မြန်မာ့ဆေးကျမ်းတွေမှာ သင်္ဘောသီးမှည့်ဟာ ဝမ်းမီးတောက်စေတယ်၊ ဆီးရွှင်တယ်၊ သလိပ်ကိုပွားစေပြီး နှလုံးကို အကျိုးပြုတယ်လို့ ဖော်ပြထားပါတယ်။ သွေးကိုစင်ကြယ်စေပြီး သည်းခြေကိုလည်း ငြိမ်စေတယ်လို့ ဆိုပါတယ်။
၁။ သင်္ဘောသီးစိမ်းရည်ကို သကြားရောပြီး တစ်နေ့ ၃ ကြိမ်သောက်ရင် သရက်ရွက်ကြီးခြင်း ပျောက်ပါတယ်။
၂။ သင်္ဘောသီးအမှည့်ကို ပုံမှန်စားပေးရင် သရက်ရွက်ကြီးခြင်း၊ အသည်းကြီးခြင်း နဲ့ မြင်းသရိုက်ရောဂါ ပျောက်ပါတယ်။
၃။ ဆီးဝမ်းရွှင်ချင်တယ်ဆိုရင် သင်္ဘောသီးဝမ်းဖျဉ်းကို ဟင်းချက်စားတာမျိုး ဒါမှမဟုတ် သနပ် လုပ်စားတာမျိုး လုပ်ပေးလို့ရပါတယ်။
၎။ သင်္ဘောသီးနုနုကို အခြောက်လှန်းအမှုန့်လုပ်ပြီး နည်းနည်းစားပေးတာနဲ့ သွားနေတဲ့ဝမ်းကို ရပ်စေပါတယ်။
၅။ ကင်းကိုက်ခံရတဲ့အခါ ကိုက်ခံရတဲ့နေရာကို သင်္ဘောသီးစိမ်း လှီးလိုက်လို့ ထွက်လာတဲ့အရည်နဲ့ တို့လိမ်းပေးရင် အဆိပ်ပြေပါတယ်။
၆။ သင်္ဘောသီးနုနုကို ဆားနဲ့တို့စားရင် ဆုံဆို့နာပျောက်ပါတယ်။
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment