အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, 22 August 2017

ငါးကြီးဆီစားသုံးခြင်းဖြင့်လေသင်တုန်းဖြတ်ခြင်းကိုကာကွယ်နိုင်



ဖက်တီးအက်စစ်များ ပါဝင်သော ငါးကြီးဆီသည် ၀က်ရူးပြန် ရောဂါကို ကုသရန် ဆေးဝါးသစ်တစ်ရပ် ဖြစ်လာနိုင်ကြောင်း လေ့ လာမှုတစ်ရပ်က ဖော်ပြသည်။

ငါးကြီးဆီသည် လေသင်တုန်းဖြတ်ခြင်းကို လျော့ပါးစေနိုင် ကြောင်း ကြွက်များဖြင့် လေ့လာရာတွင် တွေ့ရှိခဲ့ပြီးနောက် ဂျပန် သုတေသီများက အထက်ပါကဲ့သို့ ပြောကြားခြင်းဖြစ်သည်။


ဝက်ရူးပြန်ရောဂါကြောင့် လေသင်တုန်းဖြတ်ခြင်း (သို့မဟုတ်) တက်ခြင်း မကြာခဏဖြစ်ပေါ်နိုင်သည်။ ယင်းရောဂါသည် အာရုံကြောဆိုင်ရာ မူမမှန်မှုတစ်ခုဖြစ်သည့် ၀က်ရူးပြန်ရောဂါသည်များ လေသင်တုန်းဖြတ်ခြင်းကို ကာကွယ်ရေး ဆေးဝါးများရှိပြီး ယင်းဆေးဝါးများက ရောဂါသည် ၁၀ ဦးတွင် ခုနစ်ဦးကို ထိရောက်စွာကာကွယ်ပေးနိုင်သည်။

ကျားဟော်မုန်းက ၀က်ရူးပြန်ရောဂါသည်များအတွက် လေ သင်တုန်းဖြတ်နိုင်သည့် အန္တရာယ်ကို မြင့်တက်စေနိုင်သည်။

ယခင်က လေ့လာမှုများတွင် ငါးကြီးဆီ၌ပါဝင်သော အိုမီဂါ -၃ ဖက်တီးအက်စစ်များက ၀က်ရူးပြန်ရောဂါသည်များ လေသင် တုန်းဖြတ်ခြင်းအန္တရာယ်ကို လျှော့ချနိုင်ကြောင်း ဖော်ပြသည်။

ကျန်းမာရေးနှင့်ညီသော အဆီများပါဝင်သည့် ပဲများစားသုံး သော ကြွက်များသည် လေသင်တုန်းဖြတ်နိုင်သည့် အန္တရာယ်နည်းပါးပြီး လေသင်တုန်းဖြတ်ခြင်း ခံစားရချိန်လည်း  ပိုတိုတောင်း ကြောင်း သုတေသီများက ပြောသည်။

ဦးနှောက်ထဲတွင် ဖိုဟော်မုန်းထုတ်လုပ်မှုနှင့် လေသင်တုန်းဖြတ်ခြင်းကြား ဆက်စပ်မှုရှိသည်။

ဆော်လမွန်ငါး၊ မက္ကရယ်ငါး၊ ဆာဒင်းငါးတို့ကဲ့သို့ ငါးများတွင် ကျန်းမာရေးနှင့်ညီသော အဆီများပါဝင်ပြီး ကျန်းမာရေးပညာရှင် များက ကျန်းမာရေးအတွက် စားသုံးရန် အမြဲလမ်းညွှန်လေ့ရှိသော ငါးများဖြစ်သည်။

ယင်းအပြင် သံလွင်ဆီ၊ ငါးကြီးဆီတို့တွင်လည်း ကျန်းမာရေး အတွက် ကောင်းသော အဆီဓာတ်များပါဝင်သည်။

—Ref: MNT


Thursday, 17 August 2017

ငယ်ရွယ်စဉ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများ ဦးနှောက်စွမ်းရည် ကောင်းနိုင်






[Zawgyi Version]









 လူသားများတွင်လည်း ငယ်ရွယ်စဉ်ကပင် ကိုယ်လက်လှုပ်ရှား ခြင်းကြောင့် အသက်အရွယ်နှင့် ဆက်စပ်သော ဦးနှောက်စွမ်းရည် လျော့ကျမှု ကာကွယ်နိုင်ခြေရှိသည်ဟု သုတေသီများက ပြော ကြားသည်။



—Ref: MNT

[ Unicode Version ]



ငယ်ရွယ်စဉ်ကပင် ကိုယ်လက်လှုပ်ရှားခြင်းဖြင့် အသက်အ ရွယ်ရလာပါက ဦးနှောက်စွမ်းရည်များ ထိခိုက်လျှော့ကျမှုကို ကာ ကွယ်နိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။



ပညာရေး၊ ကိုယ်လက်လှုပ်ရှားမှုနှင့် နေထိုင်မှုပုံစံများသည် ဦးနှောက်စွမ်းရည် ထိခိုက်မှုနှင့် ဆက်စပ်နေသည်။

စဉ်းစားတွေးတောမှုဆိုင်ရာ စွမ်းရည်အားကောင်းသူများသည် ဇရာကြိုရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့ ရောဂါများကြောင့် ဖြစ်ပေါ် လာနိုင်သော အာရုံကြောဆိုင်ရာ အဆင့်လျော့ကျမှုအန္တရာယ် နည်း ပါးကြောင်း လေ့လာမှုများစွာက ဖော်ပြသည်။


ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ် သုတေသီများက ဓာတ်ခွဲ ခန်းအတွင်း ကြွက်များဖြင့်လေ့လာရာတွင် ငယ်ရွယ်စဉ်ကပင် လေ့ ကျင့်ခန်းလုပ်ခြင်းသည် အရွယ်ကြီးလာချိန်၌ ဦးနှောက်စွမ်းရည် ထိခိုက်ကျဆင်းမှုကို ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

ကိုယ်လက်လှုပ်ရှားခြင်းကြောင့် သင်ယူနိုင်စွမ်းအပေါ် ရေရှည် အကျိုးသက်ရောက်စေနိုင်ကြောင်း သုတေသီများကပြောသည်။

ငယ်ရွယ်စဉ်လေ့ကျင့်ခန်းလုပ်သော ကြွက်များ၏ ဦးနှောက် ဆဲလ်များသည် အရွယ်ကြီးလာချိန်အထိ ကျန်းမာရေးကောင်း ကြောင်း သုတေသီများ လေ့လာတွေ့ရှိသည်။

လူသားများတွင်လည်း ငယ်ရွယ်စဉ်ကပင် ကိုယ်လက်လှုပ်ရှား ခြင်းကြောင့် အသက်အရွယ်နှင့်် ဆက်စပ်သော ဦးနှောက်စွမ်းရည် လျော့ကျမှု ကာကွယ်နိုင်ခြေရှိသည်ဟု သုတေသီများက ပြော ကြားသည်။

ကိုယ်လက်လှုပ်ရှားခြင်းကြောင့် အာရုံကြောဆိုင်ရာ ထိခိုက်မှု များကို ကာကွယ်ပြီး မှတ်ဉာဏ်လျော့ကျမှုကို တားဆီးနိုင်သည်။

ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ကျန်းမာရေးနှင့်အညီ နေထိုင် စားသောက်မှု မရှိခြင်းတို့ကြောင့် အသက်အရွယ်ကြီးလာပါက မှတ် ဉာဏ်ဆုံးရှုံးမှု (သို့မဟုတ်) ဦးနှောက်စွမ်းရည်များ ထိခိုက်ကာ ဇရာကြိုရောဂါနှင့် ပါကင်ဆန်ရောဂါတို့ကဲ့သို့ ရောဂါများ ဖြစ်ပွား နိုင်သည်။

—Ref: MNT


Thursday, 10 August 2017

ရက်ရှည်ဖျားနာနေသော ပွင့်ဖြူမြို့နယ် ဘကကျောင်းသား ၁၄ ဦးကို မကွေးတိုင်းဆေးရုံသို့ တင်ပို့

 မြန်မာစာမမှန်သောဖုန်းများအတွက်ယူနီကုဒ်ဗားရှင်းကိုအောက်တွင်ဖတ်ရှုနိုင်ပါသည်။

[Zawgyi Version]









Ref - 7daydaily

(Unicode Version)

မကွေးတိုင်း ပွင့်ဖြူမြို့ နယ် ပေတောကျောင်းကုန်းကျေး ရွာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းရှိ ကျောင်းသား၊ကျောင်း သူ ၁၄ ဦးသည် ရက်ရှည်ဖျားနာ နေသဖြင့် မကွေးတိုင်းဆေးရုံသို့ တင်ပို့ကုသပေးနေရကြောင်း ယင်းကျောင်းဆရာတော်က ပြော သည်။

အဆိုပါကျောင်းနေ အ သက် (၁၃)နှစ်အရွယ် သီလရှင် သည် သြဂုတ် ၅ ရက်တွင် ကိုယ်ပူ ဖျားကာ အသက်ရှူကျပ်မောပန်း နေမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် တိုင်းဆေးရုံကြီးသို့ လွှဲပြောင်းကု သခဲ့ရာ H1N1 Positive အဖြစ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် သြဂုတ် ၉ ရက် ညနေက (၁၅)နှစ်အရွယ် ကျောင်းသူတစ်ဦးနှင့် (၁၃)နှစ်အရွယ် ကျောင်းသူနှစ်ဦး စုစုပေါင်းသုံးဦးတို့မှာ ရက်ရှည်ဖျားနာကာ အသက်ရှုကျပ် မောပန်းခဲ့သော ကြောင့် ကျေးရွာ ကျန်းမာရေးမှူး ၏  ညွှန်ကြားချက်ဖြင့် တိုင်းဆေးရုံကြီးသို့ လွှဲပြောင်းကုသစေခဲ့ သည်။ သြဂုတ် ၁၀ ရက် နေ့လယ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးကို ထပ်မံတင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း ယင်းကျောင်း ဆရာတော် ဦးတေဇနိယက မိန့်ကြားသည်။

‘‘ဟိုဟာမျိုးတော့ဖြစ်မယ်မ ထင်ပါဘူး။ ဒါပေမဲ့ ကလေးတွေ က ရက်ရှည်ကိုယ်ပူကြီးနေတော့ စိုးရိမ်တာနဲ့ ပို့လိုက်တာပါ။ မြို့ နယ်လူမှုကူညီရေးအသင်းတွေက လည်း ကားစီစဉ်ပေးပါတယ်။ ကလေးတချို့က အသက်ရှုကျပ် ပြီး မောပန်းတာမျိုးတွေဖြစ်နေ တယ်’’ဟု ကျောင်းထိုင်ဆရာ တော်က မိန့်ကြားသည်။

အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၃၀ ခန့်ရှိပြီး ကျောင်းသား ၃၀ ခန့် ဖျားနာနေခြင်းဖြစ်သည်။ အဆောက်အအုံမလုံလောက်မှုကြောင့် ဖျားနာသူကလေးငယ်များကို သီးခြားထားနိုင်ခြင်းမရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ယင်းကျောင်းသို့ ရောက်ရှိခဲ့သူ ပွင့်ဖြူဒေသခံ သတင်းထောက် ကိုရှိန်းထက်အာကာက ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့ နယ်ကျန်းမာရေးဦးစီးမှူး အစရှိ သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ များက လာရောက်ကြည့်ရှုမှုများ ရှိသော်လည်း ကျေးလက်ကျန်းမာ ရေးဦးစီးဌာန ဆရာမများကသာ ပုံမှန်စောင့်ရှောက်မှု ပေးနေပြီး ဆေးဝါးပစ္စည်းလုံလောက်မှုမရှိ သည့် အခြေအနေမျိုးတွေ့ရှိခဲ့ရ ကြောင်း ၎င်းက ပြောသည်။

အထက်ပါကိစ္စနှင့် ပတ် သက်ပြီး တိုင်းကျန်းမာရေးဦးစီး ဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တွင် သြဂုတ် ၉ ရက်နေ့စာရင်း၌ တိုင်းဆေးရုံသို့ တက်ရောက် ကုသသူတစ်ဦးသာရှိနေပြီး ၁၀ ရက်စာရင်းမှာမူတင်ပြလာခြင်း မရှိသေးကြောင်း ဖြေကြားသည်။

မကွေးတိုင်း ပြည်သူ့ဆေးရုံ ကြီးသို့ ပြင်းထန်ရာသီတုပ်ကွေး ရောဂါဟု ယူဆရသည့် လူနာ ၃၅ ဦးတက်ရောက်ကုသခဲ့ပြီး ယင်းတို့အနက် သံသယရှိ လူနာ ၁၅ ဦးကို စစ်ဆေးခဲ့ရာတွင် ခြောက်ဦးသာ ရာသီတုပ်ကွေးရောဂါ (H1N1 Positve) စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သြဂုတ် ၉ ရက်၌ ထုတ်ပြန်သည်။

Ref -7daydaily


Tuesday, 8 August 2017

သကြားစားသုံးသူများစိတ်ကျန်းမာရေးထိခိုက်နိုင်


ျမန္မာစာမမွန်သောဖုန်းမ်ားအတြက်ယူနီကုဒ္ဗားရွင်းကိုအောက္တြင္ဖတ်ရှုနိုင္ပါသည်




သကြားပါဝင်မှုမြင့်မားသော အစားအစာများ စားသုံးသည့် အမျိုးသားများ စိတ်ဓာတ်ကျနိုင်သည် အန္တရာယ်မြင့်မားကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

စိတ်ဓာတ်ကျခြင်းကြောင့် သကြားစားသုံးမှုပိုများလာနိုင်သည် ဆိုသော မှတ်ယူထားခြင်းများရှိသော်လည်း အမှန်မှာ သကြားစား သုံးမှုများခြင်းကြောင့်သာ စိတ်ဓာတ်ကျခြင်းဖြစ်ကြောင်း သုတေသီ များက ပြောသည်။

လူတစ်ဦးချင်း သကြားစားသုံးမှုနှင့်ပတ်သက်၍ ကနေဒါ၊ ပြင် သစ်၊ ဂျာမနီ၊ ကိုရီးယား၊ နယူးဇီလန်နှင့် အမေရိကန်နိုင်ငံတို့တွင် သုတေသီများ လေ့လာခဲ့ခြင်းဖြစ်သည်။ အစားအစာက စိတ်ကျန်းမာရေးအပေါ် လွှမ်းမိုးမှုရှိပြီး ဥပမာ စီမံထားသော အစားအစာများ၊ တာရှည်ခံ အစားအစာများကို စားသူများသည် စိတ်ဓာတ်ကျနိုင် ခြေပိုများသည်။

အချိုရည်များတွင် ပါဝင်သည့် သကြားဓာတ်ကလည်း အလား တူ ထိခိုက်မှုမျိုးဖြစ်စေနိုင်သည်။

သကြားဓာတ်သည် ဆဲလ်များနှင့် ကိုယ်တွင်းအင်္ဂါများ အလုပ် လုပ်ရန် မရှိမဖြစ် လိုအပ်သော်လည်း လွန်ကဲပါကကျန်းမာရေး အတွက်အန္တရာယ်ရှိနိုင်သည်။

အမျိုးသမီးများအနေဖြင့် တစ်နေ့လျှင် သကြားလက်ဖက်ရည် ဇွန်းခြောက်ဇွန်းထက် ပိုမစားသင့်ဘဲ အမျိုးသားများ ကိုးဇွန်းထက် ပိုမစားသင့်ကြောင်း အမေရိကန်နှလုံးရောဂါကုသရေးအဖွဲ့(AHA) က ညွှန်ကြားထားသည်။

ကိုကာကိုလာသံဘူးတစ်ဘူးတွင် သကြားလက်ဖက်ရည် ၈ ဒသမ ၂၅ ဇွန်းပါဝင်သည်။ သကြားစားသုံးမှုများပါက သွားများကို ထိခိုက်နိုင်ပြီး ကိုယ်အလေးချိန် ပိုလာနိုင်သည်။

အာရုံကြောများသည် သကြားဓာတ်ပမာဏမြင့်မားမှုနှင့် ကြုံ တွေ့ရပါက ထိခိုက်နိုင်သဖြင့် ဆီးချိုရောဂါသည်များ အာရုံကြော ဆိုင်ရာ ပျက်စီးမှုများဖြစ်နိုင်သည်။ သကြားစားသုံးမှုမြင့်မားသူများ ၏ ဦးနှောက်တွင် ရောင်ရမ်းမှုများ ဖြစ်နိုင်ပြီး အာရုံကြောဆိုင်ရာ ထိခိုက်ပျက်စီးနိုင်ကြောင်း သုတေသီများက ပြောသည်။

ထို့ကြောင့် ပြန်လည်သန့်စင်ထားသော ပါဝင်ပစ္စည်းနည်းပါး သည့် အစားအစာများကို ရွေးချယ်စားသောက်သင့်သည်။

—Ref: MNT

[Unicode Version]

ျမန္မာစာမမွန်သောဖုန်းမ်ားအတြက်ယူနီကုဒ္ဗားရွင်းကိုအောက္တြင္ဖတ်ရှုနိုင္ပါသည်

သကြားပါဝင္မှုျမင့်မားသော အစားအစာမ်ား စားသုံးသည့် အမိုးသားမ်ား စိတ္ဓာတ္က်နိုင်သည် အန္တရာယ်ျမင့်မားကြောင်း လေ့လာမှုတစ်ရပ္က ဖော်ျပသည်။

စိတ္ဓာတ္က်ျခင်းကြောင့် သကြားစားသုံးမှုပိုမ်ားလာနိုင်သည် ဆိုသော မွတ်ယူထားျခင်းမ်ားရွိသ္လောည်း အမွန္မွာ သကြားစား သုံးမှုမ်ားျခင်းကြောင့်သာ စိတ္ဓာတ္က်ျခင်းျဖစ်ကြောင်း သုတေသီ မ်ားက ေျပာသည်။

လူတစ်ဦးခ်င်း သကြားစားသုံးမှုနွင့်ပတ်သက်၍ ကေနဒါ၊ ျပင် သစ်၊ ဂ်ာမနီ၊ ကိုရီးယား၊ နယူးဇီလန်နွင့် အေမရိကန်နိုင်ငံတို့တြင် သုတေသီမ်ား လေ့လာခဲ့ျခင်းျဖစ်သည်။ အစားအစာက စိတ္က်န်းမာရေးအေပါ် လွှမ်းမိုးမှုရွိပြီး ဥပမာ စီမံထားသော အစားအစာမ်ား၊ တာရွည္ခံ အစားအစာမ်ားကို စားသူမ်ားသည် စိတ္ဓာတ္က်နိုင် ေျခပိုမ်ားသည်။

အခိုရည္မ်ားတြင် ပါဝင်သည့် သကြားဓာတ္ကလည်း အလား တူ ထိခိုက္မှုမိုးျဖစ်စေနိုင်သည်။

သကြားဓာတ်သည် ဆဲလ္မ်ားနွင့် ကိုယ္တြင်းအင်္ဂါမ်ား အလုပ် လုပ်ရန် မရွိမျဖစ် လိုအပ်သ္လောည်း လြန္ကဲပါကက်န်းမာရေး အတြက်အန္တရာယ်ရွိနိုင်သည်။

အမိုးသမီးမ်ားအေနျဖင့် တစ်နေ့လွ်င် သကြားလက္ဖက်ရည် ဇြန်းေျခာက္ဇြန်းထက် ပိုမစားသင့်ဘဲ အမိုးသားမ်ား ကိုးဇြန်းထက် ပိုမစားသင့်ကြောင်း အေမရိကန်နွလုံးရောဂါကုသေရးအဖြဲ့(AHA) က ညွှန်ကြားထားသည်။

ကိုကာကိုလာသံဘူးတစ္ဘူးတြင် သကြားလက္ဖက်ရည် ၈ ဒသမ ၂၅ ဇြန်းပါဝင်သည်။ သကြားစားသုံးမှုမ်ားပါက သြားမ်ားကို ထိခိုက်နိုင်ပြီး ကိုယ်အေလးခိန် ပိုလာနိုင်သည်။

အာရုံကြောမ်ားသည် သကြားဓာတ္ပမာဏျမင့်မားမှုနွင့် ကြုံ တြေ့ရပါက ထိခိုက်နိုင်သျဖင့် ဆီးခိုရောဂါသည္မ်ား အာရုံကြော ဆိုင်ရာ ပ်က္စီးမှုမ်ားျဖစ်နိုင်သည်။ သကြားစားသုံးမှုျမင့်မားသူမ်ား ၏ ဦးနွောက္တြင် ရောင်ရမ်းမှုမ်ား ျဖစ်နိုင်ပြီး အာရုံကြောဆိုင်ရာ ထိခိုက္ပ်က္စီးနိုင်ကြောင်း သုတေသီမ်ားက ေျပာသည်။

ထို့ကြောင့် ျပန္လည်သန့်စင္ထားသော ပါဝင္ပစ္စည်းနည်းပါး သည့် အစားအစာမ်ားကို ရြေးခ်ယ္စားသောက်သင့်သည်။

—Ref: MNT


Tuesday, 25 July 2017

ရန်ကုန်ဆေးရုံကြီးသို့ ထပ်မံရောက်လာသည့် လူနာနှစ်ဦးသေဆုံး သေဆုံးပြီး ဓာတ်ခွဲစစ်ဆေးမှ ရာသီတုပ်ကွေး ကူးစက်ခံထားရကြောင်း တွေ့ရှိ


ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့သူ နှစ်ဦးကို ရာသီတုပ်ကွေးလက္ခဏာ သံသယရှိသဖြင့် စစ်ဆေးရာမှ A(H1 N1) Positive ဖြစ်နေကြောင်း သတင်း ရရှိသည်။






၎င်းတို့နှစ်ဦးသည် မူလကရာသီ တုပ်ကွေးရောဂါဖြင့် ကုသမှုခံနေသူ သုံးဦးထဲမှမဟုတ်ဘဲ ထပ်မံရောက်ရှိ လာသူများဖြစ်သည်။





ပဲခူးတိုင်းမှ အမျိုးသားတစ် ဦးနှင့် အခြားဒေသမှ ကိုယ်ဝန် ဆောင် အမျိုးသမီးတစ်ဦးတို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အခြား ရောဂါအခံဖြင့် ဆေးကုသမှုခံယူ ရန် ရောက်ရှိလာပြီး ဇူလိုင် ၂၄ ရက်တွင် သေဆုံးသဖြင့် စစ်ဆေး ရာ ဇူလိုင် ၂၅ ရက်တွင် (H1N1) ရာသီတုပ်ကွေးရောဂါဟု အဖြေ ထွက်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။





သေဆုံးသူနှစ်ဦး သည် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိပြီး နာရီပိုင်းအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။





သေဆုံးသူများသည် အခြား ရောဂါကုသမှုခံယူရန် ရောက်ရှိလာခြင်းဖြစ်ပြီး သေဆုံးပြီးမှသာ H1N1 ရောဂါကို စစ်ဆေးတွေ့ရှိခဲ့ သည်။





ယင်းသေဆုံးသူများနှင့်ပတ် သက်၍ ဆေးရုံအုပ်ကြီးထံသို့ ဇူလိုင် ၂၅ ရက် ညနေ ၅ နာရီက ဆက်သွယ်မေးမြန်းရာ ဖုန်းလက် ခံဖြေဆိုခြင်းမရှိခဲ့ပေ။ နေပြည် တော်ရှိ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနသို့ အကြိမ်ကြိမ်ဖုန်းခေါ်ဆိုသော်လည်း အဆက် အသွယ်မရခဲ့ပေ။





လက်ရှိတွင် ရန်ကုန်ဆေးရုံ ကြီးနှင့် ရန်ကုန်အထွေထွေရောဂါ ကု ဆေးရုံသစ်ကြီး၌ ရာသီတုပ် ကွေးရောဂါ (H1N1) ဖြင့် လူနာ သုံးဦး ဆေးကုသမှုခံယူနေဆဲဖြစ် သည်။ ရာသီတုပ်ကွေးရောဂါ သည် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဖြစ်ပွားသူ ၁၃ ဦးရှိပြီး သေ ဆုံးသူ တစ်ဦးရှိခဲ့ကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန် ထားသည်။





ရောဂါဖြစ်ပွားသည့် ဒေသ များသည် ရန်ကုန်တိုင်းတွင် နှစ်ဦး၊ဧရာဝတီတိုင်းတွင် တစ်ဦးနှင့် ချင်းပြည်နယ် မတူပီမြို့နယ်တွင် ၁၀ ဦး ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့သည်။




Ref : 7daydaily


ရာသီတုပ်ကွေး(H1N1)ကူးစက်လူနာဦးရေထပ်တိုးလာနိုင်

ရာသီတုပ်ကွေးရောဂါ (H1N1)ကူးစက်လူနာဦးရေ တိုး လာနိုင်ပြီး စောင့်ကြည့်မြို့ကြီးများ စာရင်းတွင် ရန်ကုန်၊ ဧရာဝတီ နှင့် မန္တလေးမြို့ပါ ထပ်တိုးပါဝင် မည်ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။ လက်ရှိတွင် ဇူလိုင် ၂၄ ရက် အထိ ရောဂါဖြစ်ပွားသူ ၁၃ ဦး၊ သေဆုံးသူ တစ်ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ကူးစက်လူနာအခြေအနေ ထပ်တိုးလာဖွယ်ရှိသဖြင့် ရော ဂါထိန်းချုပ်ရေးလုပ်ငန်းများကို အနည်းဆုံးတစ်လခန့် လုပ်ကိုင် ရမည်ဖြစ်ကြောင်း ဒေါက်တာ သန်းထွန်းအောင်က ဆိုသည်။

‘‘လက်ရှိ ရာသီတုပ်ကွေး ရောဂါ (H1N1)က ပြင်းထန်တဲ့ပိုး ဖြစ်တယ်။ ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို အကြီးအကျယ် လုပ်ရမယ်။ လူနေထူထပ်တဲ့မြို့ တွေကို အဓိကစောင့်ကြည့်ရမယ်။ ရောဂါဖြစ်ပွားတဲ့ ရန်ကုန်နှင့်ဧရာ ဝတီအပြင် လူနေထူထပ်တဲ့ မန္တ လေးကိုပါ ဦးစားပေးစောင့်ကြည့် ရမယ်။ တစ်လလောက်စောင့် ကြည့်ပြီးမှ ရောဂါကို ထိန်းချုပ်နိုင်၊ မနိုင် ကြေညာမယ်’’ဟု ၎င်းက ပြောသည်။လက်ရှိဖြစ်ပွားသည့် တုပ် ကွေးရောဂါပိုးသည် ၂၀၀၉ က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် တုပ်ကွေးပိုးဖြစ်ပြီး ပြင်း ထန်သဖြင့် တစ်နိုင်ငံလုံးစောင့် ကြည့်ရဦးမည့် အခြေအနေဖြစ် ကြောင်း ၎င်းကဆိုသည်။

‘‘လက်ရှိ လူနာက ထပ်တိုး ဖို့ရှိနေတယ်။ တချို့က ရောဂါပျိုး တဲ့ရက်ထဲ ရောက်နေတော့ ရှိနိုင် တယ်။ သူ့ရဲ့ရောဂါပျိုးချိန်က တစ်ရက်ကနေ ၁၀ ရက်အထိရှိ တယ်။ နေ့စဉ် လူနာစာရင်းတွေ ယူရဦးမယ်။ WHO ညွှန်ကြားချက် နဲ့ အကြီးအကျယ်လုပ်ရမယ်။ အခြေအနေက ထိန်းချုပ်နိုင်သလောက် ကြိုးစားလုပ်ရမယ်’’ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ရန်ကုန်တိုင်းအတွင်း ရော ဂါဖြစ်ပွားသူသုံးဦးအနက် နှစ်ဦး သည် စိုးရိမ်ရသည့်အခြေအနေ ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေဆဲဖြစ် ပြီး ယနေ့ (ဇူလိုင် ၂၅ ရက်)အထိ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။ ကျန်တစ်ဦးသည် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၌ ကုသမှုခံယူနေပြီး အခြေအနေကောင်းမွန်ကြောင်း သိရသည်။

‘‘လက်ရှိ ဆေးရုံတက်နေတဲ့ လူနာနှစ်ဦးက အခုအချိန်ထိ အသက်ရှင်လျက်ရှိတုန်းပဲ’’ ဟုရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။

ရာသီတုပ်ကွေး ရောဂါ (Seasonal Influenza A(H1N1) 2009) သည် ၂၀၀၁ ကတည်းက မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့ ပြီးနောက် ၂၀၀၉ တွင် ယင်း ရောဂါဖြစ်ပွားသူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၇၆ ဦးရှိခဲ့ပြီး ၂၀၁၆ ၌ ကိုးဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

Ref : Inmya