အတုမရွိဗုဒၶျမတ္စြာဘုရား

အတုမရွိဗုဒၶျမတ္စြာဘုရား

Tuesday, 28 June 2016

ေဆးမွင္ထိုးျခင္း၏အႏၲရာယ္မ်ား




<<< Zawgyi  Version >>>

ေဆးမင္ထိုးျခင္းရဲ႕ က်န္းမာေရးဆိုင္ရာ ေနာက္ဆက္တြဲ အႏၱရာယ္ ႏွစ္ခုရွိပါတယ္။ ေရာဂါပိုးကူးစက္ျခင္းႏွင့္ ဓာတ္မတည့္ျခင္းတို႔ပဲ ျဖစ္ပါတယ္။ မသန္႔ရွင္းတ့ဲ အပ္နဲ႔ကိရိယာေတြကို သံုးမိရင္ HIV ပိုး၊ အသည္းေရာင္အသားဝါ စီပိုးလိုမ်ိဳး ေသႏိုင္ေလာက္တ့ဲ ကူးစက္ေရာဂါပိုးေတြ ရသြားႏိုင္ပါတယ္။

အေရးႀကီးဆံုးတစ္ခုကို အထူးသတိေပးရရင္ ဒီေန႔ေခတ္မွာ အပ္ကို သီးသန္႔သံုးရမယ္ဆိုတ့ဲ အသိက လူအားလံုး နီးပါးမွာ ရွိေနၾကပါၿပီ။ ေဆးမင္ထိုးရင္လည္း ကိုယ့္အပ္နဲ႔ကိုယ္ပဲ ထိုးၾကပါတယ္။ ဒါေပမ့ဲ ေဖ်ာ္ထားတ့ဲ မင္ခြက္ကိုေတာ့ တစ္ေယာက္ၿပီး တစ္ေယာက္ထိုးေနတာ ျမင္ေနရပါတယ္။ ဒါဟာ အပ္အတူတူ မွ်သံုးတာနဲ႔ ဘာမွမထူးပါဘူး။ ထိုးၿပီးသြားလို႔ ဒဏ္ရာသန္႔ရွင္းေအာင္ ထားၿပီး စနစ္တက်ကုသမႈ မရွိရင္လည္း အေရျပား ကူးစက္ေရာဂါေတြ ဝင္လာကာ အနာရင္းၿပီး ေဆးမင္ႀကီးေတြ ႀကီးသေလာက္ အသက္အႏၱရာယ္အထိ ရွိႏိုင္ပါတယ္။

ေနာက္တစ္ခု သတိထားဖို႔က ေသြးေၾကာႀကီးေတြနဲ႔နီးတ့ဲ ထိႏိုင္တ့ဲေနရာေတြ (ဥပမာ - လက္ဖမိုး၊ လည္ပင္းေဘး စသည္) မွာထိုးရင္ ေသြးေၾကာေပါက္ၿပီး ပိုးဝင္သြားႏိုင္ပါတယ္။ ဒီလိုကူးစက္မႈက အရမ္းကိုအႏၱရာယ္ရွိလို႔ အေရျပားပါးၿပီး ေသြးေၾကာႀကီးမ်ားနဲ႔ တိုက္ရို္က္ထိေတြ႔မႈရွိတ့ဲ ေနရာေတြမွာ ေဆးမင္ထိုးျခင္း
မလုပ္သင့္ပါဘူး။ လူအခ်ိဳ႕က်ေတာ့ တက္တူးမင္နဲ႔ ဓာတ္မတည့္လို႔ အလာ့ဂ်စ္ျဖစ္ၾကပါတယ္။

အထူးသျဖင့္ လူအမ်ားစုနဲ႔ မတည့္တာ အနီေရာင္မင္ျဖစ္တယ္လို႔ နာမည္ေက်ာ္ တက္တူးဆရာ တစ္ဦးက ေျပာျပဖူးပါတယ္။ ဓာတ္မတည့္ျခင္းဟာ ျပင္းထန္ရင္ ေဆးမင္ေနရာတစ္ခုတည္း မဟုတ္ဘဲ တစ္ကိုယ္လံုး ခံစားရတ့ဲအထိ ျပင္းထန္တတ္ပါတယ္။ ဒါေၾကာင့္ ေဆးမင္ထိုးထားတ့ဲ ဒဏ္ရာက ေဝဒနာတစ္ခုခု ေပၚလာရင္ ဆရာဝန္နဲ႔ မျဖစ္မေနျပဖို႔ စထိုးၿပီဆိုကတည္းက သတိရွိပါေစ။

Credit : ဆက္ပိုင္လင္းခန္႔ (ေဆး-၂) ၊ Ziwaka magazine
Healthcare.com.mm သင့္က်န္းမာေရး ေစာင့္ေရွာက္ေပး

<<< Unicode Version >>>

ဆေးမင်ထိုးခြင်း၏ အန္တရာယ်များ

ဆေးမင်ထိုးခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ အန္တရာယ် နှစ်ခုရှိပါတယ်။ ရောဂါပိုးကူးစက်ခြင်းနှင့် ဓာတ်မတည့်ခြင်းတို့ပဲ ဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ အပ်နဲ့ကိရိယာတွေကို သုံးမိရင် HIV ပိုး၊ အသည်းရောင်အသားဝါ စီပိုးလိုမျိုး သေနိုင်လောက်တဲ့ ကူးစက်ရောဂါပိုးတွေ ရသွားနိုင်ပါတယ်။

အရေးကြီးဆုံးတစ်ခုကို အထူးသတိပေးရရင် ဒီနေ့ခေတ်မှာ အပ်ကို သီးသန့်သုံးရမယ်ဆိုတဲ့ အသိက လူအားလုံး နီးပါးမှာ ရှိနေကြပါပြီ။ ဆေးမင်ထိုးရင်လည်း ကိုယ့်အပ်နဲ့ကိုယ်ပဲ ထိုးကြပါတယ်။ ဒါပေမဲ့ ဖျော်ထားတဲ့ မင်ခွက်ကိုတော့ တစ်ယောက်ပြီး တစ်ယောက်ထိုးနေတာ မြင်နေရပါတယ်။ ဒါဟာ အပ်အတူတူ မျှသုံးတာနဲ့ ဘာမှမထူးပါဘူး။ ထိုးပြီးသွားလို့ ဒဏ်ရာသန့်ရှင်းအောင် ထားပြီး စနစ်တကျကုသမှု မရှိရင်လည်း အရေပြား ကူးစက်ရောဂါတွေ ဝင်လာကာ အနာရင်းပြီး ဆေးမင်ကြီးတွေ ကြီးသလောက် အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ်။

နောက်တစ်ခု သတိထားဖို့က သွေးကြောကြီးတွေနဲ့နီးတဲ့ ထိနိုင်တဲ့နေရာတွေ (ဥပမာ - လက်ဖမိုး၊ လည်ပင်းဘေး စသည်) မှာထိုးရင် သွေးကြောပေါက်ပြီး ပိုးဝင်သွားနိုင်ပါတယ်။ ဒီလိုကူးစက်မှုက အရမ်းကိုအန္တရာယ်ရှိလို့ အရေပြားပါးပြီး သွေးကြောကြီးများနဲ့ တိုက်ရို်က်ထိတွေ့မှုရှိတဲ့ နေရာတွေမှာ ဆေးမင်ထိုးခြင်း
မလုပ်သင့်ပါဘူး။ လူအချို့ကျတော့ တက်တူးမင်နဲ့ ဓာတ်မတည့်လို့ အလာ့ဂျစ်ဖြစ်ကြပါတယ်။

အထူးသဖြင့် လူအများစုနဲ့ မတည့်တာ အနီရောင်မင်ဖြစ်တယ်လို့ နာမည်ကျော် တက်တူးဆရာ တစ်ဦးက ပြောပြဖူးပါတယ်။ ဓာတ်မတည့်ခြင်းဟာ ပြင်းထန်ရင် ဆေးမင်နေရာတစ်ခုတည်း မဟုတ်ဘဲ တစ်ကိုယ်လုံး ခံစားရတဲ့အထိ ပြင်းထန်တတ်ပါတယ်။ ဒါကြောင့် ဆေးမင်ထိုးထားတဲ့ ဒဏ်ရာက ဝေဒနာတစ်ခုခု ပေါ်လာရင် ဆရာဝန်နဲ့ မဖြစ်မနေပြဖို့ စထိုးပြီဆိုကတည်းက သတိရှိပါစေ။

Credit : ဆက်ပိုင်လင်းခန့် (ဆေး-၂) ၊ Ziwaka magazine
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး



ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246

0 comments:

Post a Comment