အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Friday, 11 March 2016

ကိုယ်ဝန်စည်များအကြောပြတ်လျှင်



ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြောပြတ်တာမျိုးတွေ အရေပြား အခြားနေရာမှာလည်း တွေ့ရတတ်ပါတယ်။ Stretch Mark လို့ခေါ်ပါတယ်။ ပြေလျော့စေသော လေ့ကျင့်ခန်းများဖြစ်တဲ့ ယောဂလို ကျင့်စဉ်များ ပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ပြေလျော့စေတယ်။ ခန္ဓာကိုယ်အတွင်းက ဗဟိုဆွဲအားနေရာ ပြောင်းရွှေ့မှုကို ထိန်းညှိပေးနိုင်ပါတယ်။


ဒါကြောင့် ယောဂလေ့ကျင့်ခန်းမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။ ယောဂသင်တန်းတက်ခြင်း သို့မဟုတ် DVD ခွေ ဝယ်၍ ကြည့်ရှုကာ လေ့ကျင့်ခန်းများ ပြုလုပ်ပေးနိုင်တယ်။ ကိုယ်ဝန်သည်များအတွက် သီးသန့် ဖွင့်လှစ်ပေးသော ယောဂ သင်တန်းကိုလည်း တက်နိုင်ပါတယ်။ 

အရေးကြီးတာက အသိအမှတ်ပြု လက်မှတ်ရ ယောဂဆရာဖြင့် လေ့ကျင့်သင်ယူမှသာ ဘေးကင်း စိတ်ချရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မွေးမယ့်ရက်နှင့် အချိန်ကိုက်ပြီး ဘယ်လို အနေအထား၊ ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ရမယ်ဆိုတာကိုလည်း ယောဂနည်းပြဆရာမက သင်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။ 

ယောဂအပါအဝင် မည်သည့် လေ့ကျင့်ခန်းမဆို လုပ်မယ်ဆိုရင် ရှေးဦးစွာ ကိုယ်ဝန်အပ်နှံထားသော ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ပြုလုပ်သင့်ပါတယ်။

Credit : Healthcare.com.mm

Ref : မောင် (ဆေးတက္ကသိုလ်) (Health Digest Journal)



အောင်မြင့်မြတ်(Myanmar Youths)

Related Posts:

0 comments:

Post a Comment