အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Friday, 4 March 2016

အကြောဆိုင်းမျက်နှာသေရောဂါ



အသက် ၄၀ အောက်တွင် ဤရောဂါဖြစ်ခဲသည်။ အသက် ၆၅ နှစ်ကျော်များမှာ အတွေ့ရများ၏။ ဤထက်ပို၍ အသက်ကြီးလေ တွေ့ရလေဖြစ်သည်။ အသက် ၇၀ ကျော် ၈၀ ကျော် ပုဂ္ဂိုလ်များတွင် ခါးကုန်းကုန်း၊ လမ်းလျှောက်နှေး၊ မျက်နှာကသေ၊ စိတ်ကလည်းဝေနှင့် ပိုတွေ့ရတတ်သည်။

ရောဂါလက္ခဏာများ

ရောဂါဖြစ်ရာတွင် ခြေလက်များ ကိုက်ခဲခြင်း၊ သွားရ လာရခက်ခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်ရာပေါ်တွင် ဟိုဘက် ဒီဘက် လှည့်မရခြင်းတို့ ဖြစ်တတ်သည်။ အသိမှတ်ဥာဏ်တို့ကို မထိခိုက်။ နောက်ပိုင်းကြာလာလျှင် ကြွက်သားများ တင်းခြင်း (Rigidity)၊ လက်များ နားနေစဉ် တုန်ခြင်း (Tremor At Rest)၊ လမ်းလျှောက်လျှင် လဲမှာစိုး၍ ဖြည်းဖြည်းလျှောက်ခြင်း၊ ခြေလှမ်းစိပ်ခြင်း၊ လျှပ်တိုက်လျှောက်ခြင်း တို့ဖြစ်တတ်သည်။ မျက်နှာက လှုပ်၍မရ “မျက်နှာဖုံးမျက်နှာ” (Masked Faces) ဟုခေါ်သည်။ စကားပြောလျှင်လေးသည်။ အသံတိုးသည်။ အသံအနိမ့်အမြင့်မရှိ။

ကြာလျှင် စိတ်ကျရောဂါ၊ စိတ်မကောင်းရောဂါ (Dementia) ရလာသည်။ မှတ်ဥာဏ်ပျက်လာသည်။ (Alzheimer’s Disease) ရသည်။ ပါကင်ဆန်ရောဂါ ဖြစ်ရသည်မှာ ဦးနှောက်ကြီး အတွင်းပိုင်းရှိ Basal Ganglia ထိခိုက်၍ဖြစ်သည်။ အထူးသဖြင့် Substantia Nigra ထိ၍ဖြစ်သည်။ ယင်းမှာ အာရုံကြောမျှင်များသည် ကောဒိတ်နှင့် လက်တီဖေါင်းနယူးကလိယ သို့သွားကာ ဒိုပါမင်း ဓာတ်ထုတ်ပေးမှု လျော့ နည်း၍ဖြစ်သည်။ ဒိုပါမင်းနည်းလေ ဤရောဂါဆိုးလေဖြစ်သည်။

ရောဂါဖြစ်စေသော အကြောင်းများ

(၁) ဦးနှောက်ရောင်စေသော ဗိုင်းရပ်စ် (Viral Encephalitis)
(၂) ဦးနှောက်တွင်း သွေးကြောပိတ်ခြင်း
(၃) ဦးနှောက်တွင်း မကြာခဏ သွေးထွက်ခြင်း
(၄) ဦးနှောက်ဒဏ်ရာ မကြာခဏရခြင်း (ဥပမာ - လက်ဝှေ့ထိုးသူ)
(၅) ဦးနှောက်အာရုံကြောများ အသက်ကြီး၍ပျက်စီးခြင်း
(၆) ဦးနှောက်ရောဂါပိုးဝင်ခြင်း ( ဥပမာ - ဆစ်ဖလစ်ကာလသားရောဂါ)
(၇) ဦးနှောက်အဆိပ်မိခြင်း ( ဥပမာ - ဆေးလိပ်သောက်ခြင်း၊ စိန်အဆိပ်ထိခြင်း၊ အလူမီနီယံ (ဒန်) သတ္တုထိခြင်း)
(၈) အခြားအကြောင်းများ

ကုသမှု

ဆေးဝါးအနေဖြင့် အဓိကမှာ အထွက်နည်းသွားသော ဒိုပါမင်းဓာတ်ကို ပြန်ရအောင် ပြုလုပ်ခြင်းနှင့် ကြွက်သားဆိုင်းခြင်းကို သက်သာရန်ဆေး (Anticholinergic) ပေးခြင်းဖြစ်သည်။

Ref : ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် ဦးနှောက်အာရုံကြောနှင့် စိတ်ရောဂါ စာအုပ်
Credit : Healthcare.com.mm



အောင်မြင့်မြတ်(Myanmar Youths)

0 comments:

Post a Comment