အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Sunday, 3 July 2016

ဗိုက်ပူတာဟာဆီးချိုရောဂါကိုဘယ်လိုဖြစ်စေနိုင်သလဲ




<<< Zawgyi Version >>>





<<< Unicode Version >>>

ဗိုက်ပူတာကြောင့် ဆီးချိုရောဂါကို ဘယ်လိုဖြစ်စေနိုင်ပါသလဲ

ဗိုက်ပူတဲ့အခါ အင်ဆူလင်က သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရာမှာ စွမ်းဆောင်နိုင်မှု နည်းသွားတာကြောင့် အင်ဆူလင် Resistance ဖြစ်သွားပါတယ်။ အဲဒီအခါ သွေးတွင်းသကြားဓာတ်က စတင် ဟန်ချက်မညီတော့ဘဲ ဆီးချိုရောဂါ အကြိုအဆင့် ဖြစ်စေနိုင်ပါတယ်။

ဗိုက်အဆီကျတာက သွေးကြောကျဉ်းစေတဲ့ အန်ဂျီအိုတန်စင် ဟော်မုန်း အပြောင်းအလဲကို ဖြစ်စေတာကြောင့် သွေးတိုးတာ ၊ လေဖြတ်တာနဲ့ နှလုံးရောဂါထတာ (Heart Attack) ကို ဖြစ်နိုင်ခြေ များစေပါတယ်။

ဗိုက်အဆီဟာ သွေးတွင်းသကြားဓာတ်များတာ၊ သွေးတိုးတာ၊ သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆီများတာတို့နှင့် ဆက်စပ်ပြီး ကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေတာကြောင့် နှလုံးရောဂါ နဲ့ သေဆုံးနိုင်ခြေကို မြင့်တက်စေတာဖြစ်ပါတယ်။

Credit: ဇွန်၊ Arogyam magazine
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

0 comments:

Post a Comment