အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Tuesday 4 July 2017

ပြင်းထန်လာသည့် တုပ်ကွေးဗိုင်းရပ်စ်သတိပြုရန်လို







ယခုရက်ပိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှင့် ရာသီတုပ်ကွေးဖြစ်ပွားမှု များပြားလျက်ရှိသည်။ (ဓာတ်ပုံ−စိုင်းဇော်)

ရာသီအကူးအပြောင်းကာလတွင် ဖြစ်ပွားတတ်သည့် တုပ်ကွေးဗိုင်းရပ်စ်သည် တစ်နှစ်ထက်တစ်နှစ် မျိုးရိုးဗီဇပြောင်းလဲမှုများရှိနေခြင်းကြောင့် ကလေးငယ်များကူးစက်ခံရပါကအသက်သေဆုံးသည်အထိဖြစ်နိုင်၍ အထူးသတိထားရန်နှင့်လိုအပ်ပါက ဆေးရုံ၊ဆေးခန်းများသို့ ပြသရမည်ဟု ရောင်ခြည်သစ်အခမဲ့ဆေးခန်းတာဝန်ခံ ဒေါက်တာကျော်စွာဦးက ပြောသည်။

‘‘တုပ်ကွေးကလည်း တစ်ခေါက်ဖြစ်ပြီးတော့ နောက်တစ်ခေါက် ထပ်ဖြစ်နိုင်တယ်။ ပြင်းတာကတော့ တုပ်ကွေးတိုင်းက တော်တော်ပြင်းပြင်းထန်ထန်ခံစားရပါတယ်။ မကုသရင်တော့ အသက် ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်။ တချို့က တစ်ကြိမ်ဖြစ်ကတည်း က တော်တော်ကို ခံစားရတယ်။ အခုက ဗိုင်းရပ်စ်မျိုးစိတ်တွေက များလာတယ်။ ပြင်းလည်း ပြင်း လာတယ်။ တချို့ဆိုရင် နှစ်ပတ်၊ သုံးပတ်အထိ ဒီဒဏ်ကို ခံနေရ တုန်းပဲ’’ဟု ဒေါက်တာကျော်စွာဦး က ပြောသည်။

တုပ်ကွေးရောဂါသည် အင်ဖ လူရမ်ဇာ(Influenza)ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်ပြီး ဗိုင်းရပ်စ်အေ၊ ဘီနှင့်စီဟူ၍ အမျိုးအစားသုံးခုအနက် ဗိုင်းရပ်စ်အေနှင့်ဘီကြောင့် တုပ်ကွေးဖြစ်ပွားမှု အများဆုံးဖြစ် သည်။

တုပ်ကွေးရောဂါ မျိုးရိုးဗီဇ သည် နှစ်စဉ်ပြောင်းလဲမှုရှိနေသ ဖြင့် ခြောက်လနှင့် အထက်ရှိသော ကလေးငယ်များ နှစ်စဉ် တုပ်ကွေး ရာသီမတိုင်မီ ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ်ထိုးနှံထားမှသာ ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာ ကွယ်နိုင်မည်ဟု ကျန်းမာရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း တုပ် ကွေးရောဂါဖြစ်ပွားမှုများလာပြီး ဆေးရုံဆေးခန်းများသို့ တက် ရောက်ကုသသည့် လူနာအရေအ တွက်သည် ယခင်ကထက် နှစ်ဆ ခန့် မြင့်တက်လာကြောင်း ဆရာဝန်များက ပြောကြားထားသည်။

‘‘ဒီရက်ပိုင်းမှာ တုပ်ကွေး တွေလည်း အဖြစ်များနေတယ်။ သွေးလွန်တုပ်ကွေးတွေကလည်း ဖြစ်နေတယ်။ အဓိကတော့ ရာသီ တုပ်ကွေးကများတယ်။ တချို့က စိတ်မချရတဲ့အခါ စိတ်ပူတာ ကြောင့် ဆေးရုံလာတာ ပိုများ တယ်။ ရာသီတုပ်ကွေးကတော့ ချောင်းဆိုးတာတို့၊ နှာစေးတာတို့ များတယ်။ တခြားရောဂါတော့ ဘာမှ ထူးထူးခြားခြားမဖြစ်ဘူး’’ဟု ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ စောဝင်းက ပြော သည်။

တုပ်ကွေးရောဂါပိုးပါသော တံတွေး၊ သလိပ်တို့ကို ကိုင်တွယ် မိခြင်း၊ တုပ်ကွေးဖြစ်နေသည့် လူ နာနှင့် စကားပြောခြင်း၊ နှာချေ ခြင်း၊ ချောင်းဆိုးခြင်းမှ ထွက်လာ သော အမှုန်အမွှားများကို ရှူရှိုက် မိရာမှတစ်ဆင့် အသက်ရှူလမ်း ကြောင်းထဲသို့ ဝင်ရောက်ကာ ရောဂါကူးစက်နိုင်သည်ဟု ဆို သည်။

တုပ်ကွေးရောဂါဖြစ်ပွားပါ က အဖျားကြီးခြင်း၊ အဖျားတာ ရှည်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အင်အားကုန်ခန်း မောပန်းခြင်း၊ ကိုယ်လက်ကိုက်ခဲ ခြင်းတို့အပြင် အသက်အန္တရာယ် လည်း ထိခိုက်စေနိုင်သည်ဟုဆို သည်။ တုပ်ကွေးရောဂါသည် ဗိုင်း ရပ်စ်ပိုးကြောင့်ဖြစ်ပြီး အလွန်ကူး စက်မှုလွယ်သော ရောဂါတစ်မျိုး ဖြစ်ကာ ကမ္ဘာပေါ်ရှိ လူကြီး ၁၀ ရာခိုင်နှုန်းနှင့်ကလေးငယ် ၃၀ ရာ ခိုင်နှုန်းသည် တုပ်ကွေးရောဂါ နှစ်စဉ် ကူးစက်ခံရလေ့ရှိသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

အဆိုပါရောဂါသည် အသက်အရွယ်ကြီးရင့်သူများ၊ ကလေးငယ်များ၊ နာတာရှည်အ ဆုတ်ရောဂါရှိသူများ၊ ရင်ကျပ် ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါအခံရှိသူ များ ကူးစက်ခံရပါက နောက်ဆက် တွဲ ဆိုးကျိုးများဖြစ်သော နမိုးနီး ယားဖြစ်ခြင်း၊ နားပြည်ယိုခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ ရေဓာတ်ခန်း ခြောက်ခြင်းဖြစ်ကာ အသက်ဆုံး ရှုံးသည်အထိ ဖြစ်ပွားစေနိုင်သည် ဟု ဆိုသည်။

Ref ; 7daydaily


0 comments:

Post a Comment