အတုမရွိဗုဒၶျမတ္စြာဘုရား

အတုမရွိဗုဒၶျမတ္စြာဘုရား

Thursday, 7 July 2016

ဝက္ျခံရွိသူမ်ားဝမ္းမွန္ေအာင္ၾကိဳးစားသင့္




<<< Zawgyi Version >>>


ဝက္ၿခံ ထြက္သျဖင့္ အလွပ်က္သည္ဆုိကာ လိမ္းေဆးအမ်ဳိးမ်ဳိး လိမ္းေနသူ သမီးငယ္တစ္ဦးကို ေတြ႕ရဖူးသည္။ ေဆးမ်ား လိမ္းလိုက္၊ ေပ်ာက္လိုက္၊ ျပန္ထြက္လိုက္ ႏွင့္ သံသရာမဆံုးႏိုင္ ျဖစ္ေနသည္။

ျမန္မာ့ေဆးပင္ေဆးျမစ္မ်ား လိမ္းလွ်င္ တန္ဖိုးမႀကီးေသာ္လည္း ႏိုင္ငံျခား လိမ္းေဆးမ်ားမွာ အလြန္တန္ဖိုးႀကီးသည္။ မ်က္ႏွာအလွ သက္သက္ ကုသသည့္ ေဆးခန္းမ်ား ျပ၍ ကုသလွ်င္ သိန္းခ်ီ၍ပင္ ကုန္က်ႏိုင္သည္ သာမန္ ဆင္းရဲသား လူတန္းစား မတတ္ႏိုင္။

ဝက္ၿခံထြက္သူမ်ား သတိမထားမိသည့္ အေရးႀကီးသည့္ အခ်က္မွာ ဝမ္းခ်ဳပ္ျခင္းပင္ ျဖစ္သည္။ ဤသို႔ဆိုလွ်င္ ''ဝမ္းမခ်ဳပ္ပါ ေန႔တိုင္း ဝမ္းသြားေနတာပဲ''ဟု ဆိုၾကမည္။

ဝမ္းတစ္ေန႔တစ္ႀကိမ္ သြားေနသည့္တိုင္ ဝမ္းထဲမွမလိုအပ္ေသာ အပူအပုပ္မ်ား ပါမသြားလွ်င္၊ မာေက်ာေသာ အစာမေၾက ဝမ္းသြားလွ်င္၊ နံနက္ေစာေစာ ဝမ္းသြားျခင္း မဟုတ္ဘဲ ေန႔လယ္ ၊ ညေနမွ ဝမ္းသြားလွ်င္ ေကာင္းမြန္ေသာ၊ မွန္ကန္ေသာ ဝမ္းသြားျခင္း မဟုတ္ပါ။

ဝက္ၿခံထြက္သူမ်ားကုိ ေလ့လာၾကည့္ေသာအခါ သံုးမ်ဳိးေတြ႕ရသည္ -
၁။ ဝက္ၿခံထြက္ရမည့္ အရြယ္ျဖစ္၍ ထြက္ရျခင္း။
၂။ အဆီအသားတြဲေသာ အစာကို ခ်ဥ္ငန္စပ္အရသာႏွင့္ တြဲ၍ စားသံုးျခင္း။
၃။ ဓာတုေဗဒ ဆိုးေဆးအနံ႔၊ အရသာပါဝင္သည့္ လြယ္ကူစာမ်ား စားသံုးျခင္း။

အထက္ပါအခ်က္မ်ားမွ လြတ္ကင္းပါလ်က္ ဝက္ၿခံထြက္သည္ဆိုလွ်င္ မ်ဳိး႐ိုးေၾကာင့္လည္း ျဖစ္ႏိုင္သည္။ ေရွာင္လႊဲမရ၊ ကုမရေသာ ဝက္ၿခံျဖစ္သည္။ သို႔ေသာ္ ဝမ္းခ်ဳပ္လွ်င္ ၊ အစာမွားလွ်င္ ပို၍ ထြက္သည္ကို သတိျပဳမိသည္။

မ်ဳိး႐ိုးေၾကာင့္ ဝက္ၿခံထြက္ျခင္းမွာ ေရွာင္လႊဲမရသျဖင့္ ဝမ္းမွန္ေအာင္ ဂ႐ုစိုက္ရသည္။ စာေရးသူ ကိုယ္တိုင္ ယခု အသက္အရြယ္ထိ ဝက္ၿခံထြက္ဆဲ ျဖစ္သည္။ ဝက္ၿခံမွာ မ်က္ႏွာတြင္ မထြက္ နားရြက္ေနာက္ ႏွင့္ ေမးေအာက္၊ လည္ကုပ္တို႔တြင္ ထြက္သည္။ အဖြား၏ အေမြ ျဖစ္သည္။

စာေရးသူ၏ အဖြားသည္ အသက္ ၇၅ ႏွစ္ထိ နားႏွင့္ ေမးေအာက္တြင္ ဝက္ၿခံဖုမ်ား ထြက္သည္ကို မွတ္မိေနသည္။ ဝက္ၿခံ ထြက္သူမ်ားသည္ အလုပ္ကို အေလာတႀကီး လုပ္တတ္သူမ်ား ျဖစ္သည္ကိုလည္း ေတြ႕ရသည္။

စိတ္တိုသူ၊ အိပ္ေရးမဝသူမ်ားမွာ ဝက္ၿခံ ပို၍ထြက္သည္။ မ်က္ႏွာကို သန္႔စင္ေအာင္ မ်က္ႏွာသစ္ ဆပ္ျပာျဖင့္ တစ္ေန႔ သံုးႀကိမ္ခန္႔ မသစ္လွ်င္ ဝက္ၿခံမွ အဆီအိတ္မ်ား ပိတ္ၿပီး အဆန္ခဲမ်ား ျဖစ္သည္။

ထို အဆန္ခဲမ်ားကို မသန္႔ေသာ လက္ျဖင့္ ညႇစ္လွ်င္ လက္ေရာင္လိုက္ၿပီး အနာၿမံဳ သကဲ့သို႔ ျဖစ္တတ္သည္။ အဆန္ထြက္သြားေသာ အခါလည္း အမည္းစက္မ်ား က်န္ခဲ့သျဖင့္ အ႐ုပ္ဆိုး ရျပန္သည္။

*လြယ္ကူေသာ ဝမ္းမွန္ေဆး*
၁။ မန္က်ည္းမွည့္အႏွစ္ ၂၅က်ပ္သား
၂။ ၾကက္သြန္နီဥ ၂၅က်ပ္သား
၃။ ရွားေစာင္းလက္ပပ္ ၂၅က်ပ္သား
၄။ ထန္းလ်က္(အမည္း) ၂၅က်ပ္သား
၅။ ဆားခါး(ေလွာ္) ၁ဝက်ပ္သား

ဆားခါးအထုပ္ကို ဝယ္ၿပီး သီးသန္႔ ဒယ္အိုးျဖင့္ ေလွာ္ၿပီးမွ ထည့္ပါ။ ဗိုက္မနာ ဝမ္းမရစ္ ေစရန္ျဖစ္သည္။ အထက္ပါ ေဆးအမယ္ အားလံုးစုၿပီးလွ်င္ ေျမအိုး တစ္လံုးတြင္ ထည့္၍ မီးေႏြးေႏြးျဖင့္ ပံုမွန္ က်ဳိသြားပါ။ ေပါက္စီးက်ၿပီး
လက္ေကာ္ ရလွ်င္ခ်ကာ အေအးခံထားၿပီး ဖန္ပုလင္းတြင္ ေျပာင္းထည့္ပါ။ အေပၚမွ ႏွမ္းဆီ ထည့္ထားပါ။ မႈိမတက္ေအာင္ သံုးေလးရက္ တစ္ႀကိမ္ ေနေရာင္ျခည္ ျပေပးပါ။

ဝမ္းမွန္ေဆးကို ပံုမွန္ ညအိပ္ရာဝင္ ဟင္းစားဇြန္း တစ္ဇြန္းမွ ႏွစ္ဇြန္းထိ စားသံုး ေပးျခင္းျဖင့္ အပူအပုပ္ ကင္းစင္ၿပီး မ်က္ႏွာမွ ဝက္ၿခံထြက္ျခင္းကို သက္သာေစႏိုင္ေၾကာင္း တင္ျပ လိုက္ရေပသည္။

Credit : ၾကည္ျမင့္လြင္ (မုျဒာ) ၊ Myawady Daily


က်န္းမာေပ်ာ္ရႊင္ႏိုင္ပါေစ…….💝💝💝💝💝


<< Unicode Version >>


ဝက်ခြံ ထွက်သဖြင့် အလှပျက်သည်ဆိုကာ လိမ်းဆေးအမျိုးမျိုး လိမ်းနေသူ သမီးငယ်တစ်ဦးကို တွေ့ရဖူးသည်။ ဆေးများ လိမ်းလိုက်၊ ပျောက်လိုက်၊ ပြန်ထွက်လိုက် နှင့် သံသရာမဆုံးနိုင် ဖြစ်နေသည်။

မြန်မာ့ဆေးပင်ဆေးမြစ်များ လိမ်းလျှင် တန်ဖိုးမကြီးသော်လည်း နိုင်ငံခြား လိမ်းဆေးများမှာ အလွန်တန်ဖိုးကြီးသည်။ မျက်နှာအလှ သက်သက် ကုသသည့် ဆေးခန်းများ ပြ၍ ကုသလျှင် သိန်းချီ၍ပင် ကုန်ကျနိုင်သည် သာမန် ဆင်းရဲသား လူတန်းစား မတတ်နိုင်။

ဝက်ခြံထွက်သူများ သတိမထားမိသည့် အရေးကြီးသည့် အချက်မှာ ဝမ်းချုပ်ခြင်းပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ''ဝမ်းမချုပ်ပါ နေ့တိုင်း ဝမ်းသွားနေတာပဲ''ဟု ဆိုကြမည်။

ဝမ်းတစ်နေ့တစ်ကြိမ် သွားနေသည့်တိုင် ဝမ်းထဲမှမလိုအပ်သော အပူအပုပ်များ ပါမသွားလျှင်၊ မာကျောသော အစာမကြေ ဝမ်းသွားလျှင်၊ နံနက်စောစော ဝမ်းသွားခြင်း မဟုတ်ဘဲ နေ့လယ် ၊ ညနေမှ ဝမ်းသွားလျှင် ကောင်းမွန်သော၊ မှန်ကန်သော ဝမ်းသွားခြင်း မဟုတ်ပါ။

ဝက်ခြံထွက်သူများကို လေ့လာကြည့်သောအခါ သုံးမျိုးတွေ့ရသည် -
၁။ ဝက်ခြံထွက်ရမည့် အရွယ်ဖြစ်၍ ထွက်ရခြင်း။
၂။ အဆီအသားတွဲသော အစာကို ချဉ်ငန်စပ်အရသာနှင့် တွဲ၍ စားသုံးခြင်း။
၃။ ဓာတုဗေဒ ဆိုးဆေးအနံ့၊ အရသာပါဝင်သည့် လွယ်ကူစာများ စားသုံးခြင်း။

အထက်ပါအချက်များမှ လွတ်ကင်းပါလျက် ဝက်ခြံထွက်သည်ဆိုလျှင် မျိုးရိုးကြောင့်လည်း ဖြစ်နိုင်သည်။ ရှောင်လွှဲမရ၊ ကုမရသော ဝက်ခြံဖြစ်သည်။ သို့သော် ဝမ်းချုပ်လျှင် ၊ အစာမှားလျှင် ပို၍ ထွက်သည်ကို သတိပြုမိသည်။

မျိုးရိုးကြောင့် ဝက်ခြံထွက်ခြင်းမှာ ရှောင်လွှဲမရသဖြင့် ဝမ်းမှန်အောင် ဂရုစိုက်ရသည်။ စာရေးသူ ကိုယ်တိုင် ယခု အသက်အရွယ်ထိ ဝက်ခြံထွက်ဆဲ ဖြစ်သည်။ ဝက်ခြံမှာ မျက်နှာတွင် မထွက် နားရွက်နောက် နှင့် မေးအောက်၊ လည်ကုပ်တို့တွင် ထွက်သည်။ အဖွား၏ အမွေ ဖြစ်သည်။

စာရေးသူ၏ အဖွားသည် အသက် ရ၅ နှစ်ထိ နားနှင့် မေးအောက်တွင် ဝက်ခြံဖုများ ထွက်သည်ကို မှတ်မိနေသည်။ ဝက်ခြံ ထွက်သူများသည် အလုပ်ကို အလောတကြီး လုပ်တတ်သူများ ဖြစ်သည်ကိုလည်း တွေ့ရသည်။

စိတ်တိုသူ၊ အိပ်ရေးမဝသူများမှာ ဝက်ခြံ ပို၍ထွက်သည်။ မျက်နှာကို သန့်စင်အောင် မျက်နှာသစ် ဆပ်ပြာဖြင့် တစ်နေ့ သုံးကြိမ်ခန့် မသစ်လျှင် ဝက်ခြံမှ အဆီအိတ်များ ပိတ်ပြီး အဆန်ခဲများ ဖြစ်သည်။

ထို အဆန်ခဲများကို မသန့်သော လက်ဖြင့် ညှစ်လျှင် လက်ရောင်လိုက်ပြီး အနာမြုံ သကဲ့သို့ ဖြစ်တတ်သည်။ အဆန်ထွက်သွားသော အခါလည်း အမည်းစက်များ ကျန်ခဲ့သဖြင့် အရုပ်ဆိုး ရပြန်သည်။

လွယ်ကူသော ဝမ်းမှန်ဆေး
၁။ မန်ကျည်းမှည့်အနှစ် ၂၅ကျပ်သား
၂။ ကြက်သွန်နီဥ ၂၅ကျပ်သား
၃။ ရှားစောင်းလက်ပပ် ၂၅ကျပ်သား
၄။ ထန်းလျက်(အမည်း) ၂၅ကျပ်သား
၅။ ဆားခါး(လှော်) ၁ဝကျပ်သား

ဆားခါးအထုပ်ကို ဝယ်ပြီး သီးသန့် ဒယ်အိုးဖြင့် လှော်ပြီးမှ ထည့်ပါ။ ဗိုက်မနာ ဝမ်းမရစ် စေရန်ဖြစ်သည်။ အထက်ပါ ဆေးအမယ် အားလုံးစုပြီးလျှင် မြေအိုး တစ်လုံးတွင် ထည့်၍ မီးနွေးနွေးဖြင့် ပုံမှန် ကျိုသွားပါ။ ပေါက်စီးကျပြီး
လက်ကော် ရလျှင်ချကာ အအေးခံထားပြီး ဖန်ပုလင်းတွင် ပြောင်းထည့်ပါ။ အပေါ်မှ နှမ်းဆီ ထည့်ထားပါ။ မှိုမတက်အောင် သုံးလေးရက် တစ်ကြိမ် နေရောင်ခြည် ပြပေးပါ။

ဝမ်းမှန်ဆေးကို ပုံမှန် ညအိပ်ရာဝင် ဟင်းစားဇွန်း တစ်ဇွန်းမှ နှစ်ဇွန်းထိ စားသုံး ပေးခြင်းဖြင့် အပူအပုပ် ကင်းစင်ပြီး မျက်နှာမှ ဝက်ခြံထွက်ခြင်းကို သက်သာစေနိုင်ကြောင်း တင်ပြ လိုက်ရပေသည်။


ကျန်းမာပျော်ရွှင်နိုင်ပါစေ…….💝💝💝💝💝


Credit : ကြည်မြင့်လွင် (မုဒြာ) ၊ Myawady Daily



ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246

0 comments:

Post a Comment