လာမယ့် ၂၀၅၀ ခုနှစ်ရောက်တဲ့အခါ ကမ္ဘာ့လူဦးရေ တစ်ဝက်လောက်က ပါဝါမျက်မှန်တပ်ရလိမ့်မယ်လို့ သုတေသန စစ်တမ်းတစ်ခုက ဖော်ထုတ်လိုက်ပါတယ်။ အကြောင်းအရင်းကတော့ နေ့စဉ်နဲ့အမျှ တိုးတက်လာတဲ့ ကွန်ပျူတာ၊ စမတ်ဖုန်း၊ တီဗီ တို့လို့ အီလက်ထရွန်နစ် မျက်နှာပြင်တွေကြောင့် ဖြစ်ပါတယ်။
၂၀၅၀ ခုနှစ်ကို ရောက်သွားတဲ့အခါ လူဦးရေ ၄.၈ ဘီလီယံ သို့မဟုတ် ကမ္ဘာ့လူဦးရေရဲ့ ၄၉.၈ ရာခိုင်နှုန်းဟာ မျက်မှန်တွေ လိုလာကြလိမ့်မယ်လို့ သုတေသနစစ်တမ်းက ထောက်ပြပါတယ်။ ၂၀၁၀ တုန်းက လေ့လာမှုအရ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၂၈.၃ ရာခိုင်နှုန်းပဲ မျက်မှန်တပ်ကြ ရပါတယ်။ အခုတော့ မျက်မှန်တပ်ရမယ့်သူ နှစ်ဆလောက် တိုးလာမယ်ဆိုတဲ့ သဘောပါ။
ပြင်ပသဘာဝအလှတွေကို ကြည့်ရှုချိန် နည်းပါးလာပြီး အလုပ်နဲ့ အခြားသော အချိန်တွေမှာ ဒစ်ဂျစ်တယ် မျက်နှာပြင်တွေကိုသာ ကြည့်နေကြတဲ့ ရလဒ်ပဲ ဖြစ်တယ်လို့ တယ်လီဂရက်ဖ် သတင်းအစီရင်ခံစာထဲမှာ ရေးသား ဖော်ပြပါတယ်။ တိုးတက်ပြီး ဝင်ငွေများတဲ့ နိုင်ငံတွေက မျက်မှန်ပြဿနာကို ပိုပြီး ရင်ဆိုင်ရလိမ့်မယ်လို့ ဆိုပါတယ်။
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment