အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Wednesday, 18 May 2016

ကင်ဆာဖြစ်စေသောအစားအစာများ






ကင်ဆာဖြစ်စေသောအစားအစာများ ကျွန်ုပ်တို့ နေ့ စဉ် စားသုံးနေသောအစားအစာတချို့  ဟာကင်ဆာဖြစ်စေတယ်ဆိုတာသင်သိပါသလား။ ထိုအစားအစာတွေဟာဘာတွေလဲဆိုတာကို သင်သိပါသလား။

အာလူးကြော်
        
အာလူးကြော်များဟာ အရသာရှိလူကြိုက်များသော်လည်း ဆိုးကျိုးများလည်းရှိကြောင်းသိရသည်။ အဆီနှင့်ကယ်လိုရီ များစွာပါဝင်သောကြောင့် ကိုယ်အလေးချိန်တိုးစေသည်။ဆိုဒီယမ်ပါသော အဆီဓာတ်ပါဝင်မှုကြောင့် ကင်ဆာနှင့်နှလုံးရောဂါဖြစ်စေမှုကို အားပေးသည်။ အားလူးကြော်ဟုဆို၌ မြန်မာဆီသန့် အာလူးကြော်မပါဝင်ပါ။
အသားချောင်းများ
        
ဟော့ဒေါ့အသားချောင်များ၊ ၀က်အူချောင်းများ၊ အသားပြားများတော်တော်များများတွင် အချိုမှုန့် များနှင့် ဓာတုပစ္စည်းများပါဝင်သည်။ လေ့လာတွေ့ ရှိမှုအချို့ အရ အသားချောင်းပုံမှန်စားသုံးသူများသည် သေဆုံးမှုလျင်မြန်နှုန်း ၄၃%ရှိကြောင်းတွေ့ ရှိရသည်။ ဆိုဒီယမ်နိုက်ထရိတ်ပါဝင်ခြင်းသည် ကင်ဆာရောဂါကိုအဓိကအားပေးပြီး အသားချောင်းကင်ရာမှထွက်ပေါ်လာသော ကာစီနိုဂျင် ဓာတုပစ္စည်းသည်လည်းအလားတူဆိုးကျိုးပေးကြောင်းသိရသည်။
အရက်သေစာ
        
အရက်သောက်သုံးခြင်းကို လူတော်တော်များများဟာနှစ်သက်လာကြပါတယ်။ ဒါပေမယ့် အလွန်အကျွံသောက်သုံးခြင်းဟာ ဆီးချိုရောဂါ၊ အ၀လွန်ခြင်းနှင့် များစွာသော ကင်ဆာရောဂါများကိုဖြစ်စေပါတယ်။ သုတေသနများအရ တစ်နေ့ ကို အရက်တစ်ခွက်နှုန်းသောက်လေ့ရှိသောအမျိုးသမီးများဟာ အရက်လုံးဝမသောက်သုံးသောအမျိုးသမီးများထက် ၃၀% ရင်သားကင်ဆာဖြစ်နှုန်းပိုများကြောင်း သိရှိရသည်။အရက်ဟာ ဆေးရွက်ကြီးပြီးရင် ဒုတိယမြောက်ကင်ဆာအဖြစ်စေနိုင်သည့် ပစ္စည်းဖြစ်သည်။ကမ္ဘာကျန်းမာရေးအဖွဲ့ ချုပ်မှ ပညာရှင်များ၏ သုသေနမှတ်တမ်းသက်သေများအရ အရက်သည် ပါးဆောင်၊ လည်ချောင်း၊ အသည်း၊ အူမကြီး၊ စအိုလမ်းကြောင်း နှင့် ရင်သားကင်ဆာများကိုဖြစ်စေကြောင်းအခိုင်အမာတွေ့ ရှိထားသည်။
ဆီးချိုသကြား
        
အစာလျော့စားသူ (သို့ ) ဆီးချိုရောဂါ ခံစားနေရသူတွေဟာ သကြားအစား ဆီးချိုသကြားကိုစားသုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် သုတေသနများအရ ဆီးချိုသကြားစားသုံးသူများဟာ ကိုယ်အလေးချိန်ပိုတိုးလာပြီး၊ သွေးထဲရှိသကြားဓာတ်အားထိန်းချုပ်ရန်ခက်ခဲလာတတ်ပါသည်။ ထိုသကြားထဲမှ ဓာတ်ပြိုကွဲထွက်လာသော aspartame ဟာ DKPဟုခေါ်သော အဆိပ်အတောက်ကိုဖြစ်စေပါတယ်။ ဤကဲ့သို့ သောဓာတုပစ္စည်းပြိုကွဲမှုဟာ ဦးနှောက်အကြိတ်တည်ခြင်းကိုဖြစ်စေကြောင်းလေ့လာသိရှိရပါတယ်။
ဆေးသကြားနှင့် ဆိုဒါ
        
ဆေးသကြားသည် ကင်ဆာဆဲလ်များအတွက်အစာဖြစ်ပြီး ထိုဆဲလ်များကိုတိုးပွားစေကြောင်းသိရသည်။ဆေးသကြားကို ကိတ်မုန့် များ၊ ဆိုဒါများ၊ အချဉ်ရည်များတွင်ပါဝင်လေ့ရှိသည်။
အဆီကျအစားအစာ
        
Aspertame ဟုခေါ်သော လူလုပ် ဓာတုသကြားပါဝင်သော အဆီကျအစားအစာများမှာ ကျန်းမာရေးကိုထိခိုက်စေကြောင်းသိရသည်။ အဆီလျော့အစားအစာတော်တော်များများတွင် ကယ်လိုရီပိုမိုပါဝင်ပြီး တခြားသော ဘေးဖြစ်စေသည့်အရာများပါဝင်ကြောင်းသိရသည်။
Credit -BDN



အောင်မြင့်မြတ်(Myanmar Youths)

0 comments:

Post a Comment