အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Sunday, 10 April 2016

သင်္ကြန်မှာ အသားအရေမထိခိုက်အောင် ဘယ်လိုဝတ်ဆင်မလဲ



နေပူပူနဲ့ ရေစိုစိုအောက်မှာ တစ်နေကုန်နေရမှာဖြစ်တဲ့အတွက် အသားအရေကို ထိခိုက်မှု မဖြစ်စေဖို့ နေရောင်ကာခရင်မ်ကို မဖြစ်မနေလိမ်းဖို့တော့ လိုပါတယ်။ ချည်သား လက်ရှည်အင်္ကျီကို အတွင်းကနေ ခံဝတ်လိုက်တာကြောင့် နေရောင်ခြည်က အရေပြားပေါ် တိုက်ရိုက်ကျရောက်တာကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ တခြားအင်္ကျီတွေနှင့် လိုက်ဖက်မှုရှိစေဖို့ဆိုရင် အသားရောင် လက်ရှည်အင်္ကျီကို ဝတ်လို့ရပါတယ်။

အသားရောင်အင်္ကျီရဲ့ပေါ်မှာ ကိုယ်ကြိုက်တဲ့ အပေါ်ထပ်အင်္ကျီအရောင်တောက်တောက်တွေကို ထပ်ပြီး ဝတ်ဆင်လိုက်ပါ။ အနက်ရောင်က အပူကို စုပ်ယူနိုင်တဲ့အတွက် အနက်ရောင်အစား အခြားအရောင်တွေကို ရွေးချယ်ပါ။ သင်္ကြန်မှာ အင်္ကျီလက်ရှည်နှင့် လည်ပင်းနေရာမှာ ကော်လာပါတဲ့ အဝတ်အစားဒီဇိုင်းတွေ က ရေဒဏ်တွေကို ကာကွယ်ပေးနိုင်တဲ့အတွက် ရွေးချယ်သင့်တဲ့ ဒီဇိုင်းတွေပါပဲ။

လည်ပင်အဟိုက်တွေကို ရွေးချယ်မယ့်အစား ကော်လာပါတဲ့ အင်္ကျီတွေကို သင်္ကြန်အတွက် ရွေးချယ်ပါ။ ဘောင်းဘီအတို ဝတ်ဆင်မယ့်သူတွေအနေနဲ့ အသားအရေ မထိခိုက်စေဖို့ အသားကပ်ခြေအိတ်ကို အတွင်းကနေ တစ်ထပ်ဝတ်ဆင်ပါ။ အသားကပ် ဝတ်စုံတွေက အရေပြားကို လုံးဝမထိခိုက်နိုင်တာမျိုး မဟုတ်ပေမယ့် နေရောင်ခြည် နဲ့ ရေဒဏ်၊ လေဒဏ်တွေကို အလွှာတစ်ခုနဲ့ ဖုံးအုပ်ပေးထားနိုင်တာကြောင့် အရေပြားကို တိုက်ရိုက်ထိခိုက်မှု ကင်းဝေးစေပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

0 comments:

Post a Comment