အစာမကြေလို့ပဲဖြစ်ဖြစ်၊ လေပွတဲ့အခါပဲဖြစ်ဖြစ် လေတက်တာမျိုးကို မကြာခဏ ကြုံဖူးလေ့ရှိကြပြီး လေတက်တာကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရလေ့ ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးတွေကို ကျော်လွှားနိုင်မယ့် အိမ်တွင်း နည်းလမ်းလေးတွေ ရှိတာကြောင့် အသုံးဝင်မယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်။
ချင်းကတော့ လေပြဿနာအတွက်ဆိုရင် အထိရောက်ဆုံး သဘာဝဆေးပါ။ ချင်းနှစ်ပြားလောက် ပါးပါးလှီး၊ ရေနွေးဆူဆူထဲထည့်၊ ၁၀ မိနစ်လောက်ထားပြီး ပျားရည်၊ သံပရာရည် နည်းနည်းစီ ထည့်ဖျော်ကာ တစ်နေ့သုံးကြိမ်လောက် သောက်ပေးနိုင်ပါတယ်။
နောက်တစ်နည်းကတော့ ပူဒီနာရွက်ခြောက် လက်ဖက်ရည် တစ်ဇွန်းကို ရေနွေးဆူဆူထဲ ခတ်၊ ၁၀ မိနစ်လောက် ထားပြီး ရေနွေးကြမ်းလို မကြာခဏ သောက်ပေးနိုင်ပါတယ်။
အိမ်မှာ ဖာလာစေ့ အဆင်သင့်ရှိတယ် ဆိုရင်လည်း အစာကြေစေဖို့အတွက် ၀ါးစားပေးနိုင်သလို ဖာလာစေ့လက်ဖက်ရည် တစ်ဇွန်းစာလောက်ကို ထုထောင်းပြီး ရေနွေးဆူဆူထဲ ထည့်ကာ ထမင်းစားပြီးတိုင်း သောက်ပေးနိုင်ပါတယ်။
တိုင်းရင်းဆေး အနေနဲ့ဆိုရင် စမုန်နက်၊ စမုန်စပါးကလည်း အစာမကြေတာတွေ၊ လေပွတာတွေ၊ ရင်ပူရင်ဆာ ဖြစ်တာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ လှော်ထားတဲ့ စမုန်နက် လက်ဖက်ရည်တစ်ဇွန်းကို တစ်နေ့နှစ်ကြိမ်၊ သုံးကြိမ် ၀ါးစားပေးနိုင်သလို ရေနွေးစိမ်ပြီး တစ်နေ့ နှစ်ကြိမ်လောက် ပုံမှန်သောက်ရင်လည်း အစာကြေစေပါတယ်။
ပင်စိမ်းရွက် လေး၊ ငါးရွက်လောက်ကို နံနက်တိုင်း ၀ါးစားပေးရင် လေတက်ခြင်းက ကာကွယ်နိုင်သလို ပင်စိမ်းရေနွေးကြမ်း သောက်ရင်လည်း ကာကွယ်ပြီးသား ဖြစ်စေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ လေပွစေတဲ့အစာတွေ ခဏခဏစားတာ ရှောင်ရှားဖို့ပဲ ဖြစ်ပါတယ်။
Credit : 7Day Daily
Sunday, 20 December 2015
Home »
» လေတတ်တာသက်သာစေဖို့
လေတတ်တာသက်သာစေဖို့
Related Posts:
အမျိုးသမီးတိုင်းသိထားသင့်သည့်မိန်းမကိုယ်အနံ့ပြဿနာ အမျိုးသမီးရဲ့ မိန်းမကိုယ်ဟာ သဘာဝအƛ… Read More
ကိုယ်အလေးချိန်တတ်စေသည့်ညနေစာစားသုံးမှုပုံစံများ ကိုယ်အလေးချိန် ကျလာတဲ့အခါ စားထားသƜ… Read More
အဆုတ်ကျန်းမာရေးအတွက်လိုက်နာသင့်သောနည်းလမ်းများ <<< Zawgyi Version >>> အသက်ရှင်နေထိုင်နိုင်ဖို့အတ&… Read More
သွေးပေါင်ကျခြင်းနှင့်သွေးအားနည်းခြင်း * သွေးပေါင်ကျခြင်းနှင့် သွေးအားနည်)… Read More
ကလေးငယ်များကိုနွားနို့တိုက်မည်ဆိုလျှင် <<< Zawgyi Version >>> နွားနို့ဟာ အခြားသော ကျန်းမာေ… Read More
0 comments:
Post a Comment