အမျိုးသမီးတစ်ဦးအတွက် အမြွှာပူးကိုယ်ဝန်ရနိုင်တဲ့ အခွင့်အရေးဟာ ၃ ရာခိုင်နှုန်းပဲရှိပါတယ်။ ၃ ရာခိုင်နှုန်းဆိုတာ ရနိုင်ခြေ အလွန်နည်းပါးပေမဲ့ အောက်ပါအချက်တွေရှိတယ် ဆိုရင်တော့ အမြွှာပူး ကိုယ်ဝန်ဆောင်ရနိုင်ခြေ ပိုမြင့်ပါတယ်။
၁။ မျိုးရိုးထဲမှာ အမြွှာပူးမွေးတာ ရှိတယ်။ အထူးသဖြင့် မိခင်ဘက်က မျိုးရိုးမှာ အမြွှာပူးမွေးတာ ရှိတယ်ဆိုရင် အမြွှာပူးရနိုင်ဖို့ အခွင့်အရေးများပါတယ်။
၂။ အသက်ကြီးတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ရနိုင်ခြေနည်းပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ရပြီဆိုရင် အမြွှာရနိုင်ခြေ တခြားလူတွေထက် များပါတယ်။ ၇ ရာခိုင်နှုန်းလောက်ရှိပါတယ်။
၃။ ကလေးအများကြီးမွေးတဲ့ အမျိုးသမီးတွေမှာ အမြွှာပူးရနိုင်ခြေ ပိုများပါတယ်။
၎။ အရပ်ရှည်မယ်၊ အစာအဟာရ ကောင်းကောင်းစားပြီး ဝိတ်တက်နေမယ်ဆိုရင် အမြွှာပူးရနိုင်ခြေ ရှိပါတယ်။
၅။ ကိုယ်ဝန် ၄ ခါနဲ့ ၄ ခါအထက်ဆောင်ဖူးတဲ့ အမျိုးသမီးတွေမှာ အမြွှာပူး ပိုရနိုင်ပါတယ်။
၆။ ယခင်က အမြွှာပူးမွေးခဲ့ဖူးတယ် ဆိုရင်လည်း အမြွှာပူးရနိုင်ခြေ ပိုမြင့်ပါတယ်။
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment