အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Sunday, 10 April 2016

ပုစွန်ကိုဗီတာမင်စီနဲ့တူတူတွဲမသောက်နဲ့



ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား ၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံးတွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။

ကျွန်တော်တို့ ဟာ တစ်ခါတစ်ရံ သူငယ်ချင်းအပေါင်းအသင်း မိဘဆွေမျိုးတွေနဲ့အတူ အနောက်တိုင်း စားသောက်ဆိုင် တွေရောက်ဖြစ်တဲ့ အခါ ပုဇွန်၊ ဂဏန်း၊ ငါး အဲဒါတွေ အကုန်ပါဝင်တဲ့ ပင်လယ်စာ ခပ်ကြီးကြီး တစ်ပွဲနဲ့  အတူ ၀ိုင်သောက်တတ်တဲ့ သူက၀ိုင်၊ ၀ိုင်မသောက်တတ်တဲ့သူတွေအတွက် Vitamin C ပါဝင်တဲ့ Orange Juice လိုဖျော်ရည်မျိုးကို တွဲဖက်ပြီးစားသုံး ခဲ့ကြဖူးပါတယ်။ 

အဲ့ဒီလိုပဲ တစ်ချို့တရုတ်မင်္ဂလာဆောင်တွေ ညစာစားပွဲတွေမှာ ဘူဖေးကျွေးတဲ့ အခါ ပုဇွန်တစ်ပန်းကန်နဲ့အတူ Orange Juice တစ်မျိုးကတော့ ပါဝင်မှာ သေချာပါတယ်။ ဒီလိုတွဲဘက် စားသုံးမှုမျိုးဟာ ဘာမှ မထူးဆန်းတဲ့ အလွန်ကို ဘေးကင်းတဲ့ ရိုးရှင်းမှုလေးလို့ ကျွန်တော်တို့  ထင်ခဲ့ကြပါတယ်။ 

တကယ်တော့ ပုဇွန်လို ပါးလွှာတဲ့ အခွံပါးလေးတွေပါတဲ့ ပင်လယ်စာမျိုးနဲ Vitamin C ပါဝင်တဲ့ Orange Juice ကို တစ်ချိန်ထဲမှာ တွဲဘက်စားသုံးတဲ့အခါ အခန့်မသင့်ရင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရကြောင်း ကျွန်တော်တို့  အခုသိခဲ့ရပါပြီ ။

ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊ နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံးတွေကနေ သွေးတွေ ထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ သူမရဲ့ ရုပ်ကလာပ်ကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic အဆိပ်သင့်လို့  သေဆုံးရကြောင်း အဖြေထွက်လာပါတယ်။ အဲဒီ Arsenic အဆိပ်ဟာ ဘယ်ကလာပါသလဲ ။

ရဲတွေဟာ သေမှုသေခင်း ဖွင့်ပြီး အပြင်းအထန် စစ်ဆေးမှုတွေ လုပ်ပါတော့တယ်။ ဆေးတက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခတစ်ဦး ကိုလည်း ဒီပြဿနာကိုဖြေရှင်းဖို့  ဖိတ်ခေါ်ခဲ့ပါတယ်။ ပါမောက္ခကြီးဟာ နာရီဝက်ခန့်  သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အားလုံးကို သေသေချာချာ စစ်ဆေးပြီးနောက်မှာတော့ ဒီလျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ 

"သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ သတိလတ်လွတ် ဖြစ်မှုကြောင့် မတော်တဆ သေဆုံးခဲ့ရတာပါ"လို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။ “ဘာကြောင့် မတော်တဆ သေဆုံးရတာလဲ “ဆိုပြီး လူတွေဟာ အံ့ သြကုန်ကြပါတယ် ။

“Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီကိုနေ့တိုင်း မှီဝဲခဲ့ပါတယ် ၊ ဗီတာမင်စီဟာလည်း သူ့ အလိုလိုဆို ပြဿနာ မရှိပါဘူး ၊သူမဟာ ညစာစားချိန်မှာ ပုဇွန်တွေတော်တော်များများ စားသုံးခဲ့ပါတယ်။ ပုဇွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး။ 

သူမနဲ့ အတူတူ ညစာမှာ ပုဇွန်စားတဲ့သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ်။ အဲဒီအချက်ဟာ ပြဿနာပါပဲ”လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့တဲ့ အခွံတွေပါတဲ့ အစားအစာတွေမှာ သိပ်သည်းဆမြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ်ဒြပ်ပေါင်း ငါးမျိုး ပါဝင်တာကို လေ့လာတွေ့ ရှိခဲ့ကြပါတယ်။ အဲဒီလတ်ဆတ်တဲ့ အစားအစာတွေဟာ လူရဲ့ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး။ 

ဒါပေမယ့် သူဟာ ဗီတာမင်စီနဲ့  ပေါင်းစပ်မိသွားရင်တော့ ဓါတ်ပြုမှုတွေဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး (As anhydride, also known asarsenic oxide, the chemical formula for As205)ဟာ အဆိပ်ရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်းသုံးမျိုး (also known as arsenic trioxide, a chemical formula (As203), which is commonly known as arsenic to the public! ) အဖြစ် ပြောင်းလဲသွားပါတယ်။

အာဆင်းနစ်အဆိပ်ရဲ့ အဓိပ္ပာယ်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာာ အရေးအပါဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ နှုလုံး ၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ် နဲ့  အာရုံကြောတွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့် သေတဲ့လူတွေဟာ နား၊ နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးထွက်တဲ့ လက္ခဏာတွေဖြစ်လာပါတယ်။ ဒါကြောင့် ပုဇွန်ကို ဗီတာမင်စီ နဲ့ ပူးတွဲ မစားကြ ဖို့ သတိပေးထားပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

0 comments:

Post a Comment