အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Sunday, 3 July 2016

ကိုယ်အလေးချိန်တတ်စေသည့်ညနေစာစားသုံးမှုပုံစံများ





ကိုယ်အလေးချိန် ကျလာတဲ့အခါ စားထားသမျှအစာတွေ အာဟာရအဖြစ် ရောက်သွားပါတယ်။ ဒါပေမဲ့ ညနေစာအဖြစ်စားတဲ့ အစားအစာက ခန္ဓာကိုယ်အတွက် အပြောင်းအလဲဖြစ်နိုင်ချေ ပိုများပါတယ်။

ညနေစာဖြင့် အဓိက ဝမ်းဖြည့်ခြင်း

ညနေစာကို အဆမတန်စားတဲ့အခါ အစာချေဖို့ အခက်အခဲ ဖြစ်တတ်ပါတယ်။ စားသုံးသင့်တာထက် ပိုစားရင် အဆီအက်ဆစ်အဖြစ်သို့ ပြောင်းလဲပြီး ခန္ဓာကိုယ်အလေးချိန် တိုးစေတယ်။

အိပ်ယာမဝင်မီ အစာစားခြင်း

အိပ်ယာမဝင်မီ အစာစားထားခြင်းဟာ အိပ်လို့မပျော် ဖြစ်စေနိုင်ပါတယ်။ အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်အတွင်း အစာအဟာရ ပြောင်းလဲခြင်း၊ သွေးလည်ပတ်မှုဖြစ်စေခြင်း၊ သင့်တော်တဲ့ ပောာ်မုန်းဓာတ် ထိန်းညှိပေးခြင်းနဲ့ လိုအပ်တဲ့စွမ်းအင် ရရှိစေဖို့ မရှိမဖြစ် လိုအပ်တယ်။

ကိုယ်ခန္ဓာကို နိုးကြားတက်ကြွစေတဲ့ ကဖိန်းဓာတ်စားသုံးခြင်း

ဆိုဒါ (သို့) ကော်ဖီစတဲ့ ကဖီးဓာတ်ပါတဲ့ အရည်ကို သောက်ခြင်းဟာ အိပ်စက်ခြင်းကို အားပေးတာမှန်ပေမယ့် လိုတာထက်ပိုပြီး တစ်နေကုန် ကဖိန်းဓာတ်သောက်မယ် ဆိုရင်တော့ ခန္ဓာကိုယ်အလေးချိန် ကျစေတယ်။

ကာဗွန်ဟိုက်ဒရိတ် အစားအစာများ

နောက်နှစ် သင့်ကိုယ်အလေးချိန် ကီလို ၁၀ ထက် တိုးချင်တယ်ဆိုရင် ပတ်စတာ၊ အာလူးနှင့် ပေါင်မုန့်ကို စားသုံးပါ။ ကာဗွန်ဟိုက်ဒရိတ် အစားအစာကို အဆမတန် စားသုံးခြင်းသည် သွေးချိုအဖြစ် အလျင်အမြန် ပြောင်းလဲစေပြီး အဝလွန်ခြင်း ဖြစ်စေတယ်။ ဒါအပြင် ညမအိပ်ပျော် သွေးချိုဖြစ်သွားပြီဆိုရင် ညသန်းခေါင်ဗိုက်ဆာလို့ ထနိုးရပါလိမ့်မယ်။

အစာမစားခင် အရက်သောက်ခြင်း

ဝိုင်တစ်ခွက်သောက်ရင် တစ်မျိုး၊ အရက် တစ်ပုလင်းသောက်ရင်တော့ နောက်တစ်မျိုး ဖြစ်ပါတယ်။ မတူပါဘူး။ အရက်သောက်ရင် ဗိုက်ဝတဲ့ခံစားချက် ပျောက်သွားပါတယ်။ ဒါကြောင့် အစားပိုဝင်တယ်။

Credit: Myawady News
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

0 comments:

Post a Comment