အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Thursday, 20 October 2016

ဘရာမဝတ်တဲ့အခါ ရရှိမယ့် ကောင်းကျိုး (၄) ခု




ဒီနေ့ (အောက်တိုဘာလ ၁၃) ရက်နေ့ဟာ ကင်ဆာရောဂါမဖြစ်ပွားဖို့ မိန်းကလေးတွေ အိမ်မှာနေရင် ဘရာမဝတ်ဘဲ နေကြဖို့ တိုက်တွန်းတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ No Bra နေ့ ဖြစ်ပါတယ်။ ဘရာမဝတ်ခြင်းက ရရှိတဲ့ အံ့သြဖွယ်ကောင်းကျိုးတွေလည်း ရှိနေနေတာကို လေ့လာတွေ့ရှိရပါတယ်။

၁။ ဘရာတွေက ရင်သားကို ပိုလှအောင် မပြုပြင်ပေးနိုင်ဘူး

ဘရာမဝတ်ရင် ရင်သားပျော့တွဲမှာကို မိန်းကလေးတွေကစိုးရိမ်ကြပါတယ်။ တကယ်တော့ သင်တို့ထင်နေတာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဘရာမဝတ်ခြင်းက ရင်သားတစ်ရှူးတွေကို ပိုမိုကျန်းမာစေတယ်လို့ လေ့လာမှုတစ်ခုက ဆိုထားပါတယ်။


၂။ ဘရာမဝတ်ခြင်းက သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေတယ်

ဘရာကို ချွတ်လိုက်ချိန်မှာ လူအထိန်းအချုပ်မှ မရှိသလိုဖြစ်ပြီး ရင်ဘတ်ကို စည်းနှောင်ထားတဲ့အရာဖယ်လိုက်တဲ့အတွက် သွေးလည်ပတ်မှု ပိုကောင်းလာပါတယ်။ သွေးလည်ပတ်မှု ပိုကောင်းရင် အသားအရေပိုလှပြီး ပိုတင်းရင်းစေပါတယ်။

၃။ ရင်သားတွေကို ပိုမိုကြည့်ကောင်းစေပါတယ်။

ဘရာဝတ်ထားတဲ့ အမျိုးသမီးတွေထက် ဘရာမဝတ်တဲ့အမျိုးသမီးတွေရဲ့ ရင်သားထိပ်က ပျန်းမျှ ၇ မီလီမီတာ ပိုမြင့်တယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ ရင်သားထိပ်မြင့်တက်ခြင်းဟာ ရင်သားတွေ ပိုပြီး တင်းရင်းလှပနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။


၎။ နေလို့ထိုင်လို့ ပိုကောင်းတယ်

ဒါ မိန်းကလေးတိုင်း ခံစားမိတဲ့ကိစ္စပါ။ ဘရာဝတ်ထားချိန်မှာ စည်းနှောင်ထားသလိုဖြစ်ပြီး တင်းကျပ်နေပါတယ်။ ဘရာချွတ်လိုက်ချိန်မှာ ခံစားရတဲ့ လွတ်လပ်ပေါ့ပါးမှုက ဘာနဲ့မတူသလို နေရတာ ပေါ့ပါးလန်းဆန်းသွားပါတယ်။


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Related Posts:

  • တစ်ပတ်အတွင်းဝိတ်ကျချင်လား?ဝိတ်ချနည်းအမျိုးမျိုးအနက် တစ်ပတ်အတွင်း အစားအသောက်နဲ့ ဝိတ်ချနည်းကို ဖော်ပြပါမယ်။ ဒီနည်းက အစားအသောက်တွေကို အဓိကထား ပြုပြင်ရတာ ဖြစ်ပါတယ်။ တစ်ပတ်အတွင်း စားသောက်ပုံတွေကို လုံးဝပြောင်းလဲလိုက် ရမှာလည်း ဖြစ်တယ်။ အလားတူ တစ်ရက်ချင်းစီ… Read More
  • အရေပြားပြည်တည်နာအရေပြားပြည်တည်နာ၏ လက္ခဏာများ အရေပြားပြည်တည်နာ ဆိုသည်မှာ နေရာကွက်ဖြစ်သော အရေပြား အတွင်း ရောဂါပိုးဝင်ခြင်း ဖြစ်ပါသည်။ များသောအားဖြင့် နီရဲ နာကျင်သော နေရာလေးအဖြစ် စတင်လေ့ ရှိပါသည်။ အချိန်နှင့်အမျှ ထိုနေရာသည် တင်းမာလာပြီး ပိုနာလေ… Read More
  • မိန်းကလေးတိုင်းသိထားသင့်တဲ့ တင်းတိပ်တင်းတိပ်ဆိုတာ မျက်နှာမှာ အမဲကွက်တွေ မညီမညာ ဖြစ်လာတာကို ခေါ်ပါတယ်။ တင်းတိပ်ကို melasma လို့ခေါ်ပါတယ်။ melas ဆိုတာ ဂရိစကားက လာတယ်။ အမဲရောင်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တယ်။ တချို့က chloasma တဲ့။ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များလို့ ကိုယ်… Read More
  • ခြင်ကိုက်သည့်ယားယံခြင်းများကိုပျောက်ကင်းစေနိုင်သောနည်းလမ်းများခြင်အကိုက်ခံရ၍ ယားယံနေလျှင် ကုတ်ခြစ်စရာမလိုပဲ ယားယံခြင်းကို ချက်ချင်း သက်သာပျောက်ကင်းစေမည့် သဘာဝနည်းလမ်းများကို မျှဝေပေးလိုက် ပါသည်။ (၁) အိမ်မှာ အလွယ်တကူ ရှိနေတဲ့ သွားတိုက်ဆေးကို အနည်းငယ် ညှစ်ယူ၍ ခြင်ကိုက်သည့် aနရာကို ပွတ်လိ… Read More
  • အအိပ်လွန်ရောဂါအအိပ်လွန်ရောဂါဆိုတာ ပုံမှန်အိပ်ချိန်မှာ မဟုတ်ဘဲ ရုတ်တရက် အိပ်ပျော်တတ်တဲ့ နာတာရှည် ဦးနှောက်ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်နေတဲ့သူမှာ ဦးနှောက်ဟာ ပုံမှန် အိပ်ချိန်ထချိန်တို့ကို မှန်အောင် မထိန်းချုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ညဘက်မှ… Read More

0 comments:

Post a Comment