အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Friday, 20 May 2016

ဦးခေါင်းထိပ်တွင်တင်းကြပ်နေအောင်ဆံထုံးထုံးခြင်းကထိပ်ပြောင်စေ



ဦးခေါင်းထိပ်မှာ ဆံထုံးကို တင်းတင်းကျပ်ကျပ် ထုံးတာဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေမှာပါ ရေပန်းစား လာပေမယ့် ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တွေက ဒီလို ဦးခေါင်းထိပ်မှာ ဆံထုံးကို တင်းကျပ်နေအောင် ထုံးတာဟာ ထိပ်ပြောင်စေတယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

ဆံပင်ရဲ့အမြစ်ကို တင်းနေအောင် အချိန်ပြည့်ဆွဲထားတာကြောင့် ပျက်စီးမှုဖြစ်ပေါ်ကာ ထိပ်ပြောင်လာတာဖြစ်ပြီး ဆံထုံးကြောင့် အမျိုးသမီးတွေ ထိပ်ပြောင်တာကို အများစု မြင်တွေ့ခဲ့ရဖူးပေမယ့် ယခုအခါ အမျိုးသမီးတွေကြား ရေပန်းစားလာတဲ့ ဆံထုံးကြောင့် အမျိုးသားတွေမှာ ထိပ်ပြောင်တာကို မမြင်ဖူးသေးဘူးလို့ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

နယူးယောက်အခြေစိုက် အရေပြားအထူးကုဆရာဝန်ဒေါ်ရစ်ဒေးက ငယ်ငယ်ကတည်းက အရောင်ဆိုးထားတဲ့ ဆံပင်ကို ကျစ်ဆံမြီးကျစ်လေ့ရှိတဲ့ အမျိုးသမီးတွေဟာ အသက် ၃၀ နဲ့ ၄၀ အရွယ်ရောက်လာချိန်မှာ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်နိုင်ခြေနှုန်း မြင့်မားတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ကောင်းမွန်တဲ့ဆံသားတွေက ကြမ်းတမ်းတဲ့ဆံသားတွေထက် ပိုမိုထိခိုက်လွယ်ပြီး ဆံပင်ကျွတ်ကာ ထိပ်ပြောင်တာကို ကျစ်ဆံမြီးကျစ်တာ၊ ဆံထုံးထုံးတာတို့ကို အတတ်နိုင်ဆုံး ရှောင်ရှားကာ ဆံပင်စည်းမယ်ဆိုရင် တင်းကျပ်မနေဘဲ လျှော့စည်းဖို့ အကြံပေးထားတယ်လို့ သိရပါတယ်။

Credit: Arogyam magazine
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး



အောင်မြင့်မြတ်(Myanmar Youths)


Related Posts:

  • ကြွက်တတ်ခြင်းကြွက်တက်တာကို ကုသမှုအနေနဲ့ ကြွက်တက်တဲ့ ကြွက်သားကို ဆန့်လိုက်ရင် သက်သာသွားပါတယ်။ - အများအားဖြင့် ခြေသလုံးကြွက်တက်ရင် မတ်တတ်ရပ်ပြီး လမ်းလျှောက်လိုက်ရင် သက်သာသွားတတ်ပါတယ်။ ဒါမှမဟုတ် နံရံကိုမှီကာ တံကောက်ကွေးပြီးခြေထောက်ကို ဖြောင်… Read More
  • အရိုးပွခြင်းမှကာကွယ်ရန်စားသုံးသင့်သည့်အစားအစာများ အရိုးပွခြင်းဟာ သွေးဆုံးခါနီး အမျိုးသမီးများနဲ့ အသက်အရွယ်ကြီးတဲ့ အမျိုးသားတွေမှာ အတွေ့ရများတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ သန်းပေါင်း ၂ဝဝ ခန့်ဟာ အရိုးပွခြင်းကို ခံစားနေကြ ရပါတယ်။ အသက် ၅ဝ နဲ့ အထက်ရှိတဲ့ အမျိုး… Read More
  • လျှာကပြောတဲ့ကျန်းမာရေးနမကောင်းဖြစ်လို့ ဆေးခန်းသွား ပြတဲ့… Read More
  • လျှင်မြန်စွာအိပ်ပျော်စေမဲ့နည်းလမ်း ၅ သွယ်အိပ်စက်ချိန် လုံလောက်စွာ မရခြင်းဟာ… Read More
  • အမျိုးသားများဆံပင်ကျွတ်ခြင်း၁။ ဆံပင်ကျွတ်ခြင်းဆိုတာ အဖြစ်များတဲ့ ပြဿနာ တစ်ခုပါ။ American Hair Loss Association ရဲ့အဆိုအရ ယောင်္ကျားတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အသက်ငါးဆယ်အနား ချဉ်းကပ်လာပြီဆိုတာနဲ့ ဆံပင်ပါးခြင်းဆိုတဲ့ အရာကို ရင်ဆိုင်ကြုံတွေ့ရပါပြီ။ အချို့သော… Read More

0 comments:

Post a Comment