ကြံရည်ကပေးစွမ်းနိုင်တဲ့ သဘာဝသတ္တိစွမ်းအင်တွေ များစွာရှိပါတယ်။ အထူးသဖြင့် နွေရာသီမှာ ကြံရည်သောက်ရတာ သင့်တော်လှပါတယ်။
ဗီတာမင် A, B1, B2, B3, B5, B6 နဲ့ C တို့ပါဝင်တဲ့အပြင် ပရိုတိန်းနဲ့ အန်တီအောက်ဆီဒန့် ဓာတ်တွေလည်း သဘာဝကြံရည်ထဲမှာ ထူးကဲစွာ ပါဝင်ပါတယ်။ (နွေရာသီမှာ) ကြံရည်သောက်ခြင်းအားဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူး (၅) ခုရှိပါတယ်။
၁။ ရေဓာတ်ခမ်းခြောက်မှုကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ ဒါကြောင့် ရေဆာရင် အခြားစွမ်အားဖြည့် အချိုရေတွေအစား ကြံရည်သောက်သင့်ပါတယ်။
၂။ ချိုတဲ့အရသာ ရှိပေမဲ့ ဆီးချိုသမားတွေ အတွက်သင့်လျော်ပါတယ်။ ဂလစ်ဆရင် ပါဝင်မှုနှုန်းဟာ သဘာဝကြံရည်မှာ ပါဝင်မှုနှုန်း နည်းပါးလှပါတယ်။
၃။ ကြံရည်မှာ ထုံးဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ ပိုတက်စီယမ်ဓာတ်နဲ့ သံဓာတ်တွေ ကြွယ်ဝစွာ ပါဝင်လို့ အယ်လ်ကာလီသတ္တိတွေ ရှိနေပါတယ်။ အဲဒီအခြေအနေဟာ ကင်ဆာကို ကာကွယ်ပေးပါတယ်။
၎။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်ကို အားဖြည့်ပေးပါတယ်။
၅။ ကြံရည်ထဲမှာ ပါဝင်တဲ့ အန်တီအောက်ဆီဒန့်ဓာတ်ဟာ ကူးစက်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ခန္ဓာကို်ယ်ရဲ့ ဇီဝဖြစ်စဉ်လည်ပတ်မှုကို ပိုမိုအားကောင်းသွားစေပါတယ်။
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment