အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆေးလိပ်သောက် ခြင်းကြောင့် သန္ဓေသား၏ ဖွံ့ဖြိုးဆဲအသည်းဆဲလ်များကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
ဧဒင်ဘာ့ဂ်တက္ကသိုလ်က ဦးဆောင်သော ယင်းလေ့လာမှုအ တွင်း စီးကရက်တွင်ပါဝင်သည့် ဓာတုပစ္စည်းများသည် သန္ဓေသား ကျားနှင့်မတို့အပေါ်ထိခိုက်နိုင်မှုမတူညီကြောင်း သိရသည်။
အသည်းသည် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ရှင်း ထုတ်ရာတွင် အရေးပါသော အင်္ဂါအစိတ်အပိုင်းဖြစ်၍ ဇီဝဖြစ်စဉ်ကို ထိန်းချုပ်ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ပေးသည်။
ဓာတုပစ္စည်း ၇,၀၀၀ ခန့် ပါဝင်သော စီးကရက်သောက်ခြင်းကြောင့် သန္ဓေသား၏ ကိုယ်တွင်းအင်္ဂါများကို ထိခိုက်ပျက်စီးစေနိုင်၍ ကာလကြာရှည်ထိခိုက်မှုဖြစ်နိုင်သည်။
သို့သော် မိခင်ဆေးလိပ်သောက်ခြင်းကြောင့် သန္ဓေသား ကျား များ၏ အသည်းတစ်ရှူးများ ထိခိုက်ပျက်စီး၍ သန္ဓေသားတို့၏ အ သည်းတစ်ရှူးများသည် ဇီဝဖြစ်ပျက်မှုဆိုင်ရာ ဆဲလ်များကို ပိုမိုထိ ခိုက်နိုင်စေကြောင်း လေ့လာတွေ့ရှိခဲ့သည်။
သို့သော် ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်းကြောင့် သန္ဓေသားကို ထိခိုက်စေနိုင်ကြောင်း သိပြီးဖြစ်သော်လည်း အလွန် အသေးစိတ်ကျသော နည်းလမ်းဖြင့် လေ့လာရန် မိမိတို့တွင် သင့် လျော်သော ကိရိယာများမရှိသေးကြောင်း ဧဒင်ဘာ့ဂ်တက္ကသိုလ်မှ ဒေါက်တာဒေးဗစ်ဟေးက ပြောကြားသည်။
ထို့ကြောင့် ရင်သွေးယူရန် မျှော်လင့်ထားသော အမျိုးသမီးများ ဆေးလိပ်ဖြတ်သင့်ပြီး ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေး ပြဿနာအမျိုးမျိုး ကြုံတွေ့နိုင်သည်ဟု သုတေသီများကပြောသည်။
ကိုယ်ဝန်ဆောင်ချိန်အတွင်း မိခင်ဆေးလိပ်သောက်ခြင်း ကြောင့် ကလေးအသေမွေးဖွားခြင်း (သို့မဟုတ်) ကိုယ်ဝန်ပျက်ကျ ခြင်းတို့ဖြစ်နိုင်သည့် အန္တရာယ် မြင့်မားသည်။ ထို့အပြင် မိခင်ဆေး လိပ်သောက်ခြင်းကြောင့် လမစေ့ဘဲမွေးခြင်း၊ ကိုယ်အလေးချိန် မ ပြည့်ခြင်းနှင့် အခြားသော ကျန်းမာရေးဆိုးကျိုးများဖြစ်နိုင်သည်။
-Ref:Dailymail
Friday, 2 June 2017
Home »
» ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်းကြောင့် သန္ဓေသား၏ အသည်းကို ထိခိုက်နိုင်
ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်းကြောင့် သန္ဓေသား၏ အသည်းကို ထိခိုက်နိုင်
Related Posts:
ပိုးကူးစက်ခြင်းကြောင့်မိန်းမကိုယ်ယားယံခြင်း (၁) လိင်မှတစ်ဆင့် ပိုးကူးစက်ခြင်း လိ&#… Read More
အမျိုးသမီးများ သန္ဓေသားရရှိစေရန် ခက်ခဲစေသောအကြောင်းရင်းအချို့ ကိုယ်ဝန်ရရှိခြင်း၊ မရရှိခြင်းမှာ ƞ… Read More
ခံတွင်းရေယုန်ရောဂါ ခံတွင်းရေယုန်သည် ငယ်စဉ် ကလေးဘဝကပငƟ… Read More
ညအိပ်ရာဝင်ခါနီး မျက်နှာကျန်းမာရေးဂရုစိုက်နည်း မျက်နှာအရေပြား လှပကျန်းမာစေဖို့အတ… Read More
ဓမ္မတာလာစဉ် မပြုလုပ်သင့်သည့်အရာများ အမျိုးသမီးတိုင်းက ဓမ္မတာလာစဉ်မှာ စƞ… Read More
0 comments:
Post a Comment