လူနာတချို့သည် ငုတ်စူး၍ဖြစ်စေ၊ ပုလင်းကွဲရှ၍ဖြစ်စေ ဆေးခန်းသို့ ရောက်လာသောအခါ မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးဆေး ထိုးပေးမည်ဟုပြောလျှင် “လိုလို့လား ဆရာ၊ သံစူးတာမဟုတ်ဘူး ဆရာ၊ ပုလင်းကွဲစူးတာ၊ ငုတ်စူးတာပါ” စသည်ဖြင့် မေးခိုင်ကာကွယ်ဆေး ထိုးရန် ငြင်းပယ်တတ်ကြသည်။
တချို့ဆိုလျှင် သံစူးတာပင်လျှင် သံက အသစ်မို့ သံချေးမရှိတာမို့ မေးခိုင် ကာကွယ်ဆေးထိုးဖို့ မလိုဟု ထင်မှတ်မှားနေကြသည်။ မေးခိုင်ရောဂါပိုးမှာ ဗက်တီးရီးယားပိုးတစ်မျိုးဖြစ်ပြီး အောက်ဆီဂျင် မရှိသောနေရာတွင် ရှင်သန်သည်။ မည်သည့်အရာဖြင့်မဆို (ငုတ်၊ ပုလင်းကွဲ၊ ဆူး၊ သံ) နက်ဝင်သွားပြီး အ၀ပိတ်သွားသောအခါ အောက်ဆီဂျင် မရရှိနိုင်တော့မှုကို အခွင့်ကောင်းယူကာ
မေးခိုင်ပိုးများ ရှင်သန်ပေါက်ဖွားလာသည်။
ထို့ကြောင့် နက်ဝင်သော ဒဏ်ရာမှန်သမျှအတွက် မေးခိုင်ရောဂါကာကွယ်ဆေး ထိုးသင့်သည်။ သံစူးလျှင် သံချေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မေးခိုင်ဖြစ်နိုင်ပါသည်။
• နက်ဝင်သောဒဏ်ရာဖြစ်လျှင် မေးခိုင်ကာကွယ်ဆေး ထိုးသင့်သည်။
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
Credit : ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ
Friday, 15 January 2016
Home »
» မေးခိုင်ကာကွယ်ဆေးထိုးခြင်း
မေးခိုင်ကာကွယ်ဆေးထိုးခြင်း
Related Posts:
အတွင်းခံဘောင်းဘီနှင့်ကျန်းမာရေး ကျန်းမာရေးဟုဆိုရာတွင် တကိုယ်ရည်သန… Read More
လည်ချောင်းနာ သက်သာစေမယ့် အိမ်တွင်းသဘာဝနည်းလမ်းများ လည်ချောင်းနာဝေဒနာ ပျောက်ကင်းစေဖို… Read More
ဘယ်ဘက်စောင်းအိပ်ခြင်းက ကျန်းမာရေး ပိုမိုကောင်းမွန်စေနိုင် လူတစ်ဦးရဲ့ ကျန်းမာရေးကောင်းမွန်မ… Read More
ကိုယ်ဝန်ဆောင်များသိကောင်းစရာ ၁။ ကိုယ်ဝန်ရှိပြီဆိုတာ ဘယ်လိုသိနိƞ… Read More
ကင်ဆာရောဂါမှကာကွယ်ပေးသောစူပါအစားအစာများ ပန်းဂေါ်ဖီစိမ်း ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုƛ… Read More
0 comments:
Post a Comment