ညှင်းကွက်ကလေးတွေက အရေပြားမှာ လာရောက်စွဲကပ်တဲ့ Yeast လို့ခေါ်တဲ့ မှိုပိုးကြောင့် ဖြစ်တာပါ။ ဒီမှိုပိုးတွေဟာ သစ်ပင်အသီးအနှံ အုပ်စုမှာပါဝင်ပြီး သူတို့မှာ အစာထုတ်လုပ်နိုင်တဲ့ ကလိုရိုဖီးလ် လို့ခေါ်တဲ့ အစိမ်းရောင် ဓါတ်ပစ္စည်းမရှိတဲ့ အတွက် အစာချက်လုပ်ခြင်း မပြုလုပ်နိုင်တာကြောင့် သူတစ်ပါးကို မှီခိုအသက်ရှင်ရတဲ့ ကပ်ပါးအုပ်စုဝင်တွေပဲ။
ဒီမှိုပိုးတွေဟာ ပူအိုက်စိုစွတ်တဲ့ ပတ်ဝန်းကျင်၊ ဆွေးမြည့်ပုပ်သိုးတဲ့ နေရာမျိုး၊ မသန့်ရှင်းတဲ့ အခြေအနေတွေကို နှစ်သက်တာမို့ အရေပြားဟာ ပူအိုက်စွတ်စိုနေပြီး သန့်ရှင်းမှု နည်းတယ်ဆိုရင် ပြီးတော့ အရေပြားမှာ ကုတ်ဖဲ့ပွန်းပဲ့ ထားတဲ့အတွက် ထိခိုက်ဒဏ်ရာ ရှိနေမယ်ဆိုရင် ခန္ဓာကိုယ်မှာလဲ အာဟာရ ပြည့်ဝမျှတမှုမရှိဘဲ ရောဂါပိုးတွေကို ခုခံတွန်းလှန်နိုင်တဲ့ ကိုယ်ခံစွမ်းအား နည်းနေတယ်ဆိုရင် ဒီလိုအရေပြားရောဂါမျိုးဖြစ်ဖို့ ရာခိုင်နှုန်းများသွားပြီပေါ့။
ညှင်းကွက်တွေဖြစ်ရင် တချို့အဖြူကွက် အဖြူစက်လေးတွေ။ တချို့ကတော့ ညိုညစ်ညစ် အကွက်လေးတွေ ဖြစ်တတ်ပါတယ်။ တချို့လူတွေမှာ အဖြူကွက်သေးသေးလေးတွေ မဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတတ်ပါတယ်။
ကလေးတွေမှာ အတွေ့ရများပါတယ်။ တံတောင်ဆစ်၊ ဒူးကောက်ကွေးလို နေရာမျိုးမှာ အဖြစ်များပါတယ်။ ချွေးထွက်ရင်အမြဲလိုလို ချွေးမခြောက်တဲ့ နေရာတွေမှာ ဖြစ်တဲ့သဘောပါ။ လေထဲမှာ ရေငွေ့များတဲ့အချိန် မိုးတွင်းမှာ အဖြစ်များသလို ပူအိုက်တဲ့ရာသီမှာ ချွေးတစိုစိုကြောင့်လည်း အဖြစ်များ တတ်တာပါပဲ။
Credit : ကျန်းမာပျော်ရွှင်မီးအိမ်ရှင် (ဒေါက်တာနိုက်တင်ဂေးလ်နှင့်ဆွေးနွေးခန်း) အပိုင်း (၂)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment