အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Monday 18 January 2016

လျှာကပြောတဲ့ကျန်းမာရေး

နမကောင်းဖြစ်လို့ ဆေးခန်းသွား ပြတဲ့အခါ ဆရာဝန်က လျှာထုတ် ခိုင်းပြီး စစ်ဆေးရတဲ့အကြောင်း ရင်းရှိပါတယ်။ အဲဒါကတော့ လျှာကနေတစ်ဆင့် ကျန်းမာရေးအခြေအနေကို သိနိုင်တဲ့အတွက်ကြောင့် ဖြစ်ပြီး လျှာဘယ်လို အရောင်ဆိုရင် ဘယ်လိုရောဂါကြောင့်ဆိုတာ သိနိုင်အောင်လို့ ဖော်ပြပေးလိုက် ပါတယ်။

အနီရင့်ရောင်

လျှာရဲ့ အရောင်က ပုံမှန်ဆိုရင် ပန်းရောင်လေးဖြစ်ပေမယ့် အနီရင့်ရောင် လိုမျိုးဖြစ်နေရင်တော့ သွေးအားနည်းရောဂါ၊ ကာဝါဆာကီရောဂါနဲ့ ကူးစက် အဖျားရောဂါ တစ်ခုခုကြောင့်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

အဖြူ (သို့) နို့နှစ်ရောင်

လျှာအရောင်က အဖြူ  (ဒါမှ မဟုတ်) နို့နှစ်ရောင်၊ ဒိန်ခဲရောင်လို အလွှာမျိုးဖြစ်နေရင်တော့ ခံတွင်းရောဂါ တစ်ခုခုဖြစ်နေတာကြောင့်ပါ။

အဝါရောင် (သို့) လျှာထူနေခြင်း

လျှာပေါ်မှာ အဝါရောင်အလွှာလိုမျိုး တွေ့နေရင်တော့ ခန္ဓာကိုယ်မှာ အပူတွေများနေလို့ (ဒါမှမဟုတ်) ဘက်တီးရီးယားတွေ များနေလို့ဆိုတာ သိထားလိုက်ပါ။

လျှာချောနေခြင်း

ပုံမှန်ဆိုရင် လျှာမျက်နှာပြင် လွှာက ကြမ်းကြမ်းလေးဖြစ်ပေ မယ့် အရမ်းကို ချောမွတ်နေပြီး နာကျင်တာ၊ အထိမခံနိုင်တာတွေ ဖြစ်လာရင်တော့ အာဟာရချို့တဲ့တဲ့ လက္ခဏာတစ်ခုလို့ ဆိုရမှာပါ။

လျှာတွင် အဖုထွက်ခြင်း

လျှာဘေးဘက်မှာ နာကျင်မှုမရှိတဲ့ အဖုလိုမျိုး ထွက်လာပြီး နှစ်ပတ် (ဒါမှမဟုတ်) ဒီထက်စောစော ပျောက်သွားရင် စိုးရိမ်စရာ မရှိပေမယ့် အဲဒီကာလထက် ကျော်သွားတာတောင် မပျောက်သေးဘူး ဆိုရင်တော့ ခံတွင်းကင်ဆာရဲ့ လက္ခဏာဖြစ်နေမလား ဆိုတာ သိထားရမှာပါ။ လျှာကြီး မည်းပြီး အမွှေးတွေ ပေါက်လာခြင်း ဒီလိုအခြေအနေဆိုရင်တော့  ခံတွင်းသန့်ရှင်းရေး မလုပ်လို့ဆိုတာ အချက်ပြတာပါ။

လျှာနာကျင်ခြင်း

လျှာနာကျင်တာ၊ ပါးစောင် အတွင်းဘက်မှာ နာကျင်တာဟာ အချွန်အတက် တစ်ခုခုနဲ့ ထိခိုက်မိလို့ (သို့မဟုတ်) လျှာကိုက်မိတာကြောင့်လည်း ဖြစ်တတ် ပါတယ်။

ပပ်ကြားအက်ခြင်း

လျှာပေါ်မှာ နာကျင်တာတွေ မရှိဘဲ ပပ်ကြားအက်တာမျိုးက ပူပူလောင်လောင် တစ်ခုခု စားလိုက်လို့ လျှာအပူလောင်တဲ့အခါ ဖြစ်လေ့ပြီး အသက်အရွယ် ကြီးလွန်းရင်လည်း ဖြစ်တတ်ပါတယ်။

အပူလောင်သလို ခံစားရခြင်း

အပူလောင်ခံရလို့မဟုတ်ဘဲ နဲ့ သူ့အလိုလိုလျှာတွေ အပူလောင်သလိုဖြစ်ပြီး တဆစ်ဆစ်နဲ့ စပ်ဖျဉ်းဖျဉ်းခံစားရခြင်း၊ ခံတွင်းခြောက်ပြီး ခံတွင်းပျက်တာ မျိုးတွေဟာ အမျိုးသမီးတွေ သွေးဆုံးချိန်တွေမှာ ဖြစ်လေ့ရှိပါတယ်။



ခရမ်းရောင်ဖြစ်နေခြင်း

အရောင်ပါတဲ့ တုတ်ထိုး သကြားလုံးတွေ အကြာကြီးငုံပြီး စားထားလို့ ဖြစ်နိုင်သလို လျှာမှာ သွေးလည်ပတ်မှု မကောင်းတဲ့ အတွက်ကြောင့်လည်း ဖြစ်တတ်ပါတယ်


0 comments:

Post a Comment