အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday 29 July 2016

မသိလို့မဖြစ်တဲ့ဆံပင်ကျန်းမာရေးအချက်(၅)ချက်

၁ - ခေါင်းမလျှော်ခင် ဘီးဖြီးပါ

ခေါင်းမလျှော်ခင် ဆံပင်ဖြီးသပ်ပေးရပါတယ်။ ခေါင်းလျှော်တဲ့ အခါမှာ ပိတ်ဆို့မှု မဖြစ်စေဖို့ ဖြစ်ပြီး ဒါဟာ ဦးရေးပြားကို သွေးလျှောက်ရာမှာ ကောင်းမွန်စေပါတယ်။

၂ - ပိုးသားခေါင်းအုံးစွပ်သုံး

ပိုးသားဟာ အသားအရေအတွက် ကောင်းမွန်သလို သင့်ခေါင်းရဲ့ စိုစွတ်မှုကိုလည်း ထိန်းပေးထားပါတယ်။

၃ - နှိပ်

ဦးရေပြားကိုလည်း နှိပ်ပေးသင့်ပါတယ်။ ခေါင်းလျှော်တဲ့အခါတိုင်း နှိပ်ပေးတာဟာ ဦးရေပြားရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဆံပင်လည်း အရှည်မြန်ပါတယ်။

၎ - ဘီးကျဲ

စိုနေတဲ့ဆံပင်တွေကို ဖြီးတဲ့အခါ ဘီးကျဲကျဲကို အသုံးပြုသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဆံပင် ကျိုးပြတ်တာတွေ ဖြစ်နိုင်ပါတယ်။

၅ - ကျွတ်နှုန်း

တစ်ရက်မှာ ဆံပင်အချောင်းပေါင်း ၁၀၀ နဲ့ ၁၀၀ အထက် ကျွတ်ပါတယ်။ ဆံပင်တွေကို ဂရုတစိုက်ထိန်းသိမ်းဖို့ လိုပါတယ်။

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

မိုးရာသီနဲ့ဒူးရင်းသီး

အနံပြင်းတဲ့ အထဲမှာ သူက ထိပ်ဆုံးကပါလို့ မကြိုက်သူအများရဲ့ နှာခေါင်းရူပ်တာတွေ ခံနေရတဲ့ စားကောင်း အာဟာရ ဖြစ်လှတဲ့ အသီးပါ။ ယခု မိုးကာလရာသီချိန် ဖြစ်တာနဲ့အညီ ပေါပေါနဲ့ စားနိင်လာတဲ့ နှစ်သက်သူများအတွက် ဒူးရင်းသီးပါ။ အင်္ဂလိပ် နာမည်မှာလည်း Durian လို့ပဲ ခေါ်ပြီး ရုက္ခဗေဒနာမည်ကတော့ Durio zibethinus လို့ခေါ်ကြောင်း သိရပါတယ်။ 

ဒူးရင်းသီးမျိုး ၃၀ လောက် အမျိုးစားကွဲများရှိပြီး ထိုထဲမှာမှ အမျိုးအစား (၉) မျိုးလောက်သာ စားကောင်းပါတယ်။ နိင်ငံတကာ ဈေးကွက်တွေမှာတော့ Durio zibethinus ဆိုတဲ့ ဒူးရင်းတစ်မျိုးသာရရှိပြီး ကျန်တဲ့အမျိုးအစားတွေ ကိုတော့ ဒေသတွင်းမှာသာ ရောင်းချလျက်ရှိပါတယ်။

ဒူးရင်းသီးဟာ အပူပိုင်းသစ်သီးတွေ ဖြစ်တဲ့ ဌက်ပျောသီး၊ ထောပတ်သီးတို့လိုပဲ အာဟာရ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေမှာ ကြွယ်ဝပါတယ်။ ဒူးရင်းသီးတစ်လုံးကို ၆၀၂ ဂရမ်လောက်ရှိပြီး ကယ်လိုရီက ၈၈၅ နှုန်းရှိပါတယ်။ ထိုထဲမှာမှ အသားဓာတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်တွေ အပြင် ဗီတာမင် စီ အများဆုံးနဲ့ ဗီတာမင် B6 တို့ အများဆုံး ပါဝင်ပါတယ်။ ထိုဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံမူအားကို မြင့်တက်ပေး ပြီး ရောဂါတွေကို ကာကွယ်ပေးနိင်ပါတယ်။ အသီးဟာ နူးညံလှပြီး အစားခြေလွယ်အောင်ကူညီပေးတဲ့ Fructose ကဲ့သို့ သကြားဓာတ်တွေ ပါဝင်တဲ့အတွက် အစားခြေမူကို လွယ်ကူစေပြီး ခွန်အားကို ဖြည့်တင်းပေးတဲ့နေရာမှာ လွယ်လွယ် ခန္ဓာကိုယ်ကို ဖြည့်တင်းပေးနိင်ပါတယ်။

ပိန်တဲ့ သူများကိုလည်း ဝစေနိင်တဲ့ အာဟာရတွေပါဝင်ပြီး ပြည့်ဝလွယ်တဲ့ မကောင်းတဲ့ ကိုယ်လက်စထောတွေ မပါဝင်တဲ့အတွက် စားသင့်တဲ့ အသီးတစ်သီး ဖြစ်ပါတယ်။

Credit : Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

မျက်လုံးအောက်ကအရေးအကြောင်းတွေပျောက်စေမဲ့လေ့ကျင့်ခန်း

မျက်အိတ်တွဲတာ၊ မျက်လုံးအောက်မှာ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်တာဟာ အောက်ပါ အချက်တွေကြောင့်ပါ။

၁ - အိပ်ရေးပျက်များခြင်း

၂ - မှောက်အိပ်တာ များခြင်း

၃ - အသားအရေခြောက်ခြင်း

၎ - အရက်အလွန်အကျွံသောက်ခြင်း

၅ - အငန်စားများခြင်း

၆ - နေရာင်ခြည် UV ဒဏ်ကို ခံရခြင်း

၇ - အရေပြားကိုတင်းမာစေတဲ့ collagen ပစ္စည်းများ ပျက်စီးခြင်းတို့ဖြစ်ပါတယ်။

လုပ်ရမယ့် လေ့ကျင်ခန်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁ - အရှေ့တည့်တည့်ကို ကြည့်ပါ။

၂ - ပါးစပ်ကို "အို" ပုံစံ ဖွင့်ထားပါ။

၃ - ခေါင်းနဲ့နဖူးကို မရွှေ့ဘဲ အပေါ်ကို မော့ကြည့်ပါ။

၎ - ဒီအတိုင်းကြည့်ပြီး ၅ စက္ကန့်လောက်ထားပါ။

၅ - ဒီလိုမျိးသုံးကြိမ်လုပ်ပါ။

နေ့စဉ်အချိန်ရတိုင်း လုပ်ပေးသင့်ပါတယ်။

ရှောင်သင့်တဲ့အရာများ

၁ - ဆားလျှော့စားပါ။

၂ - ပက်လက်အိပ်ပါ။

၃ - ဆေးလိပ်သောက်ဖြတ်ပါ။

၎ - အရက်သောက်လျှော့ပါ။

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ကိုယ်နေဟန်ထားမှန်ကန်စေဖို့

<<< Zawgyi Version >>>

ကိုယ်နေဟန်ထား မှန်ကန်ခြင်းကြောင့် အများအမြင်မှာ တင့်တယ်စေနိုင်သလို အသက်ရှူနှုန်းကို လွယ်ကူချောမွေ့စေပြီး ကျန်းမာရေး ကောင်းကျိုးများစွာ ရရှိစေနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ ကိုယ်နေဟန်ထားတွေကို ဒီနေ့ကစပြီး ပြုပြင်လိုက်ကြပါစို့ …

(1)  ခန္ဓာကိုယ်ကို အမြဲတမ်း မတ်မတ်ထားပါ

ခန္ဓာကိုယ်ကို အမြဲတမ်းမတ်မတ်ထားပြီး မတ်မတ်ရပ်ရပါမယ်။ ခန္ဓာကိုယ် တည့်တည့်မတ်မတ် ထားခြင်းကြောင့် ခန္ဓာကိုယ် သွယ်လျသလို ထင်ဟပ်စေနိုင်သကဲ့သို့ ပင်ကိုယ်အရပ်အမောင်းထက် ရှည်သွားစေနိုင်ပြီး မိမိကိုယ်ကို ယုံကြည်စိတ်လည်း တိုးစေနိုင်ပါတယ်။

ကိုယ်ဟန်အနေအထား မမှန်ခြင်းကြောင့် ခံစားရနိုင်တဲ့ ကျောနာခြင်း၊ လည်ပင်းနာခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အစာမကြေခြင်း၊ ၀မ်းချုပ်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ဖြစ်နိုင်ခြေမှ ကင်းဝေးစေနိုင်ပါတယ်။

(2)  မိမိရဲ့ခန္ဓာကိုယ်အနေအထား မှန်/မမှန် မှန်ရှေ့မှာ ဘေးတစောင်း ရပ်ကြည့်ပါ

မှန်ရှေ့မှာဘေးတစောင်းရပ်ပြီး ကိုယ့်ကိုယ်နေဟန်ထား မှန်မမှန်ကြည့်ကာ လိုအပ်သလိုပြုပြင်ပါ။ တင်ပါးကို အနောက်ဘက်သို့ အသားပေးထားကာ ၀မ်းဗိုက်နဲ့ ဆီးခုံရိုးကို အတွင်းဘက်သို့ ရောက်ရှိစေရပါမယ်။ လက်ပြင် ကုန်းမသွားစေရန်အတွက် ပခုံးကိုအလျားလိုက် တပြေးညီတည်းဖြစ်နေစေရန် မတ်မတ်ထားရမှာဖြစ်ပါတယ်။

(3)  ထိုင်နေချိန်မှာ ခန္ဓာကိုယ် မတ်မတ်ထားခြင်းကြောင့် ကျောနဲ့ လည်ပင်းဆိုင်ရာ ပြဿနာတွေဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်

ဦးခေါင်းတည့်မတ်ခြင်းမရှိလျင် လည်ပင်းနဲ့ ကျောပေါ်မှာ ၀န်ပိစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် မတ်မတ်ထားခြင်းနဲ့အတူ ဦးခေါင်းကိုလည်း တည့်မတ်နေစေသင့်ပါတယ်။ နားဟာပခုံးနဲ့ တတန်းတည်းဖြစ်နေသင့်ပြီး ပခုံးကိုအောက်သို့ချထားပါ။ ခြေထောက်ကို ကြမ်းပြင်နဲ့ထိနေစေသင့်ပြီး တင်ပါးနဲ့ ဒူးခေါင်းက 90 ဒီဂရီ အနေအထား ရှိနေသင့်ပါတယ်။ တင်ပဆုံရိုးနဲ့ ကျောရိုးဖြောင့်တန်းမှုကို ဟန်ချက် မညီစေနိုင်တာကြောင့် ခြေထောက်ချိတ်ထိုင်ခြင်း မပြုသင့်ပါ။ မတ်မတ်ထိုင်ရမယ် ဆိုပေမယ့် စက်ရုပ်ကြီးလို တောင့်တောင့်တင်းတင်း အနေအထားမျိုးတော့ မဖြစ်သင့်ပါဘူး။

(4) ခေါင်းမော့ရင်ကော့ဆိုတဲ့ စကားကို လမ်းလျှောက်တဲ့အခါတိုင်း ကျင့်သုံးပါ

ခေါင်းမငုံ့သင့်ပါ။ ဦးခေါင်းကို မိမိသွားလိုတဲ့ နေရာကို ဦးတည်ထားပြီး ခြေလှမ်းတိုင်းကို ညင်သာစွာ လျှောက်လှမ်းသင့်ပါတယ်။ ၀မ်းဗိုက်ကြွက်သားတွေ ရှေ့သို့အားပြုပြီး ၀မ်းဗိုက်ပူမနေစေရန် သတိပြုသင့်တဲ့အပြင် ပခုံးကြွက်သားတွေ ငုပ်လျှိုးပြီး လက်ပြင် ကုန်းမနေစေရန်လည်း သတိရှိသင့်ပါတယ်။ သယ်စရာ ပစ္စည်းတစ်ခုခုရှိပါက လက်တစ်ဖက်မှတစ်ဖက်သို့ ပြောင်းလဲကိုင်သင့်ပြီး ကျောပိုးအိတ် လွယ်မယ် ဆိုပါကလည်း ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ခြေထောက်အား ဆန့်ကျင်ဘက် လှုပ်ရှားမှုမဖြစ်နေစေရန် ပစ္စည်းတွေကို နိုင်သလောက်ဝန်သာ သယ်ဆောင်သင့်ပါတယ်။

(5) ကိုယ်ကာယလုပ်နေချိန်မှာ ကိုယ်နေဟန်ထား မှန်ကန်ပါစေ

ကိုယ်ကာယလုပ်နေချိန်မှာ ကိုယ်နေဟန်ထား မှန်ကန်ခြင်းက ထိခိုက်ဒဏ်ရာရခြင်းမှ အကာအကွယ်ဖြစ်စေကာ ခန္ဓာကိုယ် အချိုးအစားကျနေမှုအတွက်လည်း အထောက်အကူရစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ချိန်မှာ မှန်ကန်တဲ့ ကိုယ်နေဟန်ရှိနေစေရန် ဂရုပြုသင့်ပြီး လေ့ကျင့်ခန်းပြင်းပြင်း ထန်ထန်လုပ်ခြင်းမှ ရှောင်ကျဉ် သင့်ပါတယ်။

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

လူတွေမှာပါးချိုင့်ပါရတဲ့အကြောင်းရင်း

ပါးချိုင့်လေးတွေနဲ့ ချစ်စရာကောင်းသူတွေကို မြင်ဖူးတွေ့ဖူးကြမှာပါ။ တစ်ကယ်တမ်းတော့ ပါးချိုင့်ရှိနေခြင်းက ဆေးပညာသဘောအရ မျိုးဗီဇချို့ယွင်းချက်တစ်ခု ဖြစ်ပါတယ်။ သန္ဓေသားလောင်းရဲ့ အစောပိုင်းအဆင့်မှာ မျိုးဗီဇဖွံ့ဖြိုးတိုးတက်မှု မမှန်ခဲ့တာကြောင့် ပါးပြင်မှာ အချိုင့်လေးတွေ ရှိနေတာလို့ ဆိုပါတယ်။ 

ပါးချိုင့်ရှိခြင်းက မျိုးဗီဇချို့ယွင်းချက်လို့ ဆိုပေမဲ့ သင့်မှာ ပါးချိုင့်ရှိနေလို့တော့ စိုးရိမ်ပူပန်စရာ မလိုပါဘူး။ ပါးချိုင့်ရှိနေခြင်းက ခန္ဓာကိုယ်အတွက် ဆိုးကျိုးသက်ရောက်မှု လုံးဝ မရှိတာကြောင့် ဖြစ်ပါတယ်။ ကလေးငယ်တွေဟာ သန္ဓေသားလောင်းအဖြစ် ရှိနေစဉ်မှာပင် သူတို့ရဲ့ပါးပြင်မှာ ပါးချိုင့်ပါ မပါ သိနိုင်နေပြီလို့ ဆိုပါတယ်။ 

ပါးချိုင့်ပါသူတွေက ရယ်လိုက်တဲ့အခါ သူတို့ရဲ့ပါးချိုင့်လေးတွေ ပေါ်လာတတ်ပြီး အလှအပတစ်ခုအဖြစ် ထင်ပေါ်စေပါတယ်။ ပါးချိုင့်ရှိခြင်း မရှိခြင်းဟာ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်ပါတယ်။

အများအားဖြင့် ပါးချိုင့်ရှိတဲ့ မိဘတွေက မွေးဖွားလာတဲ့ ကလေးတွေမှာလည်း မျိုးဗီဇအမွေအဖြစ် ပါးချိုင့်ရှိနေတာ တွေ့ရမှာပါ။ လူတွေမှာ ပါးချိုင့်တစ်ဖက်တည်းမှာ ရှိနေတာများပြီး အနည်းစုမှာသာ ပါးပြင်နှစ်ဖက်လုံးမှာ ပါးချိုင့်ပါရှိနေတတ်တာ ဖြစ်ပါတယ်။

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Thursday 21 July 2016

သင်သိရဲ့လား(၂)

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

သင်သိရဲ့လား?

Wednesday 20 July 2016

ညှင်းတွေဘာကြောင့်ဖြစ်လာရသလဲ

ညှင်းကွက်ကလေးတွေက အရေပြားမှာ လာရောက်စွဲကပ်တဲ့ Yeast လို့ခေါ်တဲ့ မှိုပိုးကြောင့် ဖြစ်တာပါ။ ဒီမှိုပိုးတွေဟာ သစ်ပင်အသီးအနှံ အုပ်စုမှာပါဝင်ပြီး သူတို့မှာ အစာထုတ်လုပ်နိုင်တဲ့ ကလိုရိုဖီးလ် လို့ခေါ်တဲ့ အစိမ်းရောင် ဓါတ်ပစ္စည်းမရှိတဲ့ အတွက် အစာချက်လုပ်ခြင်း မပြုလုပ်နိုင်တာကြောင့် သူတစ်ပါးကို မှီခိုအသက်ရှင်ရတဲ့ ကပ်ပါးအုပ်စုဝင်တွေပဲ။

ဒီမှိုပိုးတွေဟာ ပူအိုက်စိုစွတ်တဲ့ ပတ်ဝန်းကျင်၊ ဆွေးမြည့်ပုပ်သိုးတဲ့ နေရာမျိုး၊ မသန့်ရှင်းတဲ့ အခြေအနေတွေကို နှစ်သက်တာမို့ အရေပြားဟာ ပူအိုက်စွတ်စိုနေပြီး သန့်ရှင်းမှု နည်းတယ်ဆိုရင် ပြီးတော့ အရေပြားမှာ ကုတ်ဖဲ့ပွန်းပဲ့ ထားတဲ့အတွက် ထိခိုက်ဒဏ်ရာ ရှိနေမယ်ဆိုရင် ခန္ဓာကိုယ်မှာလဲ အာဟာရ ပြည့်ဝမျှတမှုမရှိဘဲ ရောဂါပိုးတွေကို ခုခံတွန်းလှန်နိုင်တဲ့ ကိုယ်ခံစွမ်းအား နည်းနေတယ်ဆိုရင် ဒီလိုအရေပြားရောဂါမျိုးဖြစ်ဖို့ ရာခိုင်နှုန်းများသွားပြီပေါ့။

ညှင်းကွက်တွေဖြစ်ရင် တချို့အဖြူကွက် အဖြူစက်လေးတွေ။ တချို့ကတော့ ညိုညစ်ညစ် အကွက်လေးတွေ ဖြစ်တတ်ပါတယ်။ တချို့လူတွေမှာ အဖြူကွက်သေးသေးလေးတွေ မဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတတ်ပါတယ်။

ကလေးတွေမှာ အတွေ့ရများပါတယ်။ တံတောင်ဆစ်၊ ဒူးကောက်ကွေးလို နေရာမျိုးမှာ အဖြစ်များပါတယ်။ ချွေးထွက်ရင်အမြဲလိုလို ချွေးမခြောက်တဲ့ နေရာတွေမှာ ဖြစ်တဲ့သဘောပါ။ လေထဲမှာ ရေငွေ့များတဲ့အချိန် မိုးတွင်းမှာ အဖြစ်များသလို ပူအိုက်တဲ့ရာသီမှာ ချွေးတစိုစိုကြောင့်လည်း အဖြစ်များ တတ်တာပါပဲ။


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ဆီးချို သွေးချိုသမားတွေအတွက် ကင်းပုံရွက်

ဆီးချိုသွေးချို  ရှိသူတွေအတွက် ကင်းပုံရွက်သာမက ကင်းပုံအခါးသီးဟာလည်း သင့်တော်ပါတယ်။

ဆီးချို သွေးချို ရောဂါရှိသူတွေ အနေနဲ့ ကင်းပုံအခါးသီးနှင့် ကင်းပုံရွက်ကို မကြာခဏ ကြော်ချက်စားပေး သင့်ပါတယ်။

ဒီမေးခွန်းရှင်အနေနှင့် ကင်းပုံရွက်ရဲ့ အာနိသင် အစွမ်းသတ္တိကို သိချင်တယ်ဆိုရင် တိုင်းရင်းဆေးကျမ်းများမှာ ကျွန်မ ဖတ်ရှုလေ့လော ထားရသလောက် ပြောပြပေးပါ့မယ်။

ကင်းပုံရွက် သတ္တုရည်ကို ဆီးချိုရောဂါမှာ အဓိကသုံးပါတယ်။

အဆုတ်ပြွန်ရောင်ခြင်း ၊ပန်းနာရောဂါများမှာလည်း သုံးပါတယ်။

သည်းခြေနှင့်ဆိုင်တဲ့ အဖျားရောဂါဖြစ်ခဲ့ရင် ကင်းပုံရွက်နှင့် နံနံစေ့ကို ဆတူယူပြီး ပြုတ်သောက်ပေးရင် ပျောက်ကင်းနိုင်တယ်လို့ ဆိုပါတယ်။

သန်ကျစေဖို့နှင့် ၀မ်းသက်စေဖို့ အတွက်လည်း သုံးပါတယ်။

နားကိုက်ရောဂါ ဖြစ်နေသူများအတွက် ကင်းပုံရွက်သတ္တုရည်ကို နှမ်းဆီ ဒါမှမဟုတ် ရေနဲ့ဖျော်ပြီး နားမှာခတ်ပေးရင် ပျောက်ကင်းစေတယ်လို့ ဆိုထားပါတယ်။

အရေပြားပေါ်မှာ ပေါက်တဲ့ အနာတွေကို ကင်းပုံရွက်ပြုတ်ရည် လိမ်းပေးခြင်းဖြင့် ပျောက်ကင်း သက်သာစေပါတယ်။

ရေယုန်ပေါက်ရင်လည်း ကင်းပုံရွက် သတ္တုရည်နှင့် ပွတ်လိမ်းပေးရမယ်လို့ ဆိုပါတယ်။


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Saturday 16 July 2016

ရေနွေးကြိုက်သူများအတွက်အလွယ်တကူအဆီချနည်း

လတ်ဆတ်တဲ့ သံပုရာသီးတစ်လုံးကို အလယ်ကနေ ထက်ခြမ်းခြမ်းပြီး မတ်ခွက်တစ်လုံးထဲမှာ ထည့်ပါ။ ရေနွေးပွက်ပွက်ဆူကို သံပုရာသီးမြုပ်ရုံ လောင်းထည့်ပါ။ ပြီးရင် မတ်ခွက်ကို အုပ်ထားပါ။

သောက်နိုင်ရုံ နွေးနွေးလေး ဒါမှမဟုတ် အေးတဲ့အခါ အဲဒီလိုမျိုး တစ်နေ့တစ်ခါ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်သွေးကြောများမှာ ပိုလျှံနေတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေပြီး သွေးတိုးရောဂါ ကိုတောင် ပျောက်ကင်းစေပါတယ်လို့ တိုင်းရင်းဆေးကျမ်းများမှာ အတိအကျ ဖော်ပြထားပါတယ်။


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Thursday 14 July 2016

ဝက်ခြံများသူတွေမဖြစ်မနေလိုက်နာသင့်တဲ့အချက်များ

<<< Zawgyi Version >>>

မျက်နှာမှာ ၀က်ခြံရှိတဲ့ သူတွေကိုမြင်တိုင်း မိတ်ဆွေတွေကလည်း သိသမျှဆေး ညွှန်တတ်ကြသလို ၀က်ခြံရှိတဲ့ သူတွေကလည်း ပျောက်လို ပျောက်ငြား လိုက်သုံးရင်းနဲ့ မပျောက်ဘဲ ပိုများလာ တတ်ကြပါတယ်။





အပူရှောင်ပါ




ဆပ်ပြာပျော့ျေပျာ့သာသုံးပါ














<<< Unicode Version >>>

မျက်နှာမှာ ၀က်ခြံရှိတဲ့ သူတွေကိုမြင်တိုင်း မိတ်ဆွေတွေကလည်း သိသမျှဆေး ညွှန်တတ်ကြသလို ၀က်ခြံရှိတဲ့ သူတွေကလည်း ပျောက်လို ပျောက်ငြား လိုက်သုံးရငး်နဲ့ မပျောက်ဘဲ ပိုများလာ တတ်ကြပါတယ်။

တကယ်ကတော့ ဆေးတစ်ခုတည်း အားကိုးရုံနှင့်မရပါဘူး။ ကိုယ်ကိုယ်တိုင် လိုက်နာသင့်တဲ့ အချက်လေးတွေရှိပါတယ်။ အဲဒီလို သတိပြု ဂရုစိုက်ရမယ့် အချက်လေးတွေကိုပါ လိုက်နာမှ အမြန် သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။

၀က်ခြံပျောက်ဖို့အတွက် သတိပြု လိုက်နာသင့်တဲ့ အချက်လေးတွေကတော့

ခြောက်သွေ့အောင်ထားပါ

- ၀က်ခြံဖြစ်တဲ့ နေရာမှာ ချွေးစိုတာ၊ ရေစိုတာ မဖြစ်စေဘဲ ခြောက်သွေ့အောင် ထားရပါမယ်။ အသာလေး တို့ပေး၊ သုတ်ပေးပြီး ခြောက်သွေ့အောင် ထားသင့်ပါတယ်။

အပူရှောင်ပါ

- ရေနွေးနှင့် မျက်နှာသစ်တာ ရှောင်ရပါမယ်။ လေပူတိုက်တာ၊ မီးအပူဟပ်တာ၊ အပူရှိန်နှင့် ထိတွေ့ခြင်း မရှိအောင် ဂရုစိုက်ရပါမယ်။

ပိုးသတ်တဲ့ ဓာတုဗေဒပစ္စည်းတွေ မသုံးပါနှင့်

- ၀က်ခြံမှာ ပြည်တည်ရင် အရက်ပြန်နှင့် ညှစ်တာ မလုပ်ရပါဘူး။ အရက်ပြန်လိုပဲ ဒက်တော (Dettol)၊ အက်ဆက်ပ်တော (Aseptol) တို့လို ပိုးသတ်ဆေး ဓာတုဗေဒ ပစ္စည်းတွေ မသုံးရပါဘူး။

ဆပျပွာပြော့ပြော့သာသုံးပါ

- Medicated ဆေးဆပ်ပြာတွေ မသုံးရပါဘူး။ ဆပ်ပြာပျော့ပျော့ အနုလေးတွေကိုပဲ သုံးရပါမယ်။ ဆပ်ပြာ အသုံးများခြင်းကို ရှောင်ကြဉ်ရပါမယ်။

ဒီနေရာတွေက ၀က်ခြံကို လုံးဝမညှစ်ပါနှင့်

- "နှာဖျား မေးအောက် ၀က်ခြံပေါက်၊ ၀မ်းမြောက်ဝမ်းသာ မရှိရာ" ဆိုတဲ့ အရပ်ထဲက ပြောနေကျ စကားလေးအတိုင်း နှာခေါင်းရယ်၊ အပေါ်နှုတ်ခမ်းရယ်၊ နှာခေါင်းနှင့် အပေါ်နှုတ်ခမ်း ကြားနေရာတွေမှာ ၀က်ခြံပေါက်ရင် ကုတ်ဖဲ့ခြင်း၊ ဆိတ်ဆွခြင်း၊ ညှစ်ထုတ်ခြင်း လုံးဝမပြုလုပ် မိပါစေနဲ့ကွယ်။ အဲဒီနေရာက ပိုးဝင်ရင် ဦးနှောက်ထဲ တန်းဝင်နိုင်တာမို့လို့ အန္တရာယ်ရှိတဲ့ နေရာလို့ သတိထားသင့်ပါတယ်။

မိတ်ကပ်နှင် ့မအိပ်ပါနှင့်

- အပြင်သွားလို၊့ ပွဲအခမ်းအနား သွားရလို့ မိတ်ကပ် လိမ်းရတယ်ဆိုရင် မိတ်ကပ်နှင့် မအိပ်မိပါစေနှင့်။ ပြန်လာရင် မိတ်ကပ် ချက်ခြင်းဖျက်ပစ်ပါ။ ရှင်မတောင် သနပ်ခါးတုံးကို ကျောက်ပျဉ် သန့်သန့်မှာ ရေသန့်သန့်နှင့် သွေးလိမ်းပြီး အခြောက်ခံပြီးမှ အိပ်စက် အနားယူသင့်ပါတယ်။

အပူ၊ အစပ်၊ အဆီတွေ ရှောင်ပါ

- ငရုတ်သီး၊ ငရုတ်ကောင်း၊ ဂျင်း၊ မဆလာ စတာတွေပါတဲ့ အပူအစပ် အစားအစာတွေ၊ အချိုဓာတ် လွန်ကဲတဲ့ အစားအစာတွေ၊ အဆီဓာတ် လွန်ကဲတဲ့ အစားအစာတွေ၊ ၀က်ဆီ၊ အမဲဆီ၊ စားအုန်းဆီ စတဲ့ ဆီပြန်ဟင်းတွေ ရှောင်ကြဉ်ရပါမယ်။ ဟင်းသီးဟင်းရွက် သစ်သီးဝလံကိုသာ မျာများ စားပေးပါ။

လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ

- နေ့စဉ် နာရီဝက်၊ တစ်နာရီခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပေးရပါမယ်။

၀က်ခြံအတွက် သုံးသင့်တဲ့ ဆေးများ

- ၀က်ခြံအတွက် အခုအသုံးများနေတဲ့ စားဆေးက Vitamin A acid ကထုတ်တဲ့ Aecutane သို့မဟုတ် Roaccutane အမည်ရတဲ့ စားဆေးပါပဲ။ ဒါပေမယ့် ဒီဆေးဟာ ကလေးကို ထိခိုက်စေပြီး ကိုယ်လက်အင်္ဂါမစုံလင်တဲ့ ကလေး မွေးစေတတ်တာမို့ ကိုယ်ဝန်မရှိအောင် တားထားပြီးမှ၊ ကိုယ်ဝန်မယူသေးတာ သေချာမှ ဒီဆေး သောက်ရမှာပါ။

ဒါကြောင့်မို့ အမျိုးသမီးတွေ အနေနှင့် ဒီဆေး သောက်တော့မယ်ဆိုရင် ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးပြီးမှ ကိုယ်ဝန်မရှိတာ သေချာမှ၊ ကိုယ်ဝန်မရှိအောင် တားထားပြီးမှ သောက်သင့်ပါတယ်။ လိမ်းဆေးလည်း ဒီလိုပါပဲ။ အသုံးများနေတဲ့ ဆေးကတော့ အယ်လ်ဘိုင်အိုတင် (Albiotin) ဖြစ်ပါတယ်။ စားဆေးက လိမ်းဆေးထက် အာနိသင် ပိုမိုထိရောက်တာကို တွေ့ရပါတယ်။

Credit : ကျန်းမာပျော်ရွှင်မီးအိမ်ရှင် (ဒေါက်တာနိုက်တင်ဂေးလ်နှင့်ဆွေးနွေးခန်း) အပိုင်း (၂) 