၁ - ထုထောင်းထားတဲ့ စပါးလင်ကို အဝတ်နဲ့ထုပ်ပြီး ကြပ်ထုပ်လုပ်ထိုးပေးရင် ရောင်ရမ်းနာ ပျောက်ကင်းပါတယ်။
၂ - စပါးလင်ကို အမြီး၊ခေါင်းဖြတ်ပြီး သုံးခွက်တစ်ခွက် ကျိုသောက်ရင် ဆီးကြောင့်ဖြစ်တဲ့ အသားဝါရောဂါ ပျောက်ပါတယ်။
၃ - စပါးလင်ရည်ဟာ ခံတွင်း မကောင်းတာကို ကုသပေးနိုင်ပါတယ်။
၎ - ဌက်ဖျားထူထပ်တဲ့ ဒေသတွေမှာ စပါးလင်ဆီကို ဖယောင်းနဲ့ရောကျိုပြီး ခြင်ကိုက်နိုင်တဲ့ နေရာတွေကို သုတ်လိမ်းကာ ခြင်ဒဏ် ကာကွယ်လို့ ရပါတယ်။
၅ - စပါးလင်ဆီကို အဆစ်ရောင်ရမ်းတဲ့ နေရာတွေမှာ လိမ်းပေးရင် ရောင်ရမ်းတာတွေ လျော့ကျပါတယ်။
၆ - အရွက်သက်သက်ကိုပဲ စိမ်သောက်ရင် ဝမ်းဗိုက်နာကျင် ထိုးအောင့်တာ ပျောက်ပါတယ်။
၇ - ဝဲနာယားနာတွေဖြစ်တဲ့ နေရာပေါ်မှာ အဆီကိုလိမ်းပေးလိုက်ရင် ပျောက်ကင်းပါတယ်။
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment