အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Thursday, 5 May 2016

ကျန်းမာရေးနဲ့ညီညွတ်တဲ့သရက်သီး

             

သရက်သီးဟာ အနံ့၊ အရသာ ကောင်းမွန်ရုံသာမက ကျန်းမာရေးနဲ့လဲ ညီညွတ်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။ သရက်သီးမှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဓါတ်တွေ အများကြီးပါဝင် ပါတယ်။ 

သရက်သီးမှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုဟာ အမြင်အာရုံ ကောင်းမွန်စေပါတယ်။ ပိုတက်စီယမ်ဟာ  ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တွှေ ရှင်သန်ဖို့အတွက် အထောက်အကူပြုပါတယ်။ နှလုံးခုန်နုန်းနဲ့ သွေးဖိအားကိုလဲ ထိန်းညှိပေးပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီဟာ ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ၀င်ရောက်မှုကို ကာကွယ်တားဆီးပေးပါတယ်။ ကော့ပါးဟာ သွေးနီဥတွေ အသစ်မွေးဖွားဖို့အတွက် အထောက်အကူပြုပါတယ်။ ကိုလက်စထရောကို လျော့နည်းစေပြီး လိင်ပိုင်းဆိုင်ရာ ကောင်းမွန်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။ အစာခြေဖျက်မှုကို ပုံမှန်လုပ်ဆောင်ပေးတာကြောင့် ၀မ်းမှန်စေပါတယ်။ လေဖြတ်ခြင်းရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ 


ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရက်သီးကို စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို ရရှိမှာ ဖြစ်တာကြောင့် ကျန်းမာရေး ကောင်းမွန်လာစေမှာ  ဖြစ်ပါတယ်။ 


Ref: Mango fruit nutrition facts , benefit of mango




ဖြိုးပြည့်ပြည့်(မိုမိုလေး)

                                     




အောင်မြင့်မြတ်(Myanmar Youths)

Related Posts:

0 comments:

Post a Comment