<<< Zawgyi Version >>>
ဝမ်းဖော ၀မ်းရောင် ရင်ပြည့် ရင်ကယ်ဖြစ်ရင် ရဲယိုသီးမှည့် တစ်လုံး ၊ ထန်းလျက် (၃) ခဲ၊ ဆားမီးဖုတ် အနည်းငယ်နှင့် ခေါက်စားပေးခြင်းဖြင့် ရောဂါဝေဒနာ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
<<< Unicode Version >>>
ရဲယိုသီးရဲ့ အာနိသင်တွေကတော့ တိုင်းရင်းဆေးပညာ စာအုပ်မှာ ဖော်ပြထားတာကို ပြောပြရမယ်ဆိုရင် ရဲယိုသီးဟာ သွေး ၊သည်းခြေ ၊လေ ၊သလိပ် တို့ကို နိုင်ပါတယ်။ အဖျားကိုပယ်ထုတ်တတ်တယ်။ မီးယပ်ကိုလည်း မှန်စေတယ်။ သွေးဝမ်းရောဂါ ၊ရိုးရိုးဝမ်းသက်ရောဂါဖြစ်ရင် ရဲယိုသီးစားလို့ အများကြီး အကျိုးရှိပါတယ်။ ရဲယိုသီးစားရင် အသက်ရှည်စေ ပါတယ်တဲ့။
ရဲယိုသီး အမှည့်တစ်လုံးကို ထန်းလျက်ခဲ (၃)ခဲနဲ့ အတူစားပေးရင် အစာမကြေရောဂါကို သက်သာပျောက်ကင်း စေပါတယ်။ မီးယပ်သွေးချုပ်ခြင်း၊ ငုပ်ခြင်း ဖြစ်ရင် ရဲယိုသီးအမှည့်ကို ထန်းလျက်(၂) လုံးခန့်နှင့် ခေါက်စားပေးခြင်းဖြင့် မီးယပ်သွေးကို သက်စေပါတယ်။
၀မး်ဖော ၀မ်းရောင် ရင်ပြည့် ရင်ကယ်ဖြစ်ရင် ရဲယိုသီးမှည့် တစ်လုံး ၊ ထန်းလျက် (၃) ခဲ၊ ဆားမီးဖုတ် အနညး်ငယ်နှင့် ခေါက်စားပေးခြင်းဖြင့် ရောဂါဝေဒနာ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ရဲယိုသီးဟာ ရှည်မျောမျောနဲ့ အသီးခွံပါးပြီး အသီးမျက်နှာပြင်ပေါ်က ဗဟုဂံအကွက်လေးများဟာ ပန်းပွင့်အရာများ မျက်စိသဖွယ်ကျန်နေတာမို့ အရုပ်ဆိုးတယ်လို့ ပြောနိုင်ပါတယ်။ အရုပ်ဆိုးတဲ့ ရဲယိုသီးမို့ အထင်တော့ မသေးလိုက်ပါနဲ့ကွယ်။ အမှန်တကယ် ဆေးဖက်ဝင်အသီး ဖြစ်ပါတယ်။
Credit : ကျန်းမာပျော်ရွှင်မီးအိမ်ရှင် (ဒေါက်တာနိုက်တင်ဂေးလ်နှင့်ဆွေးနွေးခန်း)အပိုင်း (၂)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment