သင်က ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေသူ တစ်ယောက်ဆိုရင် ညအချိန်မှာ အိပ်နေရင်းနဲ့ အဆီကျနိုင်မယ့် ဒီနည်းလမ်း (၅) ခုက သင့်အတွက် စိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မယ်။
(၁) မအိပ်ခင် မစ်ခ်ရှိတ် တစ်ခုခုသောက်ပါ
ညအိပ်ခါနီး သွားရည်စာ တစ်ခုခု စားတတ်တဲ့ အကျင့် ရှိတယ်ဆိုရင် ပရိုတိန်းဓာတ် ကြွယ်ဝတဲ့ မစ်ခ်ရှိတ်တွေ အသင့် ဆောင်ထားပါ။ ဖလော်ရီဒါပြည်နယ် တက္ကသိုလ်ရဲ့ သုတေသန တွေ့ရှိချက်အရ မအိပ်ခင် ပရိုတိန်းဓာတ် ၃၀ ဂရမ်လောက်ပါတဲ့ မစ်ခ်ရှတ် တစ်ခုခု သောက်တဲ့သူတွေက မသောက်တဲ့သူတွေထက် မနက် အိပ်ရာ ထချိန်မှာ ကယ်လိုရီ ပိုလောင်ကျွမ်းပါတယ်။
(၂) လုံးဝ အမှောင်ချပြီး အိပ်ပါ
သင့်ရဲ့ အခန်းက မီးမှိတ်ထားလည်း ပြင်ပက အလင်းရောင်တွေ ဝင်နိုင်တယ်ဆိုရင် လုံးဝ အမှောင်ကျနေအောင် ကန့်လန့်ကာ အထူတွေ ကာထားပါ။ အလင်းရောင်ရှိတဲ့ အရာ မှန်သမျှ ပိတ်ပါ။ မှောင်အတိကျနေတဲ့ နေရာမှာ အိပ်တဲ့အခါ သင့်ခန္ဓာကိုယ်က မယ်လာတိုနင်လို့ခေါ်တဲ့ ဟော်မုန်း တစ်မျိုး ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းက ကယ်လိုရီဓာတ်တွေ ပိုလောင်ကျွမ်းစေဖို့လည်း အားပေးပါတယ်။
(၃) အခန်း အပူချိန် လျှော့ပါ
အေးမြတဲ့နေရာမှာ အိပ်တဲ့အခါ အဆီတွေ ပိုမို လောင်ကျွမ်းပါတယ်။ အေးတဲ့အခန်းထဲမှာ အိပ်တာက နွေးထွေးတဲ့အခန်းမှာ အိပ်တာထက် ကယ်လိုရီ ခုနစ် ရာခိုင်နှုန်း ပိုမို လောင်ကျွမ်းတယ်လို့ ကျန်းမာရေး စာစောင် တစ်ခုဖြစ်တဲ့ Diabetes မှာ ဖော်ပြထားပါတယ်။
(၄) ဖုန်းတွေ ပိတ်ထားပါ
အိပ်ရာမဝင်ခင်မှာ သင့်အခန်းထဲမှာ ရှိသမျှ ဖုန်း၊ ကွန်ပျူတာ ၊ တက်ဘလက်နဲ့ တီဗီ အစရှိတဲ့ ဖန်သားပြင်ပါတဲ့ လျှပ်စစ်ပစ္စည်း မှန်သမျှကို ပိတ်ထားပါ။ အဲဒီပစ္စည်းတွေက ထွက်တဲ့ ရောင်ခြည် တစ်မျိုးက ခန္ဓာကိုယ်ရဲ့ မယ်လာတိုနင်ဓာတ် ထွက်ရှိမှုကို အနှောက်အယှက် ပေးတဲ့အတွက် ကိုယ်တွင်း လုပ်ဆောင်ချက်ကို ထိခိုက်စေပါတယ်။
(၅) အိပ်ရေး ဝဝအိပ်ပါ
ညကျရင် ကောင်းကောင်း အိပ်မယ်လို့ ကြံရွယ်ထားပေမယ့် ကိစ္စအမျိုးမျိုး ပေါ်လာပြီး အိပ်ချိန် နည်းသွားတယ်ဆိုရင် သင့်ကို သတင်းကောင်း တစ်ခု ပြောပြပါရစေ။ တစ်ညကို ၇ နာရီကနေ ၈ နာရီကြား အိပ်တဲ့လူတွေ နေ့ခင်းဘက်မှာ ထိုင်နေရင်တောင် အဲဒီလောက် မအိပ်တဲ့လူတွေထက် ကယ်လိုရီ ပိုလောင်ကျွမ်းတယ်လို့ ကျန်းမာရေး စာစောင် American Journal of Clinical Nutrition ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
Credit: thevoicemyanmar
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Tuesday, 21 November 2017
အိပ်ပျော်နေရင်းအဆီကျနိုင်မဲ့နည်းလမ်း ၅ ခု
Tuesday, 8 August 2017
သကြားစားသုံးသူများစိတ်ကျန်းမာရေးထိခိုက်နိုင်
ျမန္မာစာမမွန်သောဖုန်းမ်ားအတြက်ယူနီကုဒ္ဗားရွင်းကိုအောက္တြင္ဖတ်ရှုနိုင္ပါသည်

သကြားပါဝင်မှုမြင့်မားသော အစားအစာများ စားသုံးသည့် အမျိုးသားများ စိတ်ဓာတ်ကျနိုင်သည် အန္တရာယ်မြင့်မားကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
စိတ်ဓာတ်ကျခြင်းကြောင့် သကြားစားသုံးမှုပိုများလာနိုင်သည် ဆိုသော မှတ်ယူထားခြင်းများရှိသော်လည်း အမှန်မှာ သကြားစား သုံးမှုများခြင်းကြောင့်သာ စိတ်ဓာတ်ကျခြင်းဖြစ်ကြောင်း သုတေသီ များက ပြောသည်။
လူတစ်ဦးချင်း သကြားစားသုံးမှုနှင့်ပတ်သက်၍ ကနေဒါ၊ ပြင် သစ်၊ ဂျာမနီ၊ ကိုရီးယား၊ နယူးဇီလန်နှင့် အမေရိကန်နိုင်ငံတို့တွင် သုတေသီများ လေ့လာခဲ့ခြင်းဖြစ်သည်။ အစားအစာက စိတ်ကျန်းမာရေးအပေါ် လွှမ်းမိုးမှုရှိပြီး ဥပမာ စီမံထားသော အစားအစာများ၊ တာရှည်ခံ အစားအစာများကို စားသူများသည် စိတ်ဓာတ်ကျနိုင် ခြေပိုများသည်။
အချိုရည်များတွင် ပါဝင်သည့် သကြားဓာတ်ကလည်း အလား တူ ထိခိုက်မှုမျိုးဖြစ်စေနိုင်သည်။
သကြားဓာတ်သည် ဆဲလ်များနှင့် ကိုယ်တွင်းအင်္ဂါများ အလုပ် လုပ်ရန် မရှိမဖြစ် လိုအပ်သော်လည်း လွန်ကဲပါကကျန်းမာရေး အတွက်အန္တရာယ်ရှိနိုင်သည်။
အမျိုးသမီးများအနေဖြင့် တစ်နေ့လျှင် သကြားလက်ဖက်ရည် ဇွန်းခြောက်ဇွန်းထက် ပိုမစားသင့်ဘဲ အမျိုးသားများ ကိုးဇွန်းထက် ပိုမစားသင့်ကြောင်း အမေရိကန်နှလုံးရောဂါကုသရေးအဖွဲ့(AHA) က ညွှန်ကြားထားသည်။
ကိုကာကိုလာသံဘူးတစ်ဘူးတွင် သကြားလက်ဖက်ရည် ၈ ဒသမ ၂၅ ဇွန်းပါဝင်သည်။ သကြားစားသုံးမှုများပါက သွားများကို ထိခိုက်နိုင်ပြီး ကိုယ်အလေးချိန် ပိုလာနိုင်သည်။
အာရုံကြောများသည် သကြားဓာတ်ပမာဏမြင့်မားမှုနှင့် ကြုံ တွေ့ရပါက ထိခိုက်နိုင်သဖြင့် ဆီးချိုရောဂါသည်များ အာရုံကြော ဆိုင်ရာ ပျက်စီးမှုများဖြစ်နိုင်သည်။ သကြားစားသုံးမှုမြင့်မားသူများ ၏ ဦးနှောက်တွင် ရောင်ရမ်းမှုများ ဖြစ်နိုင်ပြီး အာရုံကြောဆိုင်ရာ ထိခိုက်ပျက်စီးနိုင်ကြောင်း သုတေသီများက ပြောသည်။
ထို့ကြောင့် ပြန်လည်သန့်စင်ထားသော ပါဝင်ပစ္စည်းနည်းပါး သည့် အစားအစာများကို ရွေးချယ်စားသောက်သင့်သည်။
—Ref: MNT
[Unicode Version]
ျမန္မာစာမမွန်သောဖုန်းမ်ားအတြက်ယူနီကုဒ္ဗားရွင်းကိုအောက္တြင္ဖတ်ရှုနိုင္ပါသည်
သကြားပါဝင္မှုျမင့်မားသော အစားအစာမ်ား စားသုံးသည့် အမိုးသားမ်ား စိတ္ဓာတ္က်နိုင်သည် အန္တရာယ်ျမင့်မားကြောင်း လေ့လာမှုတစ်ရပ္က ဖော်ျပသည်။
စိတ္ဓာတ္က်ျခင်းကြောင့် သကြားစားသုံးမှုပိုမ်ားလာနိုင်သည် ဆိုသော မွတ်ယူထားျခင်းမ်ားရွိသ္လောည်း အမွန္မွာ သကြားစား သုံးမှုမ်ားျခင်းကြောင့်သာ စိတ္ဓာတ္က်ျခင်းျဖစ်ကြောင်း သုတေသီ မ်ားက ေျပာသည်။
လူတစ်ဦးခ်င်း သကြားစားသုံးမှုနွင့်ပတ်သက်၍ ကေနဒါ၊ ျပင် သစ်၊ ဂ်ာမနီ၊ ကိုရီးယား၊ နယူးဇီလန်နွင့် အေမရိကန်နိုင်ငံတို့တြင် သုတေသီမ်ား လေ့လာခဲ့ျခင်းျဖစ်သည်။ အစားအစာက စိတ္က်န်းမာရေးအေပါ် လွှမ်းမိုးမှုရွိပြီး ဥပမာ စီမံထားသော အစားအစာမ်ား၊ တာရွည္ခံ အစားအစာမ်ားကို စားသူမ်ားသည် စိတ္ဓာတ္က်နိုင် ေျခပိုမ်ားသည်။
အခိုရည္မ်ားတြင် ပါဝင်သည့် သကြားဓာတ္ကလည်း အလား တူ ထိခိုက္မှုမိုးျဖစ်စေနိုင်သည်။
သကြားဓာတ်သည် ဆဲလ္မ်ားနွင့် ကိုယ္တြင်းအင်္ဂါမ်ား အလုပ် လုပ်ရန် မရွိမျဖစ် လိုအပ်သ္လောည်း လြန္ကဲပါကက်န်းမာရေး အတြက်အန္တရာယ်ရွိနိုင်သည်။
အမိုးသမီးမ်ားအေနျဖင့် တစ်နေ့လွ်င် သကြားလက္ဖက်ရည် ဇြန်းေျခာက္ဇြန်းထက် ပိုမစားသင့်ဘဲ အမိုးသားမ်ား ကိုးဇြန်းထက် ပိုမစားသင့်ကြောင်း အေမရိကန်နွလုံးရောဂါကုသေရးအဖြဲ့(AHA) က ညွှန်ကြားထားသည်။
ကိုကာကိုလာသံဘူးတစ္ဘူးတြင် သကြားလက္ဖက်ရည် ၈ ဒသမ ၂၅ ဇြန်းပါဝင်သည်။ သကြားစားသုံးမှုမ်ားပါက သြားမ်ားကို ထိခိုက်နိုင်ပြီး ကိုယ်အေလးခိန် ပိုလာနိုင်သည်။
အာရုံကြောမ်ားသည် သကြားဓာတ္ပမာဏျမင့်မားမှုနွင့် ကြုံ တြေ့ရပါက ထိခိုက်နိုင်သျဖင့် ဆီးခိုရောဂါသည္မ်ား အာရုံကြော ဆိုင်ရာ ပ်က္စီးမှုမ်ားျဖစ်နိုင်သည်။ သကြားစားသုံးမှုျမင့်မားသူမ်ား ၏ ဦးနွောက္တြင် ရောင်ရမ်းမှုမ်ား ျဖစ်နိုင်ပြီး အာရုံကြောဆိုင်ရာ ထိခိုက္ပ်က္စီးနိုင်ကြောင်း သုတေသီမ်ားက ေျပာသည်။
ထို့ကြောင့် ျပန္လည်သန့်စင္ထားသော ပါဝင္ပစ္စည်းနည်းပါး သည့် အစားအစာမ်ားကို ရြေးခ်ယ္စားသောက်သင့်သည်။
—Ref: MNT
Sunday, 9 July 2017
အာဖရိကတိုက်တွင်ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းမြင့်တတ်

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၈ ရက်က ဆေးဘက်ဆိုင်ရာ အကူတစ်ဦးက နယူးဒေလီမြို့တွင် ဆီးချိုလူနာတစ်ဦးကိုထိုးရန် အင်ဆူလင် ထည့်ထားသည့် ဆေးထိုးပြွန်ကို ကိုင်ထားစဉ် (Photo: AFP)
အ၀လွန်ခြင်းကြောင့် ဆီးချိုရောဂါ တစ်ဟုန်ထိုး ဖြစ်ပွားနေစဉ် ဆာဟာရအောက်ပိုင်းရှိ အာဖရိကတိုက်တွင် ဆီးချိုရောဂါကြောင့် ကုန်ကျမှုများသည် ယခုနှစ်မှစပြီး ၁၃ နှစ်အတွင်း နှစ်စဉ် နှစ်ဆနီးပါး ဒေါ်လာ ဘီလျံ ၆၀ အထိ မြင့်တက် လာနိုင်သည်ဟု ဇူလိုင် ၆ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
၂၀၁၅ ခုနှစ်တွင် အာဖရိကတိုက်အတွင်း ဆီးချိုရောဂါကြောင့် စုစုပေါင်း ကုန်ကျစရိတ်သည် ဒေါ်လာ ဘီလျံ ၂၀ (ယူရို ၁၈ ဘီလျံ) သို့မဟုတ် စုစုပေါင်း စီးပွားရေးထုတ်လုပ်မှု၏ ၁ ဒသမ၂ ရာခိုင်နှုန်း ရှိခဲ့သည်ဟု The Lancet ဂျာနယ် Diabetes & Endocrinology တွင် ဖော်ပြသည့် သုတေသနတစ်ခုအရ သိရသည်။
Advertisement
00:00
ယင်းကုန်ကျစရိတ်များထဲတွင် ဆေးဝါးနှင့် ဆေးရုံနေထိုင်စရိတ်များ၊ နာမကျန်းဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်းကြောင့် လုပ်သား ကုန်ထုတ်မှုစွမ်းအား ဆုံးရှုံးမှုလည်း ပါဝင်သည်။ ကုသမှုကုန်ကျစရိတ်အားလုံး၏ ထက်ဝက်ခန့်ကို လူနာ ရှင်များကိုယ်တိုင် ပေးချေခဲ့ရသည်။
“၂၀၃၀ မတိုင်မီ စုစုပေါင်း ကုန်ကျစရိတ်ဟာ ဒေါ်လာ ၃၅ ဒသမ ၃၃ ဘီလျံ (ဂျီဒီပီ၏ ၁ ဒသမ ၁ ရာခိုင်နှုန်း) နဲ့ ဒေါ်လာ ၅၉ ဒသမ ၃၂ ဘီလျံ (ဂျီဒီပီ၏ ၁ ဒသမ ၈ ရာ ခိုင်နှုန်း) အကြား မြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်”ဟု ကမ္ဘာတစ်ဝန်းမှ ကျွမ်းကျင်ပညာရှင် ၇၀ ကျော်က ပြုစုသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အသင့်စား အစားအစာများ စားသုံးမှုမြင့်တက်လာခြင်း၊ အထိုင်များသည့် မြို့ပြလူနေမှုပုံစံသို့ ပြောင်းလာခြင်း၊ လူဦးရေတိုးပွားလာခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်လာသောကြောင့် သက်ကြီး ရွယ်အိုဦးရေ များပြားလာခြင်းများ ကြောင့် ဆာဟာရ အောက်ပိုင်းရှိ အာဖရိကတွင် ဆီးချို အမျိုးအစား- ၂ သို့မဟုတ် အရွယ်ရောက်သူများ အစပျိုးဖြစ်ပွားသည့် ဆီးချိုရောဂါ မြင့်တက်လာခြင်းဖြစ်သည်။
အာဖရိက၌ အရွယ်ရောက်ပြီး သည့်အ၀လွန်သူဦးရေသည် ၁၉၈၀ ပြည့်နှစ်တွင် ၂၈ သန်းရှိရာမှ ၂၀၁၅ ခုနှစ်တွင် ၁၂၇ သန်းအထိ မြင့် တက်လာခဲ့သည်။ ဆီးချိုရောဂါခံ စားနေရသူ ထက်ဝက်ခန့်သာလျှင် ရောဂါဖြစ်ပွားနေသည်ကို သိရှိပြီး ၁၀ ပုံတစ်ပုံခန့်သာ လိုအပ်သည့်ဆေး ၀ါးကုသမှုခံယူခဲ့သည်ဟု သိရသည်။
၁၉၉၀ ပြည့်နှစ်တွင် အိတ်ခ်ျအိုင်ဗွီ (အေအိုင်ဒီအက်စ်)၊ ၀မ်းလျှောခြင်း၊ ငှက်ဖျားနှင့် ကလေး ရောဂါများသည် အာဖရိကဒေသတွင် သေဆုံးမှုဖြစ်စေသည့် အဓိက ရောဂါများထဲတွင် ပါဝင်ခဲ့သော်လည်း မျက်မှောက်ခေတ်တွင် နှလုံးရောဂါက ယင်းတို့နေရာတွင် အစားထိုး ၀င်ရောက်ခဲ့သည်။
ဆီးချိုရောဂါသည် သွေးထဲတွင် သကြားပါဝင်မှု ပမာဏအလွန် မြင့်မားခြင်းကြောင့် ဖြစ်ပွားသည့်နာ တာရှည်ရောဂါဖြစ်သည်။ ကုသမှု မခံယူပါက မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးဖောက်ပြန်ခြင်းနှင့် လေသင်တုန်းဖြတ်ခြင်းများ ဖြစ်ပွားနိုင်သည်။
Writer:
Ref: AFP
Wednesday, 3 May 2017
ဒါတွေဖတ်ပြီးမှအပြာကားကြည့်ပါ
ဒီနေ့ခေတ်မှာဆိုရင် လူငယ်နဲ့အပြာကားဆိုတာ ခွဲခြားလို့မရတော့ပါဘူး။ အပြာကားမကြည့်ဖူးတဲ့လူဆိုတာလည်းနှင်းဆီနက်ထက်တောင် ရှားပါသေးတယ်။ အပြာကားတွေကို သူငယ်ချင်းတွေဆီကနေ Zapya နဲ့ Share ကြတဲ့သူတွေရှိသလို Online ကနေလည်း တိုက်ရိုက်ကြည့်ကြတဲ့သူတွေလည်း မနည်းတော့ပါဘူး။အပြာကားအသစ် ထွက်လာပြီဆိုတာနဲ့ Online မှာ အုန်းအုန်းကြွက်ကြွက်ဖြစ်နေလိုက်တာ မြင်မကောင်းပါဘူး။ ဖုန်းထဲမှာ အပြာကားမပါရင်ကို ခေတ်မမီသလိုဖြစ်နေပါပြီ။ အပြာကားကို ကြည့်နေကျလူတစ်ယောက်ဟာ သူငယ်ချင်ကို တွေ့တာနဲ့ ဇာတ်ကားအသစ်ပါသေးလားလို့မေးတာလည်း ထုံးစံလိုဖြစ်နေပါပြီ။
ဦးနှောက်ကျုံ့လာမယ်
နာမည်ကျော်အပြာဝက်ဘ်ဆိုက်တွေကလည်း ကြည့်ရှုသူများဖို့အတွက် ဆယ်ကျော်သက်တွေကို ဆွဲဆောင်နေကြပါသေးတယ်။ အပြာကားကြည့်တာက ခရီးသွားဟန်လွှဲလိုသာ ဖြစ်သင့်ပေမယ့် ဒါကိုကြည့်လိုက်ရမှ နေသာထိုင်သာရှိသွားတဲ့အဆင့် (စွဲလမ်းတဲ့အဆင့်) ရောက်သွားရင် မကောင်းတော့ပါဘူး။ အပြာကားစွဲသွားရင် ကျန်းမာရေးနဲ့ လူမှုရေးအပိုင်းမှာ ပြဿနာတွေရှိလာနိုင်ပါတယ်။ အပြာကားကြည့်ဖန်များလာရင် မူးယစ်ဆေးဝါးစွဲသလို ဦးနှောက်ကျုံ့လာနိုင်တယ်လို့ ဂျာမဏီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ရပ်အရ သိရပါတယ်။
ဆုံးဖြတ်ချက်မှား လာမယ်
အထူးသဖြင့် ဆယ်ကျော်သက်တွေကြားမှာ အပြာကားကြည့်တာနဲ့ ကျန်းမာရေးထိခိုက်လာရုံမက လူမှုဆက်ဆံရေးပိုင်းနဲ့ စိတ်အားထက်သန်မှုအပိုင်းမှာ လျော့ကျလာပါတယ်။အပြာကားစွဲလမ်းလာတဲ့လူတွေက ကိစ္စတစ်ခုကို အလွယ်တကူနဲ့ အရှုံးပေးလိုစိတ်ဝင်လာကြပြီး လူမှုဆက်ဆံရေးမှာလည်း အမြင်မကြည်သူများလာတတ်ပါတယ်။ စိတ်ထက်သန်မှုလျော့နည်းလာပြီး ဦးနှောက်ထိုင်းမှိုင်းလာတဲ့အတွက် အာရုံကြောဓာတုပစ္စည်း (Dopamine Level) မြင့်တက်လာရပါတယ်။ အပြာကားစွဲလမ်းလာတာနဲ့ ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ အကူညီပေးတဲ့ ဦးနှောက်ရှေ့အဖု (Frontal Cortex) ဟာ မညီမမျှဖြစ်လာပြီး ဆုံးဖြတ်ချက်တွေ မှားယွင်းလာတတ်ပါတယ်။ သမီးရည်းစားအကြားမှာလည်း အဆင်မပြေဖြစ်လာပြီး လုပ်သမျှလွဲလာတတ်ပါတယ်။
တန်ဆေး လွန်ဘေး
ကဲ . . . လူတိုင်းဟာ ကာမတဏှာနဲ့ မကင်းနိုင်ဘူးဆိုပေမယ့် ဘယ်အရာမဆို လွန်ကဲလာရင် အဆင်မပြေတော့ပါဘူး။ အဲဒီတော့ သလဲသီးလေးတွေ အကန့်ခွဲထားသလိုကိစ္စတိုင်းမှာလည်း သူ့အကန့်လေးနဲ့သူ ခွဲခြားထားမယ်ဆိုရင် အဆင်ပြေချောမွေ့နေမှာ သေချာပါတယ်။ အဲဒီတော့ ဆေးစွဲသလို အပြာကားစွဲနေတဲ့ သူငယ်ချင်းတွေကိုလည်း မဖြစ်သင့်တန်မဖြစ်ရအောင် Mention ခေါ်ပြီး အချိန်မီတားလိုက်ဦးနော်။
#Credit
ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ကျွန်တော့် ပို့ စ်တစ်ခုချင်းဆီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။
ဖြိုးလေး(MyanmarYouth










