အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Friday, 20 May 2016

ညစ်ညမ်းသောရုပ်ပုံများကြောင့်ပန်းသေ၊ပန်းညှိုးခြင်း


ဆယ်ကျော်သက်အရွယ်မှာ ညစ်ညမ်းရုပ်ပုံကားတွေကို ကြည့်ရှုမှုများတာက နည်းလမ်းမျိုးစုံနဲ့ ထိခိုက်မှု ရှိနိုင်ပါတယ်။ လိင်စိတ်နှိုးဆွဖို့ ညစ်ညမ်းရုပ်ပုံနဲ့ ဆက်စပ်တာ မှန်သမျှ လိုအပ်ကြောင်းကို ညစ်ညမ်းပုံတွေက ဦးနှောက်ကို လေ့ကျင့်ပေးနိုင်တယ်လို့ Southern Oregon University ပါမောက္ခ Gray Willson က ရှင်းပြပါတယ်။

ညစ်ညမ်းရုပ်ပုံကား ကြည့်ရှုလွန်းတာကြောင့် ဦးနှောက်အတွင်းက ဒိုပါမင်းတွေ အများကြီး ထွက်ရှိလာကြောင်း မိမိအမျိုးသမီးနဲ့ Sex ကိစ္စပြုလုပ်ရာမှာ လိင်စိတ်နှိုးဆွနိုင်မှု နည်းသွားရတာဖြစ်တယ်လို့ ဆိုပါတယ်။

ငယ်ရွယ်တဲ့ လူတစ်ယောက်က ညစ်ညမ်းရုပ်ပုံ ကြည်ရှုတဲ့ အကျင့်ကို စွဲလမ်းသွားရင် ဦးနှောက်ရဲ့ reward Center ကလိင်စိတ်နှိုးဆွ နိုင်စွမ်းလျှော့နည်းသွားပြီး တကယ် အိမ်ထောင်ပြုနိုင်တဲ့ အရွယ်မှာ မျှော်လင့်မထားဘဲ ပန်းသေပန်းညှိုးလိုမျိုး လိင်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်တယ်လို့ Stanford university မှ Phillip Zimbardo ကလည်းရှင်းပြထားပါတယ်။

လူငယ်အမျိုးသား တွေအနေနဲ့ ဦးနှောက်ရဲ့ လုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ ပန်းထောင်ဖို့ လှုံ့ဆော်မှုပြင်းတဲ့ ညစ်ညမ်းပုံတွေကို အလွန်အကျွံ မကြည်ရှုသင့်ပါဘူး။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Good Health 



အောင်မြင့်မြတ်(Myanmar Youths)

0 comments:

Post a Comment