အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Friday, 8 July 2016

အသည်းအဆီဖုံးရောဂါအတွက်သိသင့်တဲ့အချက်




<<< Zawgyi Version >>>










<<< Unicode Version >>>

အသည်းအဆီဖုံးခြင်းသည် အမျိုးသားများထက် အသက်အရွယ်ကြီးပိုင်း အဝလွန်သော အမျိုးသမီးများတွင် ပိုမိုဖြစ်ကြပါတယ်။ ၄င်းရောဂါသည့် အမျိုးသားများထက် အမျိုးသမီးများတွင် ၆၀ ရာခိုင်နှုန်း ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။

ဒီရောဂါဖြစ်ပွားရခြင်းသည် အဓိကတော့ အဆီပါဝင်မှုများသော အစားသောက်များကို လွန်ကဲစွာ စားသုံးခြင်းကြောင့် ဖြစ်ပွားရပါသည်။ အဆီအဆိမ့် ပါဝင်နှုန်း များပြားသည့် အစားအစာများမှာ မလိုင် ၊ ထောပတ် ၊ ဒိန်ခဲ နှင့် နို ့ထွက်ပစ္စည်းများဖြင့် အထူးပြု ့လုပ်ထားသော မုန့်မျိုးစုံ အစားသောက်တွင် ကိုလက်စထရောများစွာ ပါဝင်ခြင်းကြောင့် ရေရှည် စားသုံးလာခဲ့လျှင် အသည်းအဆီဖုံးခြင်းကို ဖြစ်ပေါ်စေပါတယ်။

တာရှည်ခံအောင် အထူးစီမံ ပြုလုပ်ထားသော စည်သွပ်ဘူးများတွင် လူခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေနိုင်သော အဆီဓာတ်များ ပါဝင်နေခြင်းကြောင့် စည်သွတ်ထားသော သား၊ ငါး တွေကိုလည်း ရှောင်ကြဉ်ရမှာပါ။

ထိုအပြင် အသားများတွင် အဆီများများ ပါဝင်သည့် ကြက် ၊ ဘဲ ၊ ငါး၏ အရေပြား ၊ ကြက်ဥ ၊ ဘဲဥ ၊ ငုံဥ ၊ အဆီပိုသော အမဲသား နှင့် ဝက်သားများကို ရှောင်ရှားသင့်ပါသည် ။ ၄င်းအစားသောက်များကို စားသောက်လျှင် အသီးအချဉ် နှင့် ဟင်းရွက်အသီးအနှံများကိုပါ ရောနှောစားသောက်ပါ။ သို့သော် အသားများကို အလွန်အကျွံ စားသောက်တက်ခြင်းကို လျှော့ရပါလိမ့်မည်။

သင်သည် အဆီများသော အစားသောက်များကို စားသောက်ပြီးလျှင် အေးသောရေကို ချက်ခြင်း သောက်သုံးခြင်း မပြုသင့်ပါ။ အသည်းအဆီဖုံးခြင်း ဖြစ်နေသောသူများတွင် ဆက်လက်ပြီးတော့ အသိပေးလိုတာက အဆီများစွာဖြင့် ကြော်လှော်ထားသော အစားသောက်များ ၊ အုန်းသီး၊ အုန်းနို ့ ၊ အထူးသဖြင့် စားအုန်းဆီ တို့ကို ရှောင်သင့်ပြီး အမျိုးသားများတွင် စားသုံးလေ့ရှိသည့် အရက်၊ ဆေးလိပ် နှင့် ကွမ်းစားခြင်းကိုပါ ရှောင်ကြဉ်ပါ။

အသည်း အဆီဖုံးသူအတွက် ဂတ်စ်များစွာ ပါဝင်နှုန်းဖြင့် စီမံထုတ်လုပ်ထားသော အချိုရည်ဗူးကို သောက်သုံးခြင်းကို အထူးရှောင်ရှားပါ။

ဝေဒနာသည်အနေနှင့် စားသုံးသင့်သည့် အစာအဟာရ များကတော့ လက်ဆတ်သော ဟင်းသီးဟင်းရွက်၊ အရည်ရွမ်းသော အသီးအနှံများ ၊ မလိုင်ဖယ်ထားသော နို ့နှင့် အဆီပါဝင်မှု နည်းပါသော အသား ၊ ငါး ၊ ပုဇွန်တို့ပဲ ဖြစ်ပါတယ်။

အသီးဖျော်ရည်များဖြစ်သော သံပုရာရည် ၊ ရှောက်သီးဖျော်ရည် ၊ ဂရိတ်ဖရု ဖျော်ရည်များကို မကြာမကြာ သောက်သုံးသင့်ပါသည် ။

Credit : Mg Mandalay 



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Related Posts:

  • ခြင်ကိုက်သည့်ယားယံခြင်းများကိုပျောက်ကင်းစေနိုင်သောနည်းလမ်းများခြင်အကိုက်ခံရ၍ ယားယံနေလျှင် ကုတ်ခြစ်စရာမလိုပဲ ယားယံခြင်းကို ချက်ချင်း သက်သာပျောက်ကင်းစေမည့် သဘာဝနည်းလမ်းများကို မျှဝေပေးလိုက် ပါသည်။ (၁) အိမ်မှာ အလွယ်တကူ ရှိနေတဲ့ သွားတိုက်ဆေးကို အနည်းငယ် ညှစ်ယူ၍ ခြင်ကိုက်သည့် aနရာကို ပွတ်လိ… Read More
  • အဆီများကိုလျင်မြန်စွာလာင်ကျွမ်းစေနိုင်သောအစားအစာများယာကျာ်းလေး၊ မိန်းကလေးမရွေး အဆင်းရူပါ လှပဖို့ရန်မှာ မျက်နှာ တစ်ခုတည်းပေါ်မှာ မူတည်ခြင်းမျိုး မဟုတ်ဘဲ ကိုယ်ခန္ဓာ အချိုးကျ လှပပြေပြစ်ဟာလည်း အလွန်အရေးကြီးပါတယ်။ ရုပ်ရည်ရူပါ အတင့်အသင့်ပင် ရှိသော်ငြား ခန္ဓာကိုယ်အချိုးအစား လှပ ပြေပြစ်… Read More
  • အနမ်းမှကူးစက်နိုင်သောရောဂါများစာတစ်ပုဒ် ရေးထားတာရှိပေမယ့် အများဖတ်စရာ အနေနဲ့တော့ မတင်လိုပါ။ လျှာမပါဘဲ နှုတ်ခမ်းချင်းနမ်းတာကို Light Kissing ခေါ်တယ်။ နှုတ်ခမ်းချင်း နမ်းတာကို Lip kiss လို့ ပြောတာများတယ်။ တရားဝင် ခေါ်ကြတာက French kiss ဖြစ်ပါတယ်။ Deep Kissing လိ… Read More
  • အအိပ်လွန်ရောဂါအအိပ်လွန်ရောဂါဆိုတာ ပုံမှန်အိပ်ချိန်မှာ မဟုတ်ဘဲ ရုတ်တရက် အိပ်ပျော်တတ်တဲ့ နာတာရှည် ဦးနှောက်ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်နေတဲ့သူမှာ ဦးနှောက်ဟာ ပုံမှန် အိပ်ချိန်ထချိန်တို့ကို မှန်အောင် မထိန်းချုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ညဘက်မှ… Read More
  • အရေပြားပြည်တည်နာအရေပြားပြည်တည်နာ၏ လက္ခဏာများ အရေပြားပြည်တည်နာ ဆိုသည်မှာ နေရာကွက်ဖြစ်သော အရေပြား အတွင်း ရောဂါပိုးဝင်ခြင်း ဖြစ်ပါသည်။ များသောအားဖြင့် နီရဲ နာကျင်သော နေရာလေးအဖြစ် စတင်လေ့ ရှိပါသည်။ အချိန်နှင့်အမျှ ထိုနေရာသည် တင်းမာလာပြီး ပိုနာလေ… Read More

0 comments:

Post a Comment