ခြင်း စတဲ့ ပြဿနာတွေလည်း မရှိခဲ့တဲ့ ကျောက်တွေကို မကုသဘဲ ထားလို့ရပါတယ်..
ဒီလို ဝေဒနာရှင်များအနေနဲ့ ရေများများသောက်ခြင်း၊ သွေးပြန်ကြောထဲမှ တဆင့် ဆေးရည်များစွာ သွင်းခြင်း ( receiving large amounts of fluids intravenously) စတဲ့နည်းတွေနဲ့ ဆီးနဲ့အတူ ကျောက်ကျသွားအောင် ပြုလုပ်နိုင်တယ် လို့ ဆိုပါတယ်
(ဒါပေမယ့် ဒီနည်းလမ်းဟာ ကျောက်ကျအောင်လုပ်ဖို့ အထောက်အကူဖြစ်တယ် ဆိုတာ သက်သေတော့ မပြနိုင်ကြသေးပါဘူး)...
ဒါ့အပြင် ရောဂါ ပေါ်မူတည်ပြီး သင့်တော်တဲ့ ဆေးဝါးများနဲ့လည်း သက်သာပျောက်ကင်းအောင် ကုသနိုင်ပါတယ်...
ကျောက်ကပ်ရဲ့ ဗဟိုနေရာ (renal pelvis) ဒါမှမဟုတ် ဆီးပြွန်ရဲ့ အပေါ်ဆုံး ½ လက်မ အပိုင်းမှာ တည်နေတဲ့ ကျောက်တွေကို အပြင်ကနေ sound wave generator ကနေထုတ်လွှတ်တဲ့ shock waves တွေနဲ့ ကျေပျက်အောင် ချေဖျက်နိုင်ပါတယ်...
ဒီလိုချေဖျက်လိုက်ခြင်းဖြင့် ကျောက်ဟာ အပိုင်းစလေးတွေဖြစ်ပြီး ဆီးနဲ့အတူ ပါဝင်သွားနိုင်ပါတယ်...
သေးငယ်တဲ့ အပေါက်ငယ်လေးကနေ မှန်ပြောင်းနဲ့ကြည့်ပြီး ကျောက်ကို ထုတ်တဲ့ကုသမှု (grasping forceps using an endoscope) ကိုလည်း အသုံးပြုကုသနိုင်ပါတယ်...
ဆီးပြွန်ရဲ့ အောက်ပိုင်းကိုရောက်နေတဲ့ သေးငယ်တဲ့ ကျောက်ဆိုရင်တော့ ureteroscope လို့ခေါ်တဲ့ ပိုက်ပျော့ scope ကိုအသုံးပြုပြီး ဆီးကျောက်ကို ချေဖျက်၍ဖြစ်စေ၊ ဖယ်ထုတ်၍ဖြစ်စေ ကုသနိုင်ပါတယ်..
အရွယ်အစား ကြီးတဲ့ ကျောက်အမျိုးအစားတွေကိုတော့ ခွဲစိတ်ကုသခြင်းဖြင့်သာ ထုတ်ယူ နိုင်ပါတယ်...
Credit : လီယိုဒေါက်တာ ( Mutdfan.com )
Tuesday 26 January 2016
အသားဖြူဆေးအကြောင်း
စာတမ်းအများစုမှာ ဖော်ပြထားတဲ့ Glutathione ရဲ. ကောင်းကျိုးများဟာ ကင်ဆာဆေး Chemotherapy မှီဝဲသူတွေကို သက်သာအောင် ဒီဆေးပေးရင်းက အပိုဆုအနေနဲ့ရလာတဲ့ ကောင်းကျိုးအများစု ဖြစ်နေတာကို သတိပြုစေချင်ပါတယ်။
(၄) ဒီအသားဖြူဆေးဟာ သုံးစွဲရန် သင့်မသင့် နှင့် ခွင့်ပြုချက်များရှိထားမှူ အခြေအနေလေး သိပါရစေဆရာ။
(၅) ဒီအသားဖြူဆေးနဲ့ ပတ်သက်ပြီး ထိုးဆေး ၊သောက်ဆေး လိမ်းဆေးတွေအနက်၊ ဘယ်အမျိုးအစားက ပိုပြီး ဆိုးကျိုးများစေပါသလဲ။
Unicode Version
လွန်ခဲ့တဲ့ ငါးလလောက်က အနုပညာဂျာနယ်တစ်ခုက မေးထားတဲ့ အင်တာဗျူး တစ်ခုပါ။ ကျွန်တော် မျှတတဲ့ရှူထောင့်က ဖြေထားတာပါ။ ဖြစ်နိုင်ချေရှိတဲ့ ဆိုးကျိုးတွေ သိတယ်ဆို လုံလောက်ပြီ။ လူတိုင်းဖြစ်မှာတော့လဲ မပာုတ်ပါဘူး။ နောက်ဆုံးတော့ ကိုယ်အတွေးနဲ့ကိုယ် ကယ်လ်စမ်ကွေကာ သောက်ကျတာပဲ။
(၁) အသားဖြူဆေး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ကောင်းကျိုး၊ ဆိုးကျိုး များကို ရှင်းပြပေးပါဆရာ။
အာရှသူ အာရှသားတွေဟာ အသားဖြူချင်ကြတယ်။ အသားဖြူတာဟာ အသားရေကောင်းခြင်း တစ်မျိုးလို့ မှတ်ယူကြတယ်။ အသားဖြူဖို့ နည်းမျိူးစုံ သုံးကြတယ်။ လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး စသဖြင့်ပေါ့။
ဒီဘက်နှစ်တွေမှာ အသားဖြူထိုးဆေးဟာ မြန်မာပြည်မှာ လူသုံးများလာတယ်။ အာရှနိုင်ငံ တော်တော်များများမှာ ခေတ်စားနေတာကတော့ ကြာပါပြီ။ ဒါပေမယ့် အသားဖြူထိုးဆေး (Glutathione ) ရဲ.ကောင်းကျိူး ဆိုးကျိုးကို သိပ္ပံနည်းကြ ဖော်ပြထားတဲ့ Scientific papers စာတမ်း အလွန်နည်းတာကိုတော့စိတ်မကောင်းမိပါဘူး။
စာတမ်းအများစုမှာ ဖော်ပြထားတဲ့ Glutathione ရဲ. ကောင်းကျိူးများဟာ ကင်ဆာဆေး Chemotherapy မှီဝဲသူတွေကို သက်သာအောင် ဒီဆေးပေးရင်းက အပိုဆုအနေနဲ့ရလာတဲ့ ကောင်းကျိုးအများစု ဖြစ်နေတာကို သတိပြုစေချင်ပါတယ်။
ကောင်းကျိုးအနေနဲ့ ပြောရရင် Antioxidant တစ်မျိုးဖြစ်တဲ့အတွက် လူကို အိုမင်းရင့်ရော်စေသော Free radicals များ တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။ နောက် Degenerative Disease လို့ခေါ်ကြတဲ့ အမ်ဆိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါနဲ့၊ မှတ်ဉာဏ် ဆုံးရှုံးခြင်းများကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
အခု အကျိုးရလာဒ်တွေဟာ Low Dose ဆေးရည် ပမာဏနဲနဲ နှင့် စမ်းသပ်ထားသော ရလဒ်များဖြစ်ပြီး အသားဖြူခြင်းရလဒ်ကိုရဖို့ High Dose ဆေးရည်ပမာဏ များစွာ အသုံးပြုရန် လိုအပ်တာကို သတိပြုစေချင်ပါတယ်။
High Dose Glutathione ဟာအသားကို တကယ်ဖြူစေပါတယ်။ ဘာလို့လဲဆိုရင် သူရဲ့ Anti-melanogenic effect က အသားကိုညိုစေသော Eumelanin ကို အသားဖြူစေသော Pheomelanin အဖြစ်ပြောင်းပေးနိုင်လို့ပါ။ ထိုးရမယ့်အကြိမ်အရေအတွက် တယောက်နဲ့တယောက် ကွဲပြားပါတယ်။
အကြမ်းဖျင်း ၃လ မှ ၆ လ တစ်ပတ် ကိုတစ်ကြိမ်ထိုးရပါတယ်။ အသားပိုပြီး ညိုသူတွေက အသားဖြူလာဖို့ အချိန် ပိုလိုပါမယ်။ အသားဖြူလာပြီဆိုရင် ရလဒ်ကို ထိန်းထားဖို့ တလတခါ ဆက်လက် ထိုးပေးရမှားဖြစ်ပါတယ်။
ဘေးထွက်ဆိုးကျိုးကို short term နဲ့ long term နှစ်ပိုင်းခွဲပြောပါရစေ။ Short term အနေနဲ့ ဆေးဓာတ်မတည့်လို့ သွေးအဆိပ်သင့်တာ၊ အင်ပြင်ထွက်တာ၊ အရေပြား ယောင်ရမ်းတာ၊ ဒီထက်ဆိုးရွားရင် ပျို.အန်တာနဲ့ အသက်ရှု ကျပ်တဲ့အထိ ဖြစ်နိုင်တယ်။ Long term ရည်ရှည်အနေနဲ့ ပြောရရင် အသည်း နဲ့ ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။
အထူးသဖြင့် မကြာခဏ ခပ်စိပ်စိပ် ထိုးတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ Thyloid gland သိုင်းလွိုက် အကြိတ် လုပ်ဆောင်ချက်ကို ပျက်စီးစေသဖြင့် ကိုယ်အလေးချိန် တက်တာ ကျတာ ဖြစ်နိုင်တယ်။ အလွန်ဖြစ်ခဲပေမယ့် သတိထားရမှာက မျက်စိကန်းနိုင်ပါတယ်။
(၂) အသားဖြူဆေးကို ဘယ်အသက်အရွယ်တွေ ပိုသုံးစွဲလာကြပါသလဲ ဆရာ။
အသားဖြူဆေး ကိုယောကျာင်္းလေးရော မိန်းကလေးပါ စိတ်ဝင်စားကြပါတယ်။ အသက်ဆိုရင်လဲ အရွယ်စုံပါဘဲ။ အသားဖြူဆေး စျေးကွက်က တကယ်ကို အကြီးကြီးပါ။ ဒါပေမယ့် အသားဖြူထိုးဆေးဟာ အတော်အတန် စျေးကြီးတာမို့ ပှံမှန်ဝင်ငွေရှိတဲ့ ၂၅ နှစ်-၄၀ နှစ်ခြားလောက် အမျိူးသမီးများသာ တကယ်တမ်း ထိုးနိုင်ကြတာပါ။
(၃) ဒီဆေးကို ဘယ်နိုင်ငံတွေ ထုတ်ကြပါသလဲ ဆရာ။ ဘယ်နေရာတွေမှာ ရရှိနိုင်ပါသလဲ။
Glutathione ကို နိုင်ငံတော်တော်များများက ထုတ်ပါတယ်။ ဒါပေမယ့် အသားဖြူဆေးအဖြစ် သုံးဖို. ထုတ်ထားတာ မဟုတ်ဘဲ ကင်ဆာသမားများ သုံးဖို.အတွက် low dosage ampoule ပုလင်းများနဲ့သာ လာပါတယ်။ အခု စျေးကွက်ထဲ မှာရနေတဲ့ အသားဖြူဆေးဟာ High dose Glutathione ကို ဗီတာမင်စီနဲ. ရောပြီးသား လာတာများပါတယ်။ ထိုင်း၊ ဖီလစ်ပိုင် နဲ့ တရုတ်က လာတာပါ။ ဒါပေမယ့် U.S.A ဒါမှမဟုတ် Switzerland ကလို့ပြောပြီး ရောင်းကြပါတယ်။ အလှအပ ဆေးခန်းတွေမှာ ထိုးကျတာ များပါတယ်။ အချို. GPဆေးခန်းမှာလဲ ထိုးပေးတယ်လို့ သိရပါတယ်။
(၄) ဒီအသားဖြူဆေးဟာ သုံးစွဲရန် သင့်မသင့့် နှင့် ခွင့်ပြုချက်များရှိထားမှူ အခြေအနေလေး သိပါရစေဆရာ။
သုံးစွဲရန် သင့်မသင့် ကတော့ ကာယကံရှင်က ဆုံးဖြတ်ရမှာပါ။ ဆုံးဖြတ်တဲ့ နေရာမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးကို ချိန်ထိုးဖို့လိုပါမယ်။ ထိုင်း၊ ဖိလစ်ပိုင်၊ ကိုရီးယားတို့မှာ တွင်တွင်ကျယ်ကျယ် သုံးနေကျတယ် ဆိုပေမယ့် OFF label use ပါ။ ဆိုလိုတာက သက်ဆိုင်ရာ FDA က တရားဝင်တော့ အသိအမှတ် မပြုဘူး။ ဒါပေမယ့်လည်း သုံးနေကြတာပါပဲ။
(၅) ဒီအသားဖြူဆေးနဲ့ ပတ်သက်ပြီး ထိုးဆေး ၊သောက်ဆေး လိမ်းဆေးတွေအနက်၊ ဘယ်အမျိုးအစားက ပိုပြီး ဆိုးကျိူးများစေပါသလဲ။
စောစောက ပြောသလို ဒီခေတ်က ထိုးဆေးခေတ်ပါ။ လူတွေက လိမ်းဆေးတောင် သိပ်စိတ်မဝင်စားကြတော့ဘူး။ အရင် နှစ်နှစ်ဆယ်လောက်က ဆိုရင်တော့ အသားဖြူလိမ်းဆေး အန္တရယ် တော်တော်ကြီးခဲ့ပါတယ်။ အခုလဲ အနည်းအကျဉ်းတော့ ရှိဦးမှာပါ။ ဥပမာ၊ ထိုင်း စာတွေနဲ. အသားဖြူဆေး တွေမှာ ပြဒါး (Mecry) တွေ ပါတတ်ပါတယ်။ အသားကို တစ်ပတ်အတွင်းဖြူစေပါတယ်။ ရေရှည်ကျမှ ဒုက္ခပေးတာပါ။ နောက် တင်းတိတ်အတွက်သာ သုံးရမယ့် Hydroquinone ကို အသားဖြူဆေးအဖြစ် တလွဲသုံးနေတာလဲ မကောင်းပါဘူး။ သောက်ဆေး အနေနဲ့ အသုံးများတာက Glutathione ပါ။ ဒါပေမယ့် Glutathione ကို သောက်ဆေး အဖြစ်သောက်တာက ထိုးဆေးအဖြစ် အသုံးပြုတာထက် အများကြီး Safe ဖြစ်တယ်လို့ ယူဆပါတယ်။ ဘာလို.လဲဆိုတော့ သောက်ဆေးက ဆေးအာနိသင်ရဖို့ အစာအိမ် အူလမ်းကြောင်းကို ဖြတ်ရလို့ပါ။ ဖြည်းဖြည်းချင်း စုပ်ယူတယ်ဆိုတဲ့ သဘောပါ။
(၆) ဒီဆေးဟာ လူခန္ဓာ ကိုယ်မှာ အချိန်ကာလ ဘယ်လောက်ထိကြာအောင် ရှိနေနိုင်ပါသလဲ။
ဆေးတမျိုး ကိုယ်ခန္ဓာ အတွင်းဘယ်လောက် ကြာကြာနေလဲ ဆိုတာကို ဆေးပညာမှာ Half life ဘယ်လောက်လဲဆိုပြီး တွက်ချက်ပါတယ်။ Glutathione Half life ကိုလေ့လာ စမ်းသပ်ထားတာ မရှိသေးပါဘူး။ ဒါပေမယ့် Glutathione ရဲ. Beneficial effect (အသားဖြူစေသော အကျိုးရလာဒ်) က ၆ လ-၁နှစ် လို.ဆိုပါတယ်။ ပြောချင်တာက ဆေးထိုးလို. အသားဖြူသွားပြီးနောက် ဆေးဆက်မထိုးပါက ၆လ ကြာရင် နဂိုမူလ အသားရောင် ပြန်ဖြစ်သွားမယ်လို. ဆိုလိုတာပါ။
(၇) ဘေးထွက်ဆိုးကျိုး မဖြစ်ဘဲ အလှအပကို ပိုင်ဆိုင်နိုင်အောင် အသားအရေအတွက် ဘာတွေ လုပ်သင့်ပါသလဲ။
နေရောင်ရဲ.ဆိုးကျိုးကို လူတွေ မေ့နေကြပါတယ်။ နေရောင်ကြောင့် တင်းတိတ်၊ နေလောင်ကွက်တွေ ဖြစ်လာနိုင်သလို အသားရေကို ညစ်တစ်တစ် ဖြစ်စေတယ်ဆိုတဲ့ အချက်ကိုပေါ့။ ဒါကြောင့် နေရောင်ကို တတ်နိုင်သလောက် ရှောင်ပါ။ နေပူထဲသွားရင် ထီးဆောင်းပါ။ Sun block လိမ်းပါ။ ညဘက် ရေဓာတ်ဖြည့်တင်းမဲ့ Hydration cream တမျိုးမျိုး ကို လိမ်းအိပ်ပါ။ Antioxidant ဗီတာမင်များ အေ၊ စီ၊ အီး ကိုမှီဝဲပါ။
(၈) ဒီဆေးနဲ. ပတ်သက်ပြီးဆရာဝန် တယောက်ရဲ့ သဘောထား မှတ်ချက်လေး သိပါရစေ။
I am not a big fan of Glutathione injection. ကျွန်တော် အသားဖြူဆေး ထိုးဖို. ညွှန်ကြားလေ့ မရှိပါဘူး။ ကျွန်တော်ဆေးခန်းမှာလဲ အသားဖြူဆေး မထိုးပေးပါဘူး။ Patients တွေ မေးလာရင်သာ အကျိုးအကြောင်း ရှင်းပြပေးပါတယ်။ ထိုးချင်တဲ့ သူတွေကို ဆန္ဒ အရမ်းမစောဖို့နဲ့ ၊ အများဆုံး တစ်ပတ် တစ်ခါသာ ထိုးဖို.တော့ မဖြစ်မနေ မှာတတ်ပါတယ်။ တန်ဆေး လွန်ဘေး မဖြစ်ဖို.တော့ လိုမယ်ထင်ပါတယ်။
(၉) ဆရာ အနေ နဲ. ဘာများထပ်ပြီး ဖြည့်စွက်ပြောချင်ပါသလဲ ဆရာ။
မေးသွားတာ အတော်လေးပြည့်စုံပါတယ်။ ကျေးဇူးတင်ပါတယ်။
Credit : ဒေါက်တာ ရဲသွင်