တရားခံအစစ်က ဗက်တီးရီးယား၊ နာမည်တပ်ပြောရရင် အီကိုလိုင် ဆိုတဲ့ အကောင်ဖြစ်တယ်။ ပိုးဝင်လာပြီး၊ ၁-၂ ရက်ဆိုရင် လက္ခဏာတွေ ပြတယ်။ ဆီးသွားရတာ ပူလောင်၊ နာကျင်နေမယ်။ ဆီးခဏခဏလဲ သွားချင်နေမယ်။
သွားချင်လာရင်လဲ Bathroom ရေချိုးခန်း တန်းပြေးမှ မဟုတ်ရင် တစက်တစက် လမ်းမှာ ထွက်မယ်။ ကြာတော့ ဆီးကထွက်စရာ မရှိတော့ဘူး။ ဆီးထဲမှာ အနယ်ပါနေမယ်။ အနံ့လဲ ဆိုးလာမယ်။ တခါတလေ ဆီးထဲမှာ သွေးပါမယ်။
အငိုတိတ်အောင် လုပ်ရတာ ရောဂါကြောင့် ဆိုရင်တော့ သိပ်မခက်ပါ။
• အဝတ်ကို ရေခပ်နွေးနွေး ဆွတ်ပြီး နာနေတဲ့ ဆီးစပ်နေရာမှာ အုပ်ပေးပါ။
• ခင်ပွန်းနဲ့ မဆက်ဆံခင်နဲ့ ဆက်ဆံအပြီးတိုင်း ဆီးသွားပေးပါ။
• ရေ ၊ အရည် အများကြီးသောက်ပါ။
• Cranberry juice ဖျော်ရည်ကို ညွှန်းတယ်။ ကိုယ့်ဆီမှာရှိတဲ့ လိမ္မော်၊ သံပုရာ၊ ကမ္ဗလာ၊ ငှက်ပျောသီး၊ ဖရဲသီး၊ အာလူး၊ ချောကလက်၊ ပဲတောင့်ရှည် ကောင်းပါတယ်။
• အသား၊ ငါး၊ ဥ၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ကော်ဖီ၊ ချဉ်တဲ့ (ခရင်မ်)၊ ဝိုင်၊ ဒိန်ချဉ် (ရောဂတ်)၊ (ဘတ်တား-မစ်လ်ခ်)၊ တွေက အက်စစ်များစေလို့ လျှော့ရ ၊ ရှောင်ရပါမယ်။
• Medication ဆီးလမ်း ပိုးဝင်ခြင်းအတွက် ပဋိဇီဝဆေးတွေက အသုံးများတာတွေမို့ ဝယ်လို့ လွယ်ပါတယ်။
• ပိုးသေဆေးတွေကို ဖြစ်မှ မဟုတ်ဘဲ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သောက်နိုင်ပါတယ်။
• နာတာ သက်သာဘို့ အများဆုံးသုံးကြတာက Pyridium (Phenazopyridine hydrochloride) ဆေးပြား၊ တခါသောက် 200 mg ကို တနေ့ ၃ ကြိမ်၊ ၂ ရက်။ Spasmogin နဲ့ Buscopan ဆေးတွေလဲ သုံးနိုင်တယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
• ဆီး အက်စစ်ဓါတ် များနေရင် ပိုးက ကြိုက်တယ်။ ဒါ့ကြောင့် အက်စစ်ဓါတ် နည်းအောင် ရေအများကြီး သောက်တာအပြင် Cystopurin (Potassium citrate) ဆေးပါ သောက်သင့်တယ်။
• အစာအိမ် လေနာအတွက် ပေးတဲ့ အက်စစ်ပျယ်ဆေး Antacids တွေကလည်း ကောင်းတယ်။ Magnesium hydroxide တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်။
• Acidic Urine ဆီး အက်စစ်ဓါတ် များနေခြင်းကိုလဲ ဖတ်ပါ။
ဆီးအောင့်လို့ ခဏခဏသွားရ၊ ကြာတော့ ဆီးကမရှိတာမို့ မထွက်လာ၊ ဒါကို အရပ်ထဲမှာ ဆီးအတင်းသွားစေတဲ့ ဆေးမျိုး အသောက်ခိုင်းတတ်တာ လုံးဝမှားပါတယ်။
Lasix လို Diuretic ဆေးတွေက ကိုယ်ရောင်တာ၊ သွေးတိုးတာတွေမှာသာ သုံးရတာ ဖြစ်တယ်။ ဒီရောဂါမှာ မသောက်ရပါ။ ပိုဆိုးစေတယ်
Friday, 22 January 2016
Home »
» ဆီးအောင့်ခြင်းဖြစ်ခဲ့လျှင်
ဆီးအောင့်ခြင်းဖြစ်ခဲ့လျှင်
Related Posts:
သင်သိရဲ့လား? ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါ… Read More
ညှင်းတွေဘာကြောင့်ဖြစ်လာရသလဲ ညှင်းကွက်ကလေးတွေက အရေပြားမှာ လာရေƞ… Read More
သင်သိရဲ့လား(၂) ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါ… Read More
ကိုယ်နေဟန်ထားမှန်ကန်စေဖို့ <<< Zawgyi Version >>> ကိုယ်နေဟန်ထား မှန်ကန်ခြင်းေ… Read More
လူတွေမှာပါးချိုင့်ပါရတဲ့အကြောင်းရင်း ပါးချိုင့်လေးတွေနဲ့ ချစ်စရာကောင်း… Read More
0 comments:
Post a Comment