အရေပြားမှာ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ တစ်ခုခုရခဲ့ရင်ပဲဖြစ်ဖြစ် အင်းဆက်ကိုက်၊ အပူလောင်၊ ပြတ်ရှ၊ ဝက်ခြံဒဏ်ရာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အမာရွတ်တွေ ကျန်ခဲ့ရင် သဘာဝနည်းလမ်းနဲ့ ပျောက်ကင်းအောင်လုပ်နိုင်ဖို့ မျှဝေပေးချင်ပါတယ်။
ရှားစောင်းလက်ပတ် အပေါ်လွှာကိုခွာ၊ ဂျယ်လီဖတ်လေးတွေနဲ့ အမာရွတ်ရှိတဲ့ နေရာကို သုတ်လိမ်းပေး၊ နာရီဝက်လောက်ထားပြီး ရေဆေးချတာမျိုး တစ်နေ့ နှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးရင် အမာရွတ်တွေ ပျောက်ကင်းစေပါတယ်။
အုန်းဆီအနည်းငယ်ကို အပူပေး၊ အမာရွတ်ရှိတဲ့ နေရာကို သုတ်လိမ်းပြီး ၁၀ မိနစ်လောက် နှိပ်နယ်ပေးတာမျိုး တစ်နေ့နှစ်ကြိမ်ကနေ လေးကြိမ်လောက် လုပ်ပေးရင် သက်သာပျောက်ကင်းစေ ပါတယ်။
ဗီတာမင်အီး အဆီ၊ သံလွင်ဆီ၊ စန္ဒကူးနံ့သာဆီ ရှိရင်လည်း အမာရွတ်ပေါ် ပုံမှန်လိမ်းပေးတယ်ဆိုရင် တဖြည်းဖြည်းပါးပြီး ပျောက်ကင်းစေသလို သံပရာသီး နဲ့ အမာရွတ်ရှိတဲ့နေရာကို ပွတ်၊ ၁၀ မိနစ်လောက် ထားပြီး ရေဆေးပစ်တာမျိုး တစ်နေ့တစ်ကြိမ် လုပ်ပေးရင်း ပျောက်ကင်းအောင် လုပ်နိုင်ပါတယ်။
နောက်တစ်နည်းက ပျားရည်ကို အမာရွတ်ပေါ်သုတ်၊ ပတ်တီး စည်းထားပြီး နောက်တစ်နေ့ မနက်ကျမှ ပတ်တီးဖြေ ဆေးကြောတာမျိုး အိပ်ရာ မဝင်ခင်တိုင်း လုပ်ပေးနိုင်ပါတယ်။ ပန်းသီးဗီနီဂါနဲ့လည်း အမာရွတ်ရှိတဲ့ နေရာကို ပွတ်ဆေးနိုင်သလို ကိုကိုးထောပတ် ရှိရင်လည်း ဘယ်အမာရွတ်မျိုးမဆို သုတ်လိမ်းပေးရင် သက်သာ ပျောက်ကင်းစေပါတယ်။
Credit : 7Day Daily
Thursday, 17 December 2015
Home »
» အမာရွတ်ပျောက်စေသောနည်းလမ်းများ
အမာရွတ်ပျောက်စေသောနည်းလမ်းများ
Related Posts:
အအိပ်လွန်ရောဂါအအိပ်လွန်ရောဂါဆိုတာ ပုံမှန်အိပ်ချိန်မှာ မဟုတ်ဘဲ ရုတ်တရက် အိပ်ပျော်တတ်တဲ့ နာတာရှည် ဦးနှောက်ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်နေတဲ့သူမှာ ဦးနှောက်ဟာ ပုံမှန် အိပ်ချိန်ထချိန်တို့ကို မှန်အောင် မထိန်းချုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ညဘက်မှ… Read More
အရေပြားပြည်တည်နာအရေပြားပြည်တည်နာ၏ လက္ခဏာများ အရေပြားပြည်တည်နာ ဆိုသည်မှာ နေရာကွက်ဖြစ်သော အရေပြား အတွင်း ရောဂါပိုးဝင်ခြင်း ဖြစ်ပါသည်။ များသောအားဖြင့် နီရဲ နာကျင်သော နေရာလေးအဖြစ် စတင်လေ့ ရှိပါသည်။ အချိန်နှင့်အမျှ ထိုနေရာသည် တင်းမာလာပြီး ပိုနာလေ… Read More
တစ်ပတ်အတွင်းဝိတ်ကျချင်လား?ဝိတ်ချနည်းအမျိုးမျိုးအနက် တစ်ပတ်အတွင်း အစားအသောက်နဲ့ ဝိတ်ချနည်းကို ဖော်ပြပါမယ်။ ဒီနည်းက အစားအသောက်တွေကို အဓိကထား ပြုပြင်ရတာ ဖြစ်ပါတယ်။ တစ်ပတ်အတွင်း စားသောက်ပုံတွေကို လုံးဝပြောင်းလဲလိုက် ရမှာလည်း ဖြစ်တယ်။ အလားတူ တစ်ရက်ချင်းစီ… Read More
အင်္ဂလိပ်ဆေးနှင့်အချဉ်မတည့်ပထမဦးဆုံး တင်ပြချင်သည့် အယူအဆတစ်ခုမှာ “အင်္ဂလိပ်ဆေးနှင့် အချဉ်မတည့်” ဟူသော အကြောင်းပင် ဖြစ်ပါသည်။ ဤအယူအဆမှာ ယခုမှသာမဟုတ် နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ လူတစ်ယောက် နှစ်ယောက်သာ မဟုတ်၊ လူအများအပြား ယုံကြည်နေကြခြင်း ဖြစ်၏။ တခ… Read More
မိန်းကလေးတိုင်းသိထားသင့်တဲ့ တင်းတိပ်တင်းတိပ်ဆိုတာ မျက်နှာမှာ အမဲကွက်တွေ မညီမညာ ဖြစ်လာတာကို ခေါ်ပါတယ်။ တင်းတိပ်ကို melasma လို့ခေါ်ပါတယ်။ melas ဆိုတာ ဂရိစကားက လာတယ်။ အမဲရောင်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တယ်။ တချို့က chloasma တဲ့။ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များလို့ ကိုယ်… Read More
0 comments:
Post a Comment