<<< Zawgyi Version >>>
ေရာဂါေဝဒနာ တစ္ခုအတြက္ ဆရာဝန္က ထိုးေဆးျဖစ္ေစ၊ ေသာက္ေဆးျဖစ္ေစ အႀကိမ္မည္မွ် မွီဝဲသံုးစြဲရမည္ကို ညႊန္ၾကားေလ့ရွိပါသည္။ ေဆးကို လိပ္ပတ္လည္ေအာင္ ထိုးရမည္၊ ေသာက္ရမည္ျဖစ္သည္။ လူနာအခ်ိဳ႕သည္ ေရာဂါေဝဒနာ သက္သာေပ်ာက္ကင္းသြားသည္ဟု ယူဆ၍ ေဆးဝါးမ်ားကို အားလံုးကုန္ေအာင္ ညႊန္ၾကားသည့္အတိုင္း မမွီဝဲ မသံုးစြဲဘဲ ခ်န္ထားတတ္ၾကသည္။
ဤသို႔ျပဳေဆာင္ျခင္းမွာ ေဆးယဥ္ပါးမႈ၊ ေဆးမတိုးမႈကိုျဖစ္ေစေသာ ဇာစ္ျမစ္ တစ္ခုျဖစ္သည္။ အထူးသျဖင့္ ပဋိဇီဝေဆးဝါးမ်ားအတြက္ ပိုမိုဂ႐ုစိုက္ရန္ လိုအပ္သည္။ ယေန႔အခ်ိန္တြင္ ေရာဂါပိုးမႊားမ်ားသည္ ေဆး မတိုးျခင္း၊ ေဆးယဥ္ပါးျခင္း ျဖစ္ေနၾကသည္။ ကမၻာတစ္ဝန္းအမ်ားဆံုး ကူးစက္ပ်ံ႕ႏွံ႔ေနေသာ ေရာဂါမ်ား (တီဘီေရာဂါ၊ ငွက္ဖ်ားေရာဂါ၊ ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါ)၏ ပိုးမႊားမ်ားသည္ ေဆးယဥ္ပါးမႈ ရွိေနၾကသည္။ ေရာဂါကာကြယ္ တိုက္ဖ်က္ရာတြင္ ပိုးမႊားမ်ား၏ ေဆးယဥ္ပါးမႈမွာ ႀကီးမားေသာ အဟန္႔အတား ျဖစ္လ်က္ရွိသည္။ နမိုးနီးယား အဆုတ္ေရာင္ေရာဂါ ပိုးမႊားတခ်ိဳ႕မွာလည္း ေဆးယဥ္ပါးမႈ ရွိေနၾကသည္။
ေဆးယဥ္ပါးမႈျပႆနာသည္ အျခားေသာ အေၾကာင္းမ်ားေၾကာင့္ ျဖစ္ႏိုင္ေသာ္လည္း ေဆးမ်ားကို အျပည့္အဝ လိပ္ပတ္လည္ေအာင္ မမွီဝဲ မသံုးစြဲျခင္းသည္လည္း အခ်က္တစ္ခ်က္ ျဖစ္သည္။ တခ်ိဳ႕မွာ က်န္ေနေသာ ေဆးဝါးမ်ားကို ေနာက္တစ္ႀကိမ္ ေနထိုင္မေကာင္းေသာ အခါမ်ိဳး၌ ျပန္လည္ ေသာက္တတ္ၾကေသးသည္။ ထိုသို႔ ေဆးက်န္မ်ားကို ေသာက္ျခင္းမွာလည္း ေဆးယဥ္ပါးမႈ သာမက အျခားေသာ ဆိုးက်ိဳးအႏၱရာယ္မ်ားလည္း ႀကံဳေတြ႔ရႏိုင္သည္။
Credit : ေဒါက္တာေအးေက်ာ္ (ဇီဝကမၼေဗဒ)
က်န္းမာေရးႏွင့္ ပတ္သက္ေသာ အယူအဆအမွားမ်ားႏွင့္ သိမွတ္ဖြယ္ရာမ်ား စာအုပ္
Healthcare.com.mm သင့္က်န္းမာေရး ေစာင့္ေရွာက္ေပး
<<< Unicode Version >>>
ဆေးများကို ကုန်အောင်မသောက်ခြင်း
ရောဂါဝေဒနာ တစ်ခုအတွက် ဆရာဝန်က ထိုးဆေးဖြစ်စေ၊ သောက်ဆေးဖြစ်စေ အကြိမ်မည်မျှ မှီဝဲသုံးစွဲရမည်ကို ညွှန်ကြားလေ့ရှိပါသည်။ ဆေးကို လိပ်ပတ်လည်အောင် ထိုးရမည်၊ သောက်ရမည်ဖြစ်သည်။ လူနာအချို့သည် ရောဂါဝေဒနာ သက်သာပျောက်ကင်းသွားသည်ဟု ယူဆ၍ ဆေးဝါးများကို အားလုံးကုန်အောင် ညွှန်ကြားသည့်အတိုင်း မမှီဝဲ မသုံးစွဲဘဲ ချန်ထားတတ်ကြသည်။
ဤသို့ပြုဆောင်ခြင်းမှာ ဆေးယဉ်ပါးမှု၊ ဆေးမတိုးမှုကိုဖြစ်စေသော ဇာစ်မြစ် တစ်ခုဖြစ်သည်။ အထူးသဖြင့် ပဋိဇီဝဆေးဝါးများအတွက် ပိုမိုဂရုစိုက်ရန် လိုအပ်သည်။ ယနေ့အချိန်တွင် ရောဂါပိုးမွှားများသည် ဆေး မတိုးခြင်း၊ ဆေးယဉ်ပါးခြင်း ဖြစ်နေကြသည်။ ကမ္ဘာတစ်ဝန်းအများဆုံး ကူးစက်ပျံ့နှံ့နေသော ရောဂါများ (တီဘီရောဂါ၊ ငှက်ဖျားရောဂါ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ)၏ ပိုးမွှားများသည် ဆေးယဉ်ပါးမှု ရှိနေကြသည်။ ရောဂါကာကွယ် တိုက်ဖျက်ရာတွင် ပိုးမွှားများ၏ ဆေးယဉ်ပါးမှုမှာ ကြီးမားသော အဟန့်အတား ဖြစ်လျက်ရှိသည်။ နမိုးနီးယား အဆုတ်ရောင်ရောဂါ ပိုးမွှားတချို့မှာလည်း ဆေးယဉ်ပါးမှု ရှိနေကြသည်။
ဆေးယဉ်ပါးမှုပြဿနာသည် အခြားသော အကြောင်းများကြောင့် ဖြစ်နိုင်သော်လည်း ဆေးများကို အပြည့်အဝ လိပ်ပတ်လည်အောင် မမှီဝဲ မသုံးစွဲခြင်းသည်လည်း အချက်တစ်ချက် ဖြစ်သည်။ တချို့မှာ ကျန်နေသော ဆေးဝါးများကို နောက်တစ်ကြိမ် နေထိုင်မကောင်းသော အခါမျိုး၌ ပြန်လည် သောက်တတ်ကြသေးသည်။ ထိုသို့ ဆေးကျန်များကို သောက်ခြင်းမှာလည်း ဆေးယဉ်ပါးမှု သာမက အခြားသော ဆိုးကျိုးအန္တရာယ်များလည်း ကြုံတွေ့ရနိုင်သည်။
Credit : ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246
0 comments:
Post a Comment