ကလေးငယ်များအား အသက်တစ်လမပြည့်မီ ခေါင်းရိတ်ခြင်းသည် ရိတ်သည့် ကိရိယာသန့်ရှင်းမှုမရှိပါက ပိုးဝင်၍ ဦးခေါင်း ထိခိုက်ဒဏ်ရာရခြင်းမှ တစ်ဆင့် ဦးနှောက်ထဲ ပိုးဝင်ကာ ဦးနှောက်အတွင်းရှိ အရည်ကန်များ ကျယ်လာပြီး ဦးခေါင်းကြီးရောဂါဖြစ်နိုင်ကြောင်း ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာမောင်မောင်အောင်က ပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ဌာနတွင် အရည်ကန်များ ကျယ်သည့် ရောဂါ (Hydrocephalus) ကြောင့် ခွဲစိတ်ကုသမှု ခံယူသူ တစ်လလျှင် ပျမ်းမျှ ၁၀ ဦးခန့်ရှိကြောင်း၊ ဦးခေါင်း၌ ထိခိုက်ဒဏ်ရာရပြီး ပိုးဝင်သည့်အခါ နောက်ဆက်တွဲ ဆိုးကျိုးများ ကြုံရနိုင်သဖြင့် မပေါ့ဆသင့်ကြောင်း ၎င်းကဆိုသည်။
‘‘အသက်တစ်လမပြည့်ခင် ခေါင်းရိတ်ရာကတစ်ဆင့် ပိုးဝင်ပြီး ဦးခေါင်းကြီးရောဂါဖြစ်လာနိုင်သလားဆိုတော့ ဖြစ်နိုင်ခြေရှိတယ်။ သို့သော် ရာခိုင်နှုန်းအားဖြင့်တော့ နည်းပါတယ်။ ခေါင်းရိတ်တဲ့နေရာမှာ အရေးကြီးတာက ရိတ်တဲ့ဓားသန့်ဖို့လိုတယ်။ ရိတ်တဲ့နေရာမှာ ကြေးတွေ ဘာတွေမရှိဖို့လိုတယ်။ တစ်ခါတလေကျ ရိတ်ရင်းနဲ့အရေပြားကို ရှသွားတယ်။ အမွေးတွေကြားထဲမှာ ကြေးတွေရှိရင် အဲဒီကြေးတွေက အရေပြား ပွန်းပဲ့တဲ့နေရာက ဝင်သွားလေ့ရှိတယ်။ ဓားမသန့်ရှင်းရင်လည်း ဖြစ် တတ်တယ်’’ ဟု ဒေါက်တာမောင်မောင်အောင်က ပြောသည်။
ဦးခေါင်းခွံတွင်ရှိသည့် အရေပြားထဲသို့ ပိုးဝင်သွားလျှင် ချက်ချင်းသိရှိ၍ ကုသနိုင်ပါက ပြဿနာမရှိသော်လည်း ပိုးဝင်သွားခြင်းကို မသိသောကြောင့် ပြည်တည်ရာမှတစ်ဆင့် ပိုးက ဦးနှောက်အမြှေးသို့ ရောက်သွားခဲ့လျှင် လူနာ ဒုက္ခရောက်နိုင်ကြောင်း သိရသည်
0 comments:
Post a Comment