<<< Zawgyi Version >>>
ခႏၶာကိုယ္ရဲ့ ဇီ၀ကမၼျဖစ္စဥ္ေတြအတြက္ ေရဟာ အေရးပါတဲ့ ပစၥည္းတစ္မ်ိဳးျဖစ္ပါတယ္။ ေသြးတြင္း အရည္ဓာတ္ကို ထိန္းေပးတဲ့ေနရာမွာ၊ ခႏၶာကိုယ္အနွံ႔ကို အဟာရေတြ ပို႔ေဆာင္တဲ့ေနရာမွာ၊ ေဟာ္မွန္းေတြ အင္ဇိုင္းေတြကို သယ္ေဆာင္ေပးတဲ့ေနရာမွာ နဲ႔ ခႏၶာကိုယ္ကေန အညစ္ေၾကးေတြ စြန္႔ပစ္ေပးတဲ့ေနရာေတြ မွာ ေရဟာ အဓိကက်တဲ့ အခန္းကဏၰကေန ပါ၀င္ေနပါတယ္။
တကယ္လို႔ ခႏၶာကိုယ္ထဲမွာ လိုအပ္တဲ့ ေရပမာဏထက္ ပိုလာၿပီဆိုရင္ ေခၽြး၊ ဆီးနဲ႔ ၀မ္းကေန တဆင့္ ျပင္ပကို စြန္႔ထုတ္ပါတယ္။ ဒီထဲမွာမွ ပိုေနတဲ့ေရေတြကို အမ်ားဆံုး ဖယ္ရွားေပးတာကေတာ့ ဆီးပဲျဖစ္ပါတယ္။
ေႏြရာသီမွာက ပတ္၀န္းက်င္အပူခ်ိန္ မ်ားတဲ့အတြက္ ေရေတြဟာ ေခၽြးကေနတဆင့္ျဖစ္ေစ၊ အေငြ႔ပ်ံရာက တဆင့္ျဖစ္ေစ ခႏၶာကိုယ္ကေန ထြက္သြားပါတယ္။ ဒါ့ေၾကာင့္ ေသြးတြင္းအရည္ဓာတ္ကို ေလ်ာ့မသြားဖို႔ အတြက္ ေက်ာက္ကပ္ကေန ေရေတြကို ထိန္းထားလိုက္တာေၾကာင့္ ရာသီဥတုပူေလေလ ဆီးသြား နည္းသြားေလေလပဲ ျဖစ္ပါတယ္။
ဒါေပမယ့္ မိုးရာသီတို႔၊ ေဆာင္းရာသီတို႔လို ေအးတဲ့ရာသီေတြမွာေတာ့ ျပင္ပပတ္၀န္းက်င္ အပူခ်ိန္ နည္းသြားတဲ့ အတြက္ ခႏၶာကိုယ္ကေန ေခၽြးထြက္တာ၊ အေငြ႔ပ်ံတာေတြ နည္းသြားပါတယ္။ အျပင္က အေအးဓာတ္ကို ဆန္႔က်င္ၿပီး ခႏၶာကိုယ္ရဲ႕ ပံုမွန္အပူခ်ိန္ကို ထိန္းဖို႔အတြက္ အေရျပားမွာရွိတဲ့ ေသြးေၾကာမွ်င္ေလးေတြဟာ သူ႔အလိုလို က်စ္လ်စ္သြားၿပီး ေသြးဖိအားကို တက္ေစပါတယ္။
အက်ိဳးဆက္အေနနဲ႔ ခႏၶာကိုယ္ဟာ ေႏြးေထြးလာပါတယ္။ ဒီလိုရာသီဥတုေတြမွာ ေသြးဖိအားေတြ အလြန္အကၽြံတက္လာတာမ်ိဳးမရွိဘဲ ေသြးေပါင္ခ်ိန္ ပံုမွန္ျဖစ္ေနဖို႔အတြက္ ခႏၶာကိုယ္ကေန ပိုလွ်ံေနတဲ့ေရေတြကို စြန္႔ပစ္ပစၥည္းေတြနဲ႔အတူ ဆီးကေနပဲ အဓိက ထုတ္ပစ္ပါေတာ့တယ္။ ဒါဟာ ဘာေၾကာင့္ မိုးတြင္းမွာ ဆီးပိုသြားရတာလဲဆိုတဲ့ အေၾကာင္းရင္းပဲ ျဖစ္ပါတယ္။
<<< Unicode Version >>>
ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် ရေဟာ အရေးပါတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သွေးတွင်း အရည်ဓာတ်ကို ထိန်းပေးတဲ့နေရာမှာ၊ ခန္ဓာကိုယ်အနှံ့ကို အဟာရတွေ ပို့ဆောင်တဲ့နေရာမှာ၊ ဟော်မှန်းတွေ အင်ဇိုင်းတွေကို သယ်ဆောင်ပေးတဲ့နေရာမှာ နဲ့ ခန္ဓာကိုယ်ကနေ အညစ်ကြေးတွေ စွန့်ပစ်ပေးတဲ့နေရာတွေ မှာ ရေဟာ အဓိကကျတဲ့ အခန်းကဏ္ဏကနေ ပါ၀င်နေပါတယ်။
တကယ်လို့ ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ ရေပမာဏထက် ပိုလာပြီဆိုရင် ချွေး၊ ဆီးနဲ့ ၀မ်းကနေ တဆင့် ပြင်ပကို စွန့်ထုတ်ပါတယ်။ ဒီထဲမှာမှ ပိုနေတဲ့ရေတွေကို အများဆုံး ဖယ်ရှားပေးတာကတော့ ဆီးပဲဖြစ်ပါတယ်။
နွေရာသီမှာက ပတ်ဝန်းကျင်အပူချိန် များတဲ့အတွက် ရေတွေဟာ ချွေးကနေတဆင့်ဖြစ်စေ၊ အငွေ့ပျံရာက တဆင့်ဖြစ်စေ ခန္ဓာကိုယ်ကနေ ထွက်သွားပါတယ်။ ဒါ့ကြောင့် သွေးတွင်းအရည်ဓာတ်ကို လျော့မသွားဖို့ အတွက် ကျောက်ကပ်ကနေ ရေတွေကို ထိန်းထားလိုက်တာကြောင့် ရာသီဥတုပူလေလေ ဆီးသွား နည်းသွားလေလေပဲ ဖြစ်ပါတယ်။
ဒါပေမယ့် မိုးရာသီတို့၊ ဆောင်းရာသီတို့လို အေးတဲ့ရာသီတွေမှာတော့ ပြင်ပပတ်ဝန်းကျင် အပူချိန် နည်းသွားတဲ့ အတွက် ခန္ဓာကိုယ်ကနေ ချွေးထွက်တာ၊ အငွေ့ပျံတာတွေ နည်းသွားပါတယ်။ အပြင်က အအေးဓာတ်ကို ဆန့်ကျင်ပြီး ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်ကို ထိန်းဖို့အတွက် အရေပြားမှာရှိတဲ့ သွေးကြောမျှင်လေးတွေဟာ သူ့အလိုလို ကျစ်လျစ်သွားပြီး သွေးဖိအားကို တက်စေပါတယ်။
အကျိုးဆက်အနေနဲ့ ခန္ဓာကိုယ်ဟာ နွေးထွေးလာပါတယ်။ ဒီလိုရာသီဥတုတွေမှာ သွေးဖိအားတွေ အလွန်အကျွံတက်လာတာမျိုးမရှိဘဲ သွေးပေါင်ချိန် ပုံမှန်ဖြစ်နေဖို့အတွက် ခန္ဓာကိုယ်ကနေ ပိုလျှံနေတဲ့ရေတွေကို စွန့်ပစ်ပစ္စည်းတွေနဲ့အတူ ဆီးကနေပဲ အဓိက ထုတ်ပစ်ပါတော့တယ်။ ဒါဟာ ဘာကြောင့် မိုးတွင်းမှာ ဆီးပိုသွားရတာလဲဆိုတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။
Credit : drmyanmar.com
ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246
0 comments:
Post a Comment