<<< Zawgyi Version >>>
မ်က္ႏွာအသားအေရ တင္းရင္းလွပေနေအာင္ ေစ်းႀကီးတဲ့ အလွအပပစၥည္းေတြ မလိုအပ္ပဲ အိမ္မွာတင္ မိမိဘာသာ လုပ္လို႔ရပါတယ္။ အဲလိုလုပ္တာကို face lift လုပ္တယ္ေခၚတယ္။ အဲလိုလုပ္ဖို႔ face lift လိမ္းေဆးေတြလည္း လာတာရွိတယ္။ face lift ဆိုတာ အသားအေရတင္းေအာင္ အဆီ(သို႔) ေဆးတမ်ိဳးသံုးၿပီး မ်က္ႏွာကိုႏွိပ္နယ္ေပးရတာ ျဖစ္ပါတယ္။ face lift massage နဲ႔ facial massage မတူညီပါဘူး။ face lift က ႂကြက္သားေတြရဲ႕ သက္ဆိုင္ရာ ဆံုမွတ္ေတြကို ႏွိပ္နယ္တာျဖစ္လို႔ အသားအေရကို တင္းရင္းေစတယ္။ အသားေလွ်ာ့တြဲမႈကို ကာကြယ္ေပးတယ္။
အာယုေဗဒေဆးနည္းမွာ သက္ဆိုင္အမွတ္ေတြကို မိမိဘာသာ ႏွိပ္နယ္တဲ့နည္းကို Abhyanga ေခၚတယ္။ မိမိမ်က္ႏွာေလး တင္းရင္းလွပေစတယ္။ အာနိသင္က ျပန္ရည္ေၾကာ စီးဆင္းမႈေကာင္းေစတယ္။ အသားေရ ေလ်ာ႔တြဲက်ေနတာကို ျပဳျပင္ေပးတယ္။ ႂကြက္သားတင္းရင္းေစတယ္။ မ်က္ႏွာ အညစ္အေၾကး ဖယ္ရွားၿပီး အသားအေရ ၾကည္လင္ေစတယ္။
face lift လုပ္ဖို႔ အဆီတမ်ိဳးမ်ိဳး လိုတယ္။ တခ်ိဳ႕က serum ကို သံုးတယ္။ မရွိရင္ မ်က္ႏွာအတြက္ Jojoba oil ကို သံုးတာ အေကာင္းဆံုးပဲ။ မႏွိပ္ခင္ jojoba oil (၂)စက္ခန္႔ ကို လက္ညိႈးေပၚတင္ၿပီး ဖိႏွိပ္ပါ။ ေနရာ တေနရာကို သံုးႀကိမ္ခန္႔ ျပဳလုပ္သင့္ပါတယ္။ လုပ္တဲ့အခါ လက္ညိႈး(သို) လက္ခလယ္ကို အဓိကသံုးရတယ္။ ဧရိယာက်ယ္ရင္ လက္ဖဝါးကို သံုးပါ။ လုပ္နည္း အသးစိတ္ကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။
face lift လုပ္နည္း
(၁) လည္ပင္း- လက္ဖဝါးႏွစ္ဖက္သံုးၿပီး လည္ပင္းမွ ေမး႐ိုးထိ ပင့္တင္ပါ။
(၂) ေမး႐ိုး - လက္ညိႈးကို ေမးေစ့ခလယ္မွာတင္၊ လက္ခလယ္ကို ေမး႐ိုးေအာက္ထားပါ။ လက္ညိႈး လက္ခလယ္ကို ေမး႐ိုးနေလွ်ာက္ နားထိပင့္တင္ဆြဲပါ။
(၃) ပါးျပင္ - လက္ညိႈးသံုးၿပီး ေမး႐ိုးမွ ႏွာတံေဘးတေလွ်ာက္ဖိပါ။ ၿပီးရင္း လက္ဖဝါးသံုးၿပီး ပါးျပင္ကေန နားထိ ဖိဆြဲပါ။
(၄) မ်က္စိ- လက္သန္းႂကြယ္ကို မ်က္လံုးေအာက္ထားၿပီး ႏွာတံစပ္မွ ေဘးတိုက္ ဖိဆြဲပါ။ ၿပီးရင္ မ်က္လံုးတဝိုက္ကို စက္ဝိုင္းပံု ဖိႏွိပ္ေပးပါ။
(၅) နဖူး - လက္ညိႈး လက္ခလယ္ သံုးၿပီး နဖူးေအာက္ေျခထားၿပီး အထက္ဖက္ နဖူးစပ္ထိ ဖိဆြဲေပးပါ။ ၿပီးရင္ ေအာက္ဖက္ ႏွာတံ႐ိုးအတိုင္း ဆြဲခ်ပါ။ လက္ေလးေခ်ာင္းသံုးၿပီး နဖူး ဘယ္မွညာ၊ ၿပီးရင္ ညာမွဘယ္သို႔ ဖိဆြဲေပးပါ။
face lift လုပ္တဲ့အခါ သတိျပဳရမယ့္ အခ်က္ေတြရွိတယ္။
• face lift ဆြဲတဲ့အခါ ေအာက္ကေနအထက္ (from down to up) အတိုင္း ဆြဲမတင္ရတယ္။ အရမ္း မဖိရဘူး။
• ဖိဆြဲခ်က္ကို ခပ္တိုတိုသာ လုပ္ရမယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ မ်က္ႏွာႂကြက္သားေတြက ေသးလို႔ျဖစ္တယ္။
• ေမး႐ိုးေနရာမွာ ပံုမွန္ထက္ဖိဆြဲရမွာျဖစ္ၿပီး မ်ကလံုးတဝိုက္ကို ခပ္သာသာ ဖိပါ။
• မ်က္ႏွာႂကြက္သားအရမ္းကာေရာ ဆြဲဆန္႔တာမ်ိဳး မလုပ္သင့္ဘူး။
• အေရျပားထက္ ေအာက္က ႂကြက္သားလႊာထိ ဖိအားေရာက္ဖို႔ ႀကိဳးစားပါ။
• တရက္ကို တႀကိမ္ ညပိုင္းလုပ္ရင္ အာနိသင္ပိုေကာင္းတယ္။
• ေန႔စဥ္ျပဳလုပ္ေပးျခင္းအားျဖင့္ တပတ္အတြင္းမွာပဲ သိသာထင္ရွားတဲ့ ေျပာင္းလဲမႈကို ေတြ႕ရွိရမွာ ျဖစ္ပါတယ္။
Credit : ေဒါက္တာ ေအးမင္းထူး
<<< Unicode Version >>>
မျက်နှာအတွက် face lift လုပ်နည်း
မျက်နှာအသားအရေ တင်းရင်းလှပနေအောင် စျေးကြီးတဲ့ အလှအပပစ္စည်းတွေ မလိုအပ်ပဲ အိမ်မှာတင် မိမိဘာသာ လုပ်လို့ရပါတယ်။ အဲလိုလုပ်တာကို face lift လုပ်တယ်ခေါ်တယ်။ အဲလိုလုပ်ဖို့ face lift လိမ်းဆေးတွေလည်း လာတာရှိတယ်။ face lift ဆိုတာ အသားအရေတင်းအောင် အဆီ(သို့) ဆေးတမျိုးသုံးပြီး မျက်နှာကိုနှိပ်နယ်ပေးရတာ ဖြစ်ပါတယ်။ face lift massage နဲ့ facial massage မတူညီပါဘူး။ face lift က ကြွက်သားတွေရဲ့ သက်ဆိုင်ရာ ဆုံမှတ်တွေကို နှိပ်နယ်တာဖြစ်လို့ အသားအရေကို တင်းရင်းစေတယ်။ အသားလျှော့တွဲမှုကို ကာကွယ်ပေးတယ်။
အာယုဗေဒဆေးနည်းမှာ သက်ဆိုင်အမှတ်တွေကို မိမိဘာသာ နှိပ်နယ်တဲ့နည်းကို Abhyanga ခေါ်တယ်။ မိမိမျက်နှာလေး တင်းရင်းလှပစေတယ်။ အာနိသင်က ပြန်ရည်ကြော စီးဆင်းမှုကောင်းစေတယ်။ အသားရေ လျော့တွဲကျနေတာကို ပြုပြင်ပေးတယ်။ ကြွက်သားတင်းရင်းစေတယ်။ မျက်နှာ အညစ်အကြေး ဖယ်ရှားပြီး အသားအရေ ကြည်လင်စေတယ်။
face lift လုပ်ဖို့ အဆီတမျိုးမျိုး လိုတယ်။ တချို့က serum ကို သုံးတယ်။ မရှိရင် မျက်နှာအတွက် Jojoba oil ကို သုံးတာ အကောင်းဆုံးပဲ။ မနှိပ်ခင် jojoba oil (၂)စက်ခန့် ကို လက်ညှိုးပေါ်တင်ပြီး ဖိနှိပ်ပါ။ နေရာ တနေရာကို သုံးကြိမ်ခန့် ပြုလုပ်သင့်ပါတယ်။ လုပ်တဲ့အခါ လက်ညှိုး(သို) လက်ခလယ်ကို အဓိကသုံးရတယ်။ ဧရိယာကျယ်ရင် လက်ဖဝါးကို သုံးပါ။ လုပ်နည်း အသးစိတ်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
face lift လုပ်နည်း
(၁) လည်ပင်း- လက်ဖဝါးနှစ်ဖက်သုံးပြီး လည်ပင်းမှ မေးရိုးထိ ပင့်တင်ပါ။
(၂) မေးရိုး - လက်ညှိုးကို မေးစေ့ခလယ်မှာတင်၊ လက်ခလယ်ကို မေးရိုးအောက်ထားပါ။ လက်ညှိုး လက်ခလယ်ကို မေးရိုးနလျှောက် နားထိပင့်တင်ဆွဲပါ။
(၃) ပါးပြင် - လက်ညှိုးသုံးပြီး မေးရိုးမှ နှာတံဘေးတလျှောက်ဖိပါ။ ပြီးရင်း လက်ဖဝါးသုံးပြီး ပါးပြင်ကနေ နားထိ ဖိဆွဲပါ။
(၄) မျက်စိ- လက်သန်းကြွယ်ကို မျက်လုံးအောက်ထားပြီး နှာတံစပ်မှ ဘေးတိုက် ဖိဆွဲပါ။ ပြီးရင် မျက်လုံးတဝိုက်ကို စက်ဝိုင်းပုံ ဖိနှိပ်ပေးပါ။
(၅) နဖူး - လက်ညှိုး လက်ခလယ် သုံးပြီး နဖူးအောက်ခြေထားပြီး အထက်ဖက် နဖူးစပ်ထိ ဖိဆွဲပေးပါ။ ပြီးရင် အောက်ဖက် နှာတံရိုးအတိုင်း ဆွဲချပါ။ လက်လေးချောင်းသုံးပြီး နဖူး ဘယ်မှညာ၊ ပြီးရင် ညာမှဘယ်သို့ ဖိဆွဲပေးပါ။
face lift လုပ်တဲ့အခါ သတိပြုရမယ့် အချက်တွေရှိတယ်။
• face lift ဆွဲတဲ့အခါ အောက်ကနေအထက် (from down to up) အတိုင်း ဆွဲမတင်ရတယ်။ အရမ်း မဖိရဘူး။
• ဖိဆွဲချက်ကို ခပ်တိုတိုသာ လုပ်ရမယ်။ ဘာ့ကြောင့်လဲဆိုတော့ မျက်နှာကြွက်သားတွေက သေးလို့ဖြစ်တယ်။
• မေးရိုးနေရာမှာ ပုံမှန်ထက်ဖိဆွဲရမှာဖြစ်ပြီး မျကလုံးတဝိုက်ကို ခပ်သာသာ ဖိပါ။
• မျက်နှာကြွက်သားအရမ်းကာရော ဆွဲဆန့်တာမျိုး မလုပ်သင့်ဘူး။
• အရေပြားထက် အောက်က ကြွက်သားလွှာထိ ဖိအားရောက်ဖို့ ကြိုးစားပါ။
• တရက်ကို တကြိမ် ညပိုင်းလုပ်ရင် အာနိသင်ပိုကောင်းတယ်။
• နေ့စဉ်ပြုလုပ်ပေးခြင်းအားဖြင့် တပတ်အတွင်းမှာပဲ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
Credit : ဒေါက်တာ အေးမင်းထူး
ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246
Sunday, 3 July 2016
Home »
» မ်က္ႏွာအတြက္face liftလုပ္နည္း
မ်က္ႏွာအတြက္face liftလုပ္နည္း
Related Posts:
တီဘီေဆးအသစ္မ်ားေဆးယဥ္ပါးနိုင္သည့္အႏၲရာယ္ရွိေန မတ္ ၂၄ ရက္က ခ်န္ႏိုင္းၿမိဳ႕ရိွ ဘူတာ… Read More
ပဲတီစိမ္းစားသူမ်ား ဆီးခ်ိဳေရာဂါအႏၲရာယ္ ေလ်ာ့က်ႏုိင္ အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါသည္ ကမၻာတ)… Read More
အမ်ိဳးသမီးတုိင္း ေန႔စဥ္အသံုးျပဳသင့္တဲ့ skincare (၄) မ်ိဳး အသားအေရကို ထိန္းသိမ္းတယ္ဆုိတာ မိတ္… Read More
ေနာက္ေက်ာနာတာကိုေပါ့ေပါ့ဆဆမေနပါႏွွင့္ ေနာက္ေက်ာနဲ႔ခါး နာေနတာကို လစ္လ်ဴ႐Ƨ… Read More
ဆီးေရာဂါအတြက္ သခြားသီးအရည္ သခြားသီးအရည္ သံပရာရည္ တစ္ဇြန္းႏွငƟ… Read More
0 comments:
Post a Comment